ဆင်တုပ်ကွေး ကူးစက်နေတယ်လို့ ဘယ်လိုသိနိုင်မလဲ….
ဆင်တုပ်ကွေးက လူတိုင်းမှာဖြစ်နိုင်ပါတယ်။ ဆင်တုပ်ကွေးက ကာကွယ်ဆေးမရှိပါဘူး။ ဒါပေမယ့် ဆင်တုပ်ကွေးက ရာသီတုပ်ကွေးနဲ့မတူတာက လူတစ်ယောက်ကနေ တစ်ယောက်ကို မကူးစက်နိုင်ပါဘူး။ ဆင်တုပ်ကွေးဗိုင်းရပ်စ်ကို သယ်ဆောင်ထားတဲ့ခြင်ကိုက်ခံရမှုကနေတဆင့်ဘဲရောဂါကူးစက်ခံရနိုင်ပါတယ်။
ရောဂါပိုးသယ်ဆောင်ထားတဲ့ခြင်ကိုက်ခံရပြီး ၃ ရက်ကနေ ၇ ရက်အတွင်းမှာရောဂါလက္ခဏာ တွေပြနိုင်ပါတယ်။ ဆင်တုပ်ကွေးကူးစက်ခံရမှုက သာမန်တုပ်ကွေးဖျားနာမှုနဲ့ ခပ်ဆင်ဆင်တူပေမယ့်ရောဂါလက္ခဏာတွေမှာတော့ ကွာခြားချက်ရှိနေပါတယ်။
ဆင်တုပ်ကွေးရဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ……
ဆင်တုပ်ကွေး ကူးစက်ခံရတဲ့အခါ
- အဖျားတက်မယ်
- ကြွက်သားတွေနဲ့ အဆစ်တွေကိုက်ခဲမယ်
- ချမ်းတုန်မယ်
- ခေါင်းကိုက်မယ်
- အရေပြားမှာ အနီရောင် အဖုအပိမ့်တွေထွက်မယ်
- ခါးနာမယ်
- နုံးချိနေမယ်
- အော့အန်မယ်
- မအီမသာဖြစ်မယ်စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။ ဆင်တုပ်ကွေးကရောဂါလက္ခဏာတွေကိုပြင်းပြင်းထန်ထန်ခံစားရနိုင်ပေမယ့်သေဆုံးတာမျိုးတော့ မရှိပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။