Decreased Libido (လိင်စိတ်နည်းလာခြင်း)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အဓိပ္ပါယ်ဖွင့်ဆိုချက်

Decreased Libido (လိင်စိတ်နည်းလာခြင်း) ကဘာလဲ။

ကာမစိတ်လျော့နည်းခြင်းဆိုသည်မှာအမျိုးသား ၅ယောက်တွင် ၁ယောက် နှင့် အမျိုးသမီးများအထိပါ သက်ရောက်သောအဖြစ်များသော ပြဿနာတစ်ခု ဖြစ်ပါသည်။ ကာမစိတ်လျော့နည်းခြင်းသည် အလုပ်အကိုင်နှင့် ကိုယ်ရေးကိုယ်တာဆိုင်ရာစိတ်ဖိစီးမှုများသို့မဟုတ် ကိုယ်ဝန်ရခြင်း၊ ကလေးမွေးခြင်း၊ နို့တိုက်ခြင်းကဲ့သို့သောဘဝ၏ အပြောင်းအလဲကိစ္စ များနှင့် ဆက်နွယ် တတ် ပါသည်။

ကာမစိတ်လျော့နည်းခြင်းသည် ကိုယ်ရေးကိုယ်တာဆိုင်ရာ၊ဆေးပညာဆိုင်ရာနဲ့နေထိုင်မှုဘဝဆိုင်ရာ ပြဿနာများကိုညွှန်ပြနိုင်ပါသည်။ ဇနီးမောင်နှံ နှစ်ယောက်လုံးကိုစိတ် မသက်မသာ ဖြစ်စေပါသည်။

အထူးသဖြင့် ကာမစိတ်ပျောက်ကွယ်ခြင်းသည် သင် နှင့် သင်၏ အိမ်ထောင်ရေးအားထိခိုက် စေပါကဆရာဝန်နှင့် သွားရောက်တွေ့ဆုံကာ ဖြစ်ပွားစေသောအကြောင်းရင်းနှင့် သင့်တော် သောဆေးပညာဆိုင်ရာစိတ်ပညာဆိုင်ရာကုသမှုများအကြောင်းကိုဆွေးနွေးပါ။

Decreased Libido (လိင်စိတ်နည်းလာခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက် ၆၀ ကျော်သောအရွယ်တွင် အဖြစ်များပြီးအမျိုးသားရောအမျိုးသမီးတွင်ပါ ဖြစ်တတ်သည်။ သို့သော်လည်း အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းဖြင့် ကာမစိတ်လျော့နည်းခြင်းကိုထိန်းချုပ်နိုင်ပါသည်။ အချက်အလက် များပိုမိုသိရှိလိုလျှင်ဆရာဝန်နှင့် ဆွေးနွေး ပါ။

လက္ခဏာများ

Decreased Libido (လိင်စိတ်နည်းလာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကာမစိတ်လျော့နည်းခြင်၏ရောဂါလက္ခဏာများသည်တစ်ယောက်နဲ့တစ်ယောက် ကွဲပြားနိုင်ပါသည်။ အောက်ဖော်ပြပါ ရောဂါလက္ခဏာများသည် အတွေ့ရအများဆုံးဖြစ်ပါသည်။

  • အမျိုးသားလိင်အင်္ဂါ တောင့်တင်းရန် ခက်ခဲခြင်း
  • သုတ်ရည် ပမာဏနည်းပါးခြင်း
  • ဆံပင်များကျွတ်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း နှင့် စွမ်းအင် ကုန်ဆုံးခြင်း
  • ကြွက်သားထုထည်များလျော့ကျခြင်း
  • စိတ်ပြောင်းလဲခြင်း
  • အရိုးအလေးချိန်နည်းပါးခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာရောဂါအဖြေရှာခြင်း နှင့် ကုသခြင်းသည် လိင်စိတ်လျော့ကျမှု ပိုဆိုးခြင်းကိုရပ်တန့် ပေးနိုင်ပါသည်။ အရေးပေါ်အခြေအနေ ဖြစ်ပွားမှု ကိုလည်းတားမြစ်နိုင်ပါသည်။

အပေါ်တွင် ဖော်ပြထားသောရောဂါလက္ခဏာများတွေ့ရှိပါကသို့မဟုတ် သိလိုသည် များရှိပါကဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Decreased Libido (လိင်စိတ်နည်းလာခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာကိစ္စ များသည် ကာမစိတ်လျော့နည်းခြင်းကို ဖြစ်စေပါသည်။ ရုပ်ပိုင်းဆိုင်ရာအချက်များတွင် ကျားဟော်မုန်းများလျော့ကျခြင်း၊ ဆေးများ၊ လေ့ကျင့်ခန်းလုပ်မှု နည်းပါးခြင်းသို့မဟုတ်များလွန်းခြင်း၊အရက်နှင့်ဆေးအသုံးပြုခြင်းတို့ပါဝင်ပါသည်။ စိတ်ပိုင်းဆိုင်ရာအချက်များတွင် စိတ်ဓါတ်ကျခြင်း၊ စိတ်ဖိစီးမှုဖြစ်ခြင်း နှင့် အိမ်ထောင်ရေး ပြဿနာများပါဝင်ပါသည်။

