backup og meta

ကိုယ်ဝန်ဆောင်သွေးတိုး ကို ဒီလိုသက်သာအောင်လုပ်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်သွေးတိုး ကို ဒီလိုသက်သာအောင်လုပ်ပါ

    ကိုယ်ဝန်ဆောင်ချိန်က အခြားကာလတွေလို မဟုတ်ပါဘူး။ လုံးဝကို အတိမ်းအစောင်းမခံတဲ့အချိန်ပါ။ နဂိုက သွေးတိုးရှိပြီး ကိုယ်ဝန်ဆောင်နေရရင်ပဲဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်မှ သွေးတိုးလာရင်ပဲ ဖြစ်ဖြစ် ဂရုစိုက်ဖို့ လိုပါတယ်၊၊ ကိုယ်ဝန်ဆောင်သွေးတိုး ကြောင့် စိတ်မညစ်ရစေဖို့ ဒီနည်းလေးတွေကို အဆင်ပြေစေမှာပါနော်။

    ကိုယ်ဝန်ဆောင်သွေးတိုး ဆိုတာ

    ကိုယ်ဝန်ဆောင်သွေးတိုးဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့ သွေးပေါင်ချိန်ထက်များနေတဲ့ အခြေအနေတစ်ရပ်ပါ။ ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀နောက်ပိုင်းမှာဖြစ်လာတဲ့ လက္ခဏာတစ်ခုပါ။ ဒီကာလကနေ ကိုယ်ဝန်မွေးဖွားတဲ့အချိန်ထိ တောက်လျှောက်ခံစားရမယ့် အခြေအနေတစ်ရပ်ပေါ့။

    ကိုယ်ဝန်ဆောင်ချိန်သွေးတိုးရှိနေပြီဆိုရင် သွေးပေါင်ချိန်ကြည့်တဲ့အခါ အပေါ်သွေးက ၁၄၀ mmHg ရှိနေပြီး အောက်သွေးက ၉၀ mmHg ရှိနေနိုင်ပါတယ်။ ဒီအခြေအနေက အမြဲလိုလိုဖြစ်နေမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်သွေးတိုးရှိနေပြီဆိုတာသေချာနေပါပြီ။

    ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ

    ကိုယ်ဝန်ဆောင်သွေးတိုး က ကိုယ်ဝန်ဆောင်တိုင်းမှာဖြစ်တယ်တော့မဟုတ်ပါဘူး။ အခုပြောပြမယ့်သူတွေကတော့ ကိုယ်ဝန်ဆောင်သွေးတိုးခံစားရနိုင်ခြေမြင့်နေသူတွေပါနော်။

    • ပထမဆုံး ကိုယ်ဝန်ဆောင်တဲ့မေမေတွေ
    • မိခင်နဲ့ အစ်မတော်စပ်သူတွေက ကိုယ်ဝန်ဆောင်သွေးတိုးခံစားဖူးတဲ့မေမေတွေ
    • အမြွှာကိုယ်ဝန်ဆောင်ထားရတဲ့မေမေတွေ
    • အသက် ၂၀အောက် မေမေတွေ
    • အသက် ၄၀ အထက်မေမေတွေ
    • သွေးတိုးရောဂါအခံရှိတဲ့ မေမေတွေ
    • ကျောက်ကပ်ရောဂါရှိတဲ့ မေမေတွေက အခြားကိုယ်ဝန်ဆောင်မေမေတွေထက် ကိုယ်ဝန်ဆောင်သွေးတိုးခံစားရနိုင်ခြေကို ပိုများစေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်သွေးတိုးရှိသူများ လိုက်နာရန်

    ကိုယ်ဝန်ဆောင်သွေးတိုး ရှိတဲ့အခါ ကိုယ်ဝန်ရက်ချိန်းကို မှန်မှန်လေး ပြပြီး စောင့်ရှောက်မှု ခံယူဖို့ လိုပါတယ်၊၊ တစ်ဖက်မှာလည်း အခုလိုမျိုးနည်းလေးတွေကို အသုံးပြုပေးလို့ရပါတယ်။

    • သက်သောင့်သက်သာနေပါ၊၊
    • ပြည့်ပြည့်ဝဝအနားယူပါ။
    • ဆားလျှော့စားပါ
    • ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းအိပ်ပါ၊၊ ဒါက ပင်မသွေးကြောတွေပေါ်မှာ ဖိမိနေတဲ့ ဝန်တွေကို လျော့စေပါတယ်။
    • အာလူးကြော်တို့လိုမျိုး အငန်ကဲတဲ့သရေစာတွေကိုလျှော့စားပါ။
    • တစ်နေ့ကို အနည်းဆုံးရေ ၈ ခွက်သောက်ပါ။

    ကိုယ်ဝန်ဆောင်သွေးတိုး အတွက် အကောင်းဆုံးသောနည်းလမ်းများ

    ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့သွေးတိုးရောဂါကြောင့် ဘေဘီလေးရော၊ မေမေမှာပါထိခိုက်တာမျိုးမဖြစ်စေဖို့ ဒီနည်းလမ်းလေးတွေက သက်သာစေဖို့ရော ကာကွယ်တဲ့အနေနဲ့ပါ အသုံးဝင်မှာပါ။

  • လေ့ကျင့်ခန်းလုပ်ပါ
  • ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ဖို့ မဆိုလိုပါဘူး။ ကိုယ်ဝန်ဆောင်မေမေတို့ သက်သောင့်သက်သာဖြစ်စေပြီး ကိုယ်ခံအားကောင်းစေမယ့် လေ့ကျင့်ခန်းမျိုးကို တစ်နေ့ကို မိနစ် ၃၀လောက်လုပ်ပေးပါ။ လမ်းလျှောက်တာမျိုးဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်ယောဂလိုမျိုးလေ့ကျင့်ခန်းတွေလုပ်ပေးပါ။
    • ဆားလျှော့စားပါ
    ကိုယ်ဝန်ဆောင်သွေးတိုးရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဆားလျှော့စားဖို့ လိုပါတယ်၊၊ ရှိရင်လည်း သွေးတိုးကို ပိုမဆိုးအောင် ကာကွယ်နိုင်သလို မရှိသေးရင်လည်း ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်၊၊
    တစ်နေ့ကို ငှက်ပျောသီးတစ်လုံး ပုံမှန်စားပေးပါ။ ဒီလိုစားပေးတာက အမျှင်ဓာတ်ရရှိစေတာကြောင့် ဝမ်းမှန်စေနိုင်သလို ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးတိုးတာကို သက်သာစေနိုင်ပါတယ်။ သွေးတိုးတတ်သူတွေအတွက် ဓာတ်စာဆိုလည်း မမှားပါဘူး။

    စိတ်ဖိစီးမှုကလည်း သွေးတိုးစေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် တစ်နေ့ကို မိနစ် ၃၀လောက် သီချင်းနားထောင်ပေးတာ၊ တရားထိုင်တာမျိုးတွေလုပ်ပြီး သွေးတိုးတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါ။

    • သရေစာတွေရှောင်ပါ

    အာလူးကြော်တွေ၊ ကွတ်ကီးတွေလိုမျိုး တာရှည်ခံအောင်လုပ်ထားပြီး အငန်ကဲတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှရှောင်ပါ။ ဒါမှ ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးဖြစ်တာကို လျော့ကျစေနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement