ဗိုက်ကလေးချပ်ရပ်နေတာကလည်း လေဒီလေးတို့ကို ယုံကြည်မှုတိုးစေတဲ့ အချက်လေးတွေထဲကတစ်ခုပါ။ ဒါဆို Hello ဆရာဝန်ပရိသတ်ကြီးထဲမှာရော သူများတွေဗိုက်သား ချပ်ချပ်ရပ်ရပ်လေးနဲ့ ဘာဝတ်ဝတ်လှနေတာကို ကြည့်ပြီး အားကျနေတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ သူများတွေကို အားကျမနေဘဲ ကိုယ့်ဗိုက်လေး ကိုယ်ကြည့်မိတိုင်း နှစ်ထောင်းအားရဖြစ်စေဖို့ ဒီဆောင်းပါးလေးက အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါနော်။