အင်ဆူလင်ဟာ ပန်ကရိယကနေထုတ်လုပ်လိုက်တဲ့ဟော်မုန်းဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။ အင်ဆူလင်ဟာ သွေးထဲက သကြားဓာတ်များကို ဆဲလ်တွေက အသုံးပြုနိုင်ဖို့ လှုံ့ဆော်ပေးပါတယ်။ အကယ်၍ ဆဲလ်တွေအပေါ်မှာ အင်ဆူလင်ရဲ့ အာနိသင် မထိရောက်တော့ရင်၊ အင်ဆူလင်မတိုးတော့ရင် သကြားဓာတ်တွေဟာ ဆဲလ်တွေဆီ ရောက်သင့်သလောက် မရောက်တော့ဘဲ သွေးတွင်းသကြားဓာတ်မြင့်တက်လာတတ်ပါတယ်။