ဖရီးရယ်ဒီကယ်တွေဖြစ်ပေါ်တာကြာလာတာနဲ့အမျှ ကိုယ်ခန္ဓာရဲ့ဆဲလ်တွေကို တဖြည်းဖြည်း ဖြိုခွဲလာပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဖရီးရယ်ဒီကယ်တွေကို ခုခံတိုက်ထုတ်နိုင်စွမ်းလည်း နည်းလာပါတယ်။ ဒါကြောင့် ဖရီးရယ်ဒီကယ်တွေ များသထက်များ၊ ဓာတ်တိုးဖိစီးခြင်းတွေ တိုးသထက်တိုးပြီး ဆဲလ်တွေပိုမိုပျက်စီးကာ အိုမင်းမစွမ်း ဖြစ်လာပါတယ်။
သုတေသနတွေအရ ဖရီးရယ်ဒီကယ်တွေကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာများကတော့
– အယ်လ်ဇိုင်းမားကဲ့သို့ ဗဟိုအာရုံကြောဆိုင်ရာ ရောဂါများ
– သွေးကြောများပိတ်ဆို့ပြီး ဖြစ်ပွားသော နှလုံးနှင့်သွေးကြောရောဂါများ
– လေးဖက်နာအဆစ်ရောင်ခြင်းကဲ့သို့သော မိမိကိုယ်ခံစွမ်းအားက ပြန်လည်တိုက်ခိုက်သော ပြဿနာများ
– မျက်စိအတွင်းတိမ်
– ဆီးချို
– ဇရာပြောင်းလဲခြင်းများ။ အရေပြားများပျော့တွဲခြင်း၊ အရေးအကြောင်းများပေါ်ခြင်း၊ ဆံပင်ဖြူခြင်း၊ ဆံပင်ကျွတ်ခြင်း
ကိုယ်ခန္ဓာထဲမှာ ဖရီးရယ်ဒီကယ်တွေ ထွက်လာခြင်းဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဆိုနိုင်ပေမယ့် ပိုဆိုးစေတဲ့ နေထိုင်မှုပုံစံတွေ ရှိပါတယ်။
– အဆိပ်သင့် ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း၊ ဥပမာ ပိုးသတ်ဆေးများ ကိုင်တွယ်ခြင်း၊ လေထုညစ်ညမ်းခြင်း
– ဆေးလိပ်သောက်ခြင်း
– အရက်သောက်ခြင်း
– ပြန်ကြော်ထားသော အစားအသောက်များ စားသုံးခြင်း
စတဲ့အကြောင်းအရာတွေကြောင့် ဖရီးရယ်ဒီကယ်တွေ ထွက်ရှိခြင်းဟာ ပိုမိုများပြားလာတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။