ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ။ မနက်ခင်းတိုင်းကို ခေါင်းကိုက်ရင်း နိုးထနေရပြီဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ပြောချင်ပါတယ်။ မနက်ခင်းတိုင်းမှာ ဘာကြောင့် ခေါင်းကိုက်ရင်း နိုးထနေရတာလလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်နော်။ မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ဘာကြောင့်များ ဖြစ်မလဲ။ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်တာကို ခံစားရသူကတော်တော်များများတော့ ရှိပါတယ်။ တကယ်ကတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ နေ့စဉ်ဘဝမှာ နေထိုင်မှုပုံစံတွေကြောင့်အပြင် အိပ်စက်မှုပုံစံ မမှန်တာကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ https://youtu.be/UCIuNfTM1ZA ကဲ ..... ဒီတော့ ကိုယ်တိုင်ရော မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ကိုက်နေရတာဟာ ဘာကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အိပ်ရေးမဝတာ အိပ်ရာနိုးလာချိန်မှာ ခေါင်းကိုက်တယ်လို့ ခံစားရတာက အိပ်ရေးပျက်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အိပ်ရာဝင်နောက်ကျတာ၊ ကောင်းကောင်း […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

Multiple Sclerosis ရောဂါ

Multiple sclerosis (အာရုံကြောစနစ် ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားမှုနှင့် စကားပြောဆိုမှုထိန်းမနိုင်သည့်ရောဂါ) ဖြစ်နေတဲ့ သင်ချစ်တဲ့သူကို သင်ဘယ်လိုကူညီမလဲ

သင်ချစ်တဲ့သူ တစ်စုံတစ်ဦးမှာ multiple sclerosis ရောဂါဖြစ်နေတယ်ဆိုတာက ရောဂါဖြစ်နေသူတင်မကဘဲ သင့်တစ်မိသားစုလုံးကို သက်ရောက်မှုရှိပါတယ်။ အစပိုင်းမှာ သင့်အနေနဲ့ သူ့ကိုဘယ်လိုပြုစု ကူညီရမလဲ မသိပေမယ့် ရောဂါအကြောင်း ပွင့်ပွင့်လင်းလင်း အရင်ဆုံးပြောဆိုထားခြင်းက အကောင်းဆုံးပါ။ သူ့ရဲ့လိုအပ်မှုက အချိန်နဲ့အလိုက် မတူညီဘဲကွဲပြားနိုင်ပါတယ်။ ဥပမာ - multiple sclerosis ဖြစ်နေတဲ့ သင်ချစ်တဲ့သူက သူတစ်နေရာရာသွားလာဖို့ သင့်ကိုလိုအပ်ချင် လိုအပ်နေလိမ့်မယ်၊ ဒါမှမဟုတ် သူ့ကိုဂရုစိုက်ပေးဖို့ စကားတူတူပြောဖို့ တစ်စုံတစ်ဦးကို လိုအပ်ချင်လိုအပ်နေပါလိမ့်မယ်။ အခုပြောပြသွားမှာက သူ့ကိုကူညီနိုင်မယ့်အချက်လေးတွေပါ။ Multiple sclerosis ရောဂါအကြောင်းကို လေ့လာပါ။ တစ်စုံတစ်ယောက်က ဒီ Multiple sclerosis ရောဂါဖြစ်နေပြီဆိုပါက သင့်အနေနဲ့လုပ်ရမှာက ထိုရောဂါအကြောင်းကို လေ့လာထားဖို့ဘဲ ဖြစ်ပါတယ်။ Multiple sclerosis ဆိုတာဘာလဲ ? ဒီရောဂါက ခန့်မှန်းလို့မရတဲ့ရောဂါမျိုးဆိုတာကို သင်သိထားဖို့လိုတဲ့အပြင် သူက […]


Multiple Sclerosis ရောဂါ

သင့်ကလေးမှာ Multiple sclerosis ရောဂါရှိနေနိုင်သည့်လက္ခဏာများ

သင့်ကလေးမှာ