ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါရှိသူများ အနာကျက်နှေးရခြင်းအကြောင်း

ဆီးချိုရောဂါ ဟာ အင်ဆူလင်ဟော်မုန်းကို ကိုယ်ခန္ဓာကနေ ထိရောက်စွာ မထုတ်လုပ်နိုင်၊ အသုံးမချနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အင်ဆူလင်ဟော်မုန်းဟာ ကိုယ်ခန္ဓာထဲမှာ သကြားဓာတ်ကို စွမ်းအင်အဖြစ် ပြောင်းလဲအသုံးချနိုင်အောင် အားပေးတာကြောင့် အင်ဆူလင်အာနိသင် မထိရောက်တဲ့အခါ သွေးတွင်းသကြားဓာတ်ဟာ မြင့်တက်လာပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်မားနေခြင်းဟာ ကိုယ်ခန္ဓာမှာ ထိခိုက်အနာတရဖြစ်ရင် အနာကျက်နှေးသွားစေပါတယ်။ ဆီးချိုရောဂါသည်တွေမှာ ထိခိုက်ပွန်းခြစ်ခြင်း၊ ကွဲရှခြင်း၊ အပူလောင်ခြင်း စတာတွေကြောင့် အနာဖြစ်လွယ်တဲ့အပြင် ပျောက်ဖို့လည်း ခဲယဉ်းပါတယ်။ ခြေထောက်ဟာ ထိခိုက်မှုအများဆုံး ကြုံရတဲ့နေရာဖြစ်ပါတယ်။ သာမန်ထိခိုက်ရှနာလေးဖြစ်ရုံနဲ့ အနာဟာ ကြီးသွားတတ်ပါတယ်။ ထိရောက်စွာ မကုသရင် အနာရင်းပြီး ခြေထောက်ဖြတ်ရလောက်တဲ့ ဆိုးရွားသွားနိုင်ပါတယ်။ စစ်တမ်းများအရ ဆီးချိုဖြစ်ပြီး ခြေထောက်အနာဖြစ်သူများရဲ့ ၁၄-၂၄ ရာခိုင်နှုန်းခန့်ဟာ ခြေထောက်ဖြတ်တောက်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူများအနေနဲ့ မိမိကိုယ်ခန္ဓာမှာ အထူးသဖြင့် ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရရှိထားခြင်း ရှိ၊ […]


အမျိုးအစား (၂) ဆီးချို

ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် ဒီ (၈) ချက်ကိုသိထားဖို့လိုမယ်နော်

နည်းလမ်းမှန်မှန်သုံးမယ်ဆိုရင် အိမ်သုံးဆီးချိုတိုင်းတာစက်တွေ အတော်များများက တိကျတဲ့အဖြေ ထုတ်ပေးနိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ သုံးတဲ့သူအမှားကြောင့်ပဲဖြစ်ဖြစ်၊ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဖြစ်ဖြစ် အဖြေတွေမှားတတ်ပါတယ်။ ဒီလိုတွေမဖြစ်အောင် အိမ်သုံးဆီးချိုတိုင်းစက်တွေနဲ့  ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် သိထားရမယ့် အချက်တချို့ကိုပြောပြပေးပါ့မယ်။ ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် ဒီ (၈) ချက်ကိုသိထားဖို့လိုမယ်နော် ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် ဒီအချက်တွေကို သိထားဖို့လိုမယ်နော်။ ၁. အိမ်မှာ ဆီးချိုတိုင်းမယ်ဆို အသုံးပြုရမယ့် ပစ္စည်းတွေက ဘာတွေလဲ အဓိက ပစ္စည်း (၃) ခုလိုပါတယ်။ ဆီးချိုတိုင်းတာစက် (Blood Glucose Monitor)၊ လက်ထိပ်ကိုသွေးဖောက် ပေးမယ့် အပ် (Lancet) နဲ့ သွေးကို လက်ခံယူပြီး ဆီးချိုတိုင်းတာစက်ကို ပို့ပေးမယ့် Test strip ချောင်း တို့ပဲဖြစ်ပါတယ်။ ၂. အိမ်သုံးဆီးချိုတိုင်းတာစက်က ထွက်လာတဲ့အဖြေတွေက ဘယ်လောက်ထိတိကျမှုရှိလဲ စက်လည်းကောင်းမယ်၊ အသုံးပြုတဲ့ test strip ချောင်းတွေရဲ့ အခြေအနေလည်းကောင်းမယ်၊ သုံးစွဲနည်းလည်းမှန်ရင် အိမ်သုံးဆီးချိုတိုင်းတာစက်တွေက […]


အမျိုးအစား (၂) ဆီးချို

အင်ဆူလင် အာနိသင် ပိုမိုထိရောက်စေမည့် နေထိုင်စားသောက်ပုံများ

အင်ဆူလင် ဟာ ပန်ကရိယကနေ ထုတ်လုပ်လိုက်တဲ့ဟော်မုန်းဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။ အင်ဆူလင်ဟာ သွေးထဲက သကြားဓာတ်များကို ဆဲလ်တွေက အသုံးပြုနိုင်ဖို့ လှုံ့ဆော်ပေးပါတယ်။ အကယ်၍ ဆဲလ်တွေအပေါ်မှာ အင်ဆူလင်ရဲ့ အာနိသင် မထိရောက်တော့ရင်၊ အင်ဆူလင်မတိုးတော့ရင် သကြားဓာတ်တွေဟာ ဆဲလ်တွေဆီ ရောက်သင့်သလောက် မရောက်တော့ဘဲ သွေးတွင်းသကြားဓာတ်မြင့်တက်လာတတ်ပါတယ်။ ပန်ကရိယအနေနဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်နေခြင်းကို တွေ့ရှိတဲ့အခါ အင်ဆူလင်အာနိသင် မတိုးခြင်းကို ကျော်လွှားနိုင်ဖို့၊ သွေးတွင်းသကြားဓာတ်ကို လျှော့ချနိုင်ဖို့ အင်ဆူလင်ကို ပိုမိုထုတ်လုပ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အင်ဆူလင်ထုတ်လုပ်တဲ့ ဆဲလ်တွေဟာ မနိုင်ဝန်ထမ်းရပြီး ပျက်စီးလာပါတယ်။ ဒါကြောင့် အင်ဆူလင်အာနိသင်မတိုးတော့တဲ့ အခြေအနေတွေကို ရှောင်ရှားနိုင်ဖို့ လိုပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြပေးမယ့် အကြောင်းအရာကတော့ အင်ဆူလင် အာနိသင် ပိုမိုထိရောက်စေမည့် နေထိုင်စားသောက်ပုံများ အကြောင်းတွေပဲ ဖြစ်ပါတယ်။ အင်ဆူလင် အာနိသင် ပိုမိုထိရောက်စေမည့် […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

သင့်ရဲ့ လိင်စွမ်းဆောင်ရည်ကို ဒုက္ခပေးမယ့် ဆီးချိုရောဂါ

သင့်ရဲ့ လိင်စွမ်းဆောင်ရည်ကို ဒုက္ခပေးမယ့် ဆီးချိုရောဂါ ....... အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ကိုယ်ချစ်သူခင်သူနဲ့ အိပ်ယာပေါ် နှစ်ပါးသွားချိန်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ စိတ်ကျေနပ်မှုပေးချင်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် သင်တို့ရဲ့ လိင် စွမ်းဆောင်ရည် နဲ့သက်ဆိုင်တဲ့ အိပ်မက်တွေကို ဆီးချိုရောဂါက ဖျက်ဆီးနိုင်တယ်ဆိုတာကို သိပြီးပြီလား။ သင့်ရဲ့ လိင်စွမ်းဆောင်ရည်ကို ဒုက္ခပေးမယ့် ဆီးချိုရောဂါ အမျိုးအစား -၂ ဆီးချိုရောဂါဟာ အမျိုးသားရော၊ အမျိုးသမီးရောရဲ့ လိင် စွမ်းဆောင်ရည် ကို ကျဆင်းစေပါတယ်။ တကယ်လို့ ကိုယ့်မှာ ဆီးချို ဝေဒနာ ရှိနေတယ်ဆိုရင် ဒီအချက်ကို သတိထားသင့် ပါတယ်။ တစ်ခါတရံ ရုတ်တရက် ကိုယ့်ရဲ့ ချစ်မှုရေးရာ စွမ်းဆောင်ရည် ကျဆင်းလာတာမျိုး၊ အိပ်ယာပေါ်မှာ မစွမ်းတော့တာမျိုးတွေ ကြုံဆုံလာရရင် ဆီးချို ရှိ၊ မရှိကလည်း ထည့်သွင်း စဉ်းစားရမယ့် […]


