backup og meta

ဦးနှောက်ဓါတ်စာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဦးနှောက်ဓါတ်စာများ

    ဦးနှောက်ဓါတ်စာများ

    အလုပ်ခွင် (သို့မဟုတ်) စာလေ့လာရာတွင် အာရုံစူးစိုက်ရန် ခက်ခဲခြင်းမျိုးသင်ကြုံဖူးပါသလား။ ကြုံဖူးလျှင် ဤဆောင်းပါးကိုဖတ်ရန် လိုပေလိမ့်မည်။ ကျန်းမာခြင်းနှင့်မှတ်ဉာဏ်အတွက် ကျွန်ုပ်တု့ိအစားစားကြသော်လည်းအာရုံစူးစိုက်ရခက်ခြင်းသည် အစားအစာများထဲတွင် အာဟာရနည်းခြင်းကိုဖော်ပြနေသည်။ အောက်ပါအစားအစာများသည် သင့်ကိုအာရုံစူးစိုက်ရာ၌ကူညီပေးသဖြင့် ဦးနှောက်ဓါတ်စာများဟုခေါ်ဆိုနိုင်ပါသည်။

    (၁)ထောပတ်သီး

    ထောပတ်သီးတွင်အဆီဓါတ်များပြားစွာပါဝင်သဖြင့် အချို့ကစားသုံးလေ့မရှိပါ။ သို့သော်လည်း ပါဝင်သောအဆီများမှာ ကျန်းမာရေးအတွက်အထောက်အကူပြုသောအဆီများဖြစ်ပါသည်။ ထိုအဆီများသည် သင့်အရေပြားရှိအမျှင်ဓါတ်ထုတ်လုပ်မှုကိုကူညီပေးသဖြင့် အရေပြားချောမွေ့တင်းရင်းခြင်း ၊ နုပျိုခြင်း ၊ လက်သည်းနှင့် ဆံပင်များကျန်းမာခြင်းတို့ဖြစ်စေပါသည်။ ထို့ပြင် သွေးတွင်းသကြားဓါတ်ကိုလည်းထိန်းထားပေးနိုင်စွမ်းရှိသည်။ ပါဝင်သော အခြားအာဟာရများဖြစ်သည့် ဗီတာမင်ကေ ၊ ဖောလစ်အက်ဆစ်တို့ကဦးနှောက်တွင်သွေးခဲခြင်းကိုကာကွယ်ပေးသည့်အတွက် လေဖြတ်ခြင်းကိုကာကွယ်ပေးပါသည်။ ထို့ပြင် မှတ်ဉာဏ်စွမ်းရည်နှင့် အာရုံစူးစိုက်ရာတွင်လည်းကူညီပေးသည်။

    (၂)ဘလူးဘယ်ရီသီး

    အရသာရှိသောဘလူးဘယ်ရီသီးတွင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ၊ ဗီတာမင်စီ ၊ ဗီတာမင်ကေ ၊ အမျှင်ဓါတ်နှင့် ဂယ်လစ်အက်ဆစ်တို့အပြည့်ပါဝင်သည်။ ထိုအာဟာရဓါတ်များကဦးနှောက်စွမ်းဆောင်ရည်လျော့ကျခြင်းနှင့် အရွယ်မတိုင်မီအိုမင်းခြင်းကိုကာကွယ်ပေးသည်။ စိတ်ဖိစီးမှုကိုလျှော့ချပေးပြီးအာရုံစူးစိုက်မှုကိုမြင့်မားစေသည်။ ဘလူးဘယ်ရီသီးများကိုဒီတိုင်းစား၍ရသကဲ့သို့ ဖျော်ရည်လုပ်သောက်ခြင်း ၊ ဒိန်ချဉ်နှင့်ရော၍သုံးစွဲခြင်းလည်းပြုနိုင်ပါသည်။

    (၃)အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များ

    လေ့လာမှုတစ်ခုအရအစိမ်းရောင်ဟင်းသီးဟင်းရွက်များသည် စိတ်အာရုံစူးစိုက်မှုကောင်းစေရန်ကူညီပေးသည်။ သွေး၏လုပ်ငန်းဆောင်တာများနှင့် အစာချေစနစ်ကိုကောင်းမွန်စေသောဗီတာမင်နှင့် သတ္ထုဓါတ်များပါဝင်သည်။ မုန်ညင်း ၊ ဆလပ် နှင့် ပန်းဂေါ်ဖီထုပ် တို့သည် Dementia ဟုခေါ်သည့်အသက်အရွယ်ကြီးမြင့်လာသောအခါ ဖြစ်ပွားသောသတိမေ့ခြင်းရောဂါကိုကာကွယ်ပေးသည်။ ဗီတာမင်အေနှင့် ဗီတာမင်ကေတို့ကလည်းအရိုးများသန်မာစေ၍ရောင်ရမ်းခြင်းကိုလည်းကာကွယ်ပေးသည်။ ရောဂါများကိုကာကွယ်ရန် နေ့စဉ်အသီးအရွက်ပါသောဟင်းတစ်ခွက်စားသင့်ကြောင်းအဆိုပြုထားပါသည်။

    -အထက်ဖော်ပြပါ ဦးနှောက်ဓါတ်စာများသည် ကျန်းမာရေးအတွက်ကောင်းမွန်ရုံမျှမကအာရုံစူးစိုက်မှုဆိုင်ရာလုပ်ငန်းများကိုတိုးတက်စေနိုင်သည့်အပြင် အရသာရှိပြီးချက်ပြုတ်ရလွယ်ကူပါသည်။ သင့်အနေဖြင့်နောက်ထပ်သိလိုသည်များရှိပါကအာဟာရဗေဒပညာရှင်နှင့် ကျန်းမာရေးဝန်ထမ်းတို့ကို မေးမြန်းဆက်သွယ်၍ အကူအညီတောင်းနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement