သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင်

    ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင်

    ဦးနှောက် အမြှေးရောင်တယ်ဆိုတာကဘာလဲ……….

    ဦးနှောက်အမြှေးရောင်တယ်ဆိုတာက ဦးနှောက်နဲ့ကျောရိုးနဗ်ကြောကို ဖုံးအုပ်ထားတဲ့ အမြှေးပါးလေးရောင်ရမ်းတဲ့ အခြေအနေတစ်ရပ်ပါ။ ဦးနှောက်အမြှေးရောင်တာက အရွယ်မရွေးဖြစ်နိုင်တဲ့ရောဂါတစ်ခုပေါ့။ ဦးနှောက် အမြှေးရောင်ရောဂါက လူတစ်ဦးကနေ တစ်ဦးကို မကူးစက်နိုင်ပါဘူး။ရောဂါရှိတဲ့ခြင်ကိုက်ခံရမှသာကူးစက်နိုင်တာပါ။ ဦးနှောက်အမြှေးရောင်ရောဂါကမြန်မြန်သိပြီးမြန်မြန်ကုသနိုင်ရင်ပျောက်ကင်းနိုင်ခြေပိုများပါတယ်။ ကာကွယ်တာက ကုသတာထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း ဦးနှောက်အမြှေးရောင်ကို ကာကွယ်ဖို့ အကောင်းဆုံးသောနည်းလမ်းက ကာကွယ်ဆေးထိုးနှံတာပါပဲ။

    ဘာတွေကြောင့်ဦးနှောက် အမြှေးရောင်ဖြစ်တာလဲ……..

    ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ရတာကခြင်ကိုက်တာကနေတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ် တွေကြောင့်ပါ။ရောဂါရှိတဲ့သူက အခြားတစ်ဦးကို ကိုင်တွယ်ထိတွေ့ရုံ၊ နမ်းရှုတ်ရုံလောက်နဲ့မဖြစ်သလိုရောဂါပိုးရှိနေသူက နှာချေ၊ချောင်းဆိုးတာတွေကနေတဆင့်လည်းရောဂါပိုးတွေ မကူးစက်နိုင်ပါဘူး။ အဓိကကတော့ရောဂါပိုးသယ်ဆောင်ထားတဲ့ခြင် ကိုက်ခံရတာကြောင့်ဖြစ်ရတာပါ။ ဒီရောဂါကဖြစ်နိုင်ခြေနည်းတယ်ဆိုပေမယ့်သေသေချာချာကုသမှုမလုပ်ဘူးဆိုရင်တော့ အသက်အန္တရာယ်ထိခိုက်တာမျိုးအထိဖြစ်နိုင်ပါတယ်။

    ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ……

    ဦးနှောက်အမြှေးရောင်ရောဂါက ကူးစက်ခံရသူရဲ့ အသက်အရွယ်ကိုလိုက်ပြီးခံစားရတဲ့ လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့

    ဘေဘီလေးတွေမှာ ဆိုရင်ရော………

    ဘေဘီလေးတွေမှာ ဦးနှောက် အမြှေးရောင်ရောဂါခံစားရမယ်ဆိုရင်တော့

    • စိတ်ဆိုးနေမယ်
    • အစားမစားဘဲဖြစ်မယ်
    • တစ်ချိန်လုံးအိပ်နေမယ် (မှိန်းနေမယ်)
    • အိပ်ရာကမထဘဲ နှိုးရခက်တာမျိုးဖြစ်နေမယ်
    • အဖျားတက်မယ်
    • အရေပြားမှာ အစက်လေးတွေဖြစ်မယ်
    • အသားဝါမယ်
    • လည်ပင်းနဲ့ ခန္ဓါကိုယ်ကတောင့်တင်းနေမယ်
    • နို့မစို့နိုင်ဖြစ်မယ်
    • ချော့မရအောင်ငိုမယ် စတဲ့လက္ခဏာတွေတွေ့ရနိုင်ပါတယ်။

    ဘယ်လိုကုသမလဲ………

    ဦးနှောက်အမြှေးရောင်တာက သိပ်မပြင်းထန်ဘူးဆိုရင် ၇ ရက်ကနေ ၁၀ ရက်အတွင်းမှာ သက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ ကုသမှုခံယူဖို့တော့လိုအပ်ပါမယ်။ အရမ်းပြင်းထန်ရင်တော့ဆေးရုံတက်ရောက်ပြီး ကုသမှုခံယူရမှာပါ။ဘေဘီလေးတွေမှာတော့ သိပ်မပြင်းထန်ဘူးဆိုရင် အိမ်မှာပဲနေကောင်းအောင်စောင့်ရှောက်ပေးလို့ရပါတယ်။ အကောင်းဆုံးကတော့ဘေဘီလေးကို ကာကွယ်ဆေးထိုးပေးထားဖို့ပါ။ရောဂါခံစားလာရပြီဆိုရင်ကောင်းကောင်းအနားယူရပါမယ်။ အရည်များများသောက်ရပါမယ်။ ဒါမှ အဖျားကျပြီးအော့အန်တာ၊ချွေးထွက်တာတွေကြောင့် ဆုံးရှုံးသွားတဲ့ရေဓါတ်ကို အကောင်းဆုံးဖြည့်တင်းပေးနိုင်မှာပါ။ အစားစားချင်စိတ်နည်းနေတဲ့အခါမျိုးမှာလည်း အာဟာရဖြစ်စေမယ့် သောက်စရာတွေကို တိုက်ပေးတာက အဆင်အပြေဆုံးပါ။

    နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲ……..

    ဦးနှော်က်အမြှေးရောင်ရောဂါကပြင်းထန်မယ်။ သေချာကုသမှုမခံယူမိဘူးဆိုရင်တော့နောက်ဆက်တွဲပြဿနာအနေနဲ့

    • သတိလစ်တာ
    • သွေးပေါင်ကျတာ
    • တက်တာ
    • အကြားအာရုံထိခိုက်တာ
    • အမြင်အာရုံထိခိုက်တာနဲ့
    • တက်တာတွေကို ခံစားရနိုင်ပါတယ်။ ဦးနှောက်အမြှေးရောင်ရောဂါရဲ့နောက်ဆက်တွဲပြဿနာအနေနဲ့ အများဆုံးခံစားရနိုင်တာကတော့ အကြားအာရုံ ဆုံးရှုံးတာပါ။ တစ်ခါတလေမှာ နှလုံး၊ ကျောက်ကပ်နဲ့ အက်ဒရီနယ်လင်ဂလင်းတွေကို ထိခိုက်တာမျိုးအထိဖြစ်နိုင်ပါတယ်။

    ကာကွယ်လို့ရလား……..

    ဦးနှောက် အမြှေးရောင်တာကို ကာကွယ်လို့ရပါတယ်။ အကောင်းဆုံး ကာကွယ်နည်းက ကာကွယ်ဆေးထိုးပေးတာပါ။ ကလေးငယ်တွေဟာ အသက် ၁ နှစ်ရောက်လာတဲ့အခါ ဦးနှောက်ရောင်ကာကွယ်ဆေးကို ထိုးနှံရပါမယ်။ဘေဘီလေးတွေဟာ အသက် ၂ လကနေ ၁၁ နှစ်အတွင်းမှာ ဦးနှောက်ရောင်ရောဂါကို ခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများနေတတ်ပါတယ်။ ဒီလိုအချိန်မှာ အကောင်းဆုံးကာကွယ်နိုင်မယ့် နည်းလမ်းက

    • ရောဂါပိုးရှိနေတဲ့နေရာတွေကို ခရီးသွားတာမျိုးမလုပ်ပါနဲ့
    • ကိုယ်ခံအားကောင်းအောင်ဂရုစိုက်ပေးပါ
    • အာဟာရပြည့်ဝအောင်ကျွေးမွေးပေးပါ
    • အိပ်စက်ချိန်ြပည့်ဝအောင်ဂရုစိုက်ပေးပါ
    • ညစ်ပေတဲ့အရာတွေကိုင်တွယ်ပြီးတိုင်း၊ ဖျားနာနေသူနဲ့ ထိတွေ့ပြီးတိုင်းမှာ လက်ကိုသေချာသန့်စင်အောင်ဆေးကြောပေးပါ
    • ခြင်ကိုက်ခံရမှုကနေ ကာကွယ်ပေးပါ။

    ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ပြမလဲ…………

    ကလေးက

    • အော့အန်မယ်
    • ခေါင်းကိုက်မယ်
    • ခြေကုန်လက်ပမ်းကျနေမယ်
    • အာရုံတွေရှုပ်ထွေးနေမယ်
    • ဇက်ကြောတွေတောင့်တင်းနေမယ်
    • အရေပြားမှာ အနီရောင် အဖုအပိမ့်တွေထွက်နေမယ်
    • အဖျားကြီးမယ်
    • အစားကောင်းကောင်းမစားတော့ဘူး
    • တစ်ချိန်လုံးမှိန်းနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးဖို့လိုပါမယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: