backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Chikungunya (ချင်ကန်ဂူညာ အဖျားခေါ် ဆင်တုပ်ကွေးရောဂါ)


Phyo Wai Yan မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chikungunya (ချင်ကန်ဂူညာ အဖျားခေါ် ဆင်တုပ်ကွေးရောဂါ) ကဘာလဲ။

ချင်ကန်ဂူညာဆိုတာ ခြင်ကနေ ကူးစက်တဲ့ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ ကူးစက်တဲ့ လူနာဟာ အများအားဖြင့်ဖျားနာခြင်းနှင့်ပြင်းထန်သောအဆစ် နာကျင်မှုရုတ်တရက်စတင်ခြင်းတို့ ပူးတွဲ ခံစားရပါတယ်။

ချင်ကန်ဂူညာ ( Chikungunya )ဗိုင်းရပ်စ်ပထမဦးဆုံးတွေ့တာဟာ တန်ဇန်းနီးယားမှာဖြစ်ပြီး 1952 ခုနှစ်မှာ ဖြစ်ပွား ခဲ့ပါတယ်။ ဒါဟာ Togaviridae မျိုးနွယ်ဝင် alphavirus genus မျိုးစိတ် Ribonucleic အက်ဆစ် (အာအန်အေ) ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။

Chikungunya (ချင်ကန်ဂူညာ အဖျားခေါ် ဆင်တုပ်ကွေးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

Chikugunya အာရှ, အာဖရိက, ဥရောပနှင့်အမေရိကတိုက် တို့က နိုင်ငံ 60 ကျော်မှာ ဖြစ်တာ ဖြစ်ပါတယ်။ ဒါဟာ ဘယ်အသက်အရွယ်မဆိုကျားမမရွေး သက်ရောက်နိုင်ပါတယ်။ ဒါဟာသင့်ရဲ့အန္တရာယ်ဖြစ်နိုင်ချေကို လျှော့ချစီမံခန့်ခွဲနိုင်ပါတယ်။ နောက်ထပ်သတင်းအချက်အလက်အတွက် သင့်ဆရာဝန်နှင့်အတူဆွေးနွေးပေးပါ။

လက္ခဏာများ

Chikungunya (ချင်ကန်ဂူညာ အဖျားခေါ် ဆင်တုပ်ကွေးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ် အများဆုံးလက္ခဏာတွေကတော့ :

– အဖျားရောဂါ

– အဆစ်များ နာကျင်မှု

– ကြွက်သားနာကျင်မှု

– ခေါင်းကိုက်ခြင်း

– အော်ကလီဆန်ခြင်း

– မောပန်းခြင်း

– အကွက်ထခြင်း

အဆိုပါရောဂါလက္ခဏာများပုံမှန်အားဖြင့် 4 နဲ့ 8 ရက်အတွင်းကူးစက်ခြင် ကိုက်ပြီးနောက်ပေါ်လာတတ်ပါတယ်။ ဒီရောဂါကို သွေးလွန်တုပ်ကွေးနှင့် Zika လက္ခဏာအခြေအနေများနဲ့ရာဂါရှာဖွေမှုမှားယွင်းနိုင်ပါတယ်။

ဒီရောဂါက မသေစေပါဘူး။ ဒါပေမယ့်သူ့ရဲ့ရောဂါလက္ခဏာက နာတာရှည်ဖြစ်လာနိုင်ပါတယ်။

အထက်ပါ စာရင်းမှာ မပါတဲ့ အချို့လက္ခဏာတွေရှိကောင်းရှိနိုင်ပါတယ်။ သင့် လက္ခဏာနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိပါကသင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့် မိသားစုဝင်တစ်ဦး chikungunya ရှိတယ်ထင်ရင် ,သင်မကြာသေးမီက ဖြစ်ပွားနေသော ဧရိယာဆီ ခရီးထွက်ခဲ့ လျှင်, သင့်ဆရာဝန်ကိုပြသပါ။

အကြောင်းရင်းများ

Chikungunya (ချင်ကန်ဂူညာ အဖျားခေါ် ဆင်တုပ်ကွေးရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ချင်ကန်ဂူညာ ( chikungunya) ဟာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့်ဖြစ်ရတာ ဖြစ်ပါတယ်။ အဆိုပါဗိုင်းရပ်စ်ခြင်မှတဆင့် လူအချင်းချင်း , ကူးစက်ခြင်နှင့်လူ့အကြားကူးစက်ပါတယ်။

ဗိုင်းရပ်စ်က မွေးဖွားချိန်မှာ မိခင်ထံမှကလေးဆီ ပြန့်နှံ့နိုင်တာ ရှားပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းကနေ ဗိုင်းရပ်စ် မကူးပါဘူး။

ဖြစ်နိုင်ခြေများ

Chikungunya (ချင်ကန်ဂူညာ အဖျားခေါ် ဆင်တုပ်ကွေးရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သင့်မှာ အောက်ပါအချက်တွေရှိရင် ကူးနိုင်ချေရှိပါတယ်။

– အပူပိုင်းနိုင်ငံများ၌နေထိုင်ခြင်း

– ဖြစ်ပွားဒေသများထံမှပြန်ရောက်လာခြင်း

– သန့်ရှင်းရေးမကောင်းတဲ့ ဒေသများတွင်နေထိုင်ကြခြင်း

သင်က အသက်ကြီးနေတာ သို့မဟုတ်သွေးတိုးရောဂါ , ဆီးချိုရောဂါဒါမှမဟုတ်နှလုံးရောဂါအချို့ ရှိပါကသင့်မှာ ရောဂါဖြစ်နိုင်ချေ ရှိပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chikungunya (ချင်ကန်ဂူညာ အဖျားခေါ် ဆင်တုပ်ကွေးရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါလက္ခဏာတွေကတော့ သွေးလွန်တုပ်ကွေးနှင့် Zika တို့နဲ့ အလွန်ဆင်တူပါတယ်။ ရောဂါရှိကြောင်း စမ်းသပ်ဖို့ ဆရာဝန်က သွေးစစ်ကြည့်နိုင်ပါတယ်။

Chikungunya (ချင်ကန်ဂူညာ အဖျားခေါ် ဆင်တုပ်ကွေးရောဂါ) ကို ဘယ်လိုကုသပါသလဲ

ကာကွယ်ဆေးနဲ့ ကုသမှုတွေမရှိသေးပါဘူး။ အဖျား၏ရောဂါလက္ခဏာများကိုသာ လျှော့ချနိုင်ပါတယ်။ သင့်မှာ chikungunya အဖျားရှိပါကဆရာဝန်ကများသောအားဖြင်နားနားနေနေနေခြင်း , ရေဓါတ်ခန်းခြောက်ခြင်း လျော့ချဖို့ အရည်များများသောက်ခြင်း, ခြင်ကိုက်မခံရအောင်နေခြင်း လုပ်ဖို့ပြောပါလိမ့်မယ်။

နာကျင်မှုနှင့်ဖျားနာမှုကိုလျှော့ချရန်, acetaminophen အက်စ်တာမီနိုဖန် သို့မဟုတ် paracetamol ပါရာစီတမော လို ဆေးဝါး တွေသောက်နိုင်ပါတယ်။ သင့် ဆရာဝန်၏ခွင့်ပြုချက်မရှိဘဲ Aspirin နှင့် Non-စတီးရွိုက် Anti-inflammatory ဆေးဝါးများ မသုံးသင့်ပါ။

သင်သည်အခြားကျန်းမာရေးအခြေအနေများအတွက်ဆေးဝါးသောက်သုံးနေတယ်ဆိုရင်, သင်ဆရာဝန်သို့မဟုတ်ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို စကားပြောသင့်ပါတယ်။

ချင်ကန်ဂူညာနဲ့ သင့်တော်တဲ့ နေထိုင်မှုပုံစံတွေက ဘာတွေလဲ?

အောက်ပါ နေထိုင်မှုပုံစံတွေက ချင်ကန်ဂူညာ အဖျားရောဂါကို မဖြစ်အောင်တားဆီနိုင်ပါတယ်။

– လေအေးစက်သုံးခြင်း သို့မဟုတ်တံခါး, ပြတင်းပေါက် ကိုပိတ်ပြီးခြင် မဝင်အောင်ထားပါ

– ပုံးသို့မဟုတ်ပန်းအိုး, ရေပုံးတွေကနေ ရေသွန်ပစ်ပါ။

– အင်္ကျီရှည် နှင့်ဘောင်းဘီရှည် ဝတ်ဆင်ပါ

– ကျန်းမာရေးဝန်ထမ်းများရဲ့ ညွှန်ကြားချက်အတိုင်း အင်းဆက်ပိုးမွှားကာကွယ်ဆေး သုံးပါ.

သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement