အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ပျော်ရွှင်ခြင်းနှင့် ကျန်းမာခြင်း

ပျော်ရွှင်ခြင်းဆိုတာ လူ့ဘဝရဲ့ အဓိပ္ပာယ်လို့ ဂရိအတွေးအခေါ်ပညာရှင်ကြီး အရစ္စတိုတယ်က လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ လောက်ကတည်းက ဆိုခဲ့ပါတယ်။ ဒီနေ့အထိ မှန်နေတုန်းပါပဲ။ ပျော်ရွှင်မှုဆိုတာ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်အားလုံးကို ခြုံငုံပြီး ခေါ်ဝေါ်လိုက်ခြင်း ဖြစ်ပါတယ်။ ရွှင်မြူးခြင်း၊ စိတ်ကျေနပ်ခြင်း၊ ကြည်နူးနှစ်သက်ခြင်း စတဲ့သဘောတရားတွေ ပါဝင်နေပါတယ်။ သုတေသနတွေအရ ပျော်ရွှင်ခြင်းဟာ စိတ်ခံစားမှုကို ကောင်းစေခြင်းသက်သက်မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးဖြစ်စေကြောင်း သိရှိလာရပါတယ်။ ယခုဆောင်းပါးမှာလည်း ပျော်ရွှင်ခြင်းနဲ့ ကျန်းမာရေးအကြားက ဆက်စပ်မှုတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံ စိတ်ပျော်ရွှင်ချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်ဖြစ်ပါတယ်။ သုတေသနတွေအရ ပျော်ရွှင်သူများဟာ အဆိုးမြင်သူများထက် သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်တွေကို ပိုမိုစားသုံးဖြစ်တယ်လို့ ဆိုပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်များဟာ ဆီးချို၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့ကျန်းမာရေးပြဿနာတွေကို လျော့နည်းစေပါတယ်။ ၎င်းသုတေသနမှာပဲ ဖော်ပြထားတာကတော့ အကောင်းမြင်စိတ်ရှိသူများဟာ ရုပ်ပိုင်းဆိုင်ရာလည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရှူဆေးရှူတိုင်း ကောင်းရဲ့လား

ယနေ့ခေတ် အပြင်ထွက်လိုက်တာနဲ့ ရှောင်လွှဲလို့မရတမ်း ရင်ဆိုင်နေရတာက ညစ်ညမ်းမှုပါ။ လျင်မြန်စွာပြောင်းလဲနေတဲ့ ရာသီဥတုအခြေအနေရယ်၊ ညစ်ညမ်းမှုရယ် ပေါင်းလိုက်တဲ့အခါမှာတော့ အလွယ်တကူဖျားနာလာရပါတော့တယ်။ ဒီလိုဖျားနာတဲ့အခါ အရင်ဆုံးခံစားရတာက နှာခေါင်းပိတ်မယ်၊ ခေါင်းကိုက်မယ်၊ နေရထိုင်ရမအီမသာ ဖြစ်တာတွေပေါ့။ နှာခေါင်းပိတ်တာနဲ့ ခေါင်းကိုက်တာက ရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် အလုပ်ထဲမှာ အာရုံစိုက်လို့မရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အမြဲလိုလို ဖြေရှင်းနေကျ နည်းလမ်းလေးတစ်ခုရှိတယ်နော်။ တော်တော်များများလည်း သုံးကြတယ်လေ။ ရှူဆေးရှူ လိုက်တာမျိုးပေါ့။ ဒါမှမဟုတ်လည်း ပရုတ်ဆီကို လက်မှာပွတ်ပြီး ရှူလိုက်တာမျိုးပါ။ ဒီလိုရှူလိုက်တဲ့အခါ သက်သာသွားတယ်ဆိုပေမယ့် ရှူဆေးရှူတိုင်း ကောင်းရဲ့လား လို့တွေးကြည့်ဖူးလား။ မတွေးကြည့်ဖူးသေးရင်ကောင်း၊ မကောင်းကို ဒီဆောင်းပါးလေးထဲမှာ တူတူဖတ်ကြည့်ရအောင်နော်။ နှာခေါင်းပိတ်ခြင်းနဲ့ ရှူဆေးရှူ ခြင်း နှာခေါင်းပိတ်ရင် အရင်ဆုံးခံစားရမယ့်လက္ခဏာတစ်ခုက အသက်ရှူရခက်တာပါ။ တစ်နေ့တာလုံး အသက်ရှူရခက်မယ်၊ နေရထိုင်ရမသက်မသာဖြစ်မယ်၊ အလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်ရခက်တာမျိုးဖြစ်မယ်။ ဒီလိုဖြစ်တာက နှာခေါင်းအတွင်းပိုင်းနံရံထဲမှာရှိတဲ့ သွေးကြောလေးတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဥပုသ်စောင့် ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ဝါတွင်းကာလတို့၊ သင်္ကြန်တို့၊ အခါကြီးရက်ကြီးတို့ဆို ဥပုသ်စောင့် ကြပါပြီ။ ဥပုသ်နေ့ပဲ စောင့်ကြတဲ့သူရှိသလို ဝါတွင်းသုံးလလုံး စောင့်ကြတဲ့သူလည်း ရှိပါတယ်။ ဥပုသ်မစောင့်တောင် သက်သတ်လွတ်စားကြတဲ့သူလည်း အများကြီးပါပဲ။ ဥပုသ်စောင့်တာက ဘာသာရေးအရ ကုသိုလ်ရတယ်ဆိုတာတော့ ပြောစရာ မရှိပါဘူး။ ပိုပြီးကောင်းတာက သူ့မှာ ကျန်းမာရေးအရ ကောင်းကျိုးတွေ ရှိနေတာပါပဲ။ ဥပုသ်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေက ဘယ်ကနေရသလဲဆို နေလွဲညစာ ရှောင်ကြတာ တချို့တွေမှာ သက်သတ်လွတ်စားကြတာ တရားထိုင်၊ ပုတီးစိပ်ကြတာ စတာတွေကနေ ရပါတယ်။ ဆက်ပြီး တစ်ခုချင်းစီရဲ့ ကောင်းကျိုးတွေ ဆက်ကြည့်ရအောင်။ https://hellosayarwon.com/health/general-health-knowledge/benefits-of-electrolytes-and-other-ingredients-in-sport-drinks/ ဥပုသ်စောင့် ချိန် နေလွဲညစာ ရှောင်ကြတာ နေလွဲညစာ ရှောင်တယ်ဆိုတာ တကယ်တော့ intermittent fastingတစ်မျိုးပါပဲ။ မနက် အရုဏ်တက် ၅နာရီ ၆နာရီလောက်ကနေ စစားပြီး နေ့လယ်၁၂နာရီကျော်ရင် ဘာမှ မစားတာ ဖြစ်တဲ့အတွက် […]


အခြေခံကျန်းမာရေး

ဝါတွင်းကာလမှာ တရားထိုင် မယ်ဆိုရင် ဒါလေးတော့ သတိထား

တရားထိုင် တယ်ဆိုတာ လောကီရော လောကုတ္တရာပါ ကောင်းတဲ့အလုပ်ဆိုတာ အားလုံးသိထားကြပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီး ရှိတယ်ဆိုတာ ငြင်းစရာ မလိုပါဘူး။ ဒါပေမယ့် တရားထိုင်ရင်းနဲ့ ရုတ်တရက် အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ ဒါလေးကိုတော့ သတိထားစေလိုပါတယ်။ တရားထိုင် ရင်း အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေဆိုတာ တရားစခန်းမှာပဲ ဖြစ်ဖြစ်၊ အိမ်မှာ ဖြစ်ဖြစ် တရားထိုင်တဲ့အခါ တစ်နာရီ ဖြစ်ဖြစ် နှစ်နာရီ ဖြစ်ဖြစ် ကိုယ်နိုင်သလောက် ဒီထက်လည်း ကြာကြာ တရားထိုင်တတ်ကြပါတယ်။ တရားထိုင်တဲ့ပုံစံကို ကြည့်မယ်ဆိုရင်လည်း တင်ပလ္လင်ခွေပြီး ထိုင်တာဖြစ်တဲ့အတွက် သွေးကြောတွေကို ဖိညှစ်ထားသလို ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး နေ့စဉ် ရက်ဆက် ဖြစ်လာပြီဆိုရင် ခြေထောက်သွေးပြန်ကြောထဲက သွေးတွေ ခဲလာတတ်ပါတယ်။ ဒီအခြေအနေကို deep vein thrombosis လို့ ခေါ်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရှင်သန်ဖို့အတွက် အသက်ရှူနေရင်းရတဲ့ ကျန်းမာရေး အကျိုးကျေးဇူး

အသက်ရှူတာက ရှင်သန်မှုအတွက် တော်တော်လေး အရေးပါပါတယ်။ ကိုယ်တွင်းက ဇီဝကမ္မ ဖြစ်စဉ်တွေ ကောင်းစေဖို့လည်း အသက်ရှူစဉ်မှာ ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ကို လိုအပ်ပါတယ်။ အသက်ရှူတယ်ဆိုတာ က အောက်ဆီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စွန့်ထုတ်ပါတယ်။ အသက်ရှူတယ်ဆိုတာ စိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့ နည်းလမ်းတစ်ခုပါ။ အသက်ရှူတာကနေ အင်အားတွေရစေသလို သွေးနီဥဆဲလ်တွေဆီကို အောက်ဆီဂျင် ရောက်ရှိစေပြီး ကိုယ်ခံအား ကောင်းစေပါတယ်။ အသက်ရှူလိုက်တဲ့အခါ ကိုယ်တွင်းက အဆိပ်အတောက် ၇၀ ရာခိုင်နှုန်းကို ပြင်ပကို စွန့်ထုတ်လိုက်တာပါ။ ဒီလို စွန့်ထုတ်မှုက ကိုယ်ခံအားကို အားဖြည့်ပေးသလို စိတ်ခံစားမှု ကောင်းမွန်စေဖို့လည်း အားဖြည့်ပေးပါတယ်။ အသက်ရှူနေရင်းရတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ အသက်ရှူနေရင်းရတဲ့ ကျန်းမာရေး အာနိသင်တွေကတော့ အင်အား ပြည့်ဝစေတယ် အောက်ဆီဂျင်က ခန္ဓာကိုယ်က ဆဲလ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သဘာဝ အရင်းအမြစ်တစ်ခုပါ။ လူသားတွေဟာ အစား မစားဘဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသက်ရာကျော် ရှည်စေသော်

ချစ်ခင်ရသူတွေနဲ့ အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင် နေချင်တယ်ဟုတ်။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးထဲ ကအတိုင်း နေထိုင်ကြည့်ဖို့ အကြံပြုပါရစေ။ အသက်ရှည်ခြင်းအပေါ်မှာ သက်ရောက်နေတဲ့ အချက်တွေထဲမှာ အစားအသောက်အပြင် နေထိုင်မှုပုံစံတွေလည်း လိုအပ်ပါတယ်။ အသက်ရှည်ရှည် နေချင်ရင် ချစ်ခင်ရသူတွေနဲ့ အသက်ရှည်ရှည် နေနိုင်ဖို့ဆိုရင် အကောင်းမြင်စိတ် ထားပါ ၂၀၁၂ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ အကောင်းမြင်တာက အသက်ရှည်စေနိုင်တယ်၊လို့ တွေ့ရှိခဲ့ရပါတယ်။ အကောင်းမြင်စိတ် ထားတာက စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကို ပြေလျော့စေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် အသက်ရှည်ချင်ရင် နေ့ရက်တိုင်းမှာ အကောင်းမြင် စိတ်ထားလေး ထားကြည့်ပေးပါ။ ယောဂ ကစားပါ ယောဂ ကစားတာက စိတ်ရောကိုယ်ပါ သက်တောင့်သက်သာ ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ ယောဂ လေ့ကျင့်တာက နာတာရှည်ရောဂါတွေ ဖြစ်ကြတဲ့ ဆီးချို၊ သွေးတိုး နဲ့ နှလုံးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် […]


