ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အဆုတ်ကင်ဆာ

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်း

သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း (Pap Test) ဆိုတာဘာလဲ။ ဘာ့ကြောင့်စစ်ဆေးမှုခံယူဖို့လိုအပ်တာ လဲဆိုတာနဲ့ ဘယ်သူတွေကခံယူဖို့လိုအပ်တာလဲဆို တာကို အောက်ပါဆောင်းပါးကဖော်ပြပေးပါလိမ့်မယ်။     သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း လို့လည်းခေါ်တဲ့သည်စစ်ဆေး နည်းဟာ သင့်မှာသားအိမ်ခေါင်းကင်ဆာရှိမရှိကို စစ်ဆေးပေးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တိတိကျကျဆိုရရင် ဒီနည်းက သားအိမ်ဝဖြစ်တဲ့ သားအိမ်ခေါင်းမှာ ကင်ဆာဆဲလ်ဖြစ်ပေါ်နေတာ ဒါမှမဟုတ် ကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ရှိနေတာကို ရှာဖွေစစ်ဆေးပေးနိုင်ပါတယ်။ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း လုပ်နေစဉ်အတွင်း ဆရာဝန်တွေက သားအိမ်ခေါင်းမှာ ရှိတဲ့ဆဲလ်တွေကို ညင်သာစွာခြစ်ထုတ်ယူပြီး ပုံမှန်မဟုတ်တဲ့ကြီးထွားမှုရှိမရှိစစ်ဆေးမှာဖြစ်ပါတယ်။   သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ပြုလုပ်ရတဲ့အကြောင်းရင်းများ အမျိုးသမီး၊အမျိုးသားလိင်ဆက်ဆံမှုကနေ HPV (Human Papillomavirus)ဗိုင်းရပ်စ် ကူးစက်ခံရနိုင်တာ ကြောင့် သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း စစ်ဆေးမှုခံယူဖို့က အရမ်း အရေးကြီးပါတယ်။ လိင်မှုကိစ္စရှိနိုင်တဲ့ အမျိုးသမီး အားလုံးဟာ HPV ပိုးရှိနေနိုင်တဲ့အန္တရာယ်ရှိတာ ကြောင့် အနည်းဆုံး သုံးနှစ်တစ်ကြိမ်လောက်တော့ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း စစ်ဆေးမှုခံယူသင့်ပါတယ်။ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း က လိင်ကတဆင့်ကူးစက်တတ်တဲ့တခြား ရောဂါတွေကိုတော့ မစစ်ဆေးပေးနိုင်ပါဘူး။ တစ်ခါတရံ မှာတော့ ဒီနည်းက တခြားကင်ဆာတွေဖြစ်စေနိုင်တဲ့ ဆဲလ်ကြီးထွားမှုကို […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

Throat Cancer ( လည်ချောင်းကင်ဆာ )

လည်ချောင်းကင်ဆာ က အမျိုးသားမှာရော အမျိုးသမီးမှာပါ ဖြစ်နိုင်တဲ့ ကင်ဆာတစ်ခုပါ။ လည်ချောင်းကင်ဆာရဲ့ လက္ခဏာတွေကို သိရှိထားခြင်းက စောစောစီးစီး ကုသနိုင်စေဖို့  အထောက်အကူ ဖြစ်မှာပါ။ Throat Cancer ( လည်ချောင်းကင်ဆာ ) ကဘာလဲ။ အသံအိုး၊ အသံကြိုးအစရှိတဲ့ လည်ပင်းမှာရှိတဲ့ အစိတ်အပိုင်းများမှာဖြစ်တဲ့ ကင်ဆာတွေကို လည်ချောင်းကင်ဆာလို့ သတ်မှတ်ပါတယ်။ လည်ချောင်းကင်ဆာကို အပိုင်းနှစ်ပိုင်း ခွဲထားပါတယ်။ နှာခေါင်း၊ ခံတွင်းအနောက်မှာဖြစ်တဲ့ ကင်ဆာ (Pharynx) နဲ့ လည်မျို၊ အသံအိုး၊ အသံကြိုးများ ပါဝင်သော အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ဖြစ်တဲ့ကင်ဆာ (larynx) ရယ်လို့ ဖြစ်ပါတယ်။ လည်ချောင်းကင်ဆာ က ဘယ်လောက်အဖြစ်များသလဲ လည်ချောင်းကင်ဆာဟာ အခြားသောကင်ဆာတွေလောက် အဖြစ်မများပေမဲ့လည်း အတွေ့ရများတတ်ပါတယ်။ အမျိုးသားတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အရွယ်ရောက်ပြီးသူ ၁.၁ ရာခိုင်နှုန်းမှာ နှာခေါင်းနှင့် ခံတွင်းအနောက်မှာဖြစ်တဲ့ Pharynx […]


သားအိမ်ခေါင်းကင်ဆာ

Cervical Cancer (သားအိမ်ခေါင်းကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက် သားအိမ်ခေါင်းကင်ဆာ ဆိုတာ ဘာလဲ။ တခြားကင်ဆာတွေနည်းတူ သားအိမ်ခေါင်းကင်ဆာဟာလည်း (သားအိမ်ခေါင်းဆိုတာသားအိမ်ရဲ့ အောက်ဖက်အဝတစ်လျှောက်ကို ဆိုလိုပါတယ်) ဆဲလ်တွေထိန်းမနိုင်သိမ်းမရ ပွားတာကနေ အစပြုပါတယ်။ ဆဲလ်တွေ ဒီလို အလွန်အကျွံပွားတာကြောင့် အလုံးအကျိတ်ဖြစ်လာပြီး သားအိမ်ခေါင်းကင်ဆာရယ်လို့ ဖြစ်လာရပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Pap test လို့ခေါ်တဲ့ သားအိမ်ခေါင်းချွဲမြှေးစစ်တာကို သတ်မှတ်ထားတဲ့အချိန်တွေမှာ မှန်မှန်ပြုလုပ်စစ်ဆေးပေးမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာကို စောစီးစွာ ဖော်ထုတ်သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလို စောစီးစွာ သိရှိဖော်ထုတ်နိုင်မယ်ဆိုရင် ရောဂါကို ပျောက်ကင်းအောင်ကုသပေးနိုင်ခြေ ပိုများလာမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချထိန်းချုပ်ပေးနိုင်တဲ့ နည်းလမ်းတွေလည်း ရှိနေတာဖြစ်တဲ့အတွက် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းဟာ တဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ဘယ်လောက်အဖြစ်များသလဲ။ သားအိမ်ခေါင်းကင်ဆာဟာ အရမ်းအဖြစ်များပြီး အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ကာ အသက်အရွယ်မရွေး […]


ပြန်ရည်ကျိတ်ကင်ဆာ

Non-Hodgkin Lymphoma

အဓိပ္ပါယ်ဖွင့်ဆိုချက် Non-Hodgkin Lymphoma ကဘာလဲ။ Non-Hodgkin lymphoma ဆိုသည်မှာ ပြန်ရည်ကြော စနစ်တွင် ဖြစ်ပွားသော ကင်ဆာဖြစ်သည်။ ထိုကင်ဆာ အမျိုး အစားတွင် အကျိတ်များသည် lymphocyte ( သွေးဖြူဥများ) မှ ဖြစ်ပွားသည်။ ထိုဆဲလ်များကို ပြန်ရည်ဖု (lymph node)၊ ဘေလုံး နှင့် ကိုယ်ခံအားစနစ်၏ အခြားအင်္ဂါများတွင် တွေ့နိုင် သည်။ Non-Hodgkin lymphoma ၏ ဝိသေသလက္ခဏာ များသည် မည်သည့်နေရာတွင်မဆို စတင်နိုင်ပြီး ခန္ဓါကိုယ်ရှိ မည်သည့်အင်္ဂါကိုမဆို ပျံ့နှံ့နိုင်ပါသည်။ Non-Hodgkin lymphoma အမျိုးအစား များစွာရှိပါသည်။ သို့သော် အဖြစ် အများဆုံးမှာ diffuse B-cell lymphoma နှင့် follicular lymphoma တို့ဖြစ်ပါသည်။ Non-Hodgkin Lymphoma က ဘယ်လောက်အဖြစ်များသလဲ။ ကိုယ်ခံအားစနစ် အားနည်းသောလူများသည် […]


အခြားကင်ဆာများ

Uterine Cancer (သားအိမ်ကင်ဆာ)

သားအိမ်ကင်ဆာ ဆိုတာ သားအိမ်ခေါင်းကင်ဆာ‌လောက် အဖြစ်မများပေမယ့် သတိထားရမယ့် ကင်ဆာပါ။ လက္ခဏာတွေကို သိရှိထားခြင်းက စောစောစီးစီး သိစေဖို့ အထောက်အကူ ဖြစ်မှာပါ။ Uterine Cancer ( သားအိမ်ကင်ဆာ ) ဆိုတာ  ဘာလဲ။ သားအိမ်ကင်ဆာဆိုတာ သားအိမ်ရဲ့ အတွင်းနံရံကနေ ဖြစ်ပွားတဲ့ ကင်ဆာအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ သားအိမ်က ဆီးအိမ်နဲ့ အူမကြီး အနှောင်းပိုင်းကြားမှာ ရှိပါတယ်။ သားအိမ်ခေါင်းက မွေးလမ်းကြောင်းနဲ့ ဆက်စပ်နေပြီး သားအိမ်ကိုယ်ထည်ကတော့ သားဥပြွန်နဲ့ ဆက်ထားပါတယ်။ ကင်ဆာက သားအိမ်တစ်ရှူးအလွှာများမှာ ဖြစ်နိုင်သလို သားအိမ်ရဲ့ ကြွက်သားတွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။ သားအိမ်ကင်ဆာရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ကင်ဆာက အစောပိုင်းမှာ သိပ်ပြီး  လက္ခဏာမပြတတ်ပါဘူး။ နည်းနည်းရင့်လာရင်တော့ အောက်ပါ လက္ခဏာတွေ ပြနိုင်ပါတယ်။ ဒီလက္ခဏာတွေက ကင်ဆာအပြင် တခြားမီးယပ်ရောဂါတွေမှာလည်း ဖြစ်တတ်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ […]


သားဥအိမ်ကင်ဆာ

ကိုယ်ဝန်မဆောင်သော အမျိုးသမီးများ မျိုးဥအိမ် ကင်ဆာပိုဖြစ်နိုင်သလား

မျိုးဥအိမ်ကင်ဆာသည် အမျိုးသမီးကင်ဆာ များ၏ ၃ ရာခိုင်နှုန်းခန့်ရှိပြီး အခြားအမျိုးသမီး မျိုးပွားအဂါၤကင်ဆာများနှင့်ယှဉ်လျှင် သေနှုန်းမြင့်သော ကင်ဆာလည်းဖြစ်သည်။ ဖြစ်နိုင်ချေတစ်ချက်မှာ ကိုယ်ဝန်ဆောင်ရာဇဝင် နှင့်ပတ်သက်နေသည်။   မျိုးပွားရာဇဝင်ဟာ မျိုးဥအိမ်ကင်ဆာ ဖြစ်နှုန်းအပေါ်ဘယ်လိုလွမ်းမိုးနေသလဲ။ ကိုယ်ဝန်မယူရန်ရွေးချယ်ရသောအကြောင်းများစွာ ရှိနိုင်ပါသည်။ ဥပမာ_ ငွေကြေး၊ယုံကြည်ချက်၊အနာဂတ်အစီအစဉ် စသည့် အခက်အခဲ များစွာ တို့ကြောင့်ဖြစ်နိုင်ပါသည်။ ဒါပေမယ့် ထိုဆုံးဖြတ်ချက်သည် ကျန်းမာရေးရှုထောင့် အနေနဲ့တော့ အပြည့်အ၀ အကျိုးမရှိနိုင်ပါ။ လေ့လာချက်များအရ ကလေးမမွေးသော၊ အသက်၃၅နှစ်ကျော်မှမွေးသော၊ ကလေးနည်းသော အမျိုးသမီးများတွင် မျိုးဥ အိမ် ကင်ဆာ ဖြစ်နိုင်ချေ ပိုများပါသည်။ လေ့လာမှုအရ အမျိုးသမီးများ ရာသီလာသည့်အကြိမ်ရေများသည်နှင့် အမျှ မျိုးဥအိမ်ကင်ဆာဖြစ်နိုင်ချေပိုများပါသည်။ အကြောင်းမှာ အီစထရိုဂျင်ဟော်မုန်း ထိတွေ့မှုများခြင်းကြောင့်ဖြစ်သည်။ ကိုယ်ဝန်ဆောင်၊ကလေးမွေးချိန်တွင် ရာသီမလာသောကြောင့် အီစထရိုဂျင် ဟော်မုန်းနဲ့ ထိတွေ့မှု နည်းစေသည်။ ဒါကြောင့် ကိုယ်ဝန်ဆောင်၊ နို့တိုက်သူများတွင် မျိုးဥအိမ်ကင်ဆာကို ကာကွယ်ပြီးဖြစ်ပါသည်။   မျိုးဥအိမ်ကင်ဆာဖြစ်နိုင်ခြင်း အခြားအကြောင်းများ မျိုးဥအိမ်ကင်ဆာသည် အခြားအကြောင်းအရာများပေါ် […]


အသည်းကင်ဆာ

အသည်းကင်ဆာ-ဆေးလိပ်ဖြတ်ရန်အကြံပြုချက်များ

လေ့လာချက်များအရ အသည်းကင်ဆာဖြစ်သူ ၁၂၅ယောက်တိုင်းတွင် ထက်ဝက်နီးပါးသည် aဆးလိပ်သောက်ခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်းတွေ့ရသည်။ ဆိုလိုသည်မှာ aဆးလိပ်သောက်ခြင်းသည် အသည်းကင်ဆာဖြစ်ပွားမှု အလားအလာကများစွာ မြင့်တက်စေသည်။ ဤအချက်ကို လက်ခံရန် လွယ်ကူသော်လည်း ဆေးလိပ်ဖြတ်ရန်မှာ မလွယ်လှပါ။ ထိုအတွက် စိတ်ပူရန်မလိုပါ။ အောက်ပါ အကြံပြုချက်များကိုလိုက်နာခြင်းဖြင့် ဆေးလိပ်ဖြတ်နိုင်ပါသည်။ အကြောင်းပြချက်ရှာပါ ရှေးဦးစွာဆေးလိပ်ဖြတ်ရန်ခိုင်လုံသော ကိုယ်ပိုင်အကြောင်းပြချက်တစ်ခု ချရေးပါ။ ဆေးလိပ်ဖြတ်ချင်သည့် အကြောင်းရင်းများကို စာရင်းတစ်ခုလုပ်ပြီး ဆေးလိပ်သောက်ချင်လာပါက ထိုစာရင်းကိုပြန်ဖတ်ပါ။ အဘယ့်ကြောင့် ဆေးလိပ်ဖြတ်ချင်သည်ကို ပြန်သတိရပါ။ မိသားစုကို ကာကွယ်ဖို့/ကိုယ်ချစ်ရတဲ့သူတွေ ဆေးလိပ်ငွေ့မရှုမိဖို့/ကိုယ့်ကလေးငယ်တွေ အတုယူမမှားမိစေဖို့/အဆုတ်ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားမှုအလားအလာနည်းဖို့/ငယ်ရွယ်သန်မာဖို့ စသဖြင့်အကြောင်းပြချက်လေးတွေ ချရေးထားလိုက်ပါ။ ထိုလက်တွေ့ကျတဲ့ အကြောင်းပြချက်လေးတွေဟာ ဆေးလိပ်ပြတ်ဖို့ များစွာကူညီပေးနိုင်ပါလိမ့်မည်။ အရည်ပြောင်းသောက်ပါ အရက်သောက်ခြင်းဖြင့် ဆေးလိပ်ဖြတ်ရန်ပိုမိုခက်ခဲစေလိမ့်မည်။ Cokeကဲ့သို့ ဂတ်စ်ပါသော အချိုရည်များကလည်းေ ဆးလိပ်ဖြတ်ဖို့ခက်ခဲစေသည်။ လက်ဖက်ရည်နှင့် ကော်ဖီတို့ကလည်း ဆေးလိပ်အရသာကို ပိုကောင်းစေသည်။ ၎င်းတို့ကိုသောက်မည့်အစား ရေနှင့်သစ်သီးဖျော်ရည်များကို သောက်ခြင်းဖြင့် ကျန်းမာရေးကို […]


အသည်းကင်ဆာ

ကလေးဘဝတွင် အသည်းကင်ဆာ ကုသမှုအပြီးနောက်အသည်းနှင့် သည်းခြေပြွန်၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ

ကုသမှုအပြီး နှစ်များစွာအကြာတွင် သင်၏ကလေးသည် ကင်ဆာကုသမှု၏ နောက်ဆက်တွဲ သက်ရောက်မှုများကို ခံစားရနိုင်သည်။ သင့်ကလေး၏ ကိုယ်တွင်းအင်္ဂါများ၊ တစ်ရှူးများနှင့် အရိုးများကို အန္တရာယ်ဖြစ်စေနိုင်ပြီးဆိုးရွားသောကျန်းမာရေး ပြဿနာများ ဖြစ်နိုင်သည်။ ကလေးဘဝတွင် ကင်ဆာကုသခဲ့ပြီးနောက် အသည်းနှင့် သည်းခြေပြွန်တွင် နောက်ဆက်တွဲ သက်ရောက်မှုများ ဖြစ်ပွားလေ့ရှိသည်။ နောက်ဆက်တွဲ သက်ရောက်မှုများသည် ကင်ဆာကုသမှု ကြောင့်သာလျှင် မဟုတ်ပါ။ အခြား ခန္ဓါကိုယ် အစိတ်အပိုင်းများကိုကုသမှုမှလည်း ဖြစ်နိုင်သည်။ ကလေးတစ်ဦးချင်းစီတွင် မတူညီသောကင်ဆာကုသမှု ရှိသောကြောင့် နောက် ဆက်တွဲ သက်ရောက်မှုများသည်လည်းကွဲပြားနိုင်သည်။ ကလေးကို အန္တရာယ်သက်ရောက်စေသောအရာများမှာ- • ကုသမှုခံယူစဉ် ကလေး၏ အသက်အရွယ် • ကင်ဆာမဖြစ်ခင်ကကလေး၏ အလုံးစုံကျန်းမာရေး • ကလေး၏ မျိုးရိုးဗီဇဖွဲ့စည်းမှု (အချို့ ကျန်းမာရေး ပြဿနာများသည် မျိုးရိုးလိုက်သည်) အချို့ ကုသမှုအမျိုးအစားများသည် နောက်ဆက်တွဲ သက်ရောက်မှု ဖြစ်နိုင်ချေ ပိုမြင့်သည်။ ဥပမာ- ခွဲစိတ်ကုသမှု၊ […]


အရေပြားကင်ဆာ

အရေပြားကင်ဆာကို ဘယ်လိုကာကွယ်မလဲ

အရေပြားကင်ဆာ အများစုဟာ ကြိုတင်ကာကွယ်နိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ အရေပြားကင်ဆာကနေ ဘယ်လိုကာကွယ်မလဲဆိုတဲ့ ဖေါ်ပြချက်တွေပဲ ဖြစ်ပါတယ်။ နေ့လည်ခင်းမှာ နေအပူဒဏ်ကို ရှောင်ကျဉ်ခြင်း လေ့လာမှုတွေအရ နေအပူချိန်ဟာ ၁၀နာရီကနေ ၄ နာရီအတွင်းမှာ အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အပြင်ထွက်မယ်ဆိုရင် နေရောင်ခြည် အပြင်းထန်ဆုံးဖြစ်ချိန်မှာ ထိတွေ့မှု ရှောင်ကျဉ်နိုင်ဖို့အတွက် ဆောင်းရာသီ ဖြစ်ရင်တောင် (သို့) မိုးအုံ့နေရင်တောင် အခြားအချိန်တွေကို ရွေးသင့်ပါတယ်။ UVrays တွေကို အရေပြားက တစ်နှစ်ပတ်လုံး စုပ်ယူနေတာ ဖြစ်ပါတယ်။ မိုးတိမ်တွေဟာ UVB rays အများစုကိုသာ တားမြစ်နိုင်ပြီးတော့ UVA rays တွေကို တားမြစ်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် နေအပူဆုံးအချိန်မှာ နေလောင်ခြင်းနဲ့ နေကြောင့် အသားရောင်ညိုခြင်းတွေဟာ အရေပြားကိုပျက်စီးစေပြီး အရေပြားကင်ဆာ ဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။ အချိန်အကြာကြီး […]


ရင်သားကင်ဆာ

ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

ရင်သားကင်ဆာဟာ အမျိုးသမီးတွေကြားမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်ခုဖြစ်ပေမယ့် ကိုယ်ဝန်ရှိစဉ် ဖြစ်ပွားခြင်းကတော့ ရှားပါးပါတယ်။ ဒါပေမယ့် မကြာသေးမီက နှစ်တွေမှာ ဒီလိုကိစ္စတွေကို ပိုမိုတွေ့လာရပါတယ်။ တကယ်လို့ ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာ ရှိမယ်ဆိုရင် ကုသမှုဟာ ရှုပ်ထွေးပေမယ့် ကုလို့ မရဘူးလို့ မဆိုလိုပါဘူး။ ဒီရောဂါကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ကြရအောင်။ ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ ဆိုတော့ ကိုယ်ဝန်ရှိစဉ်မှာ ရင်သားကင်ဆာ ကုသမှု ကိုယ်ဝန်ရှိစဉ်မှာ ရင်သားကင်ဆာ ကုသမှုက သင့်ကိုယ်ခန္ဓာအတွင်းမှာ ကလေးတစ်ယောက် ရှိနေတာကြောင့် သာမန်အမျိုးသမီးထက် ပိုရှုပ်ထွေးနိုင်ပါတယ်။ ကုသမှုရဲ့ ရည်ရွယ်ချက်ကတော့ ရောဂါကုသဖို့နဲ့ အသက်ရှည်စေဖို့၊ တကယ်လို့ ကုလို့မရနိုင်တော့ရင် ထိန်းချုပ်ဖို့နဲ့ ကလေးကို ကာကွယ်ဖို့တွေ ပါဝင်ပါတယ်။ ကုသမှုက ကလေးကြီးထွားမှုကို သက်ရောက်မှု ရှိတာကြောင့် ကုသမှုအဆင့်တွေကို သေချာစီစဉ်သင့်ပါတယ်။ ကိုယ်ဝန်ကို ဆက်လက်ထားခြင်း ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာရှိနေရင် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း