ဒီတော့ အထိုင်များတဲ့သူတွေ ကိုယ့် ကျန်းမာရေး အတွက် ဘာတွေကို ပြင်ဆင်သင့်လဲ။
ပုံမှန်ဆိုရင်တော့ အမြဲထိုင်နေရတဲ့သူတိုင်း နာရီဝက်ခြား တစ်ခါလောက် လမ်းထလျှောက်တာမျိုး လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါပေမယ့် အစည်းအဝေးခန်းထဲ ရောက်နေတာ၊ အပြင်ထသွားလို့ မရအောင် အလုပ်များလွန်းနေတဲ့သူအတွက်တော့ ဒီနည်းလမ်းက အဆင်ပြေမှာ မဟုတ်တဲ့အတွက် အလုပ်ချိန်ပြင်ပမှာ ရှိတဲ့ ကိုယ့်ရဲ့ တစ်နေ့တာကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဘာတွေ ပြင်ဆင်ရမလဲဆိုရင်
• အလုပ်သွားတဲ့အခါ တတ်နိုင်သလောက် စက်လှေကားကို မသုံးပါနဲ့။ ရိုးရိုးလှေကားနဲ့ အတက်အဆင်း လုပ်ပါ။
• အလုပ်မသွားခင် မနက်ပိုင်းကို လမ်းထလျှောက်ပေးပါ။
• ရေမချိုးခင် ဒိုက်ထိုးပါ။ ထိုင်ထလေ့ကျင့်ခန်း လုပ်ပါ။
• အဆီတက်စေမယ့် အစားအသောက်တွေ ရှောင်ပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ များများစားပေးပါ။ နွားနို့၊ ဥ၊ ပဲ၊ အသားတွေကို လုံလောက်စွာ စားပေးပါ။
• ရေများများသောက်ပါ။ ကော်ဖီ၊ ဆိုဒါဓာတ်များတဲ့ အအေးတွေ၊ အရက်သေစာ တတ်နိုင်သလောက် ရှောင်ပါ။
• အလုပ်က ပြန်တဲ့အချိန်မှာ Gym ကစားဖို့အတွက် သီးသန့်အချိန်ပေးပါ။ နည်းပြရဲ့ ညွှန်ကြားမှုနဲ့အတူ သေချာကစားပေးပါ။
• အားရက်တွေမှာ ရေကူးတာ၊ ပြေးတာ၊ စက်ဘီးစီးတာ သို့မဟုတ် အကလေ့ကျင့်တာ တစ်ခုခု လုပ်ပေးပါ။
• ယောဂကျင့်ပါ။
လူဆိုတာ ကျန်းမာရေး ကောင်းမှ လုပ်ငန်းခွင်မှာလည်း အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင်နိုင်မှာဖြစ်သလို အသက်ရှည်ရှည် ကျန်းကျန်မာမာနဲ့ နေထိုင်သွားနိုင်မှာပါ။ ဒါကြောင့် ထိုင်ရာကနေ မထနိုင်လောက်အောင် အမြဲတမ်းအလုပ်လုပ်နေရတဲ့သူတိုင်း ခုပြောပြခဲ့တဲ့ နေထိုင်မှုပုံစံတွေကို သေချာလိုက်နာပြီး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ကြဖို့ ထပ်ပြီး အကြံပေးလိုက်တယ်နော်။
Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။