အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

ညဘက်တွေမှာ အဖျားတက်တာ ဘာကြောင့်လဲ

တချို့က ပြောကြတယ်။ တစ်နေကုန်အကောင်း နေစောင်းပြီ၊ ညရောက်လာပြီဆို အဖျားပြန်တက်လာပြီဆိုပြီးတော့လေ။ လူကြီးတွေကတော့ ညနေဘက် အိပ်တာကိုး။ ဖျားမှာပေါ့လို့ ဆူပေမယ့် တချို့က အိပ်အိပ် မအိပ်အိပ် ညရောက်ပြီဆိုတာနဲ့ အချိန်မှန်မှန် ဖျားကြတာနော်။ ဒီလိုမျိုး ညဘက်တွေမှာ အဖျားတက်တာ ဘာကြောင့်လဲ။ ရောဂါတစ်ခုခု ရှိနေတာများလား။ ညဘက်မှာ အဖျားတက်တယ်ဆိုတာ သာမန်လူတစ်ယောက်အနေနဲ့ ခန္ဓာကိုယ်အပူချိန်က 36.5ကနေ 37 ဒီဂရီဆဲလ်ဆီးယပ်စ် (98.6 ဒီဂရီဖာရင်ဟိုက်) လောက် ရှိတတ်ပါတယ်။ ဒီထက် ၁-၂ ဒီဂရီလောက် တက်လာရင် (ဒါမှမဟုတ် 100.4 ဒီဂရီဖာရင်ဟိုက်) ဆိုရင် ဖျားတတယ်လို့ သတ်မှတ်လို့ ရပါတယ်။ တကယ်တော့ ဖျားတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ကောင်းတဲ့တုံ့ပြန်မှု တစ်ခုပါ။ ခုခံအားဆဲလ်တွေက ရောဂါပိုးတွေကို ပြန်တိုက်ခိုက်တာကြောင့် ဓာတုပစ္စည်းတွေ ထွက်ပြီး ကိုယ်အပူချိန် တက်တာ၊ ကိုယ်လက်ကိုက်တာတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Autoimmune ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ

ဆေးခန်းသွားပြလိုက်လို့ လူနာဖြစ်နေတဲ့ ရောဂါက Autoimmune ရောဂါပါ။ ခုခံအားက တုံ့ပြန်မှုများနေတာ၊ ခုခံအား ကမောက်ကမ ဖြစ်နေတာ စသဖြင့် ဆရာဝန်က ရှင်းပြလိုက်တာကို ကြားဖူးမှာပါ။ ဆရာဝန်က ရှင်းပြလို့သာ ‘အင်း’ ဆိုပြီး နားလည်သလိုလို လုပ်လိုက်ရတာ၊ တကယ်က ဒါဘာရောဂါကြီးလဲဆိုပြီး စိတ်ထဲမှာ တွေးနေမှာပါ။ ဒီဆောင်းပါးထဲမှာတော့ Autoimmune ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ ဆိုတာကို အသေးစိတ် ပြောပြပေးမှာပါ။ Autoimmune ရောဂါဆိုတာ ခန္ဓာကိုယ်ထဲကို အပြင်ကနေ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ ဝင်လာတယ်ဆိုပါစို့။ ခုခံအားက ခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်အောင်ဆိုပြီး ရှေ့တန်းကနေ တိုက်ထုတ်ပေးပါတယ်။ ပုံမှန်ဆိုရင် ခုခံအားရဲ့ အလုပ်က ပြင်ပကနေ ဝင်လာတဲ့ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေကို တိုက်ထုတ်ပေးဖို့ပါ။ ဒါက သူ့ရဲ့ အလုပ်ပါ။ Autoimmune ရောဂါမှာတော့ ခုခံအားက ခန္ဓာကိုယ်ထဲက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်ကြောင့် ထိခိုက်မှုက အမျိုးသားနဲ့ အမျိုးသမီးတို့ကြား ကွာခြားမှု ရှိတယ်ဆိုတာ သိပြီးပြီလား!

အရက်သောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို အားလုံးက သိထားပြီး ဖြစ်မှာပါ။ ဒါပေမယ့် အရက်ကြောင့် ထိခိုက်မှုက ကျား/ မ တန်းတူ အခွင့်အရေး မပေးထားဘူးဆိုတာကိုတော့ မသိသေးဘူးဟုတ်။ ဒါဆိုရင်တော့ အရက်ကြောင့် ထိခိုက်မှုက အမျိုးသားနဲ့ အမျိုးသမီးတို့ကြား ကွာခြားမှု ရှိတယ်ဆိုတာ ကို လေ့လာလိုက် ရအောင်နော်။  တစ်နေ့ထက် တစ်နေ့ ပိုတိုးလာတဲ့ အမျိုးသမီးတွေ အရက်သောက်သုံးမှု ယခင်က အမျိုးသမီးတွေ အရက်သောက်သုံးတယ်ဆိုတာက ရှားတောင့် ရှားခဲ ဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ အမျိုးသမီးတွေက အရက်သောက်သုံးမှုနှုန်း တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။  စစ်တမ်းတွေအရ အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေရဲ့ ၁၀၀ မှာ ၁၃ ယောက်လောက်က ပုံမှန်လိုလို အရက် အပါအဝင် အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေကို သောက်ကြပါတယ်။ ၂၅ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်သောက်ပြီး မျက်နှာနီ တာ ဘာကြောင့်လဲ

ဘော်ဒါတွေကြားမှာ ကိုယ်က အရက်သောက်ပြီး မျက်နှာနီ တတ်သူလား။ ရုတ်တရက် စဉ်းစားလိုက်ရင် အရက်ကြောင့် သွေးကြောတွေကျယ်လာပြီး မျက်နှာတွေ နီမြန်းလာတာလို့ ထင်စရာရှိပေမယ့် လက်တွေ့မှာတော့ ဒါက သိပ်စိတ်ဝင်စရာ ကောင်းတဲ့ကိစ္စပါ။ ဒီနောက်ကွယ်မှာ ကျန်းမာရေးပြဿနာတွေ အများကြီး ရှိပါတယ်။ အရက်သောက်ပြီး မျက်နှာနီ တာ ဓာတ်မတည့်လို့လား အရက်သောက်ပြီး မျက်နှာနီတာကို Alcohol intoleranceလို့ ခေါ်ပါတယ်။ ဒါက Alcohol allergy ဓာတ်မတည့်တာနဲ့ မတူပါဘူး။ Alcohol intolerance ဖြစ်တဲ့သူတွေက မျက်နှာနီတာအပြင် လည်ပင်းနဲ့ ရင်ဘတ်တွေပါ နီလာပါတယ်။ ပျို့အန်တာ ရင်တုန်တာ သွေးပေါင်ကျတာ ခေါင်းကိုက်တာ နှာရည်ယိုတာ ဝမ်းလျှောတာ ပန်းနာရင်ကျပ်ရှိသူဆိုရင် ပိုကျပ်တာ ဖြစ်တတ်ပါတယ်။ လက္ခဏာတွေက ဓာတ်မတည့် လက္ခဏာတွေနဲ့ တူပေမယ့် ဒါက ဓာတ်မတည့်တာတော့ မဟုတ်ပါဘူး။ ဒီနှစ်ခုက […]


ရောဂါလက္ခဏာများ

သွေးထဲမှာ Creatinine မြင့်တက်နေရတဲ့ အကြောင်းအရင်းက ဘာများလဲ!

Creatinine ဆိုတာက ကြွက်သားတွေ လှုပ်ရှားမှုကနေ ထွက်လာတဲ့ ပရိုတင်း တစ်မျိုး ဖြစ်တဲ့  creatine ရဲ့ ဘေးထွက်ပစ္စည်း တစ်ခုပါ။ သူ့ကို သွေးစစ်ပြီး ပမာဏစစ်ဆေးလို့ ရပါတယ်။ သွေးထဲမှာ creatinine ပမာဏ ကျဆင်းလွန်းနေတာကလည်း မကောင်းသလို များလွန်းနေတာကလည်း မကောင်းပြန်ပါဘူး။ ဒါကြောင့် အခုတစ်ခေါက်တော့ သွေးထဲမှာ Creatinine မြင့်တက်နေရတဲ့ အကြောင်းအရင်းက ဘာများလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ Creatinine ဆိုတာ ဘာများလဲ! သွေးထဲမှာ Creatinine မြင့်တက်နေရတဲ့ အကြောင်းအရင်းက ဘာများလဲ! ဆိုတာကို မပြောခင် creatinine ဘယ်ကနေ အစပြုဖြစ်ပေါ်တာလဲဆိုတာကို သိထားတာက ပိုကောင်းပါမယ်။ ခန္ဓာကိုယ်က  ကြွက်သားထဲမှာ ရှိတဲ့ ပရိုတင်းဖြစ်တဲ့ creatine ကို စွမ်းအင်အဖြစ် ရစေဖို့ ဖြိုခွဲလိုက်ချိန် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သံဓာတ် အားဖြည့်ဆေးကြောင့် ဝမ်းမချုပ်စေဖို့ဆိုရင်

သံဓာတ်က စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရ တစ်မျိုးပါ။ သွေးအားနည်းတာမျိုး မဖြစ်စေဖို့နဲ့ ခန္ဓာကိုယ်ကျန်းမာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ သံဓာတ် ပြည့်ဝအောင် ဂရုစိုက် စားသုံးဖို့ လိုပါမယ်။ သံဓာတ်က သွေးအားနဲ့တိုက်ရိုက် ဆက်စပ်နေပြီး ရာသီသွေးဆင်းများတာ၊ ကိုယ်ဝန်ဆောင်တာ အပါအဝင် သွေးအားဆုံးရှုံးစေနိုင်တဲ့ ကျန်းမာရေး အခြေအနေတွေကြောင့်လည်း သံဓာတ် ဆုံးရှုံးနိုင်ပါတယ်။  သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတဲ့အခါ သွေးအားကောင်းပြီး ကျန်းမာစေဖို့ သံဓာတ် အားဖြည့်ဆေးကို သောက်ကြပါတယ်။ ဒီလို သံဓာတ် အားဖြည့်ဆေးသောက်တဲ့အခါ ဝမ်းချုပ်တယ်ဆိုတာကလည်း ရှိတာကိုး။ အခုတစ်ခေါက်မှာတော့ သံဓာတ် အားဖြည့်ဆေး သောက်သူတွေအနေနဲ့ သံဓာတ် အားဖြည့်ဆေးကြောင့် ဝမ်းမချုပ်စေဖို့ဆိုရင် ဘာတွေ လုပ်ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။  ခန္ဓာကိုယ်မှာ သံဓာတ်ဘယ်လောက် လိုအပ်မလဲ! ခန္ဓာကိုယ်မှာ သံဓာတ်ပြည့်ဝမှ သွေးနီဥဆဲလ်တွေထဲမှာ ရှိတဲ့ ဟီမိုဂလိုဘင်တွေကလိုအပ်တဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အာလူးအခွံကို လွှင့်ပစ်နေတာကို အခုပဲ ရပ်တန့်လိုက်ပါ!

အာလူး စားမယ်ဆိုရင် အာလူး အခွံတွေကို စင်နေအောင် ခွာနော်၊ ပါးအာတယ် ဆိုတာကို လူတိုင်း ကြားဖူးမှာပါ။ ဒါကြောင့် အာလူး စားတဲ့အခါ အာလူးခွံတွေကို မစားဘဲ လွှင့်ပစ်ကြတာ များတယ်နော်။ တကယ်ကတော့ အာလူးခွံက စားလို့ရသလို ကျန်းမာရေးအာနိသင်လည်း ရှိပါတယ်။ ဒါကြောင့် ပြောချင်တာက အာလူးအခွံကို လွှင့်ပစ်နေတာကို အခုပဲ ရပ်တန့်လိုက်ပါ! ဆိုတာပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အာလူးခွံမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ! အာလူးခွံမှာ အခုလို အာဟာရလေးတွေ ပါဝင်နေ ပါတယ်။ ဘယ်လို အာဟာရတွေလဲ ဆိုတော့ -  ဗီတာမင် C ကယ်လ်ဆီယမ် ပိုတက်ဆီယမ် မဂ္ဂနီဆီယမ် ဖော့စဖရိတ် မဂ္ဂနိ့ သံဓာတ် ဇင့် ကော့ပါးတို့ ပါဝင်နေပါတယ်။  https://hellosayarwon.com/skin-health/skin-care-cleansing/potatoes-skin-benefits/ အာလူးအခွံကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆောင်းရာသီမှာ မိသားစုဝင်တိုင်း ကျန်းမာစေဖို့ နည်းလမ်းများ

မိသားစုဆိုတာက ခိုင်မြဲတဲ့ ချစ်ခြင်းတွေနဲ့ ရစ်နှောင်ထားတဲ့ အစုအဝေးလေးပါ။ ဒီအစုအဝေးလေးက ဘာနဲ့တူလဲဆိုရင် ကျွန်တော်တို့ရဲ့ လက်ချောင်းလေးတွေလိုပါပဲ။ မိသားစုဝင်တွေက တစ်ဦးနဲ့ တစ်ဦး အဆင်ပြေပြေနေနေကြတယ် ချစ်ချစ်ခင်ခင် နေကြတယ်ဆိုပေမယ့် လက်ချောင်းလေးတွေက တစ်ချောင်းနဲ့ တစ်ချောင်း မညီကြသလို မိသားစုဝင်တွေမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ဝါသနာတွေ မတူကြသလို ယူထားတဲ့ တာဝန်ချင်းလည်း မတူကြပါဘူး။ ဖေဖေတွေက အိမ်ထောင်ဦးစီးဖြစ်ပြီး မိသားစုကို ဦးဆောင်တဲ့နေရာကို တာဝန်ယူပါတယ်။ မေမေကတော့ မိသားစုတစ်စုလုံးကို ကျန်းမာစေဖို့ ပျော်ရွှင်ချစ်ခင်စေဖို့ နေထိုင်စားသောက်မှု အားလုံးကို ဂရုစိုက်ရပါတယ်။ နောက်ပြီး ရှိနိုင်သေးတာက အကြီးဆုံးသား ဖြစ်တဲ့ အစ်ကိုကြီးနဲ့ သူ့နောက်က မွေးလာတဲ့ သမီးကြီး၊ အငယ်ဆုံး သား၊ အငယ်ဆုံး သမီး စသဖြင့်ပေါ့။ ခုနောက်ပိုင်းကာလတွေမှာတော့ မိသားစုဝင်တွေက အရင်ခေတ်တွေကလောက် အရမ်းမများတော့ပေမယ့် မိသားစုဝင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြင်ဆေးခွေများ နဲ့ ကျန်းမာရေးပြဿနာများ

ခြင်ဆေးခွေဆိုတာ မြန်မာနိုင်ငံက အိမ်တော်တော်များများမှာ ရှိတတ်တဲ့အရာပါ။ ခြင်တွေ သောင်းကျန်းတဲ့ မိုးတွင်းလိုအချိန်တွေ၊ ကလေးရှိလို့ ခြင်ဒဏ်ကြောက်ရတဲ့ အိမ်တွေမှာဆို ခြင်ဆေးခွေက မရှိမဖြစ်ပါ။ ခြင်ကြောက်လို့ ခြင်ဆေးတွေ ထွန်းရပေမဲ့ ခြင်ဆေးခွေတွေက အန္တရာယ်ကင်းရဲ့လား။ ခြင်ဆေးခွေများ  က ဘယ်လိုကျန်းမာရေးပြဿနာတွေကို ဖြစ်စေမှာလဲ။ ခြင်ဆေးခွေထဲမှာ ဘာတွေ ပါသလဲ ဟိုးအရင် အဘိုးအဘွားတွေ လက်ထက်တုန်းကတော့ နနွင်းမှိုင်းတွေတိုက်၊ လိမ္မော်ခွံခြောက်ကို မှိုင်းတိုက်တာတွေ လုပ်ပြီး ခြင်ပြေးအောင် လုပ်တတ်ကြပါတယ်။ ခုခေတ်မှာတော့ လွယ်လွယ်ကူကူ ခြင်ဆေးခွေ ထွန်းကြတာပေါ့။ မှိုင်းတိုက်တာလောက်လည်း မီးခိုးတွေ အများကြီး မထွက်တာကြောင့် လူသုံးလည်း များပါတယ်။ ခြင်ဆေးတွေမှာ အဓိကအားဖြင့်တော့ ပိုးသတ်ဆေးဖြစ်တဲ့ pyrethroid အမျိုးအစားနွယ် ဓာတုပစ္စည်းတွေ၊ ဟိုက်ဒရို ကာဘွန်၊ ‌ဖော်မယ်ဒီဟိုက်၊ ကီတုန်း စတာတွေ ပါဝင်ပါတယ်။ ဒါ့ပြင် ကိုယ်မသိနိုင်တဲ့ တခြားဓာတုပစ္စည်းတွေလည်း အများကြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေမလား!

အခုနောက်ပိုင်း အွန်လိုင်းမှာတွေ့ရများတာက ရေခဲရေထဲ စိမ်တာမျိုးပါ။ ဇလုံ ဒါမှမဟုတ် လူတစ်ကိုယ်စာ ကောင်းကောင်း ထိုင်လို့ရတဲ့ ပုံးကြီးကြီးထဲမှာ ရေခဲနဲ့ ရေတွေ အပြည့်ထည့်ပြီး ဝင်ထိုင်လို့ စိမ်တာမျိုးပါ။ ဒီလိုမျိုး ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေမလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  ရေခဲထဲမှာ စိမ်ပြီး ရေချိုးတာကို ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ရတဲ့သူတွေ၊ Gym ပြင်းပြင်းထန်ထန် ဆော့သူတွေနဲ့ ကိုယ်ခံပညာရပ်နဲ့ ပတ်သက်တဲ့ အားကစားသမားတွေ အသုံးပြုတာ များပါတယ်။ ဒီလို ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တယ်လို့ ယူဆတာကြောင့် လွန်ခဲ့တဲ့ ရာစုနှစ်တွေ ကတည်းက အသုံးပြုခဲ့ကြတာပါ။ ဘယ်လို ကောင်းကျိုးများသလဲ ဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/healthy-habits/general-hygiene/cold-shower-vs-hot-shower/ ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေမလား! ရေခဲနဲ့ ရေချိုးတာက ကျန်းမာစေမလား! ဆိုတဲ့ မေးခွန်းရဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း