အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ထိုင်နေရင်း သေသွားကြသူများ

တစ်နေကုန် ထိုင်ပဲ ထိုင်နေတာက သင့်ရဲ့ အသက်ကို တဖြည်းဖြည်း နှုတ်ယူနေတာပါ။ ဒါဟာ ဆေးလိပ်သောက်သလိုမျိုးပဲ အန္တရာယ်များပါတယ်။ ဒီနေ့ခေတ်လို ကွန်ပျူတာလေး တချောက်ချောက်နဲ့ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်နေရသူတွေအတွက် ဒါဟာ အသက်အန္တရာယ် ခြိမ်းခြောက်မှု တစ်ခုပါပဲ။ အိမ်ပြန်ရောက်တော့လည်း ပင်ပန်းလို့ဆိုပြီး TVလေးကြည့်၊ ဖုန်းလေးသုံးနဲ့ ဆက်ထိုင်နေတာပါပဲ။ လေ့ကျင့်ခန်းလည်း မလုပ်နိုင်တော့ဘူးလေ။ ဒီလိုပုံစံနဲ့ပဲ ဘဝကို ဖြတ်သန်းနေရပြီဆိုရင် မကြာခင်မှာ ထိုင်နေရင်း သေသွားကြသူများ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ခုချက်ချင်း ပြောင်းလဲဖို့ စဉ်းစားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ဒါက သိပ်မကြာခင်မှာ သင့်ဆီကို ရောဂါပေါင်းစုံ ဝင်လာတော့မယ့် အရိပ်အရောင်ပါ။ အထိုင်များ ခြင်းရဲ့ အပြစ်တွေက ဘာလဲ။ ထိုင်ခုံကနေ ဘယ်လို ရုန်းထွက်မလဲဆိုတာ ကြည့်ကြရအောင်။ အထိုင်များ တာက ဘာလို့ ကျန်းမာရေးကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသားဆေး ထိုးပြီး ပြည်တည်တဲ့အခါ

အသားဆေး ထိုးလိုက်တယ်။ ထိုးပြီး ရက်နည်းနည်းလောက်ကြာတော့ ထိုးတဲ့နေရာမှာ အဖုလိုလို အကျိတ်လိုလို ဖြစ်လာတယ်။ နောက်ပြီး ရောင်လာတယ်။ နာလာတယ်ဆိုရင် ဆေးထိုးတဲ့ နေရာက ပြည်တည်နေပြီလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ သိပ်မကြာခင်ကများ ပြည်တည်တဲ့နေရာမှာ ဆေးထိုးထားဖူးလားပေါ့။ ဆေးထိုးတဲ့နေရာက ပြည်တည်တာ သိပ်ရှားပါးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အသားဆေး ထိုးတဲ့အခါ အသားဆေးထိုးတဲ့အခါ ပြည်တည်တာအပြင် တခြား ပြဿနာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဥပမာ ထိုးထားတဲ့ဆေးတွေ ပြန်စိမ့်ထွက်တာ၊ သွေးထွက်တာ၊ အာရုံကြောတွေ ထိမိတာ၊ အသားဆေးက သွေးကြောထဲရောက်သွားတာ၊ အမာရွတ်တွေ ကျန်ခဲ့တာ စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဒီထဲမှာ အဖြစ်များဆုံးကတော့ ဆေးထိုးတဲ့နေရာမှာ ပြည်တည်တာပါပဲ။ လေ့လာချက်တွေအရ အသားဆေးထိုးတဲ့သူရဲ့ ၃၁ရာခိုင်နှုန်းလောက်က ပြည်တည်နိုင်ပါတယ်တဲ့။ တွက်ကြည့်မယ်ဆိုရင် ၃ယောက် ၁ယောက်လောက်ပေါ့။ နောက်ပြီး ပြည်တည်တာက ပိုးပါတာလည်း ဖြစ်နိုင်သလို ပိုးမပါတာလည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာရေးထိခိုက်စေနိုင်တဲ့ စမတ်ဖုန်းကို ကျန်းမာရေးအတွက် အသုံးချကြမယ်

စမတ်ဖုန်းတွေဟာ ကျန်းမာရေးကို ထိခိုက်နိုင်စေတယ်၊ ကျန်းမာရေး ရှုထောင့်ကနေကြည့်ရင် လူတွေကို အကျိုးမပြုနိုင်စေဘူးလို့ မကြာခဏ ပြောဖြစ်ဆိုဖြစ်ကြတယ်။ ဒါပေမယ့် စမတ်ဖုန်း အသုံးပြုမှုကိုတော့ ဘယ်သူမှ လျှော့ချသွားတာမျိုး မရှိကြပါဘူး။ ဆိုရှယ်မီဒီယာတွေ ပိုသုံးလာတယ်၊ အားကစားပွဲတွေ၊ Live လွှင့်တာတွေ၊ ဂိမ်းဆော့တာတွေ၊ ရုပ်ရှင်ကြည့်တာတွေ၊ အလုပ်အတွက် အသုံးချတာတွေ ပိုများလာတယ်။ ကျန်းမာရေးထိခိုက်စေနိုင်တဲ့ စမတ်ဖုန်းကို လူတွေက မစွန့်လွှတ်နိုင်ကြဘူးဆိုတဲ့ သဘော။ ဒီလိုဆိုရင် ပြောင်းပြန်ပြန်စဉ်းစားကြရအောင်။ မစွန့်လွှတ်နိုင်မှတော့ ကျန်းမာရေးမထိခိုက်အောင်၊ ဒီထက်တဆင့်မြင့် တွေးရရင် ပိုကျန်းမာလာအောင် လုပ်ကြရင် မကောင်းဘူးလား။ ကျန်းမာရေးထိခိုက်စေနိုင်တဲ့ စမတ်ဖုန်းကို ကျန်းမာရေးအတွက် အသုံးချကြမယ် ဒီခေတ်မှာက ဘယ်နေရာသွားသွား စမတ်ဖုန်းတွေကတော့ ပါနေကြမှာပဲ။ ဒီလိုဆို ကိုယ့်လက်ထဲက စမတ်ဖုန်းကို ကျန်းမာရေး လိုက်စားဖို့ ပြန်အသုံးချကြမယ်။ ဘယ်လို အသုံးချကြမလဲဆိုရင် အောက်ပါ နည်းလမ်း ၃ သွယ်နဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

မြန်မာနိုင်ငံမှာ ခြင်မရှိတဲ့ အရပ်၊ ခြင်မရှိတဲ့ အိမ်ရယ်ဆိုတာ ခပ်ရှားရှားပါ။ ဒီတော့ နေရာတိုင်းမှာ တွေ့နိုင်တဲ့ ခြင်ကို ခြင်ဆေး မလိုဘဲ သဘာဝနည်းလေးတွေနဲ့ ခြင်ပြေးအောင် လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။ ကဲ ..... နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ ကို ကြည့်လိုက်ရအောင်နော်။ နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ နေအိမ်မှာ ခြင်ပြေးစေဖို့ ခြင်ဆေး ထွန်းစရာ မလိုအောင်နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ ကတော့ ကြက်သွန်ဖြူ ကြက်သွန်ဖြူရဲ့ အနံ့ ခပ်ပြင်းပြင်းက ခြင်တွေကို အဝေးပြေးစေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးပါတယ်။ ကြက်သွန်ဖြူကို ကြိတ်ခြေပြီး ရေနွေးဆူဆူထဲထည့်ပါ။ အအေးခံပြီး စပရေးဘူးထဲ ထည့်လို့ အိမ်ရဲ့ နေရာအနှံ့ကို ဖြန်းပေးရုံပါ။ လေးညှင်းပွင့် နဲ့ သံပရိုသီး သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး သံပရိုခြမ်းပေါ်မှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဖရီးရယ်ဒီကယ်များအကြောင်း

သင့်အနေနဲ့ အသက်အရွယ်ကြီးရင့်လာသူတွေမှာ မျက်နှာအရေးအကြောင်းတွေ ပေါ်လာတာ၊ ဆံပင်တွေဖြူလာတာ သတိထားမိပါလိမ့်မယ်။ ဒါဟာ အသက်ကြီးလို့ပုံမှန်ဖြစ်စဉ်တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ဒီဇရာတရားရဲ့ နောက်ကွယ်မှာ လက်သည်ရှိနေပါတယ်။ အဲ့ဒါကတော့ ဖရီးရယ်ဒီကယ်တွေပါပဲ။ ဖရီးရယ်ဒီကယ်ဆိုတာ ဖွဲ့စည်းပုံမတည်ငြိမ်တဲ့ အက်တမ်တွေဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ဆဲလ်တွေကို ထိခိုက်စေပါတယ်။ ကိုယ်ခန္ဓာဆဲလ်တွေ ထိခိုက်ပျက်စီးတာကြောင့် နေထိုင်မကောင်းဖြစ်ခြင်း၊ အိုမင်းရင့်ရော်ခြင်း စတဲ့ပြဿနာတွေ ဖြစ်စေပါတယ်။ ဖရီးရယ်ဒီကယ်တွေရဲ့ သဘောတရားကို နားလည်ဖို့ ဓာတုဗေဒအခြေခံနဲ့ ရှင်းပြလိုပါတယ်။ အရာဝတ္တုတိုင်းရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းဖြစ်တဲ့ အက်တမ်တွေမှာ အီလက်ထရွန်များဟာ သူ့ပတ်လမ်းနဲ့သူ ဘေးကနေဝန်းရံထားပါတယ်။ ပတ်လမ်းတိုင်းမှာ သူ့ဒြပ်စင်အလိုက် အီလက်ထရွန်ပမာဏ ပြည့်နေဖို့လိုပါတယ်။ အဆိုပါပတ်လမ်းဟာလည်း တစ်ခုမက တည်ရှိနေပါတယ်။ တကယ်လို့ အက်တမ်တစ်ခုရဲ့ အပြင်ဆုံးပတ်လမ်းမှာ အီလက်ထရွန်မပြည့်ရင် သူ့ရဲ့ပတ်လမ်းကိုပြည့်ဖို့ တခြားအက်တမ်ကို ပေါင်းစပ်ဖို့ ကြိုးစားလာပါတယ်။ အဆိုပါအက်တမ်မျိုးကို ဖရီးရယ်ဒီကယ်လို့ ခေါ်ပါတယ်။ အပြင်ပတ်လမ်းမှာ အီလက်ထရွန်ပမာဏပြည့်နေတဲ့ အက်တမ်တွေဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အကိုက်အခဲပျောက်ဆေးတွေကို ခဏခဏသောက်နေတာလား

အကိုက်အခဲပျောက်ဆေးတွေကို ခဏခဏသောက်နေတာလား ...... ဘာလို့ ဒီမေးခွန်းကို မေးရလဲဆိုတော့ ဆေးဆိုင်မှာ အရောင်းရဆုံးက ဒီဆေးတွေပါပဲ။ အိမ်မှာလည်း ဘာမှမရှိရင်တောင် အကိုက်အခဲပျောက်ဆေးတွေတော့ ဆောင်ထားတတ်ကြပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို ခဏခဏသောက်နေတာလား ခုလိုမိုးတွင်းဆိုရင် မိုးလေးမိလိုက် အဆစ်လေးတွေ ကိုက်လိုက် ဆေးလေးသောက်လိုက်၊ အလုပ်ပင်ပန်းလို့ ကိုယ်လက်တွေနာလိုက် ဆေးလေးသောက်လိုက်နဲ့ သတိမထားမိလိုက်ဘဲ ခဏခဏသောက်နေမိနိုင်ပါတယ်။ ဒါတွေက တစ်ရက်တလေဆိုရင် ပြဿနာ မရှိပေမယ့် နေ့စဉ်ရက်ဆက်လာတဲ့အခါ ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် နဂိုတည်းက အစာအိမ်မကောင်းတဲ့သူ၊ ကျောက်ကပ်မကောင်းတဲ့သူ၊ အသည်းမကောင်းတဲ့သူ၊ အသက်ကြီးတဲ့သူတွေဆိုရင် ပိုပြီးခံရမှာပါ။ အကိုက်အခဲပျောက်ဆေးတွေကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ခံစားရမှာလဲဆိုတာနဲ့ ခဏခဏ မသောက်မိအောင် ဘယ်လိုဆင်ခြင်ရမလဲဆိုတာ ပြောပြပေးပါမယ်။ https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/why-does-my-calf-muscle-hurt/ အသုံးများတဲ့ အကိုက်အခဲပျောက်ဆေးများ ခုအောက်မှာ ဆက်ပြောမှာကတော့ ဆေးဆိုင်တွေမှာ ဆရာဝန်ဆေးစာမလိုဘဲ ဝယ်လို့ရတဲ့ (over the counter) အသုံးများတဲ့ အကိုက်အခဲပျောက်ဆေးတွေအကြောင်းပါ။ အက်စပရင် ဒီအက်စပရင်က လူကြီးတွေသောက်တဲ့ […]


အခြေခံကျန်းမာရေး

ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

ဗီတာမင် B က ကျန်းမာဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် တစ်မျိုးဖြစ်သလို ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်လည်း ဖြစ်ပါတယ်။ ဗီတာမင် B ကို ခန္ဓာကိုယ်က မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် အစားအစာတွေ အပေါ်မှာ မှီခိုရပါတယ်။ ဗီတာမင် B က ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေကို ဘယ်လိုများ ထောက်ပံ့ပေးလဲဆိုတာ အတူတူကြည့်လိုက်ရအောင်လား။ ဗီတာမင် B အုပ်စုတွေက ဘာတွေဖြစ်မလဲ။ ဗီတာမင် B က ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် B အုပ်စုက စားလိုက်တဲ့ အစားအစာတွေကို အင်အားအဖြစ် ပြောင်းလဲပေးပါတယ်။ ဒါ့အပြင် ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေတယ်။ သွေးဆဲလ် အသစ်တွေ ဖြစ်ပေါ်စေတယ်။ […]


အခြေခံကျန်းမာရေး

ပါးစပ်ထဲက တံထွေး ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲ။

လူတော်တော်များများက တံထွေးလို့ ပြောလိုက်ရင် မသတိစရာ၊ ရွံစရာ၊ သန့်ရှင်းမှု မရှိတဲ့အရာလို့ ယူဆကြတာ များပါတယ်။ တကယ်ကတော့ တံထွေးက ကျန်းမာရေးကို အကျိုးပြုတဲ့ အပိုင်းတွေ ရှိနေပါတယ်။ တံထွေးက ခန္ဓာကိုယ် ကျန်းမာစေဖို့ရော အလှအပကိုပါ အထောက်အကူ ပြုပေးပါတယ်။ လူတွေရဲ့ တံထွေးက ခန္ဓာကိုယ်အတွက် ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးသလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးပါရစေ။ တံထွေး နဲ့ ကျန်းမာရေး ခံတွင်းထဲက တံထွေးက ညစ်ပတ်တယ်လို့ ထင်ရပေမယ့် အနာကျက်စေတယ် တံထွေးက ကောင်းမွန်ထိရောက်တဲ့ သန့်စင်မှုပေးတဲ့ အရာဖြစ်သလို အရေပြားပေါ်က ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အနာကျက်စေနိုင်သလို အနာကျက်စေဖို့လည်း အရေပြားကို အားဖြည့်ပေးပါတယ်။ မြင်သာအောင် ပြောပြရရင် ပါးစပ်ထဲက အနာတွေက ခန္ဓာကိုယ် အခြားနေရာတွေက အနာတွေထက် အကျက်မြန်ပါတယ်။ ဒါကြောင့်  ခန္ဓာကိုယ်က […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သမ်း တာက ကူးတတ်လား

ဒီစာရေးဖို့ သမ်း တဲ့အကြောင်းကို ရှာဖတ်နေရင်းနဲ့ သမ်းလိုက်တာဆိုတာ ဘယ်နှကြိမ်မှန်းတောင် မသိတော့ပါဘူး။ သမ်းတာက ကူးမကူးတော့မသိဘူး။ သမ်းတဲ့အကြောင်းကို စဉ်းစားရင်ပဲ သမ်းလိုက်ချင်တော့တယ်။ စာဖတ်သူတွေပဲ ဒီလိုပဲ နေမှာပါ။ တစ်ယောက်ယောက်က ကိုယ့်ရှေ့မှာ သမ်းလိုက်ရင် ဘာရယ်မသိ သမ်းချင်စိတ်ဖြစ်ပြီး လိုက်သမ်းကြတယ်မလား။ သမ်းတာက တစ်ယောက်နဲ့ တစ်ယောက် ကူးတတ်လားဆိုတာ တွေးဖူးကြပါသလား။ လေ့လာကြည့်လိုက်တော့ သမ်းတာမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေ တွေ့နေရပါတယ်။ ဒါလေးကို မျှဝေပေးချင်ပါတယ်။ ဘာလို့ သမ်း တာလဲ။ ဒါက အရင်စပြောရအောင်။ လူတွေ ဘာလို့သမ်းတာလဲ။ အများသိတာက အိပ်ချင်လို့ သမ်းတာ၊ ခန္ဓာကိုယ်က အောက်ဆီဂျင်လိုလို့ သမ်းတာပေါ့။ ဒါပေမယ့် ဒီသီအိုရီက ခေတ်နောက်ကျနေပါပြီ။ နောက်ဆုံးလေ့လာတွေ့ရှိချက်တွေအရဆိုရင် သမ်းတာက ဦးနှောက်ရဲ့ အပူချိန်ကို ထိန်းချုပ်တာပါတဲ့။ ၂၀၁၄မှာ ထုတ်ဝေတဲ့ Physiology & Behavior ဂျာနယ်မှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အမွှေးတိုင် တွေက သင့်ကျန်းမာရေးကို ထိခိုက်နိုင်သလား။

ဘာသာရေးအရပဲ ဖြစ်ဖြစ်၊ ပွဲလမ်းသဘင်တွေမှာပဲ ဖြစ်ဖြစ် အမွှေးတိုင် ကို ထွန်းခဲ့ကြတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ အရင်ခေတ်တွေကတော့ သဘာဝပစ္စည်းတွေကို မီးရှို့ပြီး ထွက်လာတဲ့အမွှေးနံ့နဲ့ ပူဇော်ကြတာပါ။ နံ့သာ၊ နှင်းဆီ၊ သစ်ကတိုး စသဖြင့် အနံ့အမျိုးမျိုး သုံးခဲ့ကြပါတယ်။ အမွှေးတိုင်အပြင် အမှုန့်၊ အဆီခဲ စသဖြင့် ပုံစံမျိုးစုံ ရှိပါတယ်။ ခုခေတ်မှာတော့ ဓာတုပစ္စည်းတွေက အနည်းနဲ့ အများ ပါဝင်လာကြပါပြီ။ ဒါ့ပြင် ဘုရားကျောင်း၊ ဘုံကျောင်းတွေမှာအပြင် အိမ်တွင်းမျာလည်း သုံးလာကြတဲ့အတွက် ဒါတွေက အိမ်တွင်းလေထုညစ်ညမ်းမှု (indoor air pollution) မဖြစ်နိုင်ဘူးလား။ လူတွေရဲ့ ကျန်းမာရေးကို မထိခိုက်နိုင်ဘူးလားဆိုပြီး မေးခွန်းထုတ်လာကြပါပြီ။ အမွှေးတိုင် တွေနဲ့ ကျန်းမာရေး သုတေသနရလဒ်တွေက သိပ်တော့ ခိုင်လုံမှုမရှိသေးပေမယ့် အနည်းအများတော့ ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ဘယ်လောက်များများ ထွန်းမှာလဲ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း