home

အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

အစွန်အဖျား အာရုံကြောစနစ်ကို ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီးက ထွက်လာတဲ့ အာရုံကြောငယ်လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ လူ့ခန္ဓာကိုယ်မှာ ဗဟိုအာရုံကြောစနစ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဆက်သွယ်ထားဖို့ ဒီစနစ်က အရေးပါပါတယ်။ အစွန်အဖျား အာရုံကြောစနစ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေ၊ လက္ခဏာတွေနဲ့ ကုသနည်းတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

ဘေဘီလေးက ကြက်သွန်နီ စားလို့ရရဲ့လား။ ဘယ်အရွယ်မှာ စစားလို့ ရတာလဲ။ ဒီမေးခွန်းက မေမေတိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ပေါ့။ အကြောင်းကတေ့ ဟင်းလျာ အများစုမှာ ကြက်သွန်နီ (Onions)က မပါမဖြစ်လေ။ ဒီတော့ ဟင်းတွေစားတိုင်း ဘေဘီလေးက မေမေ နည်းနည်းဆိုရင် မခွံခင် စဉ်းစားမိတာက ဒီအတွေးဟုတ်။ ဒီအတွေးလေးအတွက် အဖြေကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော် မေမေတို့ရေ......... ဘေဘီလေးက ကြက်သွန်နီ (onions) ဘယ်အချိန်မှာ စစားလို့ရမလဲ ကြက်သွန်နီကို ဘေဘီလေး အသက် ၆ ပြည့်ပြီ၊ solid food စစားပြီဆိုတာနဲ့ စမိတ်ဆက်ပေးလို့ ရပါပြီ။ ကြက်သွန်နီက ဘေဘီလေးကို အခြား အစားအစာတွေလို ဓာတ်မတည့်မှု ဖြစ်စေနိုင်ခြေက အတော်လေးကို နည်းတာပါ။ ဒါပေမယ့် အစာမကြေတာ၊ လေပွတာမျိုးတော့ ဖြစ်စေနိုင်ပါတယ်။ ဘေဘီလေးကို ကြက်သွန်နီ […]

အစွန်အဖျား အာရုံကြောစနစ် ရောဂါများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

ကျန်းမာတဲ့ အမျိုးသားတစ်ယောက်ရဲ့ သုက်ရည်မှာ မီးခိုးနဲ့ အဖြူစပ်ကြားအရောင်ရှိတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒီသုက်ရည်ရဲ့ အရောင်ဟာ ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး အရောင်ပြောင်းသွားနိုင်ပါတယ်။ တခြားပုံမှန်မဟုတ်တဲ့ လက္ခဏာတွေမရှိရင်၊ ခဏလေးပဲ အရောင်ပြောင်းပြီး နောက်ပိုင်း ပုံမှန်အရောင်အတိုင်း ပြန်ဖြစ်သွားရင်တော့ သိပ်ပြီး စိုးရိမ်ဖို့ မလိုပါဘူးခင်ဗျ။ သုက်ရည်ရဲ့ အရောင်နဲ့ အမျိုးသားကျန်းမာရေး ၁။ အဖြူရောင်၊ အကြည်ရောင်၊ မီးခိုးရောင်ဆိုရင် ကျန်းမာတယ်၊ ပုံမှန်သုက်ရည်အရောင်လို့ သတ်မှတ်နိုင်ပါတယ်။ ကယ်လ်စီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ ပိုတက်စီယမ်၊ အင်ဇိုင်း၊ ဖိုင်ဘရီနိုလိုင်စင် အစရှိတဲ့ ဓာတ်သတ္တုတွေကြောင့် ဒီလိုအရောင်မျိုး ထွက်လာရတာပါ။ ၂။ အဝါရောင်၊ စိမ်းဖန့်ဖန့်ရောင်ကတာ့ ဆီးလမ်းကြောင်းမှာကျန်နေခဲ့တဲ့ ဆီးနဲ့ သုက်ရည်ရောသွားတာ၊ အသည်းရောင် အသားဝါဖြစ်နေတာ၊ သုက်ရည်ထဲမှာ သွေးဖြူဆဲလ်တွေ များနေတာ၊ ဆီးကျိတ်ထဲ ပိုးဝင်တာ၊ အဝါရောင်ဆိုးဆေးတွေ ပါတဲ့ အစားအစာတွေ စားသုံးတာ၊ အရက်အလွန်အကျွံသောက်တာကြောင့် […]

အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

နေမကောင်းများဖြစ်လာရင် ဒီဆေးသောက်ရင်ပျောက်မယ်ဟဲ့ ဆိုပြီး ပုံသေမှတ်ထားတတ်ကြတာဆိုးပါတယ်။ အရင်တခေါက်ဖျားတုန်းကဆေးဆိုင်ကပေးလိုက်တာ ဒါမှမဟုတ် ဆရာဝန်ကညွှန်းလိုက်တာနဲ့ သက်သာဖူးတော့ ဒီတခါလည်း ဒီဆေးပဲသောက်မယ်လို့တွေးတာမျိုးပါ။ဆေးဆိုင်တွေကပေးတဲ့ စပ်ဆေးဆိုတာ ဘာတွေထင်ပါသလဲ။ အဖျားကျဆေး၊အကိုက်အခဲပျောက်ဆေးနဲ့ ပဋိဇီဝဆေးတွေကိုရောစပ်ထားတာပါ။ တချို့ဆို ဆေးခန်းမှာ ပဋိဇီဝဆေးတွေမတိုက်ဘူးလား ဆရာဝန်ကိုတောင်းဆိုတာတာတောင်ရှိပါသေးတယ်။ ဒါပေမယ့် ဆရာဝန်တွေက အဲဒီပဋိဇီဝဆေးတွေကို လိုအပ်တဲ့အခါမှ ပေးလေ့ရှိပါတယ်။ ပဋိဇီဝဆေးေတွကို ဘာလို့အလွယ်ရမ်းမသောက်သင့်တာလဲဆိုတာ ဆက်ပြီးကြည့်ရအောင်။ ဆရာဝန်က ပဋိဇီဝဆေးေတွကို နေမကောင်းတိုင်း ဘာလို့ပေးမသောက်တာလဲ အအေးမိတာ၊ ဖျားနာတာတွေကို ချက်ချင်းဖျတ်ခနဲပျောက်ကင်းစေဖို့တောင့်တနေတာလား။ ပဋိဇီဝဆေးတွေကို မလိုအပ်ဘဲသောက်သုံးတာက ကိုယ့်ကျန်းမာရေးအတွက်ရေရှည်မှာ အကျိုးဆက်မကောင်းနိုင်ပါဘူး။ပဋိဇီဝဆေးဝါးတွေ မလိုအပ်ဘဲသောက်ပါများရင်ဆေးယဉ်ပါးတဲ့အဆင့်ရောက်မှာ သိပ်ကြောက်စရာကောင်းပါတယ်။ အအေးမိ၊ချောင်းဆိုး၊ လည်ချောင်းနာ အများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဘက်တီးရီးယားကြောင့်မဟုတ်တဲ့အတွက် ပဋိဇီဝဆေးတွေက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သည်လိုအနေအထားမျိုးမှာ မဆီမဆိုင် ပဋိဇီဝဆေးတွေချည်းသောက်တာများလာတဲ့အခါ ဒီဆေးတွေနဲ့ထိတွေ့မှုများလာတဲ့ ဘက်တီးရီးယားအခံတွေက သန္ဓေပြောင်းပြီး ခံနိုင်ရည်ရှိလာပါတယ်။ ဥပမာStaphylococcus aureus ဟာ နှာခေါင်းထဲ သို့မဟုတ် […]

အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Friedreich’s Ataxia ကဘာလဲ။ Ataxia ဆိုသည်မှာ အစီအစဉ်ကျမှု မရှိခြင်းကို ဆိုလိုပါသည်။ အကြောင်းရင်းအမျိုးမျိုးရှိသော Ataxia အမျိုးမျိုးရှိပါသည်။ Friedreich’s Ataxia မှာ ထိုအရာများမှ တစ်ခုဖြစ်သည်။   Friedreich’s Ataxia သည် ရှားပါးသော မျိုးရိုးဗီဇရောဂါတစ်ခုဖြစ်ပြီး လမ်းလျှောက်ရခက်ခြင်း၊ ခြေလက်များတွင် အာရုံခံစားနိုင်စွမ်း မရှိခြင်း၊ စကားကောင်းကောင်းမပြောတတ်ခြင်းတို့ ဖြစ်စေပါသည်။ ၎င်းကို Spinocerebellar degeneration ဟုလည်းခေါ်၏။ ထိုရောဂါမှာ ဦးနှောက်၊ အာရုံကြောမကြီးတို့တွင် ပျက်စီးမှုများ ဖြစ်စေနိုင်ပြီး နှလုံးကိုလည်း ထိနိုင်ပါသည်။   နာမကျန်းမှုမှာ ယေဘုယျအားဖြင့် လမ်းလျှောက်ရခက်ခြင်းမှ စတင်လေ့ရှိသည်။ Friedreich’s Ataxia ရှိသောလူများတွင် ခြေချော် လက်ချော်ဖြစ်ခြင်း ခြေများတုန်ယင်နေခြင်းတို့ကို ကလေးဘ၀ သို့မဟုတ် မြီးကောင်ပေါက်စကပင် စခံစားရသည်။ ရှားပါးသောဖြစ်ရပ်များတွင်တော့ တစ်နှစ်သားနှင့် လူလတ်ပိုင်းများတွင် စပေါ်လာတတ်ပါသည်။ ရောဂါဆိုးလာသည်နှင့် ကျောရိုး၊ […]

အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

ဝက်ရူးပြန်ရောဂါရှိတဲ့ လူတစ်ယောက်ကို ကူညီပံ့ပိုးပေးရတာ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ သူတက်တာမြင်ပြီး ကြောက်လန့်သွားနိုင်သလို ဘာလုပ်လို့ဘာကိုင်ရမယ်မသိ ဖြစ်တတ်ပါတယ်။ အတက်ရောဂါရှိတဲ့လူကို စောင့်ရှောက်ဖို့ ဗဟုသုတအနည်းငယ်လိုအပ်ပါတယ်။ အောက်ပါဆောင်းပါးကတော့ သင်သိသင့်တဲ့အကြောင်းအရာတွေ ပြောပြပေးသွားမှာပါ။ ကုသမှုတွေကို အတူတူတိုင်ပင်ပြီး ရွေးချယ်ပေးပါ။ ကျန်းမာရေးစောင့်ရှောက်သူတစ်ယောက်အနေနဲ့ ဝက်ရူးပြန်ရောဂါသည်တွေကို ကူညီစောင့်ရှောက်တဲ့နေရာမှာ အဓိကပါဝင်နေပါတယ်။ သင်က လူနာ့ကျန်းမာရေးအခြေအနေကို ဆရာဝန်အား ပြောပြတဲ့လူတစ်ယောက်ပါ။ ဝက်ရူးပြန်ဆေးဝါးတွေနဲ့ ကုသမှုတွေ၏ ကောင်းကျိုး၊ဆိုးကျိုးတွေကို သိရှိနားလည်ဖို့ သင်တို့၂ယောက် အတူတကွပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ထိုအကြောင်းအရာနဲ့ ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းသိသွားပြီဆိုရင်တော့ လူနာ၏ကုသမှုရွေးချယ်ခြင်းမှာ ကူညီပေးနိုင်ပါပြီ။ ဝက်ရူးပြန်ခြင်းအတွက် မှတ်တမ်းပြုလုပ်ထားပါ။ အတက်ရောဂါရှိနေတဲ့ လူတစ်ယောက်ကို စောင့်ရှောက်တော့မယ်ဆိုရင် အကြံကောင်းတစ်ခုကတော့ ဝက်ရူးပြန်ခြင်းနဲ့ ပတ်သတ်ပြီး ဖြစ်ဖြစ်သမျှကို မှတ်တမ်းတင်ထားဖို့ပါပဲ။ မှတ်တမ်းတင်ထားရမယ့် အရာတွေကတော့ တက်တဲ့အချိန်ကာလ၊ ဝက်ရူးမပြန်ခင်၊ ပြန်နေချိန်နှင့် ပြန်နေပြီး အချိန်တွေမှာ ဖြစ်သွားတဲ့ အပြုအမူတွေပဲဖြစ်ပါတယ်။ ထိုသို့မှတ်တမ်းတင်ပေးထားခြင်းက အာရုံကြောပညာရှင်တွေ […]

အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

ဝက်ရူးပြန်ရောဂါဆိုတာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ နာတာရှည် ဦးနှောက် ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ၎င်းရောဂါဟာ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ လေဖြတ်ခြင်းနှင့် သူငယ်ပြန်ရောဂါတို့ပြီးရင် အဖြစ်များဆုံး နံပါတ် ၄ နေရာမှာ ရှိပါတယ်။ အောက်ဖော်ပြပါတို့ဟာ အတက်ရောဂါ ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းများကို ပိုမိုသိရှိစေရန် ရေးထားတဲ့ သတင်းအချို့ ဖြစ်ပါတယ်။ ၎င်းရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ သာမန်ဖျားနာခြင်းမှအစ ဦးနှောက် ထိခိုက်ခြင်းတို့အပါအဝင် ဦးနှောက် ဖွံ့ဖြိုးမှုပုံမှန်မဟုတ်ခြင်းစတဲ့ အာရုံကြောစနစ်များရဲ့ လှုပ်ရှား တက်ကြွမှုကို ပုံမှန်မဖြစ်အောင် နှောင့်ယှက်နေတဲ့ ဘယ်အရာမဆို အတက်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ မျိုးရိုးဗီဇဆိုင်ရာ ပုံမမှန်မှုများ မျိုးရိုးဗီဇ ပုံမမှန်ဖြစ်ခြင်းဟာလည်း ဝက်ရူးပြန်ရောဂါကို ဖြစ်စေနိုင်တဲ့ အရေးကြီးဆုံး အချက်များထဲမှာ ပါဝင်ပါတယ်။ အချို့သော အခြေအနေတွေမှာဆိုရင် မိဘမျိုးရိုးမှာ ဝက်ရူးပြန်ရောဂါ မရှိလျှင်တောင်မှ […]

အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

သင့်အာရုံကြောစနစ်ဟာ အသက်ရှူတာကို ထိန်းချုပ်ခြင်းကစလို့ ကြွက်သားတွေကို ထိန်းချုပ်ပေးပြီး အပူအအေး အာရုံခံစားမှုအထိ ကိုယ်ခန္ဓါက ပြုလုပ်သမျှ အရာအားလုံးပါဝင်ပါတယ်။ ကိုယ်ခန္ဓါမှာ အာရုံကြော သုံးမျိုးပါဝင်ဖွဲ့စည်းထားပါတယ်။ ၁။ Autonomic nerves - ဒီအာရုံကြောတွေဟာ ကိုယ်ခန္ဓါက ထိန်းချုပ်လို့မရတဲ့ (သို့) တစ်စိတ်တစ်ပိုင်းသာ ထိန်းချုပ်လို့ရတဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ပါတယ်။ နှလုံးခုန်နှုန်း၊ သွေးဖိအား၊ အစာခြေခြင်းနဲ့ အပူချိန် ထိန်းညှိပေးခြင်းတို့ ပါဝင်ပါတယ်။ ၂။ Motor nerves - ဒီအာရုံကြောတွေကတော့ ဦးနှောက်နဲ့ ကျောရိုးမက သတင်းအချက်အလက်တွေကို ကြွက်သားတွေဆီကို သယ်ပို့ပေးပြီး လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးပါတယ်။ ၃။ Sensory nerves - ဒီအာရုံကြောအမျိုးအစားဟာ အရေပြားနဲ့ ကြွက်သားတွေက သတင်းအချက်အလက်တွေကို ဦးနှောက်နဲ့ ကျောရိုးမကို သက်ပို့ပေးပါတယ်။ ဒီသတင်းအချက်အလက်တွေက တစ်ဆင့် နာကျင်မှုနဲ့ အခြားခံစားမှုတွေကို […]

အစွန်အဖျား အာရုံကြောစနစ် ရောဂါများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon