ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ။ မနက်ခင်းတိုင်းကို ခေါင်းကိုက်ရင်း နိုးထနေရပြီဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ပြောချင်ပါတယ်။ မနက်ခင်းတိုင်းမှာ ဘာကြောင့် ခေါင်းကိုက်ရင်း နိုးထနေရတာလလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်နော်။ မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ဘာကြောင့်များ ဖြစ်မလဲ။ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်တာကို ခံစားရသူကတော်တော်များများတော့ ရှိပါတယ်။ တကယ်ကတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ နေ့စဉ်ဘဝမှာ နေထိုင်မှုပုံစံတွေကြောင့်အပြင် အိပ်စက်မှုပုံစံ မမှန်တာကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ https://youtu.be/UCIuNfTM1ZA ကဲ ..... ဒီတော့ ကိုယ်တိုင်ရော မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ကိုက်နေရတာဟာ ဘာကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အိပ်ရေးမဝတာ အိပ်ရာနိုးလာချိန်မှာ ခေါင်းကိုက်တယ်လို့ ခံစားရတာက အိပ်ရေးပျက်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အိပ်ရာဝင်နောက်ကျတာ၊ ကောင်းကောင်း […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းတစ်ခြမ်းကိုက် ရောဂါလက္ခဏာများ

ခေါင်းတစ်ခြမ်းကိုက် ရောဂါလက္ခဏာများ က သတိပေးတဲ့ လက္ခဏာတွေဖြစ်တဲ့ ပြိုးပြိုးပြက်ပြက် အလင်းရောင်၊ ခြေလက်ထုံကျဉ်ခြင်း၊ ပျို့အန်ခြင်းနဲ့ အလင်းနဲ့ အသံကို မခံနိုင်ခြင်း စတဲ့ အချက်တွေ အရင်ဖြစ်ပြီးနောက် (သို့) အတူတွဲ ဖြစ်သော ခေါင်းကိုက်မှုတစ်ခု ဖြစ်ပါတယ်။ နာကျင်မှုဟာ ပြင်းထန်ပြီးတော့ နာရီများစွာ (သို့) ရက်ပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။ ဒါတွေ ကြိုမဖြစ်ဘဲ တန်းပြီး ခေါင်းတစ်ခြမ်းကိုက်တာမျိုးလည်း ရှိပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ ဦးနှောက်သွေးကြောဖောင်းလာတာနဲ့ ဒီသွေးကြောတွေကို ရစ်ပတ်ထားတဲ့ အာရုံကြောမျှင်တွေကနေ ဓာတုပစ္စည်း ထုတ်လုပ်မှုတို့ကြောင့် ပေါင်းစပ်ဖြစ်ပေါ်ပါတယ်။ ခေါင်းကိုက်နေစဉ်မှာ သွေးကြောဟာ ကျယ်လာပါတယ်။ ဒါဟာ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို ဖြစ်စေတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လုပ်ပေးပြီးတော့ သွေးကြော ကျယ်လာခြင်းကို ထပ်မံဖြစ်စေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ sympathetic အာရုံကြောစနစ်ကို တုံ့ပြန်ခြင်းကိုဖြစ်စေကာ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ဦးနှောက် ထိခိုက်ခံထားရသူတွေကို ဘယ်လိုကူညီမလဲ

လက္ခဏာများနှင့် ကူညီနိုင်မှုတစ်ခါတစ်ရံ အမြင့်မှ ပြုတ်ကျတာတို့ မတော်တဆမှုတို့ကြောင့် ခေါင်းကိုထိခိုက်မိတဲ့ အခါမှာ ဦးနှောက်ဒဏ်ရာ ရတတ်ပါတယ်။ ဦးခေါင်းနဲ့ မျက်နှာတို့မှာ ထိခိုက်ဒဏ်ရာတွေ ရှိသော်လည်း ဦးနှောက်ထိခိုက်မိတဲ့ လက္ခဏာတွေ ကိုတော့ မတွေ့ ရပါဘူး။ ဦးနှောက်ကို ထိခိုက်လားကြည့်ပါ။ ဦးနှောက်ထိခိုက်ပြီဆိုရင်တော့ အောက်ပါ နေရာတွေမှာ အပြောင်းအလဲတွေ တွေ့ နိုင်ပါတယ်။ တွေးတောကြံဆခြင်းနှင့် မှတ်မိနိုင်ခြင်း • ရှင်းရှင်းလင်းလင်းမတွေးနိုင်ခြင်း • နှေးကွေးခြင်း • အာရုံမစိုက်နိုင်ခြင်း • အသစ်အသစ်တွေကို မမှတ်သားနိုင်တော့ခြင်း ရုပ်ပိုင်းဆိုင်ရာများ • မူးဝေပျို့အန်ခြင်း • ခေါင်းကိုက်ခြင်း • အမြင်များေဝဝါးနေခြင်း • ခေါင်းမူးခြင်း • ကျယ်လောင်တာနှင့် အမြင်စူးခြင်းများ မခံနိုင်ခြင်း • ကိုယ်ဟန်ချက်ကို မထိန်းနိုင်ခြင်း • အင်းအားကုန်ခန်းနေသည်ဟု ခံစားနေရခြင်း စိတ်ခံစားမှုအခြေအနေများ • အလွယ်တကူ စိတ်ဆိုး စိတ်ပျက်လွယ်ခြင်း • ဝမ်းနည်းတတ်ခြင်း • စိတ်လှုပ်ရှားတတ်ခြင်း • ပိုပြီးခံစားလွယ်နေခြင်း အိပ်စက်မှု • နဂိုထက် ပိုမို အိပ်စက်ခြင်း • နဂိုထက် အအိပ်အနေ နည်းခြင်း • အိပ်ပျော်ရ ခက်ခဲခြင်း သူတို့ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

အာရုံစူးစိုက်မှုကို ပျက်ပြားစေသည့်အရာများ

လူတိုင်းလူတိုင်းဟာ သူတို့အလုပ်တွေပြီးစီးနိုင်ဖို့ အာရုံစူးစိုက်မှုလိုပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေကိစ္စတစ်ခုခုကြောင့် စူးစိုက်မှုပျက်ပြားတတ်တယ်။ ဒါကြောင့် ဒီလိုအာရုံလွဲတာတွေ မဖြစ်ရအောင် အာရုံစူးစိုက်မှုပျက်ပြားစေတဲ့ အချက်လေးတွေသိထားသင့်ပါတယ်။ အလုပ်များများ တစ်ခါတည်းလုပ်ခြင်း အတော်များများတွေးကြတာက အလုပ်များများ တစ်ခါတည်းလုပ်ခြင်းဟာ အချိန်ကုန်သက်သာစေတယ် ဆိုတာပါပဲ။ တကယ်တော့ မမှန်ပါဘူး။ အလုပ်တစ်ခုကနေတစ်ခုကိုအာရုံပြောင်းနေရတာကအချိန်ပိုကုန်စေပါတယ်။ အလုပ်တွေကအာရုံစူးစိုက်မှု သိပ်မလိုရင် ဒါမှမဟုတ် အရမ်းအလောတကြီးဖြစ်နေမှသာအလုပ်များများ တစ်ခါတည်းလုပ်သင့်တယ်။ ဖုန်းနဲ့ အီလက်ထရောနစ်ပစ္စည်းများ ဖုန်းနဲ့ စကားပြောရင်အချိန်တော်တော်ကုန်ပါတယ်။ ချက်ချင်းဖုန်းသံမြည်လာတာကလဲကိုယ်စိတ်အာရုံကိုပျက်စေတတ်တယ်။ ဒါ့အပြင် လူမှုဆက်သွယ်ရေးတွေဖြစ်တဲ့ facebookနဲ့ twitter တို့ကသင့်ကို လိုင်းပေါ်မှာကြာကြာရှိစေနိုင်ပြီးလိုင်းသုံးတာ chatting ထိုင်တာအတွက် အချိန်တော်တော်ပုပ်သွားစေနိုင်တယ်။ မပြီးသေးတဲ့ အလုပ်တွေကိုစိတ်ပူပန်နေခြင်း မပြီးသေးတဲ့ အလုပ်တွေကိုစိတ်ပူပန်နေတာကလက်ရှိအလုပ်ပေါ်အာရုံစူးစိုက်မှုလျော့စေတယ်။ နည်းလမ်းတစ်ခုကတော့ မပြီးသေးတဲ့ အလုပ်တွေကိုစာရွက်တစ်ခုပေါ်ချရေးတာပါ။ အံ့သြစရာကောင်းတာကဒါဟာသင့်ကိုကောင်းကောင်းနားရစေတယ်။ ဗိုက်ဆာခြင်း ဗိုက်ဆာပြီး အားပြတ်နေတာဟာ အာရုံစူးစိုက်မှုပျက်စေတတ်တယ်။ ဒါကြောင့် သင့်တစ်နေ့တာကိုဗိုက်ဟောင်းလောင်းနဲ့ မစတင်ပါနဲ့။ တူညီတာတစ်ချက်ကလဲသင်ပင်ပန်းနေရင် အာရုံလွတ်နိုင်တယ်။ အကြောင်းရင်းကတော့ သင်အိပ်ရေးမဝလို့ပါ။ အကောင်းဆုံးနည်းကတော့ ညဘက်၈နာရီပြည့်အောင်အိပ်ပါ။ အလုပ်လုပ်ဖို့ပင်ပန်းနေရင်လည်း […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ခရီးသွားခြင်းနှင့် ခေါင်းမူးဝေခြင်း

အချို့သောသူတွေဟာ Vertigo တစ်နည်းအားဖြင့် ကားမူးခြင်း လို့ခေါ်တဲ့ မူးဝေခြင်းတွေကြောင့် ခရီးသွားဖို့အတွက် တွန့်ဆုတ်နေတတ်ပါတယ်။ မူးဝေခြင်းဟာ ခရီးထွက်ခြင်းရဲ့အရသာကို အပြည့်အဝခံစားရခြင်းရဲ့ အတားအဆီးတစ်ခုလို ဖြစ်နေပါတယ်။ ဒါကြောင့် ယခုဖော်ပြပါ စာတမ်းဟာ မူးဝေခြင်းနှင့်ပတ်သက်တဲ့ အကြောင်း အရာအချက်အလက် အပြည့်အစုံနှင့် သာယာဖြောင့်ဖြူးတဲ့ခရီးလမ်းကို သွားနိုင်ဖို့ ဘယ်လိုကြိုတင်ပြင်ဆင်သင့် ကြောင်း တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။ Vertigo (မူးဝေခြင်း) ဆိုတာဘာလဲ။ Vertigo ဆိုတဲ့အသုံးအနှုန်းဟာ လက်တင်ဘာသာစကားကနေ ဆင်းသက်လာပြီး 'to turn'(လည်ခြင်း) လို့အဓိပ္ပါယ်ရပါတယ်။ မူးဝေခြင်းကိုခံစားရပြီဆိုရင် လူတွေဟာ သူတို့ကိုယ်တိုင် ဒါမှမဟုတ် သူ့ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်နေတယ်လို့ ပြောတတ်ကြပါတယ်။ ဒီဝေဒနာဟာ နားအတွင်းပိုင်း ပြသာနာကြောင့် ဖြစ်ရတာပါ။   မူးဝေခြင်း (Vertigo) အမျိုးအစားများ • Diziness - ဒီအမျိုးအစားဟာ တုန်ရီခြင်း၊ နောက်ကျိကျိဖြစ်ခြင်း၊ ဟန်ချက်မညီခြင်းတို့က ိုခံစားရတတ်ပါတယ်။ ချာချာလည်နေတာကိုလုံးဝမခံစားရပါ။ • Beign […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ဦးနှောက်ဓါတ်စာများ

ဦးနှောက်ဓါတ်စာများ အလုပ်ခွင် (သို့မဟုတ်) စာလေ့လာရာတွင် အာရုံစူးစိုက်ရန် ခက်ခဲခြင်းမျိုးသင်ကြုံဖူးပါသလား။ ကြုံဖူးလျှင် ဤဆောင်းပါးကိုဖတ်ရန် လိုပေလိမ့်မည်။ ကျန်းမာခြင်းနှင့်မှတ်ဉာဏ်အတွက် ကျွန်ုပ်တု့ိအစားစားကြသော်လည်းအာရုံစူးစိုက်ရခက်ခြင်းသည် အစားအစာများထဲတွင် အာဟာရနည်းခြင်းကိုဖော်ပြနေသည်။ အောက်ပါအစားအစာများသည် သင့်ကိုအာရုံစူးစိုက်ရာ၌ကူညီပေးသဖြင့် ဦးနှောက်ဓါတ်စာများဟုခေါ်ဆိုနိုင်ပါသည်။ (၁)ထောပတ်သီး ထောပတ်သီးတွင်အဆီဓါတ်များပြားစွာပါဝင်သဖြင့် အချို့ကစားသုံးလေ့မရှိပါ။ သို့သော်လည်း ပါဝင်သောအဆီများမှာ ကျန်းမာရေးအတွက်အထောက်အကူပြုသောအဆီများဖြစ်ပါသည်။ ထိုအဆီများသည် သင့်အရေပြားရှိအမျှင်ဓါတ်ထုတ်လုပ်မှုကိုကူညီပေးသဖြင့် အရေပြားချောမွေ့တင်းရင်းခြင်း ၊ နုပျိုခြင်း ၊ လက်သည်းနှင့် ဆံပင်များကျန်းမာခြင်းတို့ဖြစ်စေပါသည်။ ထို့ပြင် သွေးတွင်းသကြားဓါတ်ကိုလည်းထိန်းထားပေးနိုင်စွမ်းရှိသည်။ ပါဝင်သော အခြားအာဟာရများဖြစ်သည့် ဗီတာမင်ကေ ၊ ဖောလစ်အက်ဆစ်တို့ကဦးနှောက်တွင်သွေးခဲခြင်းကိုကာကွယ်ပေးသည့်အတွက် လေဖြတ်ခြင်းကိုကာကွယ်ပေးပါသည်။ ထို့ပြင် မှတ်ဉာဏ်စွမ်းရည်နှင့် အာရုံစူးစိုက်ရာတွင်လည်းကူညီပေးသည်။ (၂)ဘလူးဘယ်ရီသီး အရသာရှိသောဘလူးဘယ်ရီသီးတွင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ၊ ဗီတာမင်စီ ၊ ဗီတာမင်ကေ ၊ အမျှင်ဓါတ်နှင့် ဂယ်လစ်အက်ဆစ်တို့အပြည့်ပါဝင်သည်။ ထိုအာဟာရဓါတ်များကဦးနှောက်စွမ်းဆောင်ရည်လျော့ကျခြင်းနှင့် အရွယ်မတိုင်မီအိုမင်းခြင်းကိုကာကွယ်ပေးသည်။ စိတ်ဖိစီးမှုကိုလျှော့ချပေးပြီးအာရုံစူးစိုက်မှုကိုမြင့်မားစေသည်။ ဘလူးဘယ်ရီသီးများကိုဒီတိုင်းစား၍ရသကဲ့သို့ ဖျော်ရည်လုပ်သောက်ခြင်း ၊ ဒိန်ချဉ်နှင့်ရော၍သုံးစွဲခြင်းလည်းပြုနိုင်ပါသည်။ (၃)အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များ လေ့လာမှုတစ်ခုအရအစိမ်းရောင်ဟင်းသီးဟင်းရွက်များသည် စိတ်အာရုံစူးစိုက်မှုကောင်းစေရန်ကူညီပေးသည်။ သွေး၏လုပ်ငန်းဆောင်တာများနှင့် […]


အတက်ရောဂါ

မဖျားဘဲ တက်ခြင်း

၁။ မဖျားဘဲတက်ခြင်း ဆိုတာဘာလဲ မဖျားဘဲ တက်တဲ့အခြေအနေဟာ ကလေးတွေရဲ့ ဝ.၄ ရာခိုင်နှုန်းမှာ ဖြစ်တတ်ပါတယ်။ မကြာခဏ ဖြစ်နေရင်တော့ ကလေးမှာ အတက်ရောဂါ ရှိနေပြီလို့ ပြောနိုင်ပါတယ်။ အကြောင်းရင်းတွေအများကြီးရှိတဲ့အထဲက တွေ့ရများတဲ့ အခြေအနေတစ်ခုကတော့ ဦးနှောက်ထဲမှာ သေးငယ်တဲ့ အမာရွတ်လေးတစ်ခု ဖြစ်သွားပြီး ဦးနှောက်ကို လှုံ့ဆော်နေတာကြောင့် ဖြစ်ပါတယ်။ အဲဒီလို မကြာခဏ တက်နေရင်တော့ အတက်ကျဆေးတွေနဲ့ ထိန်းဖို့ လိုပါလိမ့်မယ်။ ရောဂါလက္ခဏာတွေက ဘာတွေလဲ တက်နေတဲ့အချိန်မှာ ကလေးဟာ သတိလစ်မယ်၊ လဲကျသွားမယ်၊ မျက်လုံးတွေက ကြောင်နေမယ်၊ ဒါမှမဟုတ် မျက်ဖြူလန်နေမယ်။ ခန္ဓါကိုယ်က တောင့်တင်းနေပြီး လက်တွေ ခြေထောက်တွေက ဆန့်နေမယ်။ အများအားဖြင့်တော့ ၅မိနစ်အောက်သာ ကြာမြင့်တတ်ပါတယ်။ ဘာလုပ်သင့်သလဲ သင့်ကလေးကို ကြမ်းပြင် သို့မဟုတ် ညီညာတဲ့နေရာမှာ ချလိုက်ပါ။ အန္တရာယ်များတဲ့ နေရာမှာ ရောက်နေမှ သူ့ကို နေရာရွှေ့ပါ။ […]


အတက်ရောဂါ

Febrile Seizure (အဖျားကြီးပြီးတက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Febrile Seizure (အဖျားကြီးပြီးတက်ခြင်း) ကဘာလဲ။ ကလေးတစ်ယောက်ဟာ နေမကောင်းတဲ့အချိန်တွင် ကိုယ်အပူချိန်များပြီး ‘တက်’ တတ်ပါတယ်။ ဒီလို ‘တက်’ တာဟာ မိဘတွေနဲ့ ကလေးကိုပြုစုစောင့်ရှောက်တဲ့သူတွေကို သတိထားမိစေနိုင်တယ်။ Febrile Seizure (အဖျားကြီးပြီးတက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက် ၁နှစ်မတိုင်မီမှာ အနည်းဆုံးတစ်ကြိမ် အဖျားကြီးပြီးတက်ဖူးတဲ့ ကလေးတွေမှာ ပိုအဖြစ်များတယ်။ တချို့ကလေးတွေမှာ တစ်ခါမက တက်ဖူးကြတယ်။ အသက် ၁နှစ်နှင့်အထက် ကလေး ၄ယောက်အနက် ၁ယောက်မှာ ပထမဆုံးအကြိမ် အဖျားကြီးပြီးတက်တတ်တာကိုလည်း တွေ့ရတယ်။   လက္ခဏာများFebrile Seizure (အဖျားကြီးပြီးတက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အကယ်၍ ကလေးရဲ့ မိဘ၊ ညီအစ်ကို မောင်နှမနှင့် ဆွေမျိုးနီးစပ်တွေမှာ အဖျားကြီးပြီးတက်ခဲ့ဖူးသူရှိလျှင် ကလေးမှာ ပိုဖြစ်နိုင်ခြေများတယ်။ အဖျားကြီးပြီးတက်တာဟာ တစ်ခါတစ်လေ ရုတ်တရတ်ဖြစ်ပေါ်တတ်တယ်။ ကျန်းမာတယ်လို့ထင်ရတဲ့ကလေးတွေမှာ အတက်ရောဂါအရင်ဖြစ်ပြီးမှ မိသားစုက ကလေးနေမကောင်းတာကို သတိထားမိတတ်ကြတယ်။   အကြောင်းရင်းများFebrile Seizure (အဖျားကြီးပြီးတက်ခြင်း) […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

Dementia (မှတ်ဉာဏ်ချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dementia (မှတ်ဉာဏ်ချို့ယွင်းခြင်း) ကဘာလဲ။ မှတ်ဉာဏ်ပိုင်းဆိုင်ရာ၊ တွေးခေါ်နိုင်စွမ်းနဲ့ စကားပြောနိုင်စွမ်းများ ထိခိုက်ခြင်း အစရှိသည့် လက္ခဏာများစုပြုံ ဖြစ်ပေါ်လာခြင်းကို မှတ်ဉာဏ်ချို့ယွင်းလာခြင်းလို့ ခေါ်ပါတယ်။ သို့သော်လည်း သတိမေ့ရုံမျှနဲ့ သင်ဟာ မှတ်ဉာဏ်ချို့ယွင်းနေပြီလို့ ဆိုလိုခြင်းမဟုတ်ပါ။ ဒီရောဂါဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ Dementia (မှတ်ဉာဏ်ချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ မှတ်ဉာဏ်ချို့ယွင်းခြင်းဟာ အသက်၆၅ နှစ် နဲ့အထက် လူကြီးတွေမှာ အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDementia (မှတ်ဉာဏ်ချို့ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မှတ်ဉာဏ်ချို့ယွင်းခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ • သတိမေ့ခြင်း • ဘာသာစကား ပြောဆိုချိတ်ဆက်နိုင်စွမ်း နဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာ အခက်တွေ့လာခြင်း • ရောက်ရှိနေသော အချိန်နဲ့ နေရာကို မမှတ်မိဘဲ ဝေဝါးနေခြင်း • လိုရာကို အသေးစိတ် ကောက်နုတ်တွေးခေါ်ရာ၌ ခက်ခဲလာခြင်း • ပစ္စည်းများ အထားမှားခြင်း • ရုတ်တရက် […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Encephalitis (ဦးနှောက်ရောင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Encephalitis (ဦးနှောက်ရောင်ရောဂါ) ကဘာလဲ။ ဦးနှောက်ရောင်ရမ်းရောဂါ (encephalitis) ဆိုတာ ဦးနှောက်ရောင်ရမ်းမှုအခြေအနေတစ်ခုပါ။ ဗိုင်းရပ်စ်ကြောင့် အဓိကဖြစ်ပြီး သင့်ရဲ့ ဘာသာစကား၊ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်ပြီး သေဆုံးတဲ့ထိဖြစ်နိုင်ပါတယ်။ Encephalitis (ဦးနှောက်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များတဲ့ရောဂါတော့မဟုတ်ပါဘူး။ ကလေးတွေနဲ့ လူကြီးရွယ်အိုတွေလို ကိုယ်ခံအားနည်းသူတွေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာပိုဖြစ်တယ်။။ သင့်ဆရာဝန်နဲ့ ဆွေးနွေးပြီးအချက်အလက်ရယူပါ။ လက္ခဏာများEncephalitis (ဦးနှောက်ရောင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသော လက္ခဏာတွေကတော့ တုပ်ကွေးနဲ့ အစာအိမ်ပိုးဝင်သောရောဂါတွေနဲ့ ဆင်တူပါတယ်။ • ဖျားခြင်း • ခေါင်းကိုက်ခြင်း • အဆစ်အမြစ်ကိုက်ခြင်း • မောပန်းခြင်း၊ ခံတွင်းပျက်ခြင်း • စိတ်ရှုပ်ထွေးခြင်း၊ မူးဝေခြင်း၊ ဝေခွဲနိုင်စွမ်းမရှိခြင်း • အပြုအမူ ပိုင်းဆိုင်ရာ ရုတ်တရက် ပြောင်းလဲလာတဲ့လက္ခဏာတေ • တက်ခြင်း • အမြင်အာရုံထိခိုက်ခြင်း • အကြားအာရုံ နဲ့ စကားပြောတွင် […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Trigeminal Neuralgia (ထရိုင်ဂျန်မီနယ် အာရုံကြောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Trigeminal Neuralgia (ထရိုင်ဂျန်မီနယ် အာရုံကြောရောဂါ) ကဘာလဲ။ Trigeminal neuralgia သည် အလွန်ရှားသည့်ရောဂါဖြစ်ပြီး Trigeminal အာရုံကြောတွင် နာကြင်မှုဖြစ်ပေါ်ခြင်း ဖြစ်သည်။ ၎င်းသည်နားထင်တွင် တည်ရှိသော မျက်နှာတွင်ရှိသည့် အဓိကအာရုံကြောဖြစ်သည်။ ၎င်းသည် နာတာရှည်ရောဂါမျိုးဖြစ်ပြီး အလွန်ပြင်းထန်သည့်နာကြင်မှုမျိုးကြောင့် အားအင်ကုန်ခမ်းမှုကို ဖြစ်စေနိုင်သည်။ လက္ခဏာများသည် ရက်ပေါင်းများစွာမှ ရက်သတ္တပတ်များ၊ လများစွာကြာအောင် ရှိနေတတ်ပြီးနောက် လများနှစ်များကြာသည်အထိ ပျောက်သွားတတ်ပြန်သည်။ Trigeminal Neuralgia (ထရိုင်ဂျန်မီနယ် အာရုံကြောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ လူတိုင်းတွင် ဖြစ်နိုင်၏။ သို့သော် ၎င်းသည်အသက် ၅၀ ကျော်သူများတွင် အဖြစ်များပြီး ယောက်ျားထက်မိန်းမက ပိုအဖြစ်များလေသည်။ လက္ခဏာများTrigeminal Neuralgia (ထရိုင်ဂျန်မီနယ် အာရုံကြောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များဆုံးလက္ခဏာသည် ၎င်းအာရုံကြော ထောက်ပံ့ပေးနေသည့် မျက်နှာအစိတ်အပိုင်းများတွင် ဓါးနှင့်ထိုးသလို ဓါတ်လိုက်သလို မခံမရပ်နိုင်အောင်နာခြင်းဖြစ်သည်။ တိုးတောင်ပြီး မခံမပ်အောင်နာခြင်းကို မေးရိုး၊ နှုတ်ခမ်း၊ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်