ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ
ဆီးချိုက နာတာရှည်ရောဂါ ဆိုပေမယ့်လည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးမယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်မယ်ဆိုရင် သက်တမ်းစေ့စေ့ နေထိုင်မှာပါ။
ဒီတော့ ဆီးချိုရှိသူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို စားသုံးရမလဲ။ ဘယ်အချက်လေးတွေကို ဂရုစိုက်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။
ဆီးချိုရှိသူတွေအနေနဲ့ ကျန်းမာပျော်ရွှင်စွာနဲ့ သက်တမ်းစေ့စေ့နေနိုင်ဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။
ကာဗိုဟိုက်ဒရိတ် အားလုံးက သွေးတွင်းသကြားဓာတ် အပေါ်မှာ သက်ရောက်မှု ရှိနေတာကြောင့် ကာဗိုဟိုက်ဒရိတ် ပါဝင်တဲ့ အစားအစာတွေကို စားသုံးတဲ့အခါ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
ဒီလိုဆိုတာနဲ့ ဆီးချိုရှိရင် ကာဗိုဟိုက်ဒရိတ် မစားရတော့ဘူးလားဆိုတေ့ာ မဟုတ်ပါဘူး။ ကျန်းမာစေမယ့် အစားအစာကို ရွေးချယ်ဖို့နဲ့ ပမာဏကို သတိထားရမှာပါ။ ဆီးချိုရှိသူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ်တွေက
ဆား၊ အငန် လျှော့စားတာက သွေးပေါင်ချိန် တက်နိုင်တဲ့ အလားအလာကို လျှော့ချပေးနိုင်ပါတယ်။ ဒီလို လျှော့ချနိုင်မှုက သွေးတိုးရောဂါ မဖြစ်စေဖို့ ကာကွယ်ရာ ရောက်သလို နှလုံးရောဂါ ခံစားရနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေကိုပါ လျှော့ချရာ ရောက်ပါတယ်။
ဒါကြောင့် တစ်နေ့တာကို ဆားပမာဏ အများဆုံး ၆ ဂရမ် ( လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ) ပဲ စားသုံးပေးပါ။ အစားအစာ ရွေးချယ်တဲ့အခါ ဆားနည်းတာကို ရွေးချယ်ပါ။
ကာဗိုဟိုက်ဒရိတ် လျှော့စားရမယ်ဆိုတော့ အသား ပိုစားလိုက်မယ်။ ဒါက ကျန်းမာရေးနဲ့ ညီလိမ့်မယ်လို့ တွေးကောင်းတွေးမိနိုင်ပါတယ်။ ဒါက တကယ်တော့ အကြံကောင်း တစ်ရပ် မဟုတ်ပါဘူး။
အနီရောင်အသားတွေ၊ ပြုပြင်ထားတဲ့ အသားတွေက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်သလို ကင်ဆာရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကာဗိုဟိုက်ဒရိတ်အစား ပရိုတင်းနဲ့ ဖြည့်မယ်ဆိုရင်
ပဲအမျိုးမျိုးက အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ပေါ် သက်ရောက်မှု မရှိစေဘဲ ပရိုတင်း ဖြည့်ပေးမှာဖြစ်သလို အဆာခံနိုင်စေမှာပါ။ ငါးကလည်း ဆယ်လ်မွန်၊ မက်ကာရယ်တို့လိုမျိုး omega-3 ကြွယ်ဝတဲ့ ငါးတွေက နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ နေ့စဉ် စားသုံးမှုမှာ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် စားသုံးတာက ကျန်းမာဖို့အတွက် လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ် နဲ့ အမျှင်ဓာတ်တွေကို ထောက်ပံ့ပေးပါတယ်။
ဆီးချိုရှိသူအနေနဲ့တော့ အချိုများတဲ့ သစ်သီးတွေကို ရှောင်ဖို့ လိုပါမယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးဖို့ လိုပါမယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေက သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေ ရရှိစေဖို့
ဒါတွေအပြင်
အခုလို စားသောက်မှုတွေအပြင် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်တာက ဆီးချိုရောဂါကို ထိန်းညှိပေးဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။