ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချိုဆေး မက်ဖော်မင် သောက်ရင် ကျောက်ကပ်ထိမှာလား

ဆီးချိုရောဂါရှင်တိုင်း မက်ဖော်မင် လို့ ပြောလိုက်ရင် မသိသူ မရှိပါဘူး၊၊ တချို့များဆို ဆရာဝန် မညွှန်ဘဲနဲ့တောင် သွေးချိုလေးတက်ပြီဆိုတာနဲ့ မက်ဖော်မင်လေး ဝယ်သောက်ကြတာတောင် ရှိပါတယ်၊၊ မက်ဖော်မင်က အမျိုးအစား ၂ ဆီးချိုရောဂါမှာ ထိပ်တန်းဆေး တစ်လက်ဖြစ်တာကြောင့် စကုပြီဆိုရင် မက်ဖော်မင်နဲ့ စလေ့ရှိပါတယ်၊၊ ဒါပေမယ့် တချို့လူနာတွေက ကိုယ့်ဟာကိုယ်ဆီးချိုရှိနေတာ အကောင်းသား၊ မက်ဖော်မင်လေး ဆွဲသောက်လိုက်တာ ဘယ်လောက်မှ မကြာဘူး၊၊ ကျောက်ကပ်ပျက်ပါရောလားဆိုပြီး ပြောလေ့ရှိပါတယ်၊၊ ဒါက တကယ်ပဲလား၊၊ မက်ဖော်မင် နဲ့ အမျိုးအစား ၂ ဆီးချိုရောဂါ အမျိုးအစား ၂ ဆီးချိုရောဂါမှာ မက်ဖော်မင်က ထိပ်တန်းဆေး ဖြစ်တဲ့အတွက် ဆီးချိုလူနာတော်တော်များများမှာ တခြားသော ခြွင်းချက်မရှိရင် မက်ဖော်မင် စပေးလေ့ရှိပါတယ်၊၊ ဒီကြားထဲမှာလည်း မက်ဖော်မင်နဲ့ ဆီးချိုထိန်းထားနိုင်တယ်ဆိုရင် ဒီဆေးပဲ ဆက်ပေးလေ့ရှိပါတယ်၊၊ ဒီတော့ ဆီးချိုလူနာတွေက […]


အမျိုးအစား (၂) ဆီးချို

ဆီးချို မရှိပေမယ့် သွေးတွင်းသကြားဓာတ် မြင့်လို့ စိတ်ညစ်နေရင်

ဆီးချို ရှိလားဆိုတော့လည်း မရှိဘူး။ ဒါပေမယ့် မိဘမျိုးရိုးမှာတော့ ဆီးချို ဖြစ်ဖူးတာရှိတယ်။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု သိပ်မလုပ်ဖြစ်တဲ့အတွက် သွေးချိုလေး သိရအောင်ဆိုပြီး စစ်ကြည့်လိုက်မှ သွေးချိုတွေ တက်နေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင် သွေးချိုပမာဏကို ကျန်းမာတဲ့ ပမာဏ ဖြစ်အောင် ဘယ်လို ထိန်းမလဲ။ မြင့်တက်နေတဲ့ သွေးချို ပမာဏကို ပုံမှန်အတိုင်းဖြစ်အောင် ဘယ်လို ထိန်းရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ သွေးချို ပမာဏ ဘယ်လောက်ဆို မြင့်တယ်လို့ ဆိုနိုင်လဲ။ မနက်အိပ်ရာနိုးချိန်မှာ တိုင်းလိုက်လို့ သွေးချိုပမာဏက 70-99 mg/dL ထက်နည်းနေမယ်ဆိုရင် ဒါက ပုံမှန်ပါပဲ။ တကယ်လို့ မနက်အစောပိုင်းမှာ သွေးချိုပမာဏက 100 ကနေ 126 mg/dL ကြားဖြစ်နေမယ်ဆိုရင် ဆီးချို အကြိုလက္ခဏာရှိနေတာပါ။ သွေးချိုပမာဏက 126 mg/dL နဲ့ […]


အမျိုးအစား (၂) ဆီးချို

အစ္စလာမ်ဘာသာဝင် ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော်

အစ္စလာမ်ဥပုသ်လက တစ်လနီးပါး ကြာမြင့်ပြီး မနက်အာရုဏ်တက်ချိန်မှ နေဝင်မိုးချုပ်သည်အထိ အစာစားတာ၊ ရေသောက်တာ၊ ဆေးသောက်တာ စတာတွေကို ရှောင်ကြဉ်ရပါတယ်။ ဥပုသ်ထွက်တဲ့ ညစာတစ်ကြိမ်၊ ဥပုသ်မဝင်ခင် မနက်စာ တစ်ကြိမ် ၂ကြိမ်ပဲ စားရပါတယ်။ ဒါကြောင့် ဆီးချိုလူနာတွေအနေနဲ့ ဥပုသ်စောင့် ဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒီလိုဆိုပေမယ့် ဥပုသ်လုံးဝမစောင့်ရတာတော့ မဟုတ်ပါဘူး။ ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော် အောက်ပါအချက်တွေကို နားလည်လိုက်နာဖို့ လိုပါတယ်။ သင်က ဥပုသ်စောင့် ဖို့ သင့်တော်တဲ့သူလား။ ဆီးချိုလူနာတိုင်းက ဥပုသ်စောင့်လို့ မရတာမဟုတ်ပါဘူး။ မိမိရဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး အန္တရာယ်အလွန်များတဲ့ အုပ်စု၊ အန္တရာယ်များတဲ့ အုပ်စု၊ အသင့်အတင့် ဒါမှမဟုတ် အန္တရာယ်နည်းတဲ့ အုပ်စု ဘယ်အုပ်စုထဲမှာ ရှိနေလဲဆိုတာကို သိဖို့ လိုပါတယ်။ ဒါကြောင့် တတ်နိုင်ရင်တော့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေ ဖောလစ်အက်ဆစ် သောက်တဲ့အခါ

ဆီးချို တစ်နေ့တစ်ခြား ဖြစ်ပွားမှု မြင့်တက်လာပါတယ်။ ဆီးချို အမျိုးအစား (၂) က လူ ၁၀၀ မှာ ၅၀ နဲ့အထက် ခံစားနေရတဲ့ ကျန်းမာရေးပြဿနာပါ။ ဆီးချိုက ဖြစ်ပြီဆိုရင် သူ တစ်မျိုးတည်း ဖြစ်တာ မဟုတ်ပါဘူး။ သူနဲ့အတူ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ယူဆောင်လာတတ်ပါသေးတယ်။ ဒါကြောင့် ဆီးချိုကို ခံစားရပြီး နှစ်အတော်ကြာလာတဲ့အခါ ကျောက်ကပ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းတာ၊ သွေးတိုးရောဂါတွေကို ခံစားလာရတာပါ။ တစ်ခါတလေမှာ သွေးတိုးကြောင့် ဆီးချို နောက်ဆက်တွဲဖြစ်တာမျိုးလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် B9 (ဖောလစ်အက်ဆစ်) ကဆီးချိုရှိသူတွေမှာ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဖောလစ်အက်ဆစ် ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးလဲ ....... ဖောလစ်အက်ဆစ်ကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိလား ....... မာလကာသီး စားပါ။

ဆီးချို ရှိတယ်ဆိုရင် ဘာစားစား သေချာလေး ဂရုစိုက်ရပါတယ်။ အကြောင်းကတော့ အစားမှားတာနဲ့ သွေးချိုမြင့်သွားလို့ပါ။ သွေးချို ခဏခဏ တက်တာက ရေရှည်မှာ ကျောက်ကပ်ထိခိုက်တာ အပါအဝင် ဆီးချို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ဘာစားစား ဂရုစိုက်နေရတဲ့ ဆီးချိုရှိသူတွေမှာ သစ်သီးစားမယ်ဆိုရင်လည်း အတော်လေး ဂရုစိုက်ရပါတယ်။ အချို့သော သစ်သီးတွေက သွေးချို တက်စေနိုင်လို့လေ။ ဒီတစ်ခေါက်တော့ ဆီးချို ရှိသူတွေနဲ့ တည့်ရုံတင် မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ အကျိုးပြုပေးနိုင်တဲ့ အသီးလေး တစ်ခု အကြောင်း နဲ့ ဒီ အသီးလေးက ဆီးချိုရှိသူတွေရဲ့ ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ပြောပြပေးသွားပါမယ်။ မာလကာသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ ........ ဆီးချို ရှိသူတွေနဲ့ တည့်တဲ့ မာလကာသီးလေးမှာ အခုလို […]


အမျိုးအစား (၂) ဆီးချို

အမျိုးအစား-၁ ဆီးချို နဲ့ အမျိုးအစား-၂ ဆီးချို ဘယ်လိုကွာခြားလဲ။

ဆီးချို လို့ဆိုလိုက်ရင် အားလုံးကို အတူတူပဲလို့ ယူဆတတ်ကြတာရှိသလို ဆီးချိုက နှစ်မျိုးရှိတယ်လို့ သိတဲ့သူတွေလည်း ရှိပါတယ်။ တကယ်ကတော့ ဆီးချိုကို အမျိုးအစား-၁ ဆီးချို နဲ့ အမျိုးအစား-၂ ဆီးချို ဆိုပြီး အဓိကအားဖြင့် ၂ မျိုးရှိပါတယ်။ ဒီဆီးချိုတွေက အမျိုးအစားတွေ ကွဲပြားသလို လက္ခဏာတွေရော ကုသမှုတွေမှာပါ ကွဲပြားမှုတွေ ရှိပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးအစား-၁ ဆီးချိုနဲ့ အမျိုးအစား-၂ ဆီးချိုတို့ကြားက ကွာခြားချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတိုင်း အတူတူလား ....... ဆီးချိုလို့ အားလုံးကို ခြုံပြီး ပြောပေမယ့် ဆီးချိုမှာ အမျိုးအစား-၁ ဆီးချို၊ အမျိုးအစား-၂ ဆီးချိုဆိုပြီး အကြမ်းဖျဉ်း (၂) မျိုး ခွဲခြားထားပါတယ်။ အမျိုးအစား-၁ ဆီးချိုရော အမျိုးအစား၂ ဆီးချိုရော နှစ်ခုစလုံးက သွေးတွင်းသကြားဓာတ် ပုံမှန်ထက် မြင့်တက်နေတာပါ။ အကြောင်းကတော့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ အစုံစုံ

ဆီးချိုရောဂါက သေချာမကုဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ နောက်ဆက်တွဲပြဿနာ တွေ ဝင်လာနိုင်ပါတယ်။ သေချာကုနေတာတောင်မှ လူနာက သွေးတွင်းသကြားဓာတ်ကို မထိန်းထားနိုင်ဘူးဆိုရင် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာတွေ က ထင်ထားတာထက် မြန်မြန်ရောက်လာနိုင်ပါတယ်။ ဒါထက်ပိုဆိုးတာက ဆီးချိုရောဂါရှိတာကို လုံးဝသိမနေဘဲ နောက်ဆက်တွဲဝေဒနာတစ်ခုခု ခံစားရမှ ဒါကို လာပြရင်း နောက်ကြောင်းပြန် စစ်ကြည့်လိုက်တဲ့အခါမှ ဆီးချိုရောဂါရှိနေတာကို သိလာရတာပဲ ဖြစ်ပါတယ်။ ဆီးချိုရောဂါက သွေးတွင်းသကြားဓာတ်တက်ရုံပဲ ဆိုပေမယ့် ဒီသကြားဓာတ်တွေက ခန္ဓာကိုယ်က ဆဲလ်တိုင်းက လိုအပ်နေတာကြောင့် ပုံမှန်အတိုင်း မဖြစ်တဲ့အခါ တစ်ကိုယ်လုံးမှာ နောက်ဆက်တွဲပြဿနာတွေ ဝင်လာရတာပဲ ဖြစ်ပါတယ်။ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ များ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ တွေထဲမှာ ရုတ်တရက် အခြေအနေပိုဆိုးလာပြီး အရေးပေါ်ကုသဖို့ လိုအပ်တာ ရှိသလို နာတာရှည်ဝေဒနာအနေနဲ့ တဖြည်းဖြည်း ပျက်စီးလာတာတွေလည်း ရှိပါတယ်။ ရုတ်တရက် ဖြစ်တတ်တဲ့ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရှိတဲ့ အမျိုးသားတွေမှာ ပန်းသေပန်းညှိုး မဖြစ်အောင် ကာကွယ်လို့ ရလား .......

ပန်းသေပန်းညှိုးဖြစ်တာက ဆီးချိုရှိတဲ့ အမျိုးသား ၃၅ ရာခိုင်နှုန်း ကနေ ၇၅ ရာခိုင်နှုန်းလောက်မှာ ခံစားရလေ့ရှိတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ဆီးချိုရှိတဲ့ အမျိုးသား ၇၅ ရာခိုင်နှုန်းလောက်ဟာ ဆီးချို စရှိပြီး ၁၀ နှစ် ကနေ ၁၅ နှစ်တာ ကာလအတွင်းမှာ ပန်းသေပန်းညှိုးရောဂါကို အခြေအနေ အတိုင်းအတာ တစ်မျိုးစီနဲ့ ရင်ဆိုင်ရပါတယ်။ ဒီပြဿနာက သက်လတ်ပိုင်းမှာ သိပ်မပြင်းထန်ပေမယ့် အသက် ၇၀ ကျော်လာပြီဆိုရင်တော့ ဒီ ကျန်းမာရေးပြဿနာရဲ့ သက်ရောက်မှုက အတော်လေး ပြင်းထန်လာတာမျိုးရှိနိုင်ပါတယ်။ ဆီးချိုရှိသူတွေမှာ ဘာလို့ ပန်းသေပန်းညှိုး ဖြစ်ရတာလဲ ....... ပန်းသေပန်းညှိုး ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တော်တော်လေး ရှုပ်ထွေးပါတယ်။ ဆီးချို ဖြစ်ပြီး အချိန်ကြာလာတဲ့အခါ ခန္ဓာကိုယ်က အာရုံကြောတွေ၊ ကြွက်သားတွေ နဲ့ သွေးကြောတွေက […]


