backup og meta

အရေပြားကင်ဆာကို ဘယ်လိုကာကွယ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 03/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားကင်ဆာကို ဘယ်လိုကာကွယ်မလဲ

    အရေပြားကင်ဆာ အများစုဟာ ကြိုတင်ကာကွယ်နိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ အရေပြားကင်ဆာကနေ ဘယ်လိုကာကွယ်မလဲဆိုတဲ့ ဖေါ်ပြချက်တွေပဲ ဖြစ်ပါတယ်။

    နေ့လည်ခင်းမှာ နေအပူဒဏ်ကို ရှောင်ကျဉ်ခြင်း

    လေ့လာမှုတွေအရ နေအပူချိန်ဟာ ၁၀နာရီကနေ ၄ နာရီအတွင်းမှာ အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အပြင်ထွက်မယ်ဆိုရင် နေရောင်ခြည် အပြင်းထန်ဆုံးဖြစ်ချိန်မှာ ထိတွေ့မှု ရှောင်ကျဉ်နိုင်ဖို့အတွက် ဆောင်းရာသီ ဖြစ်ရင်တောင် (သို့) မိုးအုံ့နေရင်တောင် အခြားအချိန်တွေကို ရွေးသင့်ပါတယ်။ UVrays တွေကို အရေပြားက တစ်နှစ်ပတ်လုံး စုပ်ယူနေတာ ဖြစ်ပါတယ်။ မိုးတိမ်တွေဟာ UVB rays အများစုကိုသာ တားမြစ်နိုင်ပြီးတော့ UVA rays တွေကို တားမြစ်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် နေအပူဆုံးအချိန်မှာ နေလောင်ခြင်းနဲ့ နေကြောင့် အသားရောင်ညိုခြင်းတွေဟာ အရေပြားကိုပျက်စီးစေပြီး အရေပြားကင်ဆာ ဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။ အချိန်အကြာကြီး နေပူဒဏ်ခံမိပြီဆိုရင် စုပြုံလာတဲ့ ပျက်စီးခြင်းတွေဟာ အရေပြား ကင်ဆာကို ဖြစ်စေပါတယ်။

    နေပူခံလိမ်းဆေးကို တစ်နှစ်ပတ်လုံး လိမ်းပေးသင့်ပါတယ်။ နေပူခံလိမ်းဆေးတွေဟာ အန္တရာယ်ရှိတဲ့ UV rays တွေ အကုန်လုံးကိုတော့ စစ်ထုတ်မပေးနိုင်ဘူးဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် melanoma ကို ဖြစ်စေတဲ့ UV rays တွေကို မစစ်ထုတ်ပေးနိုင်ပါဘူး။ ဒါပေမယ့် သူတို့ဟာ အကြမ်းမျဉ်း နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။

    SPF အနည်းဆုံး ၁၅ (သို့) ၃၀ နဲ့ အထက်ပါရှိပြီး UVA ရော UVB ရောကို ကာကွယ်ပေးနိုင်တဲ့ နေပူဒဏ်ခံ လိမ်းဆေးတွေကို အသုံးပြုသင့်ပါတယ်။ နေပူခံလိမ်းဆေးကို အများအပြားသုံးပြီး အပြင်မထွက်ခင် ၁၅ မိနစ်လောက်ကြိုတင် လိမ်းပေးသင့်ပါပြီး နှစ်နာရီ တစ်ခါ ပြန်လည် လိမ်းပေးသင့်ပါတယ်။ ရေကူးမယ်ဆိုရင် (သို့) ချွေးထွက်မယ်ဆိုရင် ပြန်လည်လိမ်းပေးသင့်ပါတယ်။

    ကာကွယ်ပေးတဲ့ အဝတ်အစားတွေကိုလည်း ဝတ်ဆင်သင့်ပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ နေပူခံလိမ်းဆေးတွေဟာ UV rays တွေကနေ အပြည့်အဝ ကာကွယ်မပေးနိုင်ပါဘူး။ ဒါကြောင့် အသားအရည်ကို အရောင်ရင့်တဲ့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေကို ဝတ်ဆင်သင့်ပြီး နားပန်းကြီးတဲ့ ဦးထုတ်နဲ့ နေကာမျက်မှန်တွေကိုလည်း အသုံးပြုသင့်ပါတယ်။ အချို့ကုမ္ပဏီတွေဟာ နေကာနိုင်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို ထုတ်လုပ်ပါတယ်။ ဒါဟာ အချို့လူတွေအတွက် အသုံးဝင်နိုင်ပါတယ်။ သင့်ဆရာဝန် (သို့) အရေပြားဆရာဝန်ကို သင့်တော်တဲ့ တံဆိပ်ကို မေးမြန်းနိုင်ပါတယ်။ နေကာမျက်မှန်တွေဟာလည်း မမေ့လျော့သင့်တဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ UVA ရော UVB ရောကို တားပေးတဲ့ နေကာမျက်တွေကို ရွေးချယ်သုံးစွဲသင့်ပါတယ်။

    အသားညိုစေတဲ့ အိပ်ယာတွေကို ရှောင်ကျဉ်သင့်ပါတယ်။ သူဟာ အရေပြားရောဂါကို ဖြစ်စေတဲ့ အချက်တစ်ခုဖြစ်ပြီး UV rays တွေကို ထုတ်လွှတ်ပေးပါတယ်။ လေ့လာမှုတွေက tanning beds အသုံးပြုသူတွေဟာ အသုံးမပြုသူတွေထက် အရေပြားကင်ဆာဖြစ်ပွားနှုန်းပိုမို မြင့်တက်စေတယ်လို့ ဆိုပါတယ်။

    အရေပြားကို နေရောင်ခြည်ကို ပိုမိုခံစားနိုင်စေတဲ့ ဆေးတွေကို ရှောင်ကျဉ်ပါ။ အချို့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေနဲ့ ဆေးဆိုင်မှာ ဝယ်နိုင်တဲ့ ဆေးတွေဖြစ်တဲ့ ပိုးသတ်ဆေးနဲ့ အလှအပ ပစ္စည်းတွေဟာ နေရောင်ခြည်ဒဏ်ကို ပိုမို ခံစားရစေပါတယ်။ ဆေးသောက်သုံးပြီး ဘေးထွက်ဆိုးကျိုးတွေကို မသိဘူးဆိုရင် ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။ ဆရာဝန် က သင့်ကို ဘေးထွက်ဆိုးကျိုးတွေအကြောင်း ပြောပြပြီး ပြဿနာကို ဖြေရှင်းပေါ်နိုင်ပါတယ်။ တကယ်လို့သူတို့ဟာ နေပိုလောင်စေနိုင်တယ်ဆိုရင် နေပူဒဏ်ကနေ ရှောင်ကျဉ်ဖို့နဲ့ အကာအကွယ် ပစ္စည်းတွေ သုံးဖို့ကို ပိုမိုဂရုစိုက်သင့်ပါတယ်။

    သင်ကိုယ်တိုင် လစဉ် စစ်ဆေးပါ။ အရေပြားဆရာဝန် အတော်များများကတော့ လက်တစ်ဘက်မှာ မှန်ကိုကိုင်ပြီး မျက်နှာ၊ လည်ပင်း၊ နားရွက်၊ ဦးရေပြားတွေကို အလင်းကောင်းစွာ ရတဲ့ အခန်းထဲမှာ တစ်လတစ်ခါ စစ်ဆေးကြည့်သင့်ပါတယ်။ သင့်နောက်ပိုင်းကို ကြည့်ပေးဖို့လည်း partner ကို တောင်းဆိုသင့်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အရာတွေ၊ အရေပြားအဖုတွေနဲ့ နဂိုရှိပြီးသား မှဲ့တွေ၊ တင်းတိပ်တွေ၊ အဖုတွေ၊ မွေးရာပါ အမှတ်တွေရဲ့ ပြောင်းလဲမှုတွေကို စစ်ဆေးသင့်ပါတယ်။ ပုံမှန်မဟုတ်တဲ့ မှဲ့တစ်ခုတွေ့ပြီဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။

    နှစ်စဉ် စစ်ဆေးပြသသင့်ပါတယ်။ အရေပြားကင်ဆာ ရှာဖွေမှုကို တစ်နှစ်တစ်ခါ ပြုလုပ်ဖို့ အရေးကြီးပါတယ်။ လူအချို့မှာ ဆရာဝန်တွေဟာ လူနာရဲ့ ရောဂါဖြစ်ပွားနှုန်းပေါ် မူတည်ပြီး ပုံမှန်ထက်ပိုပြီး အကြိမ်ရေတိုး ခေါ်တတ်ကြပါတယ်။

    အရေပြား ကင်ဆာကို စောစီးစွာ တွေ့ရှိခြင်းဟာ သင့်အသက်ကို ကယ်တင်နိုင်ပါတယ်။ ဒါကြောင့် သင့်အရေပြားကို တစ်လတစ်ခါ ကြည့်ရှုစစစ်ဆေးသင့်ပါတယ်။ အသစ်ပေါ်လာတဲ့ (သို့) ပြောင်းလဲသွားတဲ့ အရာတွေတွေ့ရင် ဆရာဝန်ကို ပြသစစ်ဆေးစေသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 03/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement