အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ!

Creatinine ဆိုတာက ကြွက်သားတည်ဆောက်မှုကနေ ထွက်လာတဲ့ အမိုင်နိုအက်ဆစ် creatineရဲ့ ဘေးထွက်ပစ္စည်း တစ်မျိုးပေါ့။ ဒီ Creatinine ပမာဏကို ဆီး ဒါမှမဟုတ် သွေးထဲမှာ ရှိနေတဲ့ ပမာဏကို စစ်ဆေးပြီး ရောဂါအခြေအနေကို ဆန်းစစ်ရတာပဲ ဖြစ်ပါတယ်။ တကယ်လို့ စစ်ဆေးတဲ့အချိန်မှာ ကိုယ်တွင်းက Creatinine ပမာဏက မြင့်တက်နေတာမျိုး ရှိနိုင်သလို ကျဆင်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ​ကြောင့် အခုတစ်ခေါက်တော့ ဗဟုသုတအနေနဲ့ သိရှိနိုင်စေဖို့ Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/anatomy-of-muscle/ Creatinine  ဆိုတာ ဘာများလဲ! Creatinine  ဆိုတာက ကြွက်သားတွေက စွမ်းအင်ရစေဖို့အတွက် creatine ကို ဖြိုခွဲလိုက်ချိန်မှာ ခန္ဓာကိုယ်က ထုတ်လွှတ်လိုက်တဲ့ အရာပါ။ သွေးထဲမှာ ရှိတဲ့ Creatinine ပမာဏကို ကျောက်ကပ်က […]

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Pisces တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

Zodiac signတွေထဲမှာ နောက်ဆုံးရာသီခွင်ကတော့ ပိစိလို့ ချစ်စနိုးခေါ်ကြတဲ့ Pisces တွေပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၀ကနေ မတ် ၂၀အတွင်း မွေးဖွားသူတွေ အကျုံးဝင်ပါတယ်။ Piscesတွေက ကျန်းမာရေးနဲ့ ပတ်သက်လာရင် နူးနူးညံ့ညံ့နဲ့ သိပ်ပြီး ခံနိုင်ရည် မရှိကြပါဘူး။ ဒီတော့ Pisces တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ဘယ်လိုကျန်းမာအောင် နေထိုင်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ Pisces တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ Pisces တွေက စိတ်နုတဲ့ သူတွေလည်း ဖြစ်ပါတယ်။ စိတ်နုတာကြောင့် ရုပ်ကျန်းမာရေးမှာပါ လာပြီး ထိခိုက်တာမျိုး ရှိတတ်ပါတယ်။ ဒါ့ပြင် သူတို့က ကိုယ်ခံအားနည်းတာကြောင့် မကြာခဏဆိုသလို ဖျားနာတာတွေ ဖြစ်ကြပါတယ်။ ခြေထောက်၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားတဲ့ သာလမတ်စ်၊ အသက်ရှူလမ်းကြောင်း စတာတွေကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် ဒါတွေနဲ့ ပတ်သက်ပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Aquarius တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

Aquarius တွေက ၁၁ခုမြောက် zodiac sign ဖြစ်ပြီး ဇန်နဝါရီ ၂၁နဲ့ ဖေဖော်ဝါရီ ၁၉ထိ အကျုံးဝင်ပါတယ်။ Air signဖြစ်တဲ့ Aquaလေးတွေက ခေတ်မီပြီး လွတ်လွတ်လပ်လပ် နေထိုင်တတ်သူတွေပါ။ တခြား signတွေလိုပဲ Aquarius တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ လည်း သီးသန့်ရှိနေပါတယ်။ Aquarius တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ Aquaတွေက သွေးလည်ပတ်မှုစနစ်၊ အာရုံကြောစနစ်နဲ့ ခြေကျင်းဝတ်တို့ကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် သွေးကြောနဲ့ ဆိုင်တဲ့ရောဂါတွေ (ဥပမာ သွေးတိုး၊ ဆီးချို) အဖြစ်များပါတယ်။ အတွေးများတဲ့သူတွေဖြစ်တဲ့အတွက်လည်း အသက်ကြီးလာလေလေ ဦးနှောက်နဲ့ အာရုံကြောနဲ့ ဆိုင်တဲ့ရောဂါတွေ ဖြစ်လာနိုင်ခြေ များလေလေ ဖြစ်ပါတယ်။ ခြေကျင်းဝတ်ကို လွှမ်းမိုးထားတာကြောင့် ခြေထောက်ထိခိုက်တာ၊ ခြေပွတ်တိုင်လည်တာ၊ အရိုးကျိုးတာတွေ ဖြစ်တတ်ပါတယ်။ Aquarius တွေက ကျန်းမာရေးဂရုစိုက်တတ်တဲ့သူတွေဆိုပေမယ့် ပုံမှန်လုပ်ဖြစ်ဖို့ တွန်းအားတစ်ခုခုတော့ လိုပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Capricorns တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ

သင်က ဒီဇင်ဘာ ၂၂ (၂၃)နဲ့ ဇန်နဝါရီ ၁၉(၂၀) ကြားမှာ မွေးတဲ့သူဆိုရင် Capricorns တစ်ယောက်ဖြစ်သွားပါပြီ။ Capricornsတွေက မွေးလာတည်းက ခံနိုင်ရည်အားကောင်းကောင်းနဲ့ မွေးလာတဲ့သူတွေမို့လို့ တော်ရုံတန်ရုံဆို ဒူပေဒဏ်ပေ ခံနိုင်တဲ့ သူတွေလည်း ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အသက်ရှည်တဲ့သူတွေပါ။ အသက်ရလာတဲ့ သူတွေကြားမှာ ကျန်းမာရေးကောင်းတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Capricorns တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ လည်း ရှိနေပါတယ်။ Capricorns တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ Capricorns တွေက အရိုးအဆစ်၊ သွား၊ ဒူးနဲ့ အရေပြားကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် ဒါနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ အဖြစ်များပါတယ်။ ဒါ့ပြင် သူတို့တွေက အလုပ်ကို ပင်ပင်ပန်းပန်းနဲ့ အားကြိုးမာန်တက် လုပ်တတ်သူတွေဆိုတော့ အရိုးနဲ့ ဆိုင်တဲ့ ထိခိုက်မှုတွေ၊ ဒဏ်တွေ […]


ကျန်းမာရေး သတင်းများ

တစ်နေ့ကို ကော်ဖီ ၃ ခွက်ထက် ပိုသောက်တာက ကျောက်ကပ်ပျက်စီးစေနိုင်ဟု လေ့လာချက်တစ်ခုကပြော

ကော်ဖီ မကြိုက်သူက ခပ်ရှားရှားပါ။ မနက်ခင်းမှာ ကော်ဖီနွေးနွေးလေး တစ်ခွက်သောက်ရတာက အတော်လေး နှစ်ခြိုက်စရာ ကောင်းတဲ့ အရာပါပဲ။ မနက်ခင်းမှာ ကော်ဖီသောက်တာက အရောင်ကျစေတယ်။ နှလုံးကျန်းမာစေတယ်ဆိုတဲ့ ကောင်းကျိုးများစွာကို ရရှိနိုင်တယ်ဆိုတာကြောင့်လည်း လူတိုင်းက ကော်ဖီကို သောက်ဖြစ်နေကျတာ ဖြစ်နိုင်ပါတယ်။ ကော်ဖီဆိုရာမှာ နို့ဆီတွေ နို့မှုန့်တွေ မပါတဲ့ အသင့်ဖျော် မဟုတ်တဲ့ သဘာဝ ကော်ဖီစစ်စစ်ကို သောက်မှ ကောင်းကျိုးတွေ ရနိုင်မယ်ဆိုတာကို သတိရစေချင်ပါတယ်။ ကော်ဖီသောက်ရင် ကောင်းကျိုးများတယ်ဆိုတာကိုတော့ အရင့်အရင် ကာလတွေထဲက ပြောလာကြတာကြောင့် သိပြီးဖြစ်နိုင်ပေမယ့် ကော်ဖီသောက်တာက ကျောက်ကပ်ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ သိသူက နည်းနေနိုင်ပါသေးတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ လေ့လာမှု တစ်ခုကနေ ထွက်ရှိလာတဲ့ ရလဒ်ဖြစ်တဲ့ တစ်နေ့ကို ကော်ဖီ ၃ ခွက်ထက် ပိုသောက်တာက ကျောက်ကပ်ပျက်စီးစေနိုင်တယ် ဆိုတဲ့ အကြောင်းလေးကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆောင်းရာသီမှာ ဓာတ်ဆားဖြည့်ဖျော်ရည် သောက်စရာလိုအပ်မလား

လူတိုင်းလိုလို သိထားတာ တစ်ခုက နွေရာသီရဲ့ အပူချိန် အရမ်းပြင်းတဲ့ ရက်တွေမှာပဲ ဓာတ်ဆားဖြည့်အချိုရည် သောက်ဖို့ လိုတယ်လို့ပေါ့။ တကယ်ကတော့ ဆောင်းရာသီရဲ့ အေးမြတဲ့ ရက်တွေမှာလည်း နွေရာသီရဲ့ နေ့ရက်တွေလိုပဲ ဓာတ်ဆားဖြည့်အချိုရည် သောက်ဖို့ လိုအပ်ပါတယ်နော်။ ဘာကြောင့် ဒီလိုပြောရတာလဲ၊ တကယ်ပဲ ဆောင်းရာသီမှာ ဓာတ်ဆားဖြည့်ဖျော်ရည် သောက်ဖို့ လိုလို့လားဆိုပြီး သံသယရှိတယ်ဆိုရင် ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ ဖတ်ကြည့်လိုက်ဖို့ ပြောချင်ပါတယ်။ ဆောင်းရာသီမှာ ဓာတ်ဆားဖြည့်ဖျော်ရည် သောက်စရာလိုအပ်မလား တကယ်ကတော့ ရာသီဥတုက အေးပဲအေးအေး ပူပဲပူပူ အပူချိန်က ရှိနေမှာပဲ ဖြစ်သလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာ ထိခိုက်နိုင်ပါတယ်။ လေ့လာမှု အချို့အရ ရာသီဥတု အေးမြတာက နေရတာ အေးတယ် ဆိုပေမယ့် နွေရာသီလိုပဲ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သက်ရောက်နေနိုင်သလို သိမြင်မှုစွမ်းရည်အပေါ်မှာလည်း […]


ရောဂါလက္ခဏာများ

သွေးပြန်ကြောထဲမှာ သွေးခဲနေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေက ဘာတွေများလဲ !

သွေးခဲတယ်ဆိုတာက အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ လူတိုင်းလိုလို သိထားပြီး ဖြစ်မှာပါ။ သွေးခဲတယ်ဆိုတာက နေ့စဉ်ဘဝရဲ့ ပုံမှန်ဖြစ်စဉ်တွေထဲက တစ်ရပ်ပေါ့။ ဘယ်လို အခြေအနေမှာလဲဆိုရင် အနာတစ်ခုခု ထိခိုက်မိတာ တစ်ခုခု ဖြစ်မယ် သွေးထွက်မယ်။ ဒီထွက်တဲ့သွေး တိတ်စေဖို့အတွက် သွေးခဲဖို့ လိုပါမယ်။ ဒီလို သွေးခဲတာက အန္တရာယ် မရှိသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖြစ်စဉ် တစ်ခုလည်း ဖြစ်တာကြောင့် စိုးရိမ်ဖို့မလိုတဲ့ ပုံမှန်ဖြစ်စဉ် တစ်ခုပါ။ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ သွေးခဲခြင်းတွေ၊ မခဲသင့်တဲ့ နေရာမှာ ခဲတာတွေကတော့ ပြဿနာပါ။ ဥပမာ ခြေထောက်က သွေးပြန်ကြောတွေမှာ သွေးခဲမယ်။ ဘေးမှာ ခြေသလုံးကြွက်သားလည်း ရှိနေတဲ့အတွက် ကြွက်သားက ညှစ်လိုက်တဲ့အခါ မတော်တဆ သွေးခဲပြုတ်ထွက်ပြီး အဆုတ်သွေးကြောမှာ သွားဆို့နေပြီး အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်တော့ သွေးပြန်ကြောထဲမှာ သွေးခဲနေတယ်ဆိုတာကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆောင်းအေးလို့ ကိုယ်ခံအားကောင်းအောင်ဆိုပြီး ကြက်သွန်ဖြူတွေ များများ မစားခင်

ကြက်သွန်ဖြူ စားရင် ကိုယ်ခံအား ကောင်းတယ်။ ဆောင်းရာသီလိုမျိုး အေးမြတဲ့ ရာသီတွေမှာ ဖျားနာမှု ကင်းစေဖို့ ကြက်သွန်ဖြူ စားရမယ်ဆိုလို့ ကြက်သွန်ဖြူတွေ များများစားမှ ဖြစ်မယ် ဆိုပြီး တွေးနေပြီလား။ ဒါဆိုရင်တော့ ဆောင်းအေးလို့ ကိုယ်ခံအားကောင်းအောင်ဆိုပြီး ကြက်သွန်ဖြူတွေ များများ မစားခင် သတိထားသင့်တဲ့ အချက်လေးတွေကို သိရှိနိုင်အောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။ https://hellosayarwon.com/respiratory-health/common-cold/how-to-use-garlic-for-fever/ ဆောင်းအေးလို့ ကိုယ်ခံအားကောင်းအောင်ဆိုပြီး ကြက်သွန်ဖြူတွေ များများ မစားခင် ကြက်သွန်ဖြူက ကျန်းမာရေး အကျိုးကျေးဇူးတွေ များတာကြောင့် ဆောင်းရာသီမှာ ဖျားနာမှု ကင်းစေဖို့ စားပေးသင့်ပါတယ်။ ဒီအဆိုက လူတိုင်းအတွက် အခြေအနေတိုင်းအတွက် မမှန်ပါဘူး။ အများစုက ဆောင်းရာသီမှာ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှု ကင်းစေဖို့ ကြက်သွန်ဖြူကို စားပေးသင့်တယ် ဆိုပေမယ့် အချို့သူတွေကတော့ ကြက်သွန်ဖြူကို အများ​ကြီး မစားသင့်ပါဘူး။ ဘယ်လိုသူတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေမကောင်းမဖြစ်ဘဲနဲ့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်သလား

နေမကောင်းမဖြစ်ဘဲနဲ့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်သလား ဆိုတော့ ဆုံးရှုံးနိုင်တာပေါ့။ နေ့စဉ် လှုပ်ရှားမှုတိုင်းမှာ ချွေးထွက်တယ် ဆိုကတည်းက ကိုယ်တွင်းက ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်ကို ဆုံးရှုံးနေတာပါ။ လှုပ်ရှားမှုတိုင်းမှာ အင်အား အသုံးပြုရသလို အသုံးပြုလိုက်ရတဲ့ အင်အားရဲ့ နောက်ဘက်မှာ ရေဓာတ်တွေ၊ ဓာတ်ဆားဓာတ်တွေပါ လိုက်ဆုံးရှုံးနေတာပါ။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတာကို အောက်ဘက်မှာ သေချာလေး ရှင်းပြပေးပါမယ်။ ရေနဲ့ဓာတ်ဆား ခန္ဓာကိုယ်အတွက် အရေးကြီးသလား ခန္ဓာကိုယ်က ဇီဝဖြစ်စဉ်တွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်စေဖို့ ခန္ဓာကိုယ်မှာ အာဟာရဓာတ်တွေ ရေဓာတ်တွေ ဓာတ်ဆားဓာတ်တွေ ပြည့်ဝနေဖို့ လိုပါမယ်။ ဒီလို ပြည့်ဝနေမှလည်း နေ့စဉ် တာဝန်တွေကိုရော နေ့စဉ်အခက်အခဲတွေကိုပါ အကောင်းဆုံး ဖြေရှင်းကျော်ဖြတ်နိုင်မှာပါ။ ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ကိုယ်ခံအား ကောင်းစေဖို့ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့နဲ့ တီထွင်ဖန်တီးနိုင်စွမ်း ကောင်းဖို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်နံ့ကို ဘယ်လို ဖျောက်ကြမလဲ

အိမ်ကို မပိုင်ဘဲ အကြိုက်သောက်ပြီးမှ အိပ်ပြန်ခါနီး အနံ့တွေ ထွက်နေမှာစိုးလို့ အနံ့ဘယ်လို ဖျောက်ရမလဲဆိုတာကို မသိဘူးဆိုတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ သောက်ပြီးချိန်မှာ အနံ့မရအောင် အရက်နံ့ကို ဘယ်လို ဖျောက်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကဲ ..... ပါတီတွေ၊ ဒင်နာတွေမှာ သောက်ပြီးချိန်မှာ အိမ်မပြန်ခင် အရက်နံ့လေးကို ဒီလိုလေး ဖျောက်လိုက်ရအောင်နော်။ အရက်နံ့ နံရတဲ့ အကြောင်းအရင်း အရက်၊ ဘီယာ၊ ဝီစကီ ကစလို့ ဝိုင်အဆုံး ကဇော်ဖောက်ထားတဲ့ အရာတွေတိုင်းကို သောက်ပြီးချိန်မှာ ခန္ဓာကိုယ်က အရက်နံ့လိုလို နံလာတတ်ပါတယ်။ ဒီလို နံလာရတာက အရက်သောက်ပြီးချိန် ဒါမှမဟုတ် အယ်လ်ကိုဟောပါတဲ့ အရာတစ်ခုခုကို သောက်ပြီးချိန်မှာ ပါးစပ်ကပဲ နံနေတာ မဟုတ်ဘဲ ခန္ဓာကိုယ် အတွင်းပိုင်းကပါ အနံ့ထွက်လာတာကြောင့်ပါ။ အယ်လ်ကိုဟောကို သောက်လိုက်ချိန်မှာ ခန္ဓာကိုယ်က အခြား […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

New year resolutions တွေ ပျက်ပျက်ကုန်တာ ဘာကြောင့်လဲ။

နှစ်ကုန်ခါနီးပြီဆိုတော့ မနှစ်က ချမှတ်ထားတဲ့ New year resolutions တွေထဲမှာ ဘယ်နှခုများ ပြည့်မီခဲ့သလဲဆိုတာ စစ်ကြည့်ပြီးပြီလား။ ပြည့်တာတွေလည်း ရှိသလို မပြည့်တာတွေလည်း ရှိမှာပါ။ New year resolutions တွေအကုန် ပြည့်မီတဲ့သူဆိုတာ ရှားပါတယ်။ ၁နှစ်လုံးပုံမှန်လုပ်ဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာပဲကိုး။ ဒီနှစ်တင် New year resolutions မပြည့်တာ မဟုတ်ပါဘူး။ ရှေ့နှစ်တွေကလည်း ဒီလိုပဲမလား။ ဘာလို့များ New year resolutions တွေ ပျက်ပျက်ကုန်တာ လဲ။ New year resolutions တွေ ပျက်ပျက်ကုန်တာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကိုယ်မှန်းထားတာတွေ ဖြစ်မြောက်အောင် မလုပ်နိုင်လို့ စိတ်ဓာတ်မကျပါနဲ့။ ဒါသင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လေ့လာချက်တွေအရ ၉၂%သော သူတွေက သူတို့ရဲ့ New year […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)