အမျိုးအစား (၂) ဆီးချို

အင်ဆူလင်အာနိသင် မထိရောက်ခြင်းအခြေအနေ (Insulin Resistance)

အင်ဆူလင် ဆိုတာ ဟော်မုန်းတမျိုးဖြစ်ပြီး ပန်ခရိယ ခေါ် မုန့်ချိုအိတ်ကနေ ထုတ်လုပ်ပါတယ်။ အင်ဆူလင်ဟာ သွေးထဲက ဂလူးကို့စ်ဓာတ်ကို ကိုယ်ခန္ဓာက ရယူအသုံးချနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ တစ်နည်းဆိုရရင် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းသိမ်းပေးနိုင်ဖို့ အထောက်အကူပြုပါတယ်။ အင်ဆူလင်ရဲ့ အာနိသင်ထိရောက်ခြင်းနည်းသွားရင်တော့ ဆီးချိုဖြစ်နိုင်ခြေများလာပါတယ်။ ရောဂါလက္ခဏာများ မပြတတ်လို့ များသောအားဖြင့် အင်ဆူလင်အာနိသင် ထိရောက်မှုလျော့သွားတဲ့ အခြေအနေကို နှစ်နဲ့ချီပြီးမှ သိရတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် သွေးတွင်းဂလူးကို့စ်စစ်ဆေးခြင်း (ဆီးချိုစစ်ဆေးခြင်း) ကို ပုံမှန်ကျန်းမာရေးစစ်ဆေးသလို စစ်ဆေးသင့်ပါတယ်။ အင်ဆူလင်အာနိသင် မထိရောက်တဲ့ အခြေအနေဖြစ်လာသူတွေမှာ နေထိုင်စားသောက်မှုကို အပြောင်းအလဲမလုပ်ရင် အမျိုးအစား ၂ ဆီးချိုအဖြစ် ရောက်ရှိသွားနိုင်ပါတယ်။ အင်ဆူလင်အာနိသင် မထိရောက်ခြင်းအခြေအနေ (Insulin Resistance) ဘယ်သူတွေမှာ ဖြစ်နိုင်ခြေမြင့်သလဲ အင်ဆူလင်အာနိသင် မထိရောက်ခြင်းဟာ - အဝလွန်သူတွေ - သွေးတွင်းအဆီဓာတ်တမျိုးဖြစ်တဲ့ triglyceride မြင့်တက်သူတွေ - သွေးတိုးရှိသူတွေမှာ ဖြစ်နိုင်ခြေ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုကြောင့် အာရုံကြော ထိခိုက်ခြင်း

သွေးတွင်းသကြားဓာတ်ဟာ အချိန်ကြာမြင့်စွာ မြင့်တက်နေရင် အာရုံကြောများကို ထိခိုက်လာတတ်ပါတယ်။ လူတချို့အတွက်တော့ လက္ခဏာမပြဘဲ ဖြည်းဖြည်းချင်း အာရုံကြောတွေ ပျက်စီးနေတတ်ပါတယ်။ တချို့ကတော့ ဆီးချိုကြောင့် အာရုံကြော ထိခိုက်ခြင်း လက္ခဏာကို သိသိသာသာ ခံစားရပါတယ်။ စစ်တမ်းတွေအရ ဆီးချိုရောဂါရှိသူတွေရဲ့ ၆၀ ရာခိုင်နှုန်းခန့်ဟာ အာရုံကြောထိခိုက်မှုဒဏ်ကို ခံစားရပါတယ်။ အဓိကအားဖြင့် လက်ချောင်း၊ ခြေဖဝါး၊ ခြေချောင်း စတဲ့ အစွန်အဖျားနေရာတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ အများစုဟာ မိမိမှာ ဆီးချိုရောဂါဖြစ်နေမှန်းမသိတာကြောင့် ဘာကြောင့် တစ်ချိန်လုံးထုံကျင်ကိုက်ခဲနေရသလဲ နားမလည်နိုင်ဖြစ်တတ်ကြပါတယ်။ ဆီးချိုကြောင့် အာရုံကြော ထိခိုက်ခြင်း ဘာကြောင့်ဖြစ်ရသလဲ သွေးတွင်းဂလူးကို့စ်ဓာတ်ကို အချိန်ကြာမြင့်စွာ မထိန်းချုပ်နိုင်ရင် ဖြစ်တတ်ပါတယ်။ သွေးအတွင်းမှာ ဂလူးကို့စ်ဓာတ်လွန်ကဲနေရင် အာရုံကြောဆဲလ်များ တစ်ခုနဲ့ တစ်ခုအကြား ဆက်သွယ်ရေးစနစ် ချို့ယွင်းနိုင်တယ်လို့ သုတေသီများက ယူဆကြပါတယ်။ ဒါ့အပြင် ဆီးချိုတက်ခြင်းဟာ အာရုံကြောများကို သွေးပံ့ပိုးပေးတဲ့ ဆံခြည်မျှင်သွေးကြောလေးများကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိတဲ့သူတွေ ကော်ဖီသောက်မယ်ဆိုရင်

ဆီးချို လူနာတွေ အခက်ကြုံရတဲ့အထဲမှာ ဒီကော်ဖီ၊ လက်ဖက်ရည်သောက်တဲ့ ကိစ္စလည်း ပါပါတယ်။ အရင်တည်းက သောက်လာပြီး မိုးလင်းလို့ တစ်ခွက်လောက် သောက်လိုက်ရမှ ခေါင်းကြည်တာဆိုတဲ့သူနဲ့တွေ့ရင် ပိုဆိုးသေး။ ပြီးတော့ အများစုက ကော်ဖီမှုန့်ကို သောက်တာထက်စာရင် 2 in 1တို့ 3 in 1တို့ သောက်ကြတာဆိုတော့ တော်တော်လေး ကိုင်တွယ်ရခက်တဲ့ ကိစ္စထဲမှာပါပါတယ်။ နောက်ပြီး ကဖင်းဓာတ်က စွဲတတ်သေးတော့ ကဲ ဆီးချိုရှိပြီ ဖြတ်ဟဲ့ဆို သူတို့လည်း တိခနဲ မဖြတ်နိုင်ပါဘူး။ ဆီးချိုတွေ ကြည့်တော့လည်း ထိန်းမရ။ သူကလည်း မဖြတ်နိုင်နဲ့ နှစ်ဦး နှစ်ဖက် စိတ်ညစ်စရာကောင်းတဲ့ အနေအထားပါပဲ။ ဒါဆို သူတို့ကို ကော်ဖီ၊ လက်ဖက်ရည် မဖြတ်ခိုင်းခင် ဒါတွေက ဆီးချိုအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ အရင်ပြောပြပေးပါ့မယ်။ ကော်ဖီနဲ့ ဆီးချို တည့်မတည့် ခုပြောမယ့် […]


အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေ အတွက် အသင့်တော်ဆုံး သစ်သီးများ

ဆီးချို ရှိတယ်လား။ အသီး မစားနဲ့ သွေးချိုတွေ တက်မယ်နော် ဆိုပြီး ခဏခဏ အပြောခံနေရ​ပြီလား။ ဒါဆို ဆီးချို ရှိရင် အသီး မစားရတော့ ဘူးလားလို့ မေးချင်နေလောက်မယ် ထင်တယ်နော်။ ဒီလို မဟုတ်ပါဘူး။ ဆီးချို အထူးသဖြင့် အမျိုးအစား (၂) ဆီးချို ရှိသူတွေ အနေနဲ့ စားလို့ရတဲ့ အသီးလေးတွေ ရှိပါသေးတယ်။ ဒါက ဘာ အသီးလေးတွေ ဖြစ်မလဲ ဆိုတာကို ဆောင်းပါးထဲမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။ အမျိုးအစား (၂)  ဆီးချို ရှိသူတွေနဲ့ သင့်တော်တဲ့ အသီး (၇) မျိုး သစ်သီး ကြိုက်တဲ့ အမျိုးအစား (၂) ဆီးချို ရှိသူတွေ အနေနဲ့ ဒီ အသီးလေးတွေ စားပေးလို့ ရပါတယ်။ စပျစ်သီး စပျစ်သီး (အစိမ်းရောင် စပျစ်သီး) လေးတွေကို […]


အမျိုးအစား (၂) ဆီးချို

လေ့ကျင့်ခန်း လုပ်တာက အမျိုးအစား (၂) ဆီးချို ကို ကာကွယ်နိုင်သလား

လေ့ကျင့်ခန်း လုပ်တာက အမျိုးအစား (၂) ဆီးချို ကို ကာကွယ်နိုင်သလား .... အမျိုးအစား (၂) ဆီးချို က နာတာရှည်ရောဂါ တစ်မျိုးပါ။ ကမ္ဘာတလွှားက သန်းနဲ့ချီတဲ့ လူဦးရေတွေ ခံစားနေရတဲ့ ရောဂါ တစ်မျိုး ဆိုလည်း မမှားပါဘူး။ အမျိုးအစား (၂) ဆီးချိုရောဂါ ခံစားရပြီဆိုရင် သေချာ ထိန်းချုပ် ဂရုစိုက်ဖို့ လိုပါမယ်။ သေချာ ထိန်းချုပ် ဂရုစိုက်မှု မလုပ်ဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ မျက်စိ ကွယ်တာ၊ ကျောက်ကပ် ပျက်စီးတာ၊ နှလုံးရောဂါ နဲ့ အခြား ပြင်းထန်သော ရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်တာက ဒီရောဂါအတွက် အထိရောက်ဆုံး ကုထုံးတစ်ခုပေါ့။ အမျိုးအစား (၂ )ဆီးချို ကို […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ

ကျောက်ကပ်ရောဂါ ဟာ ဆီးချိုရောဂါကို ခံစားနေရသူတွေအတွက် အဆိုးဆုံးကြုံနိုင်တဲ့ နောက်ဆက်တွဲပြဿနာ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါခံစားနေရသူများဟာလည်း ဆီးချိုကြောင့် ဖြစ်တတ်တာ များပါတယ်။ ဆီးချိုနဲ့ ဆက်နွယ်နေတဲ့ အခြားပြဿနာတွေလိုပဲ ရောဂါစတင်ခြင်းရဲ့ ကနဦးလက္ခဏာကို အနည်းငယ်လောက်ပဲ ပြပါတယ်။ လက္ခဏာစပြပြီးချိန်ကနေ ကျောက်ကပ်ကိုထိခိုက်တဲ့ အခြေအနေအထိ ဆယ်နှစ်လောက်လည်း ကြာနိုင်ပါတယ်။ ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ အကြောင်း ဘာတွေ သိထားဖို့ လိုမလဲ။ ကျောက်ကပ်ထိခိုက်ခြင်းလက္ခဏာများ များသောအားဖြင့် ကျောက်ကပ်အလုပ်ကောင်းကောင်းလုပ်နေသမျှ လက္ခဏာမပြတတ်ပါဘူး။ ကျောက်ကပ်ကို ထိခိုက်လာချိန်မှာ ပေါ်လာနိုင်တဲ့ လက္ခဏာတွေကတော့ ခန္ဓာကိုယ်တွင်းမှာ အရည်များစုခြင်း ခြေဖမိုး၊ ခြေကျင်းဝတ်၊ ခြေထောက်များ ဖောရောင်ခြင်း အစားအသောက်ပျက်ခြင်း အချိန်တိုင်းလိုလို မောပန်းအားနည်းသလို ခံစားရခြင်း မကြာခဏခေါင်းကိုက်ခြင်း အစာအိမ်အောင့်ခြင်း ပျို့ခြင်း၊ အန်ခြင်း အိပ်မပျော်ခြင်း အာရုံစိုက်ရန်ခက်ခဲခြင်း စတာတွေ ဖြစ်ပါတယ်။ ဆီးချိုကြောင့် ကျောက်ကပ်ပျက်စီးခြင်း ဖြစ်နိုင်ခြေ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)