backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ခေါင်းတစ်ခြမ်းကိုက် ရောဂါလက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခေါင်းတစ်ခြမ်းကိုက် ရောဂါလက္ခဏာများ

ခေါင်းတစ်ခြမ်းကိုက် ရောဂါလက္ခဏာများ က သတိပေးတဲ့ လက္ခဏာတွေဖြစ်တဲ့ ပြိုးပြိုးပြက်ပြက် အလင်းရောင်၊ ခြေလက်ထုံကျဉ်ခြင်း၊ ပျို့အန်ခြင်းနဲ့ အလင်းနဲ့ အသံကို မခံနိုင်ခြင်း စတဲ့ အချက်တွေ အရင်ဖြစ်ပြီးနောက် (သို့) အတူတွဲ ဖြစ်သော ခေါင်းကိုက်မှုတစ်ခု ဖြစ်ပါတယ်။ နာကျင်မှုဟာ ပြင်းထန်ပြီးတော့ နာရီများစွာ (သို့) ရက်ပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။ ဒါတွေ ကြိုမဖြစ်ဘဲ တန်းပြီး ခေါင်းတစ်ခြမ်းကိုက်တာမျိုးလည်း ရှိပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ ဦးနှောက်သွေးကြောဖောင်းလာတာနဲ့ ဒီသွေးကြောတွေကို ရစ်ပတ်ထားတဲ့ အာရုံကြောမျှင်တွေကနေ ဓာတုပစ္စည်း ထုတ်လုပ်မှုတို့ကြောင့် ပေါင်းစပ်ဖြစ်ပေါ်ပါတယ်။ ခေါင်းကိုက်နေစဉ်မှာ သွေးကြောဟာ ကျယ်လာပါတယ်။ ဒါဟာ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို ဖြစ်စေတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လုပ်ပေးပြီးတော့ သွေးကြော ကျယ်လာခြင်းကို ထပ်မံဖြစ်စေပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ sympathetic အာရုံကြောစနစ်ကို တုံ့ပြန်ခြင်းကိုဖြစ်စေကာ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်စေပါတယ်။ ဒါ့ပြင် အလင်းနဲ့ အသံတွေကို အာရုံခံမှုကိုလည်း မြင့်မားစေပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဘယ်အရာတွေက ဖြစ်စေပါသလဲ။

အချို့လူတွေဟာ သူတို့ကို ခေါင်းကိုက်စေတဲ့အရာတွေကို သေချာစွာ ပြောပြနိုင်ပေမယ့် လူအတော်များများကတော့ မပြောပြနိုင်ပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အရာတွေကတော့

  • ဓာတ်မတည့်မှုများ
  • စူးရှတဲ့အလင်းရောင်၊ ဆူညံတဲ့အသံ၊ အချို့သောရေမွှေး (သို့) အနံ့
  • စိတ်ပိုင်းဆိုင်ရာ (သို့) ရုပ်ပိုင်းဆိုင်ရာ ဖိစီးခြင်း
  • ဆေးလိပ်သောက်ခြင်း (သို့) ဆေးလိပ်ငွေ့ ရှူရှိုက်မိခြင်း
  • အစာ မစားခြင်း
  • အရက်
  • ရာသီစက်ဝန်း၊ ကိုယ်ဝန်တားဆေး၊ သွေးဆုံးစဉ် ဟော်မုန်းပြောင်းလဲမှုများ
  • Tyramine ပါဝင်တဲ့ အစားအစာများ (ဝိုင်အနီ၊ ချီးစ်၊ ငါးကြပ်တိုက်၊ ကြက်အသည်း၊ သဖန်းသီး၊ ပဲအချို့)၊ အချိုမှုန့်၊ နိုက်ထရိတ် (ဝက်ပေါင်ခြောက်၊ ဟော့ဒေါ့၊ အမဲအူချောင်း)
  • အခြားအစားအစာတွေဖြစ်တဲ့ ချောကလက်၊ အခွံမာသီး၊ ပဲထောပတ်၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ရှောက်သီး၊ ကြက်သွန်နီ၊ နို့ထွက်ပစ္စည်းများ၊ သနပ်များ

ဒီအရာတွေဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အမြဲ မဖြစ်စေနိုင်သလို ဒီအရာတွေကို ရှောင်ကြဉ်ခြင်းကလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အမြဲမကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ်က ဒါတွေကြောင့် ခေါင်းကိုက်တတ်ရင် ရှောင်တာက အကောင်းဆုံးပါ။

ခေါင်းတစ်ခြမ်းကိုက် ရောဂါလက္ခဏာများ က ဘာတွေလဲ။

ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ လက္ခဏာတွေကို ခေါင်းမကိုက်ခင် (သို့) ခေါင်းကိုက်နေစဉ်အတွင်း (သို့) ခေါင်းကိုက်ပြီးနောက်ဆိုပြီး ခွဲနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းအမျိုးမျိုး ရှိတတ်ပေမယ့် အတွေ့များတဲ့ လက္ခဏာတွေကတော့

  • အသင့်အတင့်ကနေ ပြင်းထန်တဲ့ နာကျင်မှု (ခေါင်းတစ်ခြမ်း ကနေ ဆက်တိုက်ကိုက်ခြင်း)
  • သွေးတိုးနေသလို တဒိန်းဒိန်း ကိုက်ခဲခြင်း
  • ကိုယ်လက် လှုပ်ရှားမှုလုပ်စဉ် ခေါင်းကိုက်ခြင်း
  • ခေါင်းကိုက်တာကြောင့် ပုံမှန် လှုပ်ရှားမှု မလုပ်နိုင်ခြင်း
  • ပျို့ခြင်း
  • အန်ခြင်း
  • အလင်းနဲ့ အသံကို အာရုံခံမှု မြင့်မားခြင်း

လူအတော်များများဟာ ခေါင်းတစ်ခြမ်း ကိုက်တော့မယ် ဆိုတာကို ခေါင်းမကိုက်ခင်မှာ အချက်ပြလက္ခဏာတွေကြောင့် သိတတ်ကြပေမယ့် လူအချို့ကတော့ မသိကြပါဘူး။ စိတ်ရှုပ်ထွေးဖွယ် အတွေးတွေ၊ အတွေ့အကြုံတွေ၊ ထူးဆန်းတဲ့အလင်းရောင်တွေ မသာယာတဲ့ အနံ့တွေ ရတတ်ကြပါတယ်။

သုတေသီတွေက ဒီလိုတွေ မြင်ပြီး ခေါင်းကိုက်တတ်တဲ့ အမျိုးသမီးတွေမှာ နှလုံးရပ်မှုဖြစ်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။ ဒီလို အမျိုးသမီးတွေက ပေါင်းစပ်ကိုယ်ဝန်တားဆေးသုံးမယ်ဆိုရင် သွေးခဲဖြစ်နှုန်း ပိုမိုမြင့်မားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ အမျိုးသမီးတွေက နာရီပေါင်းများစွာ မတိုင်ခင် (သို့) တစ်ရက်လောက်ကြိုပြီးတော့ သိနေလေ့ရှိပါတယ်။ ဒီလက္ခဏာတွေကတော့ အားအင်ပြင်းထန်ခြင်း၊ အချိုစားချင်ခြင်း၊ ရေဆာခြင်း၊ နုန်းခြင်း၊ စိတ်တိုခြင်းနဲ့ စိတ်ကျခြင်းတို့ပဲ ဖြစ်ပါတယ်။

ရေးသားသူ- Dr Phyu Mon Latt

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement