ဒီလို စွမ်းဆောင်ရည် ကျဆင်းလာရင် ကိုယ့်ရဲ့ ဆက်ဆံဖော်နဲ့ ဖြေရှင်းရခက်တဲ့ ကိစ္စတွေ ပြောရဆိုရတာ စိတ်မောဖို့ ကောင်းလှပါတယ်။ ဒါပေမယ့် မလွှဲသာမရှောင်သာ ကြုံရဆုံရတတ်တာမို့ ဆီးချို မဖြစ်အောင် ကြိုတင် ကာကွယ်ဖို့ ဦးစွာ ပထမ တိုက်တွန်းပါရစေ။
ဒီလိုမှမဟုတ်ရင်တော့ စွမ်းဆောင်ရည် နည်းလို့ စိတ်ဓာတ်ကျတာ နဲ့ ဆီးချိုကြောင့် ခန္ဓာကိုယ် ထိခိုက်လာတာ ပေါင်းစပ်ပြီး ပိုမို စိတ်ဓာတ် ကျသွားတာမျိုးတွေ ကြုံဆုံရတတ်တာကြောင့်ပါ။
မလွှဲသာ မရှောင်သာ ဆီးချိုဝေဒနာ ခံစားနေရပြီး လိင် စွမ်းဆောင်ရည် ကိုလည်း သိသိသာသာ မလျော့ပါးချင်ဘူး ဆိုရင်တော့ဖြင့် အောက်ပါ နည်းလမ်းတွေကို လိုက်နာပြီး ကြိုးစားကြည့်သင့်ပါတယ်။
- နေ့စဉ် ပုံသေ အချိန် မသတ်မှတ်ထားဘဲ၊ ဆန္ဒ အာသီသ ပြင်းပြလာချိန် စောင့်ဆိုင်းပြီး လိင်ဆက်ဆံတာမျိုး
- ရေကို အခြေခံပြီး ထုတ်ထားတဲ့ ချောဆီ ပုံမှန် အသုံးပြုပေးတာမျိုး
- ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး ဆေးဝါး မှီဝဲတာမျိုး
- ဆက်ဆံဖော်ကို ပွင့်ပွင့်လင်းလင်း ကြိုတင်ဖွင့်ပြောထားတာမျိုး
- ကျန်းမာစွာ နေထိုင်စားသောက်တာမျိုး
- သင့်လျော်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်တာမျိုးတွေ ပြုလုပ်ဖို့သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။