အမျိုးအစား (၂) ဆီးချိုရောဂါက နာတာရှည်ရောဂါ တစ်မျိုးပါ။ ကမ္ဘာတလွှားက သန်းနဲ့ချီတဲ့ လူဦးရေတွေ ခံစားနေရတဲ့ ရောဂါ တစ်မျိုး ဆိုလည်း မမှားပါဘူး။
- လမ်းလျှောက်ခြင်း
- ပြေးခြင်း
- Gym ဆော့ခြင်း
- Zumba ကခြင်း
- စက်ဘီးစီးခြင်း
- ရေကူးခြင်း
- ခပ်ရွရွ ပြေးခြင်း
- ယောဂလေ့ကျင့်ခြင်း
- ဒိုက်ထိုးခြင်း
- အလေးမခြင်း စတာတွေကို လုပ်ပေးလို့ ရပါတယ်။
လေ့ကျင့်ခန်း လုပ်တဲ့အခါ တစ်ပတ်ကို ၅ ရက် ဒါမှမဟုတ် နေ့စဉ် မှန်မှန်လည်း လုပ်ပေးလို့ ရပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ၁၅ မိနစ်ကနေစလို့ နာရီဝက်၊ ၄၅ မိနစ်၊ ၁ နာရီ စသဖြင့် လုပ်ပေးပါ။