ကလေးတက်နေစဉ်မှာ ကလေးကို တစ်ဖက်တစ်ချက်ကိုစောင်းပြီး အန္တရာယ်ကင်းတဲ့ မြေပြင်မှာထားပါ။ ခဏစောင့်ကြည့်ပါ။ တကယ်လို့တက်တဲ့ အချိန်ဟာ ၅မိနစ် ထက်ပိုပြီးကြာလာမယ်ဆိုရင် ကလေးကိုအရေးပေါ်ကုသမှုခံယူရန် အမြန်ပို့ဆောင်ပါ။
ဖျား၍တက်နေသော ကလေးအား ရေကြက်သီးနွေးဖြင့် ရေချိုးပေးခြင်း သို့မဟုတ် ရေအေးဝတ်ကို ကလေးရဲ့ ဦးခေါင်းသို့မဟုတ် ခန္ဓါကိုယ်မှာ ကပ်ပေးခြင်းအားဖြင့် မကာကွယ်နိုင်ပါဘူး။ acetaminophen (Tylenol) or ibuprofen (Advil, Motrin) ကဲ့သို့အဖျားကျဆေးတွေ သုံးခြင်းကလည်း မကူညီနိုင်ပါဘူး။ ဒီလိုမျိုးအရာတွေ ပြုလုပ်ပေးခြင်းက ဖျားနေတဲ့ကလေးကို ပိုပြီးနေလို့ကောင်းအောင် လုပ်ပေးခြင်းသာဖြစ်ပါတယ်။ ဖျား၍တက်ခြင်းကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။
ဖျားလျှင် တက်လေ့ရှိတဲ့ ကလေးအများစု ကိုနေ့စဉ်နေ့တိုင်း အတက်ရောဂါ ပျောက်ဆေးတွေ တိုက်ပေးဖို့ရာ မလိုအပ်ပါဘူး။ ခဏ ခဏ ဖျား၍ တက် တတ်သောကလေးအချို့ကို phenobarbital, Depakote (valproate)စတဲ့ ဆေူများ (သို့) အခြားအတက်ရောဂါ ပျောက်ဆေးများနှင့် ကုသနိုင်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့ရာ မလွယ်ကူတဲ့ တစ်နယ်တစ်ကျေး အရပ်ဒေသမှာ နေထိုင်သည့်အပြင် ခဏခဏ ဖျားလျှင်တက် တတ်တဲ့ကလေးများဟာ ကုသမှုခံယူရန် စဉ်းစားသင့်ပါတယ်။ ရှားရှားပါးပါး အချိန်အကြာကြီး ဖျားလျှင်တက် တတ်သော အချို့ကလေးများ သို့မဟုတ် မကြာခဏဖျားလျှင်တက် တတ်သောကလေးများကို ကာကွယ်သည့် အနေဖြင့် phenobarbital ဆေး တိုက်ပေးသင့်ပါတယ်။ အခြားဆေးများကိုလည်း ဖျား၍တက်နေတဲ့အချိန်မှာ ပေးသင့်ပါတယ်။
အိပ်ဆေးတစ်မျိုး ဖြစ်တဲ့ Diastat လို့ခေါ်တဲ့ diazepam အပျစ် သို့မဟုတ် အရည်ကိုတော့ စအိုကနေပေးရန် ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။