backup og meta

တစ်နေ့တာကို လေ့ကျင့်ခန်း ၅ မိနစ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေလျှော့ချနိုင်

တစ်နေ့တာကို လေ့ကျင့်ခန်း ၅ မိနစ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေလျှော့ချနိုင်

ကိုယ်လက်လှုပ်ရှားမှုက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် အတော်လေး အရေးပါပါတယ်။ သုတေသန လေ့လာချက်တွေအရ သိရတာက လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ ဆီးချို နဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်တယ် ဆိုတာပါ။ အခုတစ်ခေါက် ပြောပြပေးချင်တာကလည်း တစ်နေ့တာကို လေ့ကျင့်ခန်း ၅ မိနစ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေလျှော့ချနိုင် တယ်ဆိုတဲ့ အကြောင်းလေးပါ။

လေ့ကျင့်ခန်း လုပ်ဖို့ ပျင်းသူတို့အတွက် သတင်းကောင်း

တကယ်ကတော့ နေ့စဉ်ဘဝမှာ ကိုယ်လက်လှုပ်ရှားမှု လုံလောက်အောင် လုပ်ဆောင်မိသူတွေက ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ သူတွေနဲ့ နှိုင်းစာရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေ ၂၀% ကနေ ၃၀ % လောက်အထိ နည်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO ) က ဖော်ပြထားပါတယ်။

ကိုယ်လက်လှုပ်ရှားမှုက ကျန်းမာစေဖို့ အရေးပါတယ်ဆိုပေမယ့်လည်း အမျိုးသမီး ၃ ဦးမှာ ၁ ဦး၊ အမျိုးသား ၄ ဦးမှာ ၁ ဦးနှုန်းလောက်က တစ်ပတ်တာမှာ အသင့်အတင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်း မိနစ် ၁၅၀ ထက် မနည်း လုပ်ဆောင်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်နဲ့ ပြင်းပြင်းထန်ထန် လှုပ်ရှားရတဲ့ ကိုယ်လက်လေ့ကျင့်ခန်း ၇၅ မိနစ်ထက်မနည်း လုပ်ဆောင်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်ကို မလိုက်နာကြပါဘူး။

အခုနောက်ဆုံး တွေ့ရှိထားတဲ့ သုတေသန ရလဒ်က လေ့ကျင့်ခန်း လုပ်ဖို့ အချိန်မရသူတွေ ပျင်းတဲ့သူတွေအတွက်တော့ သတင်းကောင်းပါ။ ဒါကတော့ ပြင်းပြင်းထန်ထန် လုပ်ဆောင်ရတဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို တစ်နေ့ကို ၄ – ၅ မိနစ်လောက် လုပ်ပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ် ဆိုတာပါ။

တစ်နေ့တာကို လေ့ကျင့်ခန်း ၅ မိနစ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေလျှော့ချနိုင်

တစ်နေ့တာကို လေ့ကျင့်ခန်း ၅ မိနစ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေလျှော့ချနိုင်တယ်ဆိုတဲ့ နေရာမှာ ပြင်းပြင်းထန်ထန် လုပ်ရတဲ့ လေ့ကျင့်ခန်းကို ဆိုလိုချင်တာပါ။  ဒီလိုလေ့ကျင့်ခန်း လုပ်တဲ့အခါ Vigorous intermittent lifestyle physical activity (or VILPA)  လို့ခေါ်တဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်စေချင်တာပါ။ ဆိုလိုတာကတော့ အချိန်က တိုပေမယ့် ဒီလို အချိန်တိုအတွင်းမှာ ပြင်းပြင်းထန်ထန် လုပ်ရတဲ့ လေ့ကျင့်ခန်းမျိုးပါ။

မြင်သာအောင် ပြောပြရရင်

  • အမြင့်နေရာဆီကို လမ်းလျှောက်တတ်ရတာ ( တောင်တက် လမ်းလျှောက်လိုမျိုးပေါ့)
  • လှေကားတက်တာ
  • တာတို လမ်းမြန်မြန်လျှောက်တာ ( အင်တိုက်အားတိုက် လမ်းလျှောက်တာမျိုးပေါ့)
  • ကလေးကို ချီပိုးပြီး မီတာ ၅၀ ကနေ ၁၀၀ အကွာမှာ ရှိတဲ့ ဆိုင်ကို လမ်းလျှောက်သွားပြီး ဈေးဝယ်တာ
  • အိမ်အလုပ်တွေကို အင်တိုက်အားတိုက် လုပ်နေတာမျိုးပါ။

ဒီလိုမျိုး ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး ရေရှည်မှာ ပုံမှန်လုပ်ပေးမယ်ဆိုရင် ကင်ဆာဖြစ်နိုင်ခြေကိုပါ လျှော့ချနိုင်မှာပါ။

အင်တိုက်အားတိုက် လုပ်ရတဲ့ ကိုယ်လက်လေ့ကျင့်ခန်းက ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုများ လျှော့ချပေးသလဲ!

အချိန်တိုအတွင်းမှာ ပြင်းပြင်းထန်ထန် လှုပ်ရှားရတဲ့ ကိုယ်လက်လှုပ်ရှားမှုကို အချိန်အတိုင်းအတာ အနည်းဆုံးအဖြစ် ၁ မိနစ် ကနေ ၂ မိနစ်ကစလို့ ၄ မိနစ် ကနေ ၅ မိနစ် နဲ့ အများဆုံး ၁၆ မိနစ်လောက်အထိ လုပ်ဆောင်ပေးတာက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါပတယ်။

လေ့ကျင့်ခန်းကို တစ်နေ့ကို ၄ မိနစ် ကနေ ၅ မိနစ်လောက် လုပ်ပေးတာက ကင်ဆာဖြစ်နိုင်ခြေကို  ၂၀ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်ပြီး လေ့ကျင့်ခန်း တစ်နေ့ကို ၃  မိနစ်နဲ့ အထက် လုပ်ပေးတာက ကင်ဆာဖြစ်နိုင်ခြေကို ၁၇% ရာခိုင်နှုန်းလောက် အထိ လျှော့ချပေးနိုင်တယ်လို့ လေ့ကျင့်ခန်း ပုံမှန် မလုပ်တဲ့ အသက် ၆၂ နှစ်ဝန်းကျင်အရွယ်ရှိသူ ၂၂၃၉၈ ဦးပါဝင်တဲ့ လေ့လာမှုအရ သိရပါတယ်။ ဒီလေ့လာမှုကို သြစတေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်က ၆ နှစ် ကျော် ၇ နှစ်ကြာ လုပ်ဆောင်ခဲ့တာပါ။

လေ့ကျင့်ခန်းကို တစ်နေ့ကို ၄ မိနစ် ကနေ ၅ မိနစ်လောက် ပြင်းပြင်းထန်ထန်လေး လုပ်ပေးတာက

  • အသည်းကင်ဆာ
  • အဆုတ်ကင်ဆာ
  • ကျောက်ကပ် ကင်ဆာ
  • အစာအိမ်ကင်ဆာ
  • သွေးကင်ဆာ
  • အူမကြီးကင်ဆာ
  • ဦးခေါင်းနဲ့ လည်ပင်းတဝိုက်မှာ ဖြစ်တတ်တဲ့ ကင်ဆာ
  • ရင်သားကင်ဆာ
  • ဆီးအိမ်ကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

ဒီတွေ့ရှိချက်က လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းတဲ့သူတွေကို အကူအညီ ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်မရှိလို့ မလုပ်ဘူးဆိုသူတွေလည်း တစ်ရက်ကို ၅မိနစ်လောက် အချိန်ပေးပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းကို စကြည့်သင့်ပါတယ်။

ဒါကြောင့် ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်တာနဲ့အတူ နေ့စဉ် လေ့ကျင့်ခန်းကို ၄ မိနစ် ကနေ ၅ မိနစ်လောက် ပြင်းပြင်းထန်ထန်လေး လုပ်ပေးပါ။ လေ့ကျင့်ခန်း သီးသန့် မလုပ်ချင်ဘူးဆိုရင်လည်း နေ့စဉ်လုပ်နေကျ အိမ်မှုကိစ္စလေးတွေကို အင်တိုက်အားတိုက် လုပ်လိုက်တာဖြစ်ဖြစ် ဈေးသွားဝယ်တဲ့အခါ ဆိုက်ကားစီးတာ ကားစီးတာမျိုး မလုပ်ဘဲ ခပ်သွက်သွက် လမ်းလျှောက်တာမျိုး လုပ်ပေးတာကလည်း ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ ထောက်ကူပေးနိုင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Doing These Workouts for Fewer Than 5 Minutes a Day Lowers Cancer Risk, Study Finds https://www.prevention.com/health/health-conditions/a44690519/4-5-minutes-vilpa-workout-daily-lowers-cancer-risk-study/?source=nl&utm_source=nl_pnb&utm_medium=email&date=080723&utm_campaign=nl32304327&GID=3ec0500885edc15d2b72282abe8df64884bb8c4a99ae08a7d3d419b7890a309c&utm_term=TEST-%20NEW%20TEST%20-%20Sending%20List%20-%20AM%20180D%20Clicks%2C%20NON%20AM%2090D%20Opens%2C%20Both%20Subbed%20Last%2030D Accessed Date 10 August 2023

5 Minute Daily Investment Could Be Key to Reducing Cancer Risk https://scitechdaily.com/5-minute-daily-investment-could-be-key-to-reducing-cancer-risk/ Accessed Date 10 August 2023

Five hours of weekly exercise linked to fewer cancer cases https://www.health.harvard.edu/exercise-and-fitness/five-hours-of-weekly-exercise-linked-to-fewer-cancer-cases Accessed Date 10 August 2023

Vigorous Intermittent Lifestyle Physical Activity and Cancer Incidence Among Nonexercising AdultsThe UK Biobank Accelerometry Study https://jamanetwork.com/journals/jamaoncology/fullarticle/2807734 Accessed Date 10 August 2023

New Science Suggests That Just 4 Minutes per Day of This Kind of Exercise May Lower Cancer Risk https://www.eatingwell.com/article/8062414/new-study-vigorous-intermittent-lifestyle-physical-activity-cancer-risk/ Accessed Date 10 August 2023

ယခုပုံစံ

14/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာများ

လိင်အင်္ဂါကြွက်နို့ ကုသနည်း နဲ့ ကင်ဆာပြောင်းနိုင် မပြောင်းနိုင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement