အရင် ဆောင်းပါးတွေမှာ G6PD ချို့တဲ့ခြင်းကြောင့် ကျန်းမာရေးမှာ ဘယ်လိုလက္ခဏာတွေ ရှိတဲ့အကြောင်းပြောပြီးပြီဆိုတော့ ဒီဆောင်းပါးမှာ မတည့်တာတွေကို သတိထားရမယ့် G6PD ရောဂါရှင်တို့ မဖြစ်မနေသိထားရမယ့် အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ် ။
G6PD ရောဂါရှိသူတစ်ယောက်ရဲ့ မိဘအနေနဲ့ ဒီအချက်တွေ သိထားသင့်ပါတယ်။
ကိုယ့်ကလေးနဲ့ မတည့်တဲ့ အောက်မှာ ပြောထားတဲ့ အရာတွေကို မိဘတွေ အထူးသတိထားပြီး သိထားရမှာဖြစ်ပါတယ်။
- ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးအချို့
- အကိုက်အခဲပျောက်ဆေးနဲ့ ကိုယ်ပူကျဆေးအချို့ ( Aspirin, Paracetamol)
- အချို့သော ပိုးသတ်ဆေးများ ( sulf နဲ့စတဲ့ sulphur ခေါ် ကန့်ဓါတ်ပါတဲ့ပိုးသတ်ဆေးများ… ဥပမာ septrin , streptomycin,Chloramphinicol, CS1, Quinolone အုပ်စုဝင်ဆေးများ ဥပမာ.. Ciprofloxaccin, Ofloxaccin, Norfloxaccin)
- ငှက်ဖျားဆေးအချို့ ( Quinine, Quine အမည်ပါသောဆေးများ)
- အချို့သော ကင်ဆာဆေးနှင့်အတက်ကျဆေးများ
- တောင်ကြီးပဲ၊ ပဲကြီး၊ ပဲကြားခေါ် ပဲအကြီးများ၊ ပဲပိစပ် (ပဲပုပ်)
- ပရုတ်လုံးနှင့်ပရုတ်ပါဝင်သော လူအသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးများ (ဥပမာ ခံတွင်းငုံဆေး၊ ချောင်းဆိုးပျောက်ဆေးအချို့၊ ပရုတ်ပါဝင်သော သကြားလုံး၊ အခန်းတွင်းသုံး၊ အိမ်သာတွင်းသုံးအနံ့ပျောက်အမွှေးခဲများ၊ ပရုတ်ပါဝင်သော သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်များ) စတာတွေပဲ ဖြစ်ပါတယ်။
- ကလေးက ပရုပ်လုံးနဲ့ မတည့်ဘူးဆိုမှတော့ ကလေးအင်္ကျီဗီဒိုထဲကို ပရုပ်လုံးတွေ ထည့်ထားတာမျိုးကလည်း မလုပ်သင့်တဲ့အရာတစ်ခုပါ။
ကိုယ့်ကလေးမှာ G6PD ပြဿနာရှိနေပြီဆိုတာနဲ့ ဆေးရုံတွေမှာ G6PD ရောဂါရှင်တွေ ရှောင်ရမယ့် ဆေးတွေ အစားအသောက် စာရင်းတွေ ရှိပါတယ်။ အဲဒါတွေကို တောင်းပြီး သေချာသိမ်းထားပါ။ နောက် နေထိုင်မကောင်းဖြစ်လို့ ဘယ်ဆေးခန်းပဲ သွားသွား ကိုယ့်ကလေးက G6PD ရှိနေကြောင်းနဲ့ ဒီဆေးတွေ နဲ့ မတည့်ဘူးဆိုတဲ့အကြောင်း ဆရာဝန်တွေကို သေချာပြောပြပါ။
ကလေးကို ဒီလိုပြုစုပါ ။ ။
G6PD အင်ဇိုင်းချို့တဲ့တဲ့ပြဿနာဟာ မွေးရာပါပြဿနာတစ်ခုဖြစ်တာကြောင့် အရှင်းကုသလို့ မပျောက်တဲ့ ရောဂါတစ်ခုပါ။ ဒါပေမယ့် ခုပြောပြမယ့် အချက်တွေကတော့ ရောဂါရဲ့ တုန့်ပြန်မှုတွေ နည်းသွားအောင်၊ သွေးအားနည်းတဲ့ ပြဿနာတွေ အပြင်းအထန်မဖြစ်ရအောင် ကာကွယ်ပေးမယ့်အချက်တွေပဲ ဖြစ်ပါတယ် ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။