ပန်းသီးရှာလကာရည်ကို ဖြန်းပေးတာကလည်း သဘာဝ ခြင်ပြေးဆေးတစ်ခုပါ။ စပရေးဘူးထဲမှာ ထည့်လို့ နေအိမ်မှာ ဖြန်းပေးပါ။
တမာဆီ နဲ့ လာဗင်ဒါဆီကို ဆတူရောပြီး အရေပြားပေါ်မှာ လိမ်းပေးတာက အရေပြားကို ထိခိုက်မှု ကင်းပြီး ခြင်တွေကို အဝေးပြေးစေမှာပါ။
ပူစီနံရွက်က ရတဲ့ အဆီကို လိမ်းပေးတာ၊ အစိုဓာတ် ထိန်းစက်ထဲ ထည့်ပြီး ဖွင့်ပေးတာ၊ ရေနွေးနဲ့ ရောစပ်ပြီး ဖြန်ပေးတာကလည်း ခြင်ပြေးစေဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။
Rosemary ရိုးတံကလည်း ခြင်ပြေးစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင် ပါတယ်။ နေအိမ်ထဲမှာ မီးဖို သေးသေးလေးနဲ့ Rosemary ရိုးတံ ကို မီးရှို့ပေးရုံပါ။ ဒီအငွေ့က ခြင်တွေကို မောင်းထုတ်ပေးမှာပါ။
နှပ်ကော်ဖီ လုပ်သောက်တဲ့ ကော်ဖီ အကြမ်းမှုန့်ကို ဖြူးပေးထားတာကလည်း ခြင်တွေကို အဝေးပြေးစေမှာပါ။ နေအိမ် အခန်းတွေထဲမှာ ကော်ဖီမှုန့်ကို ဖြူးထားပေးတာ၊ ရေဝပ်နိုင်တဲ့ နေရာတွေကို ကော်ဖီမှုန့် ဖြူးပေးတာက ခြင်တွေ ပြေးစေဖို့ရော ခြင်တွေ မပေါက်ဖွားစေဖို့ပါ အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်မှာပါ။
ဒီနည်းလမ်းတွေမှာ တချို့က သိပ္ပံနည်းကျ ဆက်လက်လေ့လာမှုတွေ လုပ်စရာ လိုသေးပါတယ်။ ဒါပေမယ့် တချို့တွေမှာလည်း တကယ်ခြင်ပြေးတာကို တွေ့ရပါတယ်။ အန္တရာယ်နည်းတဲ့ နည်းလမ်းတွေ ဖြစ်တာကြောင့် စမ်းသပ်ကြည့်မယ်ဆိုလည်း အကျိုးမယုတ်ပါဘူး။
ဒီနည်းလမ်းတွေအပြင် ခြင်ကိုက်မခံရအောင် နေတာ၊ အိမ်နားပတ်ဝန်းကျင်မှာ ခြင်အောင်းနိုင်တဲ့နေရာတွေကို ရှင်းလင်းထားတာကလည်း ခြင်ကိုက်မခံရစေဖို့ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။
ကဲ…. အိမ်သုံးပစ္စည်းလေးတွေ သုံးလို့ ကျန်းမာရေး ထိခိုက်မှု မရှိစေဘဲ ခြင်တွေကို အဝေးမောင်းထုတ်လိုက်ရအောင်လား………………
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။