ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

အဝလွန် သူများအတွက် ဆီးချိုထိန်းနည်း

အဝလွန် တာက ဆီးချိုသွေးချိုရောဂါကို တိုက်ရိုက် ဖြစ်စေတာ မဟုတ်ပေမယ့် ဖြစ်နိုင်ခြေများစေတဲ့ အချက်တစ်ခုပါ။ အထူးသဖြင့် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါအတွက်ပါ။ ကံကောင်းတာက အဝလွန်တာက ပြုပြင်လို့ရတဲ့ အချက်ပါ။ အဝလွန်တာက ဆီးချိုရောဂါကို ဖြစ်နိုင်ခြေများစေသလို ဖြစ်လာခဲ့ရင်လည်း သွေးတွင်းသကြားဓာတ်ကို ထိန်းရခက်စေတာကြောင့် နောက်ဆက်တွဲတွေ မြန်မြန်ဖြစ်လာနိုင်ပါတယ်။ ဒါနဲ့ ပြောင်းပြန် အဝလွန်တာကို ထိန်းမယ်ဆိုရင်တော့ ဆီးချိုသွေးချိုရောဂါကို ကောင်းကောင်း ထိန်းချုပ်နိုင်မှာပါ။ အဝလွန် တယ်ဆိုတာ အဝလွန်တယ်ဆိုတာကို လူအများရင်းနှီးပြီးသားဖြစ်တဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း Body Mass Index (BMI)နဲ့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်မှာ BMIက ၂၅-၂၉.၉ kg/m2ဆို ဝနေပါပြီ။ ၃၀နဲ့ အထက်ဆိုရင် အဝလွန်တယ်လို့ ယူဆပါတယ်။ ဒီမှာမှ ၃၀-၃၄.၉ ကြားဆို အဝလွန်ခြင်း အဆင့် ၁၊ ၃၅-၃၉.၉ဆို […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါရှိသူတွေမှာ တွေ့ရတတ်တဲ့ ဝမ်းဗိုက်ပြဿနာ

ဆီးချိုရောဂါရှင်တွေက နည်းနည်းလောက် သက်တမ်းကြာလာပြီဆိုရင် ဒီပြဿနာလေးတွေ ပြောလေ့ရှိပါတယ်။ ဆရာရယ် အစာမကြေဘူး၊ အမြဲတမ်း ရင်ခေါင်းတောင့်တယ်။ ဗိုက်ကယ်တယ်။ ရင်ပူတယ် စသဖြင့် ဝမ်းဗိုက်ပြဿနာ ပေါင်းများစွာကို ပြောပြလေ့ရှိပါတယ်။ ဆီးချိုက ကောင်းကောင်းမထိန်းနိုင်ဘူးဆိုရင်၊ သက်တမ်းကြာလာပြီဆိုရင် နောက်ဆက်တွဲတွေ ဖြစ်တတ်တယ်ဆိုတာ ဆီးချိုရှိတဲ့သူတိုင်း သိပါတယ်။ သူတို့ ခုလို ခံစားနေရတဲ့ ဝမ်းဗိုက်ပြဿနာတွေကရော ဆီးချိုကြောင့်ပဲလား။ ဘာကြောင့် ဝမ်းဗိုက်ပြဿနာ တွေ ခံစားရတာလဲ။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တော့ ဆီးချိုသက်တမ်းကြာလာလေလေ (အမျိုးအစား ၁ပဲဖြစ်ဖြစ်၊ ၂ပဲဖြစ်ဖြစ်) ကိုယ်ထဲက ကိုယ်တွင်းအင်္ဂါတွေကို အနည်းနဲ့ အများထိခိုက်နိုင်ပါတယ်။ ဒီထဲမှာ အစာအိမ်နဲ့ အူလမ်းကြောင်းလည်း ပါပါတယ်။ ဝမ်းဗိုက်ပြဿနာတွေက ဆီးချိုကို ဖြစ်စေတဲ့ အကြောင်းရင်း (ဥပမာ အဝလွန်ခြင်း)ကြောင့် ဖြစ်နိုင်သလို ဆီးချိုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ သွေးတွင်းသကြားဓာတ်တက်တာ၊ HbA1cလို့ ခေါ်တဲ့ သုံးလဆီးချိုဓာတ်တက်တာ၊ […]


အမျိုးအစား (၂) ဆီးချို

အဝလွန်ခြင်းနဲ့ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဆက်စပ်မှု

အဝလွန်တဲ့ သူတွေက ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေများတယ်ဆိုတာ သိထားပြီးသားပါ။ ဒါတင်ပဲလားဆိုတော့ ဆီးချိုသွေးချိုရောဂါရဲ့ အပေါင်းအဖော်တွေ ဖြစ်တဲ့ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းတာကိုလည်း အဖော်ခေါ်လာတတ်ပါတယ်။ ဒါကြောင့် ခုခေတ်မှာ အဝလွန်တာကို ရောဂါတစ်ခုလို သတ်မှတ်လာပါပြီ။ အဝလွန်တယ်ဆိုတာ အဝလွန်တယ် ဆိုတာကို တိုင်းတာနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ လူအများနဲ့ လက်လှမ်းမီတာကတော့ ခန္ဓာကိုယ် ထုထည်ညွှန်းကိန်းလို့ ခေါ်တဲ့ Body mass index (BMI) ပါ။ ကိုယ်အလေးချိန်ကို အရပ်နဲ့ စားပြီး တွက်ထားတာပါ။ အရွယ်ရောက်ပြီးသား လူတစ်ယောက်မှာ BMIက ၂၅-၂၉.၉ kg/m2ဆို ဝနေပါပြီ။ ၃၀နဲ့ အထက်ဆိုရင် အဝလွန်တယ်လို့ ယူဆပါတယ်။ ဒီမှာမှ ၃၀-၃၄.၉ ကြားဆို အဝလွန်ခြင်း အဆင့် ၁၊ ၃၅-၃၉.၉ဆို အဝလွန်ခြင်း အဆင့် ၂၊ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါ ရှိတဲ့သူတွေက ဘာကြောင့် ပိုးဝင်လွယ် ရသလဲ။

ဆီးချိုရောဂါ ရှိတဲ့သူတွေကို မှာလေ့ရှိတာက အနာတွေ ဖြစ်အောင် မနေနဲ့နော်။ မကျက်တဲ့အနာ ရှိရင် ပြောနော် စသဖြင့် မှာလေ့ရှိပါတယ်။ လူနာတွေကလည်း ဆီးချိုရှိရင် သူများထက် ရောဂါ ပိုးဝင်လွယ် တယ်။ အနာတွေ ဖြစ်ရင် ကျက်ဖို့ နှေးတယ်ဆိုတာ သိထားပြီးသားပါ။ ဒါဆိုရင် သူတို့တွေ ဘာကြောင့် သူများတွေထက် ပိုးဝင်လွယ်၊ အနာဖြစ်လွယ် နေရတာလဲ။ ဆီးချိုရောဂါ ရှိတဲ့သူတွေက ဘာကြောင့် ပိုးဝင်လွယ် ရသလဲ။ သွေးတွင်းသကြားဓာတ်များခြင်း သွေးတွင်း သကြားဓာတ်များတာက ခုခံအားကို ကျစေပါတယ်။ ဒါ့ပြင် သွေးနဲ့ တစ်ရှူးတွေမှာ သကြားဓာတ်တွေ များလေလေ ဘက်တီးရီးယားတွေ ပိုပွားလေလေ၊ ပိုးဝင်လွယ်လေလေပါပဲ။ အာရုံကြောထိခိုက်ခြင်း ဆီးချိုရောဂါရှိတဲ့သူတွေက အာရုံကြောထိခိုက်တာကြောင့် ထုံတာ ကျဉ်တာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ခြေထောက်မှာပါ။ ထုံနေတဲ့အတွက် ထိလို့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

အင်ဆူလင် နှင့် အလွဲများ

ဆီးချို ...... ကမ္ဘာ့လူဦးရေ တော်တော်များများ ခံစားနေရတဲ့ ရောဂါတစ်ရပ်ပါ။ မြန်မာနိုင်ငံမှာလည်း တစ်နှစ်ထက်တစ်နှစ် ဆီးချို ခံစားနေရသူ အရေအတွက်တွေ တိုးလာပါတယ်။ ဆီးချိုကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ခံစားနေရသူတွေလည်း မနည်းပါဘူး။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက ဆီးချိုနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ကုထုံးတစ်ရပ်လို့ ယူဆထားတဲ့ အင်ဆူလင် ကုထုံးအပေါ် မှားယွင်း သိရှိထားတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်ကတော့ အင်ဆူလင်က ဆီးချိုရှိသူတွေအတွက် အထိရောက်ဆုံး ကုထုံးတစ်ရပ်ပါ။ ဆီးချိုကြောင့် နောက်ဆက်တွဲ ပြဿနာတွေ နည်းနိုင်သမျှ နည်းအောင် ကာကွယ်ပေးနိုင်တဲ့ အင်ဆူလင်နဲ့ ပတ်သက်ပြီး မှားယွင်း သိထားနိုင်တာလေးတွေကို ဆောင်းပါးလေးထဲကနေတဆင့် ပြောပြပေးသွားပါမယ်။ အင်ဆူလင် နှင့် အလွဲများ အင်ဆူလင်က ဆီးချို ရှိသူတွေအတွက် အထိရောက်ဆုံး ကုထုံး တစ်ရပ်ဆိုပေမယ့် အခုလိုလေးတွေ မှားသိထားနိုင်ပါတယ်။ Myth […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဟင်းချက်ဆီ ဆိုတာကို ဟင်းလျာတွေ ချက်ဖို့ အသုံးပြုလေ့ ရှိသလို အသုပ်တွေမှာလည်း ထည့်စားတတ်ကြပါတယ်။ ဒါတင်မကသေးပါဘူး ငါးခြောက်၊ အသားခြောက်၊ လက်ဖက်စတာတွေကို စိမ်ပြီးတော့ စားရာမှာလည်း ဆီကို အသုံးပြုကြတာပါ။ ဟင်းချက်ဆီက နေ့စဉ် စားသောက်မှုမှာ မပါမဖြစ် ပါဝင်နေတဲ့အရာတစ်ခုပေါ့။ ကျန်းမာတဲ့သူတွေအတွက်က ဟင်းချက်ဆီက သိပ်ပြဿနာ မရှိပေမယ့် ဆီးချိုရှိတဲ့သူအတွက်က အရေးကြီးပါတယ်။ ဆီးချိုအပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မတိုးစေဖို့ ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒီလိုပြောရတာက နေ့စဉ် စားသုံးမှုအတွက် အသုံးပြုနေတဲ့ ဟင်းချက်ဆီ အများစုက ကျန်းမာရေးကို အကျိုးပြုနေတာမျိုး မရှိဘဲ ထိခိုက်စေနိုင်ခြေ ပိုများနေတာကြောင့်ပါ။ ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။ ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ကိုသေသေချာချာ ရွေးချယ်တာက ဆီးချို […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ ဆီးချိုရှိသူတွေ လိုက်နာရမယ့် စားသောက်မှုပုံစံက သီးသန့်ရှိပါတယ်။ ဒီစကားကြောင့် စိတ်ထဲမှာ ရှုပ်ထွေး မသွားစေချင်ပါဘူး။ ဆီးချိုရှိတယ်ဆိုတာနဲ့ စားနေကျ အစားအစာတွေကို လုံးဝ မစားရတော့ဘူး။ အပြီးတိုင် စွန့်လွှတ်ရတော့မယ်လို့ မတွေးစေချင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ ပထမဆုံး လုပ်ရမယ့် ခြေလှမ်း တစ်ရပ်က ဆီးချိုနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ စားသောက်မှုပုံစံကို သိရှိဖို့နဲ့ နောက်တစ်ဆင့်က လိုက်နာဆောင်ရွက်ဖို့ပါ။ ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ ​ကြားဖူးမိနေမယ့်  ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ ရှိနေနိုင်ပါတယ်။ ဒါကတွေက မှန်ရဲ့လားဆိုတာကို အတူတူ ဆန်းစစ်ကြည့်ရအောင်နော်။ ဆီးချိုရှိရင် သကြား လုံးဝ ရှောင်ရမယ် ဆိးချို ရှိပြီဆိုတာနဲ့ သကြားကို လုံးဝ ရှောင်လိုက်ဖို့ မလိုပါဘူး။ ဒါပေမယ့် သ​ကြားပါဝင်မှုကိုတော့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ ဆီးချိုက နာတာရှည်ရောဂါ ဆိုပေမယ့်လည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးမယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်မယ်ဆိုရင် သက်တမ်းစေ့စေ့ နေထိုင်မှာပါ။ ဒီတော့ ဆီးချိုရှိသူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို စားသုံးရမလဲ။ ဘယ်အချက်လေးတွေကို ဂရုစိုက်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ ဆိုတာ ဆီးချိုရှိသူတွေအနေနဲ့ ကျန်းမာပျော်ရွှင်စွာနဲ့ သက်တမ်းစေ့စေ့နေနိုင်ဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။ ကျန်းမာရေးနဲ့ ညီတဲ့ ကာဗိုဟိုက်ဒရိတ်ကို ရွေးချယ်ပါ ကာဗိုဟိုက်ဒရိတ် အားလုံးက သွေးတွင်းသကြားဓာတ် အပေါ်မှာ သက်ရောက်မှု ရှိနေတာကြောင့် ကာဗိုဟိုက်ဒရိတ် ပါဝင်တဲ့ အစားအစာတွေကို စားသုံးတဲ့အခါ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီလိုဆိုတာနဲ့ ဆီးချိုရှိရင် ကာဗိုဟိုက်ဒရိတ် မစားရတော့ဘူးလားဆိုတေ့ာ မဟုတ်ပါဘူး။ ကျန်းမာစေမယ့် အစားအစာကို ရွေးချယ်ဖို့နဲ့ ပမာဏကို သတိထားရမှာပါ။ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ လေးတွေအကြောင်း ဆွေးနွေးရအောင်လား! သောက်စရာ တစ်ခုခုကို ရွေးချယ်တဲ့အခါ သာမန် ကျန်းမာနေသူ တစ်ယောက်အတွက်က ဘာမဆို အဆင်ပြေတယ်ဆိုပေမယ့် ဆီးချိုရှိသူတွေ အတွက်ကတော့ ထည့်သွံင်းစဉ်းစားရမယ့် အချက်တွေ များသလို အထပ်ထပ်လည်း စဉ်းစားရပါတယ်။ တစ်ခုခု သောက်တော့မယ်ဆိုရင် ပထမဆုံး စဉ်းစားမိတာက အချိုများမလား၊ တည့်ပါ့မလား၊ ဘယ်လောက်လောက် သောက်လို့ရမလဲ။ သွေးတွင်းသကြားဓာတ် မြင့်တက်စေမလားဆိုတာတွေပေါ့။ ဆီးချိုရှိသူတွေ ကိုရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ  ဆီးချိုရှိသူတွေကို ကျန်းမာရေး  ညီညွတ်စွာနဲ့ ရေဓာတ် ဖြည့်ပေးနိုင်မယ့် သောက်စရာတွေကတော့ (၁) သောက်ရေ ရေသန့်သန့်လေးက ဆီးချိုရှိသူတွေ ရဲ့ ရေဓာတ်လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်စွမ်းပေးမယ့် သောက်စရာလေးပါ။ ရေက ကာဗိုဟိုက်ဒရိတ်ရော၊ ကယ်လ်လိုရီ ပါဝင်မှုရော သုညပါ။ ဒါကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်မှာကို စိတ်ပူစရာ မလိုဘဲ စိတ်ရှိတိုင်း သောက်သုံးပေးလို့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခမ်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခမ်းခြောက် ခြင်း ဆီးချိုရောဂါ ခံစားနေရသူတွေက အခြားသူတွေထက် ရေဓာတ် ဆုံးရှုံးနိုင်ခြေပိုများပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကြောင့် ထိခိုက်နိုင်ခြေကလည်း ပိုများနေပါတယ်။ ရေဓာတ် ဆုံးရှုံးမှု များလေလေ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ရတာ ခက်လာလေလေပါ။ ဆီးချို လည်း ရှိမယ် အသက်အရွယ်ကလည်း ၅၀ ကျော်ဖြစ်နေမယ်ဆိုရင်တော့ ရေဓာတ် မဆုံးရှုံးဖို့က အတော်လေး အရေးကြီးပါတယ်။ အသက်ကြီးလာတဲ့အခါ ရေသောက်တာ နည်းလာတာကြောင့် ရေဓာတ်ပြည့်ဝမှု အားနည်းတတ်ကြသလို ဆီးချိုလည်း ရှိမယ်ဆိုရင် ကျန်းမာရေး ထိခိုက်နိုင်ခြေက အတော်လေး များတာကြောင့်ပါ။ ရေဓာတ်ခမ်းခြောက် နေတာလား....... ရေဓာတ်ခမ်းခြောက် နေတာလားဆိုတာကို ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။ ရေဆာမယ် ခေါင်းကိုက်မယ် ခံတွင်းခြောက်မယ် မျက်လုံးခြောက်မယ် ငြီးစီစီဖြစ်မယ် ပင်ပန်းနွမ်းနယ်မယ် ဆီးအရောင်ရင့်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ပြင်းထန်တဲ့ ရေဓာတ်ခမ်းခြောက် ခြင်း […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)