ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ။ မနက်ခင်းတိုင်းကို ခေါင်းကိုက်ရင်း နိုးထနေရပြီဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ပြောချင်ပါတယ်။ မနက်ခင်းတိုင်းမှာ ဘာကြောင့် ခေါင်းကိုက်ရင်း နိုးထနေရတာလလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်နော်။ မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ဘာကြောင့်များ ဖြစ်မလဲ။ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်တာကို ခံစားရသူကတော်တော်များများတော့ ရှိပါတယ်။ တကယ်ကတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ နေ့စဉ်ဘဝမှာ နေထိုင်မှုပုံစံတွေကြောင့်အပြင် အိပ်စက်မှုပုံစံ မမှန်တာကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ https://youtu.be/UCIuNfTM1ZA ကဲ ..... ဒီတော့ ကိုယ်တိုင်ရော မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ကိုက်နေရတာဟာ ဘာကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အိပ်ရေးမဝတာ အိပ်ရာနိုးလာချိန်မှာ ခေါင်းကိုက်တယ်လို့ ခံစားရတာက အိပ်ရေးပျက်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အိပ်ရာဝင်နောက်ကျတာ၊ ကောင်းကောင်း […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

သွေးကြောပေါက်၍ လေဖြတ်ခြင်းအကြောင်း

သွေးကြောပေါက် လေဖြတ်ခြင်းဆိုတာ ဦးနှောက်ထဲက သွေးကြောပေါက်သွားလို့ လေဖြတ်ခြင်း ဖြစ်ပါတယ်။ သွေးထွက်လာတဲ့အခါ ဦးနှောက်ဟာ ရောင်လာပြီး ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေပါတယ်။ လေဖြတ်ခြင်းရဲ့ ၁၃%ခန့်ဟာ သွေးကြောပေါက်လို့ လေဖြတ်ရခြင်း ဖြစ်ပါတယ်။ ဘယ်အရာတွေက သွေးကြောပေါက် လေဖြတ်ခြင်း ဖြစ်စေသလဲ အဓိကဖြစ်စေတဲ့ အရာများကတော့ ဦးနှောက်ဒဏ်ရာရခြင်း သွေးတိုးခြင်း သွေးကြောဖောင်းလာခြင်း ပုံမှန်မဟုတ်သော သွေးကြောများ သွေးရောဂါများ (hemophillia၊ sickle cell anemia စသည်) အသည်းအလုပ်မလုပ်ခြင်း ဦးနှောက်ကင်ဆာ စတာတွေပဲ ဖြစ်ပါတယ်။ လက္ခဏာတွေက ဘာတွေလဲ စကားပြောခက်ခဲခြင်း၊ မပီသခြင်းနဲ့ တခြားသူတွေ ဘာပြောနေတယ်ဆိုတာ နားလည်ဖို့ ခက်ခဲခြင်း ကိုယ်ခန္ဓာ တစ်ဖက်ဖက်တွင် ခြေလက်အားနည်းခြင်း မျက်လုံးတစ်ဖက်တွင်ဖြစ်စေ နှစ်ဖက်စလုံးဖြစ်စေ အမြင်ဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း ပြင်းထန်စွာခေါင်းကိုက်ခြင်း အန်ခြင်း မူးဝေခြင်း ကောင်းကောင်းမရပ်နိုင်ခြင်း လမ်းလျှောက်ရခက်ခြင်း စတာတွေ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

သွေးကြောပိတ်လေဖြတ်ခြင်းအကြောင်း

အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့ အဆိုအရ နှစ်စဉ်နှစ်တိုင်း လူ ၈သိန်းနီးပါးဟာ လေဖြတ်ခြင်းဒဏ် ခံစားရပြီး လေးပုံသုံးပုံခန့်ဟာ ပထမဆုံးအကြိမ် ဖြစ်ပွားတာတာလို့ သိရပါတယ်။ သွေးကြောပိတ်လို့ဖြစ်တဲ့ လေဖြတ်ခြင်းကတော့ အားလုံးရဲ့ ၈၅%ခန့် ရှိပါတယ်။ ဦးနှောက်ကိုသွားတဲ့ သွေးကြောအတွင်း သွေးခဲကြောင့် ပိတ်ဆို့တာဖြစ်ပြီး ဦးနှောက်ဟာ သွေးရရှိတာ နည်းသွားပါတယ်။ သန်းပေါင်းများစွာသော လူသားတို့ဟာ ဒီလေဖြတ်ခြင်း အမျိုးအစားကို အကြောင်းအမျိုးမျိုးကြောင့် ခံစားရပါတယ်။ သွေးကြောပိတ်လေဖြတ်ခြင်း ၂မျိုး ရှိပါတယ်။ ၁။ သွေးခဲပိတ်၍ လေဖြတ်ခြင်း သွေးခဲဟာ ဦးနှောက်ပြင်ပ အထူးသဖြင့် နှလုံးထဲမှာ ဖြစ်ပေါ်ပြီး သွေးစီးကြောင်းနဲ့အတူ ဦးနှောက်ထဲ ရောက်လာပါတယ်။ ဥိးနှောက်ဟာ လူတယောက်ရဲ့ တနေ့တာစွမ်းအင်ရဲ့ ၂၀%ကို အသုံးပြုပါတယ်။ ဒါကြောင့် အလွန်သေးငယ်တဲ့ သွေးကြောကလေးတွေဟာ ဦးနှောက်ထဲမှာ ရှိပါတယ်။ သွေးခဲဟာ ဦးနှောက်ထဲ ရောက်သွားတဲ့အခါ သေးငယ်တဲ့ သွေးကြောလေးတွေကို ပိတ်သွားစေပြီး […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်းအကြောင်း သိသင့်သည်များ

နှစ်တိုင်းမှာ လူဦးရေ ၈သိန်းခန့်ဟာ လေဖြတ်ခြင်းကို ခံစားနေရပြီး စက္ကန့်၄၀မှာ တယောက်နှုန်း ဖြစ်ပွားနေကြပါတယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါနဲ့မတော်တဆထိခိုက်ခြင်းတို့ဟာ ပိုပြီးသေဆုံးမှု များပါတယ်။ လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေမှာ ပြသနာဖြစ်ခြင်းပါပဲ။ သွေးကြောပိတ်ခြင်းကြောင့် ဖြစ်စေ၊ သွေးကြောပေါက်ခြင်းကြောင့်ဖြစ်စေ ဦးနှောက်ဆဲလ်တွေကို သေစေနိုင်ပါတယ်။ လေဖြတ်ခြင်းဟာ အရေးပေါ်အခြေအနေဖြစ်ပြီး ကုသမှု အမြန်ဆုံးခံယူဖို့ လိုပါတယ်။ လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြော ရပ်တန့်သွားတာ၊ လျော့ကျသွားတာကြောင့် ဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဦးနှောက်ကလိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေ မရတော့ဘဲ ဆဲလ်တွေကို သေသွားစေပါတယ်။ လေဖြတ်ခြင်းဟာ အဓိကအားဖြင့် ၃မျိုး ရှိပါတယ်။ သွေးကြောပိတ်လေဖြတ်ခြင်း၊ သွေးကြောပေါက် လေဖြတ်ခြင်းနဲ့ ယာယီလေဖြတ်ခြင်းတို့ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ သွေးကြောပိတ် လေဖြတ်ခြင်းနဲ့ သွေးကြောပေါက်လေဖြတ်ခြင်းကို အဓိကထား ပြောသွားပါမယ်။ အမေရိကန်မှာ လေဖြတ်ပြီးသေဆုံးသူများရဲ့ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်သူများကို ပြုစုစောင့်ရှောက်သူများအတွက် နေ့စဉ်ပြုဖွယ်ရာစာရင်း

သင့်အနေနဲ့ လေဖြတ်ပြီး နာလန်ထစ လူနာတယောက်ကို ပြုစုရတဲ့အခါ သင့်ရဲ့အဓိက ဦးတည်ချက်တခုကတော့ လူနာကို တတ်နိုင်သလောက် အမှီအခိုကင်းကင်း ပြန်ပြီး နေထိုင်နိုင်အောင် ဖြစ်ပါတယ်။ ပြုဖွယ်ရာစာရင်းဟာ သင့်ကို ကူညီနိုင်ပါတယ်။ သန့်ရှင်းရေးလုပ်ခြင်း လူနာကို သွားတိုက်နိုင်အောင် ကူညီတဲ့အခါ လက်ကိုင်ရှည်တဲ့ သွားပွတ်တံကို အသုံးပြုပါ။ အလွယ်တကူ ဖွင့်နိုင်တဲ့ သွားတိုက်ဆေးဘူးကို သုံးပါ။ သူတို့ကို လက်တဖက်တည်းနဲ့ သုံးနိုင်ပါတယ်။ သန့်ရှင်းရေးသုံးပစ္စည်းများ ပုလင်းများကို အလွယ်တကူ ကောက်ယူနိုင်ပြီး လက်တဖက်တည်းနဲ့ သုံးနိုင်အောင် ထားပါ။ စားပွဲပေါ်မှာ စုပ်ခွက်များကပ်ပြီး လုံခြုံစွာထားပါ။ လက်တဖက်တည်းနဲ့ ကိုင်နိုင်ပြီး ၎င်းလက်နဲ့ပဲ ဖွင့်ပတ်လုပ်နိုင်တဲ့ ခရီးဆောင် ဘူးလေးများထဲ အရည်များကိုထည့်ပါ။ လျှပ်စစ်မုတ်ဆိတ်ရိတ်ဆက်ဟာ ဘလိတ်ဓါးထက် ဘေးကင်းပါတယ်။ ရေချိုးခြင်း ရေချိုးကန်ဟာ ရေပန်းနဲ့ချိုးတာထက် ပိုပြီး ခက်ခဲစေပါတယ်။ ရေချိုးကန်သုံးရမယ်ဆိုရင်တော့ အထူးပြုလုပ်ထားတဲ့ခုံကို သုံးသင့်ပါတယ်။ ဘေးအန္တရာယ်ကင်းဖို့အတွက် လက်ကိုင်တန်း၊ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

မွေးကင်းစကလေး လေဖြတ်ခြင်း

လူအများစုက လေဖြတ်ခြင်းဟာ သက်ကြီးပိုင်းတွေ ဖြစ်တာလိုပပဲ ထင်ကြပါတယ်။ ဒါပေမယ့် မွေးကင်းစတွေမှာလည်း သက်ကြီးပိုင်းတွေလိုပဲ လေဖြတ်နိုင်ပါတယ်။ မွေးပြီးစ ၂၈ ရက်အတွင်းမှာ လေဖြတ်ခြင်းဟာ တွေ့ရများတတ်ပြီး မိဘတွေ သတိမထားမိဘဲရှိတတ်ပါတယ်။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေမှာ လေဖြတ်ခြင်းဟာ သတိမပြုမိဘဲ နေတတ်ပြီး ကုသခြင်း မပြုမိကြပါဘူး။ လေဖြတ်ခြင်းဆိုတာ ဦးနှောက်ကိုသွားတဲ့ သွေးစီးဆင်းမှု ရပ်တန့်သွားခြင်း၊ လျော့နည်းသွားခြင်းကြောင့် ဦးနှောက်ကို ထိခိုက်စေတဲ့ အခြေအနေဖြစ်ပါတယ်။ လေဖြတ်ခြင်း ၂မျိုးရှိပါတယ်။ သွေးကြောပိတ်ပြီး လေဖြတ်ခြင်းနဲ့ သွေးကြောပေါက်ပြီး လေဖြတ်ခြင်းတို့ ဖြစ်ပါတယ်။ သွေးကြောပိတ်၍ လေဖြတ်ခြင်းဟာ ဦးနှောက်သွေးကြော အတွင်းမှာ သွေးခဲပိတ်ဆို့သွားလို့ သွေးစီးဆင်းမှုလျော့နည်းသွားလို့ လေဖြတ်ခြင်း ဖြစ်ပါတယ်။ ကလေးတွေ အထူးသဖြင့် မွေးကင်းစအရွယ်တွေမှာဖြစ်တတ်တဲ့ သွေးကြောပိတ်လေဖြတ်ခြင်း ၂မျိုး ရှိပါတယ်။ သွေးပြန်ကြောထဲမှာ သွေးခဲပိတ်လို့ လေဖြတ်ခြင်းနဲ့ သွေးလွှတ်ကြောထဲမှာ သွေးခဲပိတ်လို့ လေဖြတ်ခြင်း ဖြစ်ပါတယ်။ သွေးကြောပေါက်၍ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဦးနှောက်သွေးကြောဖောင်းခြင်း ကနေ လေဖြတ်နိုင်ပုံကို လေ့လာကြည့်ရအောင်

ဦးနှောက်သွေးကြောဖောင်းခြင်း (Cerebral aneurysm) ဆိုတာ ဘာလဲ သွေးကြောဖောင်းခြင်းဆိုတာ သွေးကြောရဲ့ အားနည်းတဲ့နေရာကနေ ဖောင်းထွက်လာခြင်း ဖြစ်ပါတယ်။ သွေးကြောဟာ ပူဖောင်းလို ဖောင်းလာတယ်လို့ ဥပမာပေးကြပါတယ်။ ဦးနှောက်ရဲ့နက်ရှိုင်းတဲ့နေရာတွေမှာရှိတဲ့ အဓိကသွေးကြောတွေမှာ ဖြစ်တတ်ပါတယ်။ ခွဲစိတ်နေစဉ် သွေးကြောင်ဖောင်းတာကို လိုက်ရှာတဲ့အခါ ဦးနှောက်အသားတွေကို ဂရုတစိုက် ဖယ်ရှားကြည့်ရပါတယ်။ ဦးနှောက်သွေးကြောဖောင်းတာတွေဟာ ဦးနှောက်ရဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း သွေးလည်ပတ်တဲ့ နေရာတွေမှာ ဖြစ်တတ်ပါတယ်။   ဘယ်လောက်အဖြစ်များလဲ လူဦးရေရဲ့ ၁.၅ ကနေ ၅ရာခိုင်နှုန်း ခန့်ထိဟာ ဦးနှောက်သွေးကြောဖောင်းခြင်း ဖြစ်နိုင်ခြေ ရှိပါတယ်။ အမေရိကန်ရဲ့ လူဦးရေ ၃ သန်းမှ ၅ သန်း အထိဟာ ဦးနှောက်သွေးကြောဖောင်းခြင်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အများစုဟာ လက္ခဏာ မပြပါဘူး။ ဖြစ်ပွားသူတွေရဲ့ ဝ.၅ ကနေ ၃ ရာခိုင်နှုန်း ခန့်ဟာ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ဦးနှောက်သွေးကြော ပုံပျက်ခြင်းဟာ ခေါင်းကိုက်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုပါ

ဦးနှောက်သွေးကြောပုံပျက်ခြင်း ပုံမှန်အားဖြင့် သွေးလွှတ်ကြောများဟာ နှလုံးက အောက်ဆီဂျင်ပါတဲ့သွေးကို ဦးနှောက်ဆီသယ်လာပြီး သွေးပြန်ကြောတွေကတော့ အောက်ဆီဂျင်နည်းတဲ့ သွေးကို ဦးနှောက်ကနေ နှလုံးဆီ ပြန်ပို့ပေးပါတယ်။ သွေးလွှတ်ကြောသွေးပြန်ကြော ပုံစံပျက်ခြင်း (AVM) ဖြစ်ပွားရင်တော့ ဦးနှောက်ထဲမှာ၊ ဒါမှမဟုတ် ဦးနှောက်မျက်နှာပြင်ပေါ်မှာ သွေးကြောတွေ ရောထွေးကုန်ပြီး သွေးလွှတ်ကြောထဲက သွေးတွေဟာ လမ်းကြောင်းပြောင်းပြီး သွေးပြန်ကြောထဲ တိုက်ရိုက်ရောက်သွားပါတယ်။ ဦးနှောက်မှာ သွေးလွှတ်ကြောနဲ့သွေးပြန်ကြော ပုံပျက်ခြင်းဟာ လူဦးရေ ၁ % ထက်လျော့နည်းပြီး ဖြစ်ပွားပါတယ်။ လူ ၂၀၀ ကနေ ၅၀၀ လောက်မှာ တဦးခန့်ဖြစ်ပွားတယ်လို့ ခန့်မှန်းထားကြပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ဦးနှောက်သွေးကြောပုံစံပျက်ခြင်း (AVM) ဟာ မွေးရာပါလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မျီုးရိုးတော့ မလိုက်တတ်ပါဘူး။   ဦးနှောက်သွေးကြောပုံစံပျက်ခြင်း လက္ခဏာတွေက ဘာတွေလဲ ရောဂါလက္ခဏာတွေဟာ ပုံပျက်ခြင်းဖြစ်ပေါ်တဲ့ နေရာပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ ဦးနှောက်သွေးကြောပုံပျက်ခြင်းဖြစ်သူများရဲ့ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

သွေးကြောပေါက်လေဖြတ်ခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ ဦးနှောက်အကျိတ်

ဦးနှောက်အကျိတ်ဟာ လေဖြတ်စေနိုင်ပေမယ့် လက္ခဏာတွေဟာ တခြားလေဖြတ်ခြင်းရဲ့ လက္ခဏာတွေနဲ့ ကွဲပြားပါတယ်။ ဦးနှောက်အကျိတ် သွေးယိုတဲ့အခါ တခြား သွေးကြောပေါက်လို့ လေဖြတ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူတဲ့ လက္ခဏာတွေ ဖြစ်ပေါ်ပါတယ်။ ဦးနှောက်အကျိတ် သွေးယိုခြင်းကြောင့် ဖြစ်တဲ့ လေဖြတ်ခြင်းဟာ ရှားပါးပြီး ဦးနှောက်တွင်း သွေးယိုတဲ့ အကြောင်းရင်းတွေရဲ့ ၁ ကနေ ၁၀% ထိ ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့ သွေးကြောပေါက်ခြင်း အပါအဝင် ဦးနှောက်တွင်း သွေးယိုခြင်း၊ amyloid ပရိုတိန်းကြောင့် သွေးကြောရောဂါဖြစ်ခြင်း၊ ဦးခေါင်းထိခိုက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဦးနှောက်အကျိတ် သွေးယိုစီးစေခြင်းဟာ အောက်ပါ အခြေအနေတွေမှာ မူတည်ပါတယ်။ အန္တရာယ်မရှိသေးသည့်အဆင့် အန္တရာယ်ပေးသည့်အဆင့် မူလအဆင့် ကူးစက်သည့်အဆင့် ဦးနှောက်အကျိတ်အမျိုးအစားအလိုက် ကွဲပြားတဲ့ ပုံစံတွေရှိပြီး သွေးယိုနိုင်ခြေ နည်းခြင်းများခြင်း ဖြစ်စေနိုင်ပါတယ်။ ဥပမာ - Pituitary adenoma […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဦးခေါင်းထိခိုက်မိခြင်းဟာ လေဖြတ်စေနိုင်သလား

လေဖြတ်ခြင်းရဲ့ ၂၀%ခန့်ဟာ အသက် ၆၅ နှစ်အောက် အရွယ်တွေမှာ တွေ့ရတတ်ပြီး ဒီလေဖြတ်ရခြင်းရဲ့ အကြောင်းရင်းကတော့ နားလည်ရခက်နေဆဲပါပဲ။ ဦးခေါင်းပိုင်းထိခိုက်ခြင်းနဲ့ ခေါင်းထိခိုက်မှုကြောင့် ဦးနှောက်ဒဏ်ရာရတဲ့အခါမှာ လေဖြတ်နိုင်ခြေ များတယ်လို့ သုတေသနတခုက ဆိုပါတယ်။ သုတေသီတွေ တွေ့ရှိတာကတော့ အသက် ၅၀အောက် အရွယ်တွေမှာ ထိခိုက်မှုကြောင့် ဦးနှောက်ဒဏ်ရာရခြင်းမှာ အသက် ၅၀ကျော်အရွယ်တွေထက် ပိုဖြစ်တတ်ပါတယ်။ တကယ်တော့ အသက် ၅၀အောက် တစုံတယောက်အတွက် လေဖြတ်နိုင်ခြေ သိပ်တော့မရှိပါဘူး။ ဒါကြောင့် ၃၀ % လောက် ဖြစ်နိုင်ခြေများလာခြင်းဟာ တယောက်ချင်းစီကိုတော့ သိပ်ပြီး ထိရောက်မှု မရှိပါဘူး။   အကြောင်းရင်းများ ထိခိုက်မှုကြောင့် ဦးနှောက်ဒဏ်ရာရခြင်းဟာ ဦးခေါင်း ဒါမှမဟုတ် ကိုယ်ခန္ဓါကို ထိခိုက်မိလို့ ဒဏ်ရာရစေလို့ ဖြစ်ပါတယ်။ ဒဏ်ရာအတိမ်အနက်ဟာ အဖြစ်အပျက်ရဲ့ သဘောသဘာဝ၊ ထိခိုက်တဲ့အား စတဲ့ အကြောင်းများစွာပေါ် မူတည်ပါတယ်။ ဒဏ်ရာနဲ့ပတ်သက်လို့ အောက်ပါအချက်တွေမှာ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

Lupus ဟာ လေဖြတ်ခြင်းကို ဖြစ်စေသလား

Lupus ဆိုတာ နာတာရှည် ရောင်ရမ်းနာဖြစ်ပြီး သင့်ကိုယ်ထဲက ကိုယ်ခံအားစနစ်ဟာ သင့်ကိုယ်ပိုင် တစ်သျှူးနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်တိုက်ခိုက်ရင် ဖြစ်တတ်ပါတယ်။ Lupus ကြောင့် ရောင်ရမ်းခြင်းဟာ ကိုယ်ခန္ဓါရဲ့ စနစ်အမျိုးမျိုးကို သက်ရောက်မှုရှိပါတယ်။ အဆစ်အမြစ်တွေ၊ ကျောက်ကပ်၊ သွေးဆဲလ်၊ ဦးနှောက်၊ နှလုံးနဲ့ အဆုတ် စတာတွေ ဖြစ်ပါတယ်။ လက္ခဏာများ Lupus ရဲ့ လက္ခဏာတွေဟာ ရောဂါကြောင့် ဘယ်နေရာကို ထိခိုက်တယ်ဆိုတာပေါ် မူတည်ပါတယ်။ အတွေ့အများဆုံးလက္ခဏာတွေကတော့ - ပင်ပန်းနွမ်းနယ်ခြင်း၊ ဖျားခြင်း အဆစ်အမြစ်နာခြင်း၊ တောင့်တင်းခြင်း၊ ယောင်ခြင်း မျက်နှာတွင် ပါးနှင့်နှာခေါင်းကိုဖုံးသော လိပ်ပြာသဏ္ဍာန် အကွက်ပေါ်လာခြင်း နေရောင်ထိသောအခါ အရေပြားပြသနာ ပိုဆိုးခြင်း အေးသောအခါ၊ ဖိအားများသောအခါ လက်ချောင်းခြေချောင်းများ ဖြူခြင်း ပြာခြင်း အသက်ရှူမြန်ခြင်း ရင်ဘတ်အောင့်ခြင်း မျက်လုံးခြောက်သွေ့ခြင်း ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း