ကိုယ့်အဖျား သူများဆီမကူးအောင် ဒါတွေလုပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဘယ်သူတစ်ဦးတစ်ယောက်မှတော့ ကိုယ့်ကြောင့် ကိုယ်ချစ်ခင်ရတဲ့ မိသားစုဝင်တွေသူငယ်ချင်းတွေ၊ မိတ်ဆွေတွေဖျားနာတာကိုမြင်ချင်မှာမဟုတ်ပါဘူး။ ကိုယ်တိုင်ဖျားနာလို့ စိတ်ညစ်ပါတယ်ဆိုမှာ ကိုယ့်ကြောင့်သူတို့တွေဖျားရင် အားနာရတဲ့စိတ်ကတော်တော်လေး စိတ်မကောင်းဖြစ်စေတယ်နော်။ ဒီလိုမျိုး အားနာစိတ်မကောင်းဖြစ်ရတာမျိုးမဖြစ်ချင်ဘူးဆိုရင် ဒီအချက်လေးတွေ သိထားဖို့လိုမယ်ထင်တယ်နော်။ ဒါမှ ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့သူတွေ ဖျားနာမှုခံစားရတာကနေ ကင်းဝေးစေမှာပါ။

ရောဂါပိုးတွေက ဘယ်လိုပြန့်နှံ့တာလဲ

အဓိကကတော့ လူတစ်ယောက်ဆီကနေလူတစ်ယောက်ဆီကိုချောင်းဆိုးတာ နှာချေတာတွေကနေတဆင့်ရောဂါပိုးတွေကလေထဲမှာပြန့်နှံ့သွားပြီး ကူးစက်တာပါ။ ဖျားနာနေတဲ့လူချောင်းဆိုး နှာချေမှုကြောင့် ခန္ဓါကိုယ်ြပင်ပကိုရောက်လာတဲ့ရောဂါပိုးတွေကလေထဲကနေတဆင့် လွှင့်သွားပြီး အနီးမှာရှိနေတဲ့သူတွေရဲ့ ပါးစပ်နဲ့နှာခေါင်းတွေဆီကိုရောက်ရှိသွားပြီး ကိုယ်တွင်းကို ကူးစက်ဝင်ရောက်တာပါ။

ရောဂါရှိသူရဲ့ တံတွေး၊ နှာရည်တို့ထိတွေ့ထားတဲ့နေရာတွေကို ထိတွေ့မိမှုကနေတဆင့်လည်း အဖျားကူးစက်နိုင်ပါသေးတယ်။ အအေးမိတုပ်ကွေးြဖစ်စေတဲ့ ဗိုင်းရပ်စ်တွေက တံခါးလက်ကိုင်ဖုတွေ၊ စားပွဲခုံတွေနဲ့ ထိုင်ခုံလိုမျိုးနေရာတွေမှာ ၂ နာရီကြာအထိရှင်သန်နေနိုင်ပါတယ်။ အချို့ဗိုင်းရပ်စ်တွေဆိုရင်ပြင်ပလေထုထဲမှာ အချိန် ၂ နာရီကျော်တဲ့ အထိရှင်သန်နေနိုင်ပါတယ်။

သူတစ်ပါးကို အဖျားမကူးစေဖို့အတွက် ဒါတွေကိုလုပ်ပေးပါ။

လက်တွေကို စင်ကြယ်အောင်ဆေးကြောပေးပါ – လက်ဆေးတာက တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေလိုအပ်တဲ့ အချက်တစ်ခုပါ။ရေနဲ့ပဲဆေးကြောတာမျိုးမလုပ်ဘဲ ဆပ်ပြာသုံးပြီးဆေးကြောပေးပါ။ရေအလွယ်တကူမရနိုင်ဘူးဆိုရင်ရေမလို လက်သန့်ဆေးရည်သုံးပြီးဆေးကြောသန့်စင်ပေးလိုက်ပါ။

မျက်နှာကို လက်နဲ့ခဏခဏမကိုင်ပါနဲ့ –လူတော်တော်များများက တစ်မိနစ်မှာ ပျမ်းမျှအနေနဲ့ မျက်နှာကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက်အထိကိုင်တွယ်ထိတွေ့တတ်ကြပါတယ်။ လက်မှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားများစွာကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် လက်ကိုသေချာမဆေးကြောဘဲနဲ့ မျက်နှာကို ခဏခဏ မကိုင်ပါနဲ့။ မလိုအပ်ဘဲရောဂါပိုးတွေပြန့်နှံ့နိုင်တာကြောင့်ပါ။

နီးနီးကပ်ကပ်စကားပြောတာမျိုးမလုပ်ပါနဲ့ – ဖျားနာနေချိန်မှာ လူတွေနဲ့ နီးနီးကပ်ကပ်စကားပြောဆိုတာမျိုးမလုပ်ပါနဲ့။ရောဂါပိုးကူးစက်နိုင်တာကြောင့်ပါ။နေမကောင်းဖြစ်နေချိန်မှာ ချစ်ခင်ရသူတစ်ဦးဦးကို နမ်းရှုတ်တာမျိုးမလုပ်မိဖို့လည်း သတိထားပါ။

အသုံးများတဲ့ ပစ္စည်းတွေကို ပိုးသတ်ပါ – အသုံးများတဲ့ ပစ္စည်းတွေဖြစ်ကြတဲ့ တယ်လီဖုန်း၊ ကွန်ပျူတာ ကီးဘုတ်၊ စားပွဲခုံ၊ ထိုင်ခုံတွေနဲ့ တံခါးလက်ကိုင်၊ ရီမု နဲ့ အခြားသော မိသားစုတွေအားလုံးလိုလို အသုံးပြုနေတဲ့ ပစ္စည်းတွေနဲ့ တစ်နေ့တာမှာ ကိုင်တွယ်ထိတွေ့ရတာများတဲ့ ပစ္စည်းပစ္စယတွေကို ပိုးသတ်ပေးပါ။ ဒါမှ အခြားသူတွေကို အဖျားမကူးအောင်ကာကွယ်ပြီးသားဖြစ်မှာပါ။

တစ်ယောက်တည်း သီးသန့်နေပါ -နေမကောင်းလို့ အားငယ်နေမှာသိပေမယ့်ဖြစ်နိုင်မယ်ဆိုရင် တစ်ယောက်တည်းနေတာ ပိုကောင်းပါတယ်။ ဒါမှရောဂါပိုးတွေကူးစက်ခံရမှုကိုလျှော့ချပေးနိုင်ပါတယ်။ လုပ်ဖို့ခက်ပေမယ့်နေမကောင်းတဲ့အခါ တစ်ယောက်တည်းသီးသန့်ခွဲနေလိုက်တာက ကိုယ်ချစ်ရတဲ့သူတွေကို အဖျားမကူးစက်ခံရအောင်ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးသောနည်းလမ်းတစ်ခုပါ။

ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို အုပ်ထားပေးပါ -ဖျားနေတဲ့အချိန်မှာ ချောင်းဆိုးရင်ဖြစ်ဖြစ် နှာချေရင်ဖြစ်ဖြစ် ပါးစပ်နဲ့ နှာခေါင်းကို လက်နဲ့အုပ်ထားပါ။ဖြစ်နိုင်ရင်တော့ လက်ကိုင်ပဝါ ဒါမှမဟုတ် တစ်သျှူးစနဲ့အုပ်ထားပေးပါ။ ဒီလိုလုပ်ပေးတာကရောဂါပိုးတွေပြန့်နှံ့တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့အလေ့အထတွေကိုမွေးမြူပါ –မိသားစုဝင်တွေကို ကိုယ့်ကြောင့်ဖျားနာတာမျိုးမဖြစ်စေချင်ဘူးဆိုရင် ကိုယ်ခံအားကောင်းစေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အလေ့အထတွေကိုမွေးမြူပေးပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာ၊ ကျန်းမာရေးနဲ့ညီညွတ်မျှတအောင် အာဟာရပြည့်ဝတဲ့အစားအစာတွေကို စားသုံးပေးတာ၊ အိပ်ရေးဝအောင်အိပ်စက်တာ၊ရေဓါတ်ပြည့်ဝအောင်သောက်သုံးတာ၊ဆေးလိပ်နဲ့အရက်တွေကိုရှောင်တာလိုမျိုး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေကိုမွေးမြူပေးပါ။

ပစ္စည်းတွေကို မျှမသုံးပါနဲ့ – အစားအသောက်တွေကို စားတဲ့အခါမှာ ဘယ်လောက်ပဲချစ်ချစ် ဖျားနေချိန်မှာတော့ ဇွန်းတွေ ခရင်းတွေနဲ့ သောက်ရေခွက်တွေကို အတူတူမျှသုံးတာမျိုးမလုပ်ပါနဲ့။ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေဖြစ်တဲ့ သွားပွတ်တံလိုမျိုးအရာတွေကို မျှမသုံးပါနဲ့။လေဒီတွေအနေနဲ့နောက်ထပ်သတိထားရမှာတစ်ခုက နှုတ်ခမ်းနီတစ်ခုထဲကို မျှဆိုးတာမျိုးမလုပ်ဖို့ပါ။

ကြိုတင်ကာကွယ်မှုလုပ်ပါ – အအေးမိတုပ်ကွေးဖြစ်တဲ့အခါ ခံစားရတဲ့ဝေဒနာကတော်တော်လေးဆိုးပါတယ်။ ဒါကြောင့် ဖျားနာလာမှဆေးကုသမှုခံယူတာထက် မဖြစ်ခင်ကကြိုတင်ကာကွယ်လို့ရတာမျိုးကို ကြိုလုပ်ထားပေးပါ။မြင်သာအောင်ပြောပြရရင် တုပ်ကွေးကာကွယ်ဆေးကြိုထိုးတာမျိုး၊ အဖျားငွေ့ငွေ့လေးဖြစ်ကတည်းကဆေးခန်းပြတာမျိုး၊အအေးမိတုပ်ကွေးကိုကာကွယ်ပေးနိုင်တဲ့ဆေးဝါးမျိုးကိုဆောင်ထားပြီး အသုံးပြုပေးတာမျိုးပါ။

အခုပြောခဲ့တဲ့အချက်လေးတွေကို လိုက်ပါလုပ်ဆောင်ကြည့်ပြီး ချစ်ရတဲ့သူတွေကို ကိုယ့်ကြောင့်ရောဂါမခံစားရအောင် ကာကွယ်ပေးလိုက်ပါနော်…..

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလား

COVID-19 ရောဂါပိုးဆိုင်ရာ ထပ်မံတွေ့ရှိရတဲ့ အသစ်တစ်ခုကတော့ SARS-CoV-2 ဆိုတဲ့ COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလား ဆိုတဲ့မေးခွန်းရဲ့ အဖြေပါ

ရေးသားသူ Ye Zon Aung

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ကိုယ်ခံအားစနစ်ကို အားဖြည့်ပါ။ ဒါမှ မွေးကတည်းကတစ်ပါတည်းပါလာခဲ့တဲ့ သက်တော်စောင့်လေးက ရောဂါတွေ၊ ပိုးမွှားတွေ အန္တရာယ်ကနေ စွမ်းစွမ်းတမံ ကာကွယ်ပေးနေတဲ့အရာပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နှာခေါင်း မှာ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ။

နှာခေါင်း မှာလည်း ရောဂါပေါင်းစုံဖြစ်နိုင်ပြီး လက္ခဏာတွေက ဆင်တူလေးတွေပါ။ လက္ခဏာတစ်ခုခုကို အချိန်ကြာကြာခံစားနေရရင် ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေ ကုသသင့်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း က မြန်မာနိုင်ငံမှာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ကာကွယ်နိုင်မယ့် နည်းးလမ်းတွေကို သိထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 21, 2021 . 2 mins read
ဆံသားနဲ့ဦးရေပြားကို ထိန်းသိမ်းပါ

ဆံသားနဲ့ဦးရေပြားကို ထိန်းသိမ်းပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read