အသက် ၄၅ နှစ်ကျော်သောအမျိုသား ၁၀ ယောက်တွင် ၄ယောက်သည် ကျားဟော်မုန်းနည်းပါးခြင်း ဖြစ်နိုင်ပါသည်။ ကျားဟော်မုန်းနည်းခြင်းသည် ကာမစိတ်လျော့ကျခြင်းကို ဖြစ်စေပါသည်။ ကျားဟော်မုန်းဆေးများပြန်လည်ပေး၍ကုသခြင်းသည် ငြင်းခုံမှု များရှိနေသော် လည်း ပြဿနာအတွက် အဖြေတစ်ခု ဖြစ်ပါသည်။

ကျားဟော်မုန်းကိုလျော့ကျစေသောဆေးများသောက်သုံးရခြင်းသည် လည်းကာမစိတ် လျော့နည်းခြင်းကိုဖြစ်စေပါသည်။ ဥပမာသွေးပေါင်ချိန် နှင့် ပတ်သတ်သောဆေးများ ဖြစ်သည့် ACE inhibitors, beta blockers များသည် လိင်တံတောင့်တင်းခြင်း နှင့် သုတ်ရည် ထုတ်လွှင့် ခြင်းတို့ကိုတားမြစ်နိုင်ပါသည်။

ကာမစိတ်လျော့ခြင်းသည် အကြောင်းအချက် တစ်ခုတည်းကြောင့်တောမဖြစ်နိုင်ပါ။ ထို့ကြောင့် သင့်မှာကာမစိတ် လျော့နည်းလာသည် ဟုစိုးရိမ်ပါကဆရာဝန်နှင့် တိုင်ပင်ရန်အရေးကြီးပါသည်။

Risk factors

ငါ့ဆီမှာ Decreased Libido (လိင်စိတ်နည်းလာခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ကာမစိတ်လျော့နည်းခြင်း ဖြစ်ပွားနိုင်ချေ ကိုမြင့်စေသောအကြောင်းရင်းများမှာ

  • စိတ်ဓါတ်ကျခြင်းသည် လူတစ်ယောက်ဘဝ၏ အစိတ်အပိုင်းများစွာကိုပြောင်းလဲစေနိုင်ပါသည်။ စိတ်ဓါတ်ကျနေသောသူများသည်လိင်ဆက်ဆံမှုအပါအဝင် တစ်ချိန်ကပျော်ရွှင်မှု ရခဲ့သောကိစ္စများတွင် စိတ်ဝင်စားမှု နည်းပါးနေမည် ဖြစ်သည်။
  • ကင်ဆာကဲ့သို့သောအချို့ရောဂါ များသည် သင့်အားနေ့တစ်နေ့ ကျော်ဖြတ်ရန်သာအာရုံစိုက်စေသဖြင့် သုတ်ရည် ထုတ်လုပ်မှုကိုနည်းပါးစေပါသည်။
  • Obstructive sleep apneaဟုခေါ်သည့် ညဖက်အိပ်လျှင် အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းကြောင့် အလွန်ဟောက်တတ်သောဝေဒနာခံစားရသောရောဂါသည် အမျိုးသားများတွင် ကျားဟော်မုန်းနည်းနိုင်ပါသည်။
  • လိင်စိတ်နှင့် ဆက်နွယ်နေသောကျားဟော်မုန်းသည် အမျိုးသားများ၏ ဆယ်ကျော် သက် နှောင်းပိုင်းတွင် အမြင့်ဆုံး ဖြစ်ပါသည်။ အမျိုးသားများသည် အသက် ၆၀ မှ ၆၅ နှစ်တွင် အများအားဖြင့် လိင်စိတ် ကျဆင်းမှုကိုသတိထားမိကြပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့်အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက် များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက် များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Decreased Libido (လိင်စိတ်နည်းလာခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှု ကိုလုပ်ဆောင်ပါမည်။ သွေးစစ်ခြင်း၊သုတ်ရည် စစ်ဆေးခြင်းကဲ့သို့သောဆရာဝန် ညွှန်ကြားသောစစ်ဆေးချက် များကိုလုပ်ဆောင်ပါ။

Decreased Libido (လိင်စိတ်နည်းလာခြင်း) ကို ဘယ်လိုကုသပါသလဲ

ဖြစ်ပေါ်စေသောအကြောင်းရင်းပေါ်မူတည်၍ သင့်တော်သောကုသမှုများမှာ

  • ပိုကျန်းမာသောနေထိုင်မှုပုံစံများကိုရွေးချယ်ပါ။
  • အစာအာဟာရကိုကောင်းမွန်စွာစားပါ။ လေ့ကျင့်ခန်းပုံမှန်လုပ် ၍ လုံလောက်စွာအိပ်စက်ပါ။ အရက်ဖြတ်ပါ။ စိတ်ဖိစီးမှုများကိုလျော့ချပါ။
  • သောက်နေသောဆေးများသည် လိင်စိတ်ကိုထိခိုက်စေပါကဆေးအသစ် များပြောင်းသောက်ပါ။
  • ကျားဟော်မုန်းအစားထိုးကုထုံးခံယူပါ။
  • ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။

စိတ်ပိုင်းဆိုင်ရာပြဿနာ ဖြစ်ပါကဆရာဝန် သည် စိတ်ရောဂါကုထုံးကိုထောက်ခံချက် ပေးနိုင် ပါသည်။ အများစုတွင် ကာမစိတ်လျော့နည်းခြင်းသည် သင့်၏ကြင်ဖော်ဖြင့် လိင်ပိုင်းဆိုင်ရာမဟုတ်ဘဲလေးနက်မှုရှိသောဆက်သွယ်မှု တစ်ခုကိုသာလိုလားခြင်းကြောင့်ဟုထောက်ပြကြသည်။ ကုထုံးဆရာဝန်နှင့် သင်ကိုယ်တိုင် သို့မဟုတ် သင်၏ ကြင်ဖော် နှင့် အတူဆွေးနွေး၍ ဤပြဿနာများကိုဖြေရှင်းနိုင်သည်။ သင်၏ ပြဿနာသည် စိတ်ဓါတ်ကျခြင်း ဖြစ်ပါကစိတ်ကျရောဂါကုသဆေးများသုံးနိုင်သည်။ ထိုဆေးအချို့သည်ကာမစိတ်ကိုလျော့ကျစေနိုင်သော်လည်းအသုံးပြုနိုင် ပါသည်။

Cialis,Levitra,Viagraကဲ့သို့သော TV နှင့် မဂ္ဂဇင်းများတွင် ကြော်ငြာသောဆေးများသည် ကာမစိတ်ကိုအမှန်တကယ် မြှင့်တင်မပေးနိုင်ပါ။ ထိုအရာများသည် လိင်တံတောင့်တင်းခြင်းကိုသာ ဖြစ်စေပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကကာမစိတ်လျော့ကျခြင်းကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ပါ အကျိုးရှိသောနည်းလမ်းများကိုလိုက်နာခြင်းဖြင့် ရောဂါဖြစ်နိုင်မှုကိုလျော့ချ နိုင်ပါသည်။

  • သက်သေအချို့သည် အချို့အစားအစာများကြောင့်ဟုဆိုသော်လည်းစမ်းသပ်မှု ပြုလုပ်ရာတွင် အန္တရာယ် ပေးခြင်းမရှိပါ။ ဥပမာငှက်ပျောသီး နှင့် ထောပတ်သီးတို့သည် လိင်စိတ်ကိုတက်စေသောအသီးများဖြစ်ပြီးကာမအားတိုးဆေးဟုခေါ်ကြပါသည်။ ထိုအစားအစာများသည် အရေးပါသောဗီတာမင် နှင့် သတ္တုဓါတ်များကိုထောက်ပံ့ပေးပြီးလိင်အင်္ဂါ များသို့ သွေးစီးဆင်းမှုကောင်းစေပြီးကျန်းမာသောအိမ်ထောင်ရေးသုခ ပြည့်စေသောဘဝကိုရရှိစေပါသည်။
  • မိမိကိုယ်ကိုထားရှိသောထင်မြင်ခံစားချက်သည်လည်းကာမစိတ်ကိုခံစားမှုတွင် သက်ရောက်မှုရှိသည်။ ကျန်းမာရေးနှင့်မညီသောအစားအစာများနှင့်လေ့ကျင့်ခန်းမလုပ်ခြင်းသည် မိမိပုံရိပ်ကိုကျဆင်းစေပါ သည်။ ဤအချက်များသည် သင့်အားကာမဆက်ဆံပျော်ရွှင်ခြင်းရရှိ ရန် ဟန့်တား နိုင်ပါသည်။
  • မည်မျှ ကျန်းမာနေပါစေစိတ်ဖိစီးမှုများပါကသင့်၏ ကာမစိတ်ကိုထိခိုက်စေမည် ဖြစ်သည်။ အမျိုးသမီးများသည် ပို၍ ဤသက်ရောက်မှုများကိုခံရသည်။ အမျိုးသားများမှာမူတစ်ခါတစ်ရံလိင်ဆက်ဆံခြင်းအားစိတ်ဖိစီးမှု ပျောက်ရန် အသုံးပြုခြင်းကြောင့် ဖြစ်သည်။ တစ်ခါတစ်ရံတွင် ကာမဆက်ဆံခြင်းသို့ ချဉ်းကပ် ပုံခြင်းမတူခြင်းကြောင့် သဘောထားကွဲလွဲမှုများ ဖြစ်တတ်သည်။ စိတ်ဖိစီးမှုများကိုလျော့ချရန်အတွက် ထိုက်ကျိ နှင့် ရောဂကဲ့သို့သောအားကစားနည်းများတွင် ပါဝင် ဆင်နွဲသင့်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇူလိုင် 3, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုင် 20, 2017

ရင်းမြစ်များ