ရေခဲအိတ်ကပ်တဲ့ ပုံစံအတိုင်းပါပဲ။ ခါးပေါ်မှာ ၁၀မိနစ်ထက်ပိုပြီး မကပ်ရပါဘူး။ ရေနွေးအိတ်မကပ်ခင် အရေပြားပေါ်မှာ အဝတ်တစ်ခု ခံပြီးမှ ကပ်တာ ပိုကောင်းပါတယ်။ အပူဟာ အနာကျက်ြမန်စေမယ့် ဒဏ်ရာဖြစ်ကာစမှာ ကပ်ပြီး ပိုပြီးရောင်လာနိုင်ပါတယ်။ သတိထားရမှာက ရေနွေးအိတ်ကို အကြာကြီးကပ်ထားတာ၊ ကပ်ထားပြီး အိပ်ပျော်သွားတာမျိုး လုံးဝမလုပ်ရပါဘူး။
၂။ အပ်စိုက်ကုသကြည့်ပါ။
တရုတ်ရိုးရာ အပ်စိုက်ကုသနည်းဟာ ခါးနာဝေဒနာကို သက်သာစေနိုင်တယ်လို့ လေ့လာတွေ့ရှိထားကြပါတယ်။ အပ်သေးသေးလေးနဲ့ ခါးနေရာတစ်ဝိုက်မှာ စိုက်ထားတဲ့အခါ ဝေဒနာကို သက်သာစေပြီး သွေးလည်ပတ်မှုကောင်းစေတယ်။ အားအင်ကို ဖြည့်တင်းပေးနိုင်တယ်။ နာကျင်မှုကို ပြေလျော့စေပါတယ်။
၃။ အလုပ်ခွင်ဟာ ကိုယ့်အတွက် သက်တောင့်သက်သာ ရှိပါစေ။
တစ်နေ့လုံး အလုပ်က စားပွဲခုံမှာ ထိုင်ပြီး အလုပ်လုပ်ေနတဲ့သူတွေအတွက်တော့ ခါးနာဝေဒနာဟာ ပြဿနာ ပိုဖြစ်စေနိုင်ပါတယ်။ ထိုင်ခုံကို ကိုယ့်ခြေထောက်နဲ့ မြေပြင် ထိကပ်စေပြီး သက်တောင့်သက်သာဖြစ်စေနိုင်မယ့် အမြင့်မှာ ရှိနေဖို့ သေချာပြုပြင်ပေးပါ။ ဒူးခေါင်းဟာ ထိုင်နေတဲ့ တင်ပါးနဲ့ တစ်ပြေးညီတည်း ဖြစ်ပါစေ။ ကျောမှီထိုင်ခုံ မဟုတ်ဘူးဆိုရင် ခေါင်းအုံးအသေးဖြစ်စေ၊ မျက်နှာသုတ်ပဝကို လိပ်ပြီးဖြစ်စေ ခါးအောက်ပိုင်းမှာ ခံထားပေးပါ။
ကွန်ပျူတာမျက်နှာပြင်ဟာ မျက်လုံးနဲ့ တစ်ပြေးညီတည်း သို့မဟုတ် အနည်းငယ် အောက်ကို ရောက်နေပေးဖို့လည်း အရေးကြီးပါတယ်။ ထိုင်ခုံနဲ့ လက်တစ်ကမ်းအကွာမှာ ကွန်ပျူတာ မျက်နှာပြင်ရှိနေပါစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။