အမျိုးအစား (၂) ဆီးချို

အချို စားလို့ ဆီးချိုဖြစ်တာလား ...........

ဆီးချိုလို့ ပြောလိုက်ရင် လူတော်တော်များများက အချို စားလို့လို့ ထင်တတ်ကြ၊ အချို စားလို့ ဆီးချိုဖြစ်တာလား ဆိုပြီး မေးတတ်ကြပါတယ်။ တကယ်ကတော့ ဆီးချိုဆိုတာ အချိုစားတာ တစ်ခုတည်းကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာ မဟုတ်ပါဘူး။ အချို စားတာများတာကြောင့် ဖြစ်တယ်ဆိုတာထက် သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေပြီး ဆီးချို ဖြစ်စေနိုင်တဲ့ အခြား အကြောင်းအရင်းတွေ အများကြီး ရှိနေပါတယ်။ ဆီးချိုကို အဓိကအားဖြင့် အမျိုးအစား (၁) ဆီးချို၊ အမျိုးအစား (၂) ဆီးချိုဆိုပြီး ခွဲခြားထားပေမယ့် ဒီဆောင်းပါးလေးထဲမှာတော့ အဖြစ်များတဲ့ အမျိုးအစား (၂) ဆီးချိုက အချိုစားလို့ ဖြစ်တာလား ဘာတွေကများ ဖြစ်စေနိုင်တာလဲဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီတော့ ကိုယ်တိုင်က ဆီးချို ဖြစ်မှာ ကြောက်တယ်ဆိုပေမယ့် သတိမထားမိဘဲ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုလူနာတွေမှာ သွေးကြောထိခိုက်မှု ကြောင့် ဘာတွေ ဖြစ်လာနိုင်သလဲ။

ဆီးချိုရောဂါဆိုတာ နာတာရှည် ရောဂါဖြစ်ပြီး ခန္ဓာကိုယ်ကနေ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ ခက်ခဲတဲ့ အခြေအနေတစ်ခုပါ။ သေချာမကုသဘူးဆိုရင် အချိန်ကြာလာတာနဲ့ အမျှ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဝေဒနာတွေကို ခံစားရမှာပါ။ ဒီထဲမှာ ဆီးချိုကြောင့် သွေးကြောထိခိုက်မှု တွေ ဖြစ်ပြီး သွေးကြောတွေ ကျဉ်းတာလည်း ပါပါတယ်။ သွေးကြောတွေ ကျဉ်းလာတာနဲ့အမျှ ကိုယ်တွင်းအင်္ဂါအတွက် လိုအပ်တဲ့ အာဟာရနဲ့ အောက်ဆီဂျင်တွေ မရတာကြောင့် ရေရှည်မှာ ကိုယ်တွင်းအစိတ်အပိုင်းတွေ ပျက်စီးတတ်ပါတယ်။ သွေးကြောရောဂါတွေက ပြင်းထန်ပြီး ဆီးချိုလူနာတွေရဲ့ အသက်ကို ခြိမ်းခြောက်နေတာကြောင့် သတိထားသင့်ပါတယ်။ ဆီးချိုရောဂါရှင်တွေမှာ သွေးကြောထိခိုက်မှု တွေ ဘာကြောင့် ဖြစ်ရတာလဲ။ အဓိက အချက်ကတော့ သွေးတွင်းသကြားဓာတ် မြင့်တက်လို့ပါ။ သွေးထဲမှာ သကြားဓာတ်တွေ များလွန်းနေတာက ရေရှည်မှာ ဆဲလ်နဲ့ တစ်ရှူးတွေကို ပျက်စီးစေပါတယ်။ ဒီထဲမှာ သွေးကြောနံရံတွေမှာ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)