backup og meta

ပါးစပ်ထဲက တံထွေး ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပါးစပ်ထဲက တံထွေး ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲ။

    လူတော်တော်များများက တံထွေးလို့ ပြောလိုက်ရင် မသတိစရာ၊ ရွံစရာ၊ သန့်ရှင်းမှု မရှိတဲ့အရာလို့ ယူဆကြတာ များပါတယ်။ တကယ်ကတော့ တံထွေးက ကျန်းမာရေးကို အကျိုးပြုတဲ့ အပိုင်းတွေ ရှိနေပါတယ်။ တံထွေးက ခန္ဓာကိုယ် ကျန်းမာစေဖို့ရော အလှအပကိုပါ အထောက်အကူ ပြုပေးပါတယ်။ လူတွေရဲ့ တံထွေးက ခန္ဓာကိုယ်အတွက် ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးသလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးပါရစေ။

    တံထွေး နဲ့ ကျန်းမာရေး

    ခံတွင်းထဲက တံထွေးက ညစ်ပတ်တယ်လို့ ထင်ရပေမယ့်

    အနာကျက်စေတယ်

    တံထွေးက ကောင်းမွန်ထိရောက်တဲ့ သန့်စင်မှုပေးတဲ့ အရာဖြစ်သလို အရေပြားပေါ်က ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အနာကျက်စေနိုင်သလို အနာကျက်စေဖို့လည်း အရေပြားကို အားဖြည့်ပေးပါတယ်။

    မြင်သာအောင် ပြောပြရရင် ပါးစပ်ထဲက အနာတွေက ခန္ဓာကိုယ် အခြားနေရာတွေက အနာတွေထက် အကျက်မြန်ပါတယ်။ ဒါကြောင့်  ခန္ဓာကိုယ်က အနာတွေကျက်စေဖို့ဆိုရင် တံထွေးလေး ဆွတ်ပေးလို့ ရပါတယ်။

    ခံတွင်း သန့်စေတယ်

    တံထွေးက သွား နဲ့ ခံတွင်းကို ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ်တွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အစားအစာတွေ၊ သောက်သုံးလိုက်တဲ့ ရေနဲ့ ရှူသွင်းလိုက်တဲ့ လေမှာပါတဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို အထိရောက်ဆုံး ဟန့်တား တိုက်ဖျက်ပေးပါတယ်။ သွားနဲ့ခံတွင်းကို သန့်ရှင်းအောင် ထားဖို့တော့ လိုပါမယ်။

    သွားနဲ့သွားဖုံးတွေကို ကာကွယ်ပေးတယ်

    နေ့စဉ် စားသုံးမိတဲ့ အစားအစာတွေမှာ အက်ဆစ်တွေ ပါဝင်တတ်ပါတယ်။ ဒီအက်ဆစ်တွေက ပမာဏ တအား များတဲ့အခါ သွားနဲ့သွားဖုံး၊ ခံတွင်းထဲက တစ်ရှူးပျော့တွေကို ထိခိုက်စေပါတယ်။ ဒါ့အပြင် အစာရေမျို အတွင်းနံရံကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒီပြဿနာတွေကို ကင်းစေဖို့ အကောင်းဆုံး ဟန့်တားပေးနေတဲ့ ဇာတ်လိုက်က တံထွေးပါ။

    တံထွေးက သွားနဲ့သွားဖုံးတွေ၊ ပါးစပ်အတွင်းနံရံက တစ်ရှူးပျော့တွေ၊ အစာရေမျို အတွင်းနံရံတွေကို အစားအစာမှာပါတဲ့ အက်ဆစ်တွေကြောင့် ထိခိုက်တာမျိုး မရှိအောင် အကောင်းဆုံး ကာကွယ်ပေးပါတယ်။

    သွားချေးတွေ မဖြစ်စေဖို့ ကာကွယ်ပေးတယ်

    တံထွေးက အက်ဆစ်ဓာတ် အနည်းငယ် ပါနေပြီး ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှု မရှိအောင် ကာကွယ်ပေးရုံတင် မဟုတ်ဘဲ သွားတွေကို ထိခိုက်စေပြီး ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ အလွယ်တကူ ပေါက်ဖွားစေဖို့ အားဖြည့်ပေးတဲ့ သွားချေးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

    အစာကြေစေတယ်

    တံထွေးက ခံတွင်းထဲက pH ပမာဏကို ထိန်းညှိပေးပြီး အရသာခံနိုင်စွမ်း မြင့်စေသလို အူတွေ အစာအိမ်တွေထဲ ရောက်ရှိသွားတဲ့ အခါမှာလည်း စားလိုက်တဲ့ အစားအစာတွေကို ကြေညက်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါသေးတယ်။

    တံထွေးကို ဒါတွေအပြင် ပြင်ပအနာတွေ ကျက်စေဖို့၊ ပါးစပ်ထဲက အနာကျက်စေဖို့၊ ဝက်ခြံ သက်သာစေဖို့၊ ဝက်ခြံ အမာရွတ်​တွေ သက်သာစေဖို့အတွက်လည်း အသုံးပြုလို့ ရပါတယ်။  မျက်လုံးအတွက် ချောဆီ အဖြစ်လည်း အသုံးပြုပေးလို့ ရပါသေးတယ်။

    အနာတွေအတွက် တံထွေးကို အသုံးပြုမယ်ဆိုရင် ကိုယ့်တံထွေးကိုသာ အသုံးပြုတာက အဆင်အပြေဆုံး ဖြစ်မှာပါ။ ဒီလို ပြောရတာက တံထွေးကလည်း ရောဂါတွေ ကူးစက်တာမျိုးရှိနိုင်တာကြောင့်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement