အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ

စားတာ အိပ်တာလိုမျိုး ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့နောက်တစ်ခုက ရေသောက်တာပါ။ လူတွေက အစာဖြတ်ပြီးသာ နေနိုင်ပေမယ့် ရေဖြတ်ပြီးတော့ မနေနိုင်ပါဘူး။ နေလို့လည်း မရပါဘူး။ ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားနည်းလာတာနဲ့ လက္ခဏာတွေ အမျိူးမျိုးပြပြီး နေလို့မကောင်းတာတွေ ဖြစ်လာတာကြောင့် ရေနဲ့ ဓာတ်ဆားပြည့်ဝအောင် ဂရုစိုက်ရပါတယ်။ ဒါဆို ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ က ဘာတွေများ ဖြစ်မလဲ။ ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားကို ဘာကြောင့်လိုအပ်တာလဲ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တော်တော်များများက ရေဓာတ်မရှိလို့မရပါဘူး။  အာဟာရဓာတ်တွေကို ဆဲလ်တွေဆီ သယ်သွားဖို့ ‌ရေဓာတ်လိုသလို အညစ်အကြေးတွေ စွန့်ထုတ်မယ်ဆိုရင်လည်း ရေဓာတ်လိုပါတယ်။  အဆစ်တွေ တောင့်မတင်းဘဲ ချောချောမွေ့မွေ့ လှုပ်ရှားနိုင်တာ၊ မျက်လုံးမခြောက်ဘဲ ကြည့်လို့ကောင်းတာ။ အူလမ်းကြောင်းတလျှောက် ချောမွေ့ပြီး ဝမ်းသွားရလွယ်တာ ဒါတွေကလည်း ရေဓာတ်ကြောင့်ပါပဲ။  ပူတဲ့အခါ ခန္ဓာကိုယ်အေးအောင် ရေသောက်ဖို့ လိုသလို ချွေးထွက်ပြီး […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ !

နွေရာသီမှာ ရေကို ပုံမှန်ထက် သောက်ဖြစ်ကြပေမယ့် နွေရဲ့ အပူချိန် လျှော့ကျလာပြီး မိုးလေး စရွာလာပြီဆိုရင် ရေသောက်နည်းလာကြတာ လူတိုင်းလိုလိုပါ။ ဒါပေမယ့် မိုးရာသီမှာလည်း နွေရာသီလိုပဲ ရေများများ သောက်ပေးသင့်ပါတယ်။ အကြောင်းကတော့ မိုးရာသီမှာ ရေများများ သောက်ပေးရင် ရနိုင်တဲ့ ကောင်းကျိုးတွေရှိနေလို့ပါ။ ဒီတော့ မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ ဆိုတာကို ပြောပြပေးမယ်နော်။ https://hellosayarwon.com/healthy-eating/nutrition-facts/is-rain-water-safe-to-drink/ မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ! မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲဆိုတော့ ကိုယ်ခံအား ကောင်းစေမယ် မုတ်သုံရာသီရောက်ပြီဆိုရင် တော်တော်များများက ဖျားနာကြပါတယ်။ ဒါကလည်း ပိုးမွှားတွေ များနေတဲ့အချိန်၊ ကိုယ်ခံအား နည်းတဲ့အချိန် ဖြစ်တာကြောင့်ပါ။ ရေများများ သောက်ပြီး ရေဓာတ် ပြည့်ဝအောင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်သောက်ပြီး ရေဓာတ်ခမ်းခြောက်တာကို ဘယ်လိုပြန်ဖြည့်မလဲ

အရက်သောက်တာက အခုနောက်ပိုင်းမှာ လူငယ်တွေကြားမှာရော လူကြီးတွေကြားမှာပါ ရေပန်းစားလာကြတဲ့ အလ့အထ တစ်ရပ်ပါ။ ပျော်လို့၊ weekend မို့လို့၊ စိတ်ညစ်လို့၊ အသဲကွဲလို့၊ ကြိုက်လို့ စတဲ့အကြောင်းပြချက် အမျိုးမျိုးနဲ့  အရက် နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာ အမျိုးမျိုးကို သောက်လာကြပါတယ်။ လူကြီးတွေဆိုရင်လည်း စကားပြော ကောင်းဖို့ စိတ်ပြေလက်ပျောက်ဖြစ်စေဖို့ ဆိုပြီး သောက်ကြပါတယ်။ အရက်သောက်တာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကိုတော့ သိပြီးပြီပေမယ့် သဘောကျလို့ သောက်တာမျိုးက ခပ်များများပါ။ ဒါကြောင့် အခုတစ်ခေါက်တော့ အရက်လို့ ကျန်းမာရေး ထိခိုက်တယ်ဆိုတဲ့ ကိစ္စလေးကို ခဏလောက်လေး ဘေးချိတ်ပြီး အရက်သောက်ပြီး ရေဓာတ်ခမ်းခြောက်တာကို ဘယ်လိုပြန်ဖြည့်မလဲ ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ အရက်က ဘယ်လိုများရေဓာတ် ခမ်းခြောက်စေသလဲ! အရက်က ရေဓာတ်ခမ်းခြောက်တာက ဘယ်လိုများလဲဆိုရင်တော့ မြင်သာအောင် ပြောပြရရင် အရက်နဲ့ အယ်လ်ကိုဟောပါတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆန်ကို ကြည်နေအောင် ဆေးတာက ကျန်းမာစေရဲ့လား!

ကဲ …. အရင်ဆုံး ဒီကနေ မေးချင်တာ ထမင်းချက်ခါနီးတိုင်း ဆန်ဆေးရည်ကို ကြည်နေအောင်ဆိုပြီး ဆန်ကို ရေနဲ့ အထပ်ထပ်များ ဆေးမိနေသေးလား! အချို့ဆို ရှိတယ်လေ ဆန်ကို လက်နှစ်ဖက်နဲ့ အသေအချာ ပွတ်တိုက်ဆေး ပြီး ရေကို ၁ ကြိမ် မက ၂ ကြိမ် မက အထပ်ထပ်ဆေးတာမျိုးလေ။ ဆန်ဆေးရည်လေး ကြည်မှ ပိုးတွေ ဖုန်တွေ ကင်းပြီး ထမင်းက သန့်မယ်လို့ပေါ့။ ဒါဆိုတကယ်ပဲ ဆန်ကို ကြည်နေအောင် ဆေးတာက ကျန်းမာစေရဲ့လား! ဆိုတာပါ။ ဆန်ကို ဘာကြောင့် ဆေးကြောရတာလဲ! ဆန်ကို ဆေးကြောတယ်ဆိုတာက ဒီအချက်တွေကြောင့်ပါ။ သန့်စင်စေဖို့ - ဆန်မှာ ကပ်ငြိလာတဲ့ ဖုန်မှုန့်တွေ၊ အင်းဆက်တွေနဲ့ သဲတွေ ခဲတွေ ပါလာတာတွေကို သန့်စင်ဖို့အတွက် ဆေးကြောရတာပါ။ […]


ကျန်းမာရေး သတင်းများ

တစ်နေ့တာကို လေ့ကျင့်ခန်း ၅ မိနစ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေလျှော့ချနိုင်

ကိုယ်လက်လှုပ်ရှားမှုက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် အတော်လေး အရေးပါပါတယ်။ သုတေသန လေ့လာချက်တွေအရ သိရတာက လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ ဆီးချို နဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်တယ် ဆိုတာပါ။ အခုတစ်ခေါက် ပြောပြပေးချင်တာကလည်း တစ်နေ့တာကို လေ့ကျင့်ခန်း ၅ မိနစ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေလျှော့ချနိုင် တယ်ဆိုတဲ့ အကြောင်းလေးပါ။ လေ့ကျင့်ခန်း လုပ်ဖို့ ပျင်းသူတို့အတွက် သတင်းကောင်း တကယ်ကတော့ နေ့စဉ်ဘဝမှာ ကိုယ်လက်လှုပ်ရှားမှု လုံလောက်အောင် လုပ်ဆောင်မိသူတွေက ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ သူတွေနဲ့ နှိုင်းစာရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေ ၂၀% ကနေ ၃၀ % လောက်အထိ နည်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO ) က ဖော်ပြထားပါတယ်။ ကိုယ်လက်လှုပ်ရှားမှုက ကျန်းမာစေဖို့ […]


