ကိုယ်ဝန်ဆောင်မေမေတို့ သိချင်နေမယ့် ဆင်တုပ်ကွေးအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

မေမေတစ်ယောက်မှာ ကိုယ်တိုင်ထက်ဘေဘီလေးကို စိတ်ပူတာကမေမေ့ရဲ့မေတ္တာလို့ပဲပြောရမလား။ ကိုယ်ဝန်ရှိလာပြီဆိုတာနဲ့မေမေတွေက ကိုယ့်အတွက်ထက်ဘေဘီလေးအတွက်ပိုတွေးမိနေတတ်ကြပါတယ်။ ဖျားရင်တောင်ဘေဘီလေးကို ထိခိုက်သွားမှာစိုးလို့ဆိုပြီးဆေးမသောက်ဘဲနေတာမျိုးလေ။ အခုတစ်ခေါက်တော့ မိုးနဲ့အတူ မဖိတ်ခေါ်ဘဲရောက်လာတဲ့ဆင်တုပ်ကွေး ကိုယ်ဝန်ဆောင်မေမေကူးစက်ခံရရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာကိုပြောပြပေးပါရစေ။

ကိုယ်ဝန်ဆောင်မေမေ ဆင်တုပ်ကွေး ကူးစက်ခံရရင်ဘေဘီလေးကို ထိခိုက်နိုင်လား……..

ပုံမှန်အားဖြင့်ကတော့ ဆင်တုပ်ကွေးက ကိုယ်ဝန်ဆောင်ကာလအတွင်းမှာဆိုရင် မိခင်ကနေ ကလေးဆီကို ကူးစက်နိုင်ခြေက တော်တော်လေးနည်းပါတယ်။ ဒါပေမယ့် ကလေးမမွေးခင်မှာရောဂါပိုးကူးစက်ခံရတာဖြစ်တာကြောင့် တစ်ခါတလေမှာမေမေ့ဆီကနေဘေဘီလေးကို ကူးစက်နိုင်ပါတယ်။နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက ကိုယ်ဝန်ဆောင် တတိယကာလပတ်မှာ ဆင်တုပ်ကွေးရောဂါကူးစက်ခံရမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျနိုင်တာပါ။ ဒါကလည်းဖြစ်ခဲတာကြောင့် အရမ်းကြီးတော့ မစိုးရိမ်စေချင်ပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာမေမေကရောဂါတစ်ခုခုခံစားရမယ်ဆိုရင်ဘေဘီလေးကို တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်တဲ့နည်းနဲ့ထိခိုက်နိုင်ပါတယ်။ဆင်တုပ်ကွေးကလည်း ဒီလိုပါပဲ။ ဒါပေမယ့်ဆင်တုပ်ကွေးကို ကိုယ်ဝန်ဆောင်ကာလအစောပိုင်းချိန်မှာ ခံစားရမယ်ဆိုရင်တော့ ဘေဘီလေးကို ထထိခိုက်နိုင်ခြေကပိုများနေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ ဆင်တုပ်ကွေး ကူးစက်မခံရအောင် ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ တကယ်လို့ ကူးစက်ခံလိုက်ရမယ်ဆိုရင်လည်း အခုပြောပြတဲ့ နည်းလမ်းလေးတွေအတိုင်းနေထိုင်စေချင်ပါတယ်။

ဆင်တုပ်ကွေးကူးစက်ခံရမှုက ကိုယ်ဝန်ဆောင်မေမေတွေမှာရော အတူတူပဲလား……

ဆင်တုပ်ကွေးကူးစက်ခံရမှုက ကိုယ်ဝန်ဆောင်မေမေတွေမှာလည်း အတူတူပါပဲ။ရောဂါပိုးသယ်ဆောင်ထားတဲ့ခြင်အကိုက်ခံရပြီး ၃ ရက်ကနေ ၇ ရက်အတွင်းရောဂါလက္ခဏာတွေစပြလာနိုင်ပါတယ်။ရောဂါလက္ခဏာတွေကတော့ အခြားသူတွေနဲ့ အတူတူပါပဲ။

အဆစ်နဲ့ကြွက်သားတွေ နာကျင်မယ်

ဆင်တုပ်ကွေးရောဂါကူးစက်ခံရတဲ့အခါ အဆစ်တွေနဲ့ ကြွက်သားတွေမှာပြင်းထန်တဲ့ နာကျင်ကိုက်ခဲမှုတွေခံစားရနိုင်ပါ။ မနက်ခင်းတိုင်း လက်ကောက်ဝတ်နဲ့တံတောင်ဆစ်တွေမှာပြင်းထန်တဲ့ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒီနာကျင်မှုက ရက်သတ္တပတ် ၁ ပတ် ဒါမှမဟုတ် လပေါင်းများစွာကြာနိုင်ပါတယ်။ အဆစ်တဝိုက်မှာရောင်ရမ်းနေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။

အဖျားတက်မယ်

ဆင်တုပ်ကွေးကူးစက်ခံရတဲ့အခါ အဖျားက ၁၀၄ ဒီဂရီဆဲလ်စီးရပ်စ်အထိမြင့်တက်သွားနိုင်ပါတယ်။

ချမ်းတုန်မယ်

ဆင်တုပ်ကွေး ကူးစက်ခံရတဲ့အခါ ငှက်ဖျားကူးစက်ခံရသလို ချမ်းတုန်တာမျိုးကိုလည်း ခံစားရနိုင်ပါတယ်။

အဖုအပိမ့်တွေထွက်မယ်

ခန္ဓါကိုယ်ရဲ့နေရာအနှံ့မှာ အနီရောင် အဖုအပိမ့်တွေဖြစ်လာနိုင်ပါတယ်။

ခေါင်းကိုက်မယ်

ဆင်တုပ်ကွေး ကူးစက်ခံရတဲ့အခါပြင်းထန်စွာခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။

ခါးနာမယ်

ခေါင်းကိုက်တာနဲ့အတူ ခါးနာတာမျိုးကိုလည်း ခံစားရနိုင်ပါတယ်။

နုံးချိမယ်၊အော့အန်မယ်

ဗိုက်ထဲမှာ မအီမသာဖြစ်ပြီးအော့အန်တာမျိုးလည်း ခံစားရနိုင်ပါတယ်။

ခြေကုန်လက်ပမ်းကျမယ်

ဆင်တုပ်ကွေးဖြစ်တဲ့အခါ အဖျားတက်တာ၊ခေါင်းကိုက်တာ၊ အနီရောင်အဖုအပိမ့်တွေထွက်တာအပြင် ခန္ဓါကိုယ်ထဲမှာ အားမရှိသလိုဖြစ်ပြီးခြေကုန်လက်ပမ်းကျတာမျိုးတွေခံစားရနိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ…….

ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ဆင်တုပ်ကွေးကူးစက်ခံရတဲ့အခါသေသေချာချာဂရုစိုက်မှမေမေရော ကလေးပါ ကျန်းမာစေမှာပါ။

  • ပြည့်ပြည့်ဝဝအနားယူပါ
  • ဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့ဆေးဝါးကုသမှုခံယူပါ
  • ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
  • အဆစ်တွေကိုရေခဲဝတ်ကပ်ပေးပါ
  • အကိုက်အခဲသက်သာစေဖို့ ဆားရည်စိမ်ပါ
  • နာကျင်မှုနဲ့အဖျားသက်သာစေဖို့ ကြက်သွန်ဖြူစားပေးပါ
  • နွားနို့ထဲမှာ နနွင်းထည့်ပြီးသောက်ပေးပါ
  • ဗီတာမင် C နဲ့ ဗီတာမင် E ပါဝင်နေတဲ့ အစားအစာတွေ များများစားပေးပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

ကိုယ်လက်လှုပ်ရှားမှု ခန္ဓာကိုယ် ဦးနှောက်နဲ့အာရုံကြော သားသားမီးမီး လေ့ကျင့်ခန်း နှလုံး နှလုံး ကြွက်သား သွေးကြောပိတ်ဆို့မှု ခန္ဓာကိုယ် လေဖြတ် အဆုတ် ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

အဆင်အသွေး ယုဇနပန်း ရာသီဥတု ကျန်းမာရေး အသားအရေ အရေပြား သွားကိုက် သွားပိုးပေါက် သွားဖုံး သွားကိုက်သွားနာ မွေးကျွတ်နာ ကိုယ်အလေးချိန် အနာ မနက်ခင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပန်းသစ်ခွ နဲ့ ကျန်းမာရေး

ကျန်းမာရေး စိုထိုင်းဆ ရာသီဥတု စိတ်ဖိစီးမှု စိတ်ဓာတ်ကျ ဖျော်ရည် အရိုး ကယ်လ်ဆီယမ် အရိုးပွ ကင်ဆာ အသားအရေ အစာကြေ ကျန်းမာရေးပြဿနာ အစာခြေစနစ် အမျှင်ဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်ကလေးရဲ့ အစာခြေစနစ်က ဘယ်လောက်ထိ အရေးကြီးလဲ။

အစာခြေစနစ် ကလေး အကျိုးပြုဘက်တီးရီးယား probiotics prebiotics အကျိုးပြုဘက်တီးရီးယားအစာ လေနာ ဝမ်းလျှော ဝမ်းချုပ် ခုခံအား ကြီးထွားဖွံ့ဖြိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
ပဲသီးလေး နဲ့ ကျန်းမာရေး

ပဲသီးလေး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020

ဘာကြောင့် ငယ်ရွယ်လွန်းတဲ့ ကလေးတွေကို Mask ပေးမတပ်သင့်တာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020

တစ်နေ့တာမှာ ကော်ဖီသောက်လို့ အကောင်းဆုံးအချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020