အင်ဆူလင်ဆိုတာ ဟော်မုန်းတမျိုးဖြစ်ပြီး ပန်ခရိယ ခေါ် မုန့်ချိုအိတ်ကနေ ထုတ်လုပ်ပါတယ်။ အင်ဆူလင်ဟာ သွေးထဲက ဂလူးကို့စ်ဓာတ်ကို ကိုယ်ခန္ဓာက ရယူအသုံးချနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ တစ်နည်းဆိုရရင် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းသိမ်းပေးနိုင်ဖို့ အထောက်အကူပြုပါတယ်။