အခြေခံကျန်းမာရေး

အစိမ်းရောင်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု

နေ့တိုင်း မြင်တွေ့နေတဲ့ အရောင်တွေက လူတစ်ယောက်ရဲ့ စိတ်ခံစားမှု အပိုင်းမှာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာပါ သက်ရောက်မှု ရှိနေနိုင်ပါတယ်။ အချို့သော အရောင်တွေက ခက်ခဲပင်ပန်းတဲ့ နေ့ရက်တွေမှာ စိတ်အပန်းပြေစေဖို အထောက်အကူ ပြုပေးနိုင်ပါတယ်။ ဒါကြောင့် လူတော်တော်များများက စိတ်ခံစားမှု အဆင်ပြေစေဖို့အတွက် နဲ့ စိတ်ခံစားမှု သက်တောင့်သက်သာ ဖြစ်စေဖို့အတွက် အပြာရောင်ကို အသုံးပြုကြတာ များပါတယ်။ ဒီတစ်ခေါက်တော့ ကျွမ်းကျင်ပညာရှင်တွေက အပြာရောင် နည်းတူ ကျန်းမာရေးအပေါ်မှာ ကောင်းကျိုးတွေ သက်ရောက်မှုရှိနေတယ်လို့ ပြောထားတဲ့ အစိမ်းရောင် အကြောင်းလေးကို ပြောပြပေးပါရစေ။ သဘာဝတရားကို ကိုယ်စားပြုတဲ့ အစိမ်းရောင်ကပေးတဲ့ ကျန်းမာရေး သဘာဝတရားကို ကိုယ်စားပြုတဲ့  အစိမ်းရောင်က အမြင်အာရုံ ကောင်းစေတယ် မျက်လုံးက အရောင်တွေကို အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ မျက်လုံးက သူ့အတွက် သက်တောင့်သက်သာ အဖြစ်ဆုံး အရောင်က အပြာရောင်ဖြစ်ပြီး အနေရအခက်စေဆုံးက […]


အခြေခံကျန်းမာရေး

ဖရီးရယ်ဒီကယ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မည်သို့ဆက်စပ်သနည်း

သင့်အနေနဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေ၊ စာစောင်တွေဖတ်ရှုရင် ဖရီးရယ်ဒီကယ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ဆိုတာကို ကြားဖူးနေကြဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဆိုပါပစ္စည်းများ တစ်ခုနဲ့တစ်ခု ဘယ်လိုသက်ရောက်မုရှိသလဲဆိုတာကတော့ သိရှိသူနည်းပါးပါတယ်။ ယခုဆောင်းပါးမှာ ဖရီးရယ်ဒီကယ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ တစ်ခုနဲ့တစ်ခု ဘယ်လိုဆက်စပ်မှုရှိသလဲ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဖရီးရယ်ဒီကယ်ဆိုတာ ကိုယ်ခန္ဓာထဲက တည်ငြိမ်မှုမရှိတဲ့ မော်လီကျူးတွေဖြစ်ပါတယ်။ ဓာတုဗေဒစကားနဲ့ ပြောရရင် ပတ်လမ်းမှာ အီလက်ထရွန်အရေအတွက် မပြည့်တဲ့ အက်တမ်တွေဖြစ်ပြီး တခြားအက်တမ်ကိုဆွဲယူဖို့ ကြိုးစားနေပါတယ်။ အဆိုပါ ဖရီးရယ်ဒီကယ်များ များပြားလာရင် ကိုယ်ခန္ဓာကို ဒုက္ခပေးပြီး ရောဂါဘယထူပြောလာစေပါတယ်။ ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာ စတာတွေ ဖြစ်လာစေပါတယ်။ ကိုယ်ခန္ဓာဟာ ဖရီးရယ်ဒီကယ်တွေရဲ့ရန်ကို ကာကွယ်ဖို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို အသုံးပြုပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်များက လိုအပ်တဲ့ အီလက်ထရွန်ကို ထောက်ပံ့ပေးခြင်းအားဖြင့် ဖရီးရယ်ဒီကယ်တွေကို ဓာတ်ပြယ်စေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို အစားအစာတွေကနေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဓာတ်တိုးဖိစီးခြင်းအကြောင်း သိသင့်သမျှ

သင့်ရဲ့ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အားပြိုင်မှုကို သိရှိပြီးသား ဖြစ်မှာပါ။ ဓာတ်တိုးဖိစီးခြင်း (Oxidative Stress) ဆိုတာကတော့ အဆိုပါဖရီးရယ်ဒီကယ်များနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ဟန်ချက်မညီတော့တဲ့ အခြေအနေဖြစ်ပါတယ်။ ဖရီးရယ်ဒီကယ်များဟာ အောက်ဆီဂျင်ပါဝင်တဲ့ မော်လီကျူးတွေဖြစ်ပြီး သူတို့မှာ အီလက်ထရွန်ပါဝင်မုှ ပုံစံမမှန်ပါဘူး။ တနည်းပြောရရင် အီလက်ထရွန်တလုံးတွဲဖက်ဖို့ လိုအပ်နေတဲ့ မော်လီကျူးဖြစ်ပြီး မတည်ငြိမ်တဲ့ သဘောကိုဆောင်ပါတယ်။ တခြားမော်လီကျူးတွေနဲ့တွေ့တိုင်း ဓာတ်ပြုဖို့ကြိုးစားတာကြောင့် ကိုယ်ခန္ဓာအတွင်း ဓာတ်ပြုမှုတွေ ဖြစ်ပေါ်ပါတယ်။ အဆိုပါ ဓာတ်ပြုမှုတွေကို ဓာတ်တိုးခြင်းလို့ ခေါ်ဝေါ်ပါတယ်။ ဓာတ်တိုးခြင်းဟာ ကောင်းကျိုးပေးတာရှိသလို ဆိုးကျိုးဖြစ်စေတာတွေလည်း ရှိပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကတော့ ဖရီးရယ်ဒီကယ်ကို တည်ငြိမ်သွားအောင် အီလက်ထရွန်တလုံး ပေးနိုင်တဲ့ မော်လီကျူးတွေ ဖြစ်ပါတယ်။ သူတို့ကနေ အီလက်ထရွန်ပေးလိုက်လို့လည်း တည်ငြိမ်မှု ပျက်ယွင်းသွားခြင်း မရှိပါဘူး။ ဒီနည်းနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်တွေကို တည်ငြိမ်အောင် ထိန်းသိမ်းပေးပါတယ်။ ဓာတ်တိုးဖိစီးခြင်း၏ ကိုယ်ခန္ဓာအပေါ် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သမ်းပါ။ အားရပါးရ သမ်းလိုက်ပါ။

ဟာ ...... တစ်ချိန်လုံး သမ်းနေတယ်၊ အိပ်ရေးလည်း မပျက်ဘဲ ဆိုတဲ့သူလေးတွေရှိလား။ ဒီ တစ်ခေါက်တော့ ဘာကြောင့် သမ်းရတာလဲ ဆိုတာနဲ့။ သမ်းခြင်းကနေ ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်လဲ ဆိုတာကို ပြောပြပေးသွား ပါမယ်။ ကဲ ..... သမ်းချင်နေတယ်ဆိုရင်တော့ သမ်းပါ။ အားရပါးရ သမ်းလိုက်ပါ။ သမ်းပါ။ အားရပါးရ သမ်းလိုက်ပါ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုပ်ရအောင်နော်။ ဘာကြောင့် သမ်းရတာလဲ .......... သိပ္ပံနည်းကျ လေ့လာထားတဲ့ သီအိုရီတွေအရ  သမ်းတယ်ဆိုတာက ဦးနှောက်ရဲ့ အပူချိန်ကို ထိန်းညှိတာပါ။ လူတွေဟာ ပြင်ပက ရာသီဥတု အေးနေချိန်တွေထက် ပြင်ပမှာ ရာသီဥတု ပူနေချိန်မှာ ပိုပြီး သမ်းတတ်ကြပါတယ်။ ဦးနှောက်မှာ အပူချိန် မြင့်တက်လာတဲ့အခါ အပူချိန်ကို လျှော့ချဖို့ လေရှူသွင်းရပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း