ရောဂါလက္ခဏာများ

ရေနဲ့ထိတဲ့အခါ ဘာကြောင့် လက်ချောင်းတွေ ပဲကြီးရေခွံတွန့် တာလဲ။

ရေချိုးတာ ကြာတဲ့အခါ၊ ပန်းကန်ဆေးတာ ကြာတဲ့အခါ လက်ချောင်းတွေ ပဲကြီးရေခွံတွန့် တာကို ကြုံဖူးကြမှာပါ။ ခဏနေတော့လည်း သူ့အလိုလို ပြန်ပျောက်သွားတာပါပဲ။ ပဲကြီးရေခွံတွန့်တာက သာမန်အားဖြင့်တော့ ပြဿနာ မရှိပါဘူး။ တချို့သူတွေမှာ ‌ရေနဲ့လည်း မထိပါဘဲနဲ့ လက်ရေနူး ကြတာလည်း ရှိပါတယ်။ ရေနဲ့ထိတဲ့အခါ ဘာကြောင့် လက်ချောင်းတွေ ပဲကြီးရေခွံတွန့် တာလဲ။ ဟိုးအရင်တုန်းကတော့ ရေတွေ လက်ချောင်းထိပ်ကို ဝင်သွားလို့ တွန့်တယ်လို့ ယူဆခဲ့ကြပါတယ်။ နောက်ပိုင်းသိပ္ပံပညာထွန်းကားလာတော့ ဒါက အာရုံကြောစနစ်ရဲ့ အချက်ပြမှုကြောင့် လက်ချောင်းထိပ်က သွေးကြောလေးတွေ ကျုံ့သွားတာ။ ဒါကြောင့် လက်ချောင်းထိပ်က အရေပြားတွေ တွန့်သွားတာလို့ သိလာကြပါပြီ။ ဘာကြောင့် ဒီလိုမျိုး တွန့်ရတာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ သေချာ မသိကြသေးပါဘူး။ တချို့လေ့လာချက်တွေမှာ ဒါက ရေထဲက ပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါ မြဲမြဲမြံမြံ ကိုင်တွယ်နိုင်အောင်လို့ ပြောကြပေမဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဒီလို ဖျောက်ပါ

Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးရှာဖွေရာမှာ အစောပိုင်း အဆင့်တွေမှာတင် သိရှိစေနိုင်မယ့် စစ်ဆေးနည်း တစ်ရပ်ပါ။ အခုနောက်ပိုင်း ရင်သားကင်ဆာကြောင့် အသက်ဆုံးရှုံးမှု နည်းလာရတာကလည်း အခုလို ခေတ်မီလာတဲ့ စစ်ဆေးမှုတွေကြောင့်ပါ။ ဒီစစ်ဆေးမှုတွေက ရောဂါကို စောစော သိရှိစေနိုင်တယ် ဆိုပေမယ့် တော်တော်များများက ဒီစစ်ဆေးမှုကို ခံယူဖို့ ကြောက်နေကြပါတယ်။ ဒီတစ်ခေါက်တော့ Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဘယ်လို ဖျောက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။  Mammograms ဆိုတာ ဘာလဲ! Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးပေးတဲ့ နည်းလမ်း တစ်ခုပါ။ ရင်သားဓာတ်မှန် တစ်မျိုးပါ။ ရင်သားကင်ဆာ ရှိမရှိကို ပုံမှန်စစ်ဆေးဖို့ screeningလုပ်တဲ့အခါ Mammogramကို သုံးပါတယ်။ အားသာချက်က ရင်သားကင်ဆာ လက္ခဏာ မပြခင်မှာ ရင်သားမှာ အကျိတ်ရှိမရှိကို […]


ရောဂါလက္ခဏာများ

နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေက အန္တရာယ်ရှိလား

တချို့လူတွေရဲ့  နှုတ်ခမ်းပေါ်မှာ အဖြူစက်လေးတွေ ရှိတတ်ကြပါတယ်။ အထူးသဖြင့်တော့ အပေါ်နှုတ်ခမ်းမှာပေါ့။ တချို့ကလည်း ဒါကို ရောဂါတစ်ခုခုကို ထင်ကြသလို တချို့ကလည်း ပျောက်အောင်ဆိုပြီး ကုတ်ဖဲ့တာတွေ လုပ်တတ်ကြပါတယ်။ အဲ့ဒီ နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေကို Fordyce spots လို့ ခေါ်ပါတယ်။ နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေက ဘာလေးတွေလဲ Fordyce spots တွေက အဆီဂလင်းတွေ ဖြစ်ပြီး အရွယ်အစားကြီးလာတာကြောင့် အရေပြားပေါ်ကို ဖောင်းထွက်လာတာပဲ ဖြစ်ပါတယ်။ အမွေးမရှိတဲ့အရေပြားနေရာတွေမှာ အဖြစ်များပါတယ်။ ဒီ နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေက ဘယ်သူ့မှာမဆို ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီး ဟော်မုန်းအပြောင်းအလဲ ဖြစ်တတ်တဲ့အချိန်လောက်ကစပြီး ထွက်လာတတ်ပါတယ်။ အရွယ်ရောက်ပြီး သူတွေရဲ့ ၇၀-၈၀ ရာခိုင်နှုန်းလောက်မှာ ဒီအဖြူစက်လေးတွေ ရှိတတ်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက်  ၂ဆလောက် ပိုဖြစ်တာကိုတွေ့ရပါတယ်။ Fordyce spots […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ချမ်းသာချင်သူတိုင်း မွေးမြူသင့်တဲ့ မီလျံနာ အလေ့အထကောင်းများ

လူတိုင်းလိုလိုမှာ ချမ်းသာချင်တဲ့ စိတ်ကူးအိပ်မက်တွေကတော့ ရှိစမြဲပါ။ ဒါပေမယ့် ဒီစိတ်ကူး အိပ်မက်တွေကို အကောင်အထည်ပေါ်အောင် ဖော်ဆောင်နိုင်သူက ရှားသလို နည်းစနစ်မှန်မှန်နဲ့ အကောင်အထည် ဖော်နိုင်သူကလည်း ရာခိုင်နှုန်း တော်တော်လေး နည်းပါတယ်။ အချို့ကလည်း ဘယ်လို နည်းလမ်းတွေနဲ့ အကောင်အထည် ဖော်ရမှန်း မသိတာမျိုးလည်း ရှိနေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ချမ်းသာချင်သူတိုင်း မွေးမြူသင့်တဲ့ မီလျံနာ အလေ့အထကောင်းများ အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။  ချမ်းသာချင်သူတိုင်း မွေးမြူသင့်တဲ့ မီလျံနာ အလေ့အထကောင်းများ တစ်ခုခုကို အောင်မြင်ချင်တဲ့အခါ အကောင်းဆုံး ထောက်ကူပေးနိုင်မယ့် နည်းလမ်း တစ်ခုရှိပါတယ်။ ဒါကတော့ ဒီအခြေအနေကို အောင်မြင်ခဲ့ဖူးတဲ့သူတွေ ကျင့်သုံးခဲ့တဲ့ နည်းလမ်းတွေကို အတုယူတာပါ။ ငွေရေးကြေးရေးအရ အောင်မြင်ချင်တယ်ဆိုရင် မီလျံနာတွေ၊ ကျိကျိတက်ချမ်းသားနေကြတဲ့ သန်းကြွယ်သူဌေးကြီးတွေရဲ့ အလေ့အကျင့်ကောင်းတွေကို အတုယူရပါမယ်။ အနီးအပါးမှာ မရှိဘူးဆိုရင်လည်း ခေတ်မီလှတဲ့ ဒီဘက်ခေတ်မှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အပူရှိန် သေချာ မကုန်သေးတဲ့ မုတ်သုံဝင်စမှာ ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဘယ်လို ဂရုစိုက်ပေးရမလဲ!

နွေရဲ့အပူပြင်းဆုံးရက်တွေကို ကျော်ဖြတ်ချိန်မှာ အရိပ်တကြည့်ကြည့်နဲ့ အချစ်တော်လေးတွေကို စောင့်ကြည့်ရင်း တစ်ရက်လေးမှာ စိတ်မအေးခဲ့ရတဲ့ ခံစားချက်ကို ချစ်မဝတဲ့ ပါပီလေးတွေ ပူစီညောင်လေးတွေကို ပိုင်ဆိုင်ထားတဲ့ ဖေဖေမေမေတိုင်း သိကြမယ်ထင်ပါတယ်နော်။ ဒါပေမယ့် အခုရက်ပိုင်းတော့ မုန်တိုင်းနဲ့အတူ မုတ်သုံစဝင်လာပြီဖြစ်တာကြောင့် မိုးလေး တဖြောက်ဖြောက် ရွာလာခဲ့ပြီဆိုပေမယ့် တစ်နွေလုံး ပူတဲ့ အပူရှိန်တွေ ကုန်လောက်တဲ့အထိတော့ မရွာသေးပါဘူး။ အခုကာလက မုတ်သုံဆိုပေမယ့် အပူရှိန် သေချာ မကုန်သေးတဲ့ မုတ်သုံလို့ပဲ ဆိုရပါမယ်။ ဒါကြောင့် အခုချိန်မှာလည်း အချစ်တော်လေးတွေကို အရိပ်တကြည့်ကြည့် စောင့်ရှောက်မှုကို လျှော့လိုက်လို့ မရသေးပါဘူးနော်။ ဒီတော့ အပူရှိန် သေချာ မကုန်သေးတဲ့ မုတ်သုံဝင်စမှာ ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဘယ်လို ဂရုစိုက်ပေးရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ အပူရှိန် သေချာ မကုန်သေးတဲ့ မုတ်သုံဝင်စမှာ ချစ်ရတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ချွေးထွက်တာအပြင် သင့်ကို ရေနဲ့ ဓာတ်ဆားဆုံးရှုံးစေတဲ့ အမူအကျင့်များ

ခန္ဓာကိုယ်မှာ ချွေးထွက်များမှ ရေနဲ့ ဓာတ်ဆား တွေ ဆုံးရှုံးတယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ်ရဲ့ နေ့စဉ်အပြုအမူတွေ၊ နေထိုင်စားသောက်မှုပုံစံတွေကလည်း မသိလိုက်ဘဲ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတာကို ဖြစ်စေနိုင်ပါတယ်။ ချွေးထွက်တာအပြင် သင့်ကို ရေနဲ့ ဓာတ်ဆားဆုံးရှုံးစေတဲ့ အမူအကျင့်များ က ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။ ချွေးထွက်တာအပြင် သင့်ကို ရေနဲ့ ဓာတ်ဆားဓာတ်ဆုံးရှုံးစေတဲ့ အမူအကျင့်များ ချွေးထွက်တာအပြင် သင့်ကို ရေနဲ့ ဓာတ်ဆားဆုံးရှုံးစေတဲ့ အမူအကျင့်များ ကတော့ ကဖင်းပါတဲ့ သောက်စရာတွေ ကော်ဖီအပါအဝင် လက်ဖက်ရည်၊ အားဖြည့်အချိုရည်၊ ကာဗွန်ပါတဲ့ တချို့အအေးတွေမှာ ကဖင်းပါတတ်ပါတယ်။ ကဖင်းက သောက်လိုက်တဲ့ခဏမှာ ရေဓာတ်ရသလို ခံစားရပေမဲ့ နောက်ပိုင်းမှာ ဆီးသွားများတာကြောင့် ရေဓာတ် ဆုံးရှုံးတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် များများသောက်သူတွေ၊ ကဖင်းသောက်နေကျမဟုတ်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အရက် အရက်ကလည်း ကဖင်းလိုပဲ ဆီးရွှင်စေတာကြောင့် ရေဓာတ်ဆုံးရှုံးတတ်ပါတယ်။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း