ဆင်တုပ်ကွေး ကာကွယ်ဆေးရှိလား……..
လက်ရှိအချိန်ကာလအထိ ဆင်တုပ်ကွေးကာကွယ်ဆေး မထုတ်လုပ်နိုင်သေးပါဘူး။ ဆင်တုပ်ကွေးကိုဖြစ်လာမှပဲ ကုသလို့ရမှာပါ။
ဆင်တုပ်ကွေးက အခြားတုပ်ကွေးတွေလိုပဲ လက္ခဏာပြတတ်လား…..
ဟုတ်ကဲ့လို့ပြောပါရစေ။ရောဂါတိုင်းက လက္ခဏာတစ်ခုလောက်တော့ အနည်းဆုံးပြတတ်စမြဲပါ။ ဆင်တုပ်ကွေး စဖြစ်ဖြစ်ချင်းမှာ ကိုယ်ပူမယ်။ အဆစ်အမြစ်တွေကိုက်ခဲမယ်။နောက်ပိုင်းရက်တွေမှာ ခန္ဓါကိုယ်မှာ အားမရှိသလိုဖြစ်ပြီး နုံးတာ၊ ကြွက်သားတွေနာကျင်လာတာ၊ခေါင်းကိုက်တာနဲ့ အရေပြားမှာ အနီရောင်အကွက်တွေဖြစ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။
ဆင်တုပ်ကွေးဖြစ်လာရင်ဆေးသောက်လိုက်ရင်ပျောက်ရောလား……..
ဆင်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဒါကြောင့် ပဋိဇီဝဆေးတွေသောက်လို့ အဆင်မပြေနိုင်ပါဘူး။ အဖျား က ၃ ရက်ကနေ ၁၀ ရက်အထိကြာမြင့်နိုင်ပြီး လိုအပ်တဲ့ ကုသမှုခံယူလို့ပြည့်ပြည့်ဝဝအနားယူတာလိုမျိုး ဂရုစိုက်ဖို့လိုပါမယ်။ရေများများသောက်ဖို့လည်း မမေ့သင့်ပါဘူး။
ရောဂါကူးစက်ခံရပြီး ဘယ်အချိန်မှာရောဂါလက္ခဏာပေါ်လာနိုင်လဲ…….
ဆင်တုပ်ကွေးရောဂါ ကူးစက်ခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်းမှာရောဂါလက္ခဏာတွေပေါ်လာနိုင်ပါတယ်။ ကိုယ်ပူတာ၊ခေါင်းကိုက်တာ၊ အရေပြားမှာ အနီရောင်အကွက်တွေဖြစ်တာ၊ အဆစ်အမြစ်တွေကိုက်ခဲတာကနေစလို့ ခန္ဓါကိုယ်မှာ ပင်ပန်းနုံးချိတာတွေအထိ အမျိုးမျိုးခံစားရနိုင်ပါတယ်။
ဆင်တုပ်ကွေးက အသက်အန္တရာယ်ရှိလား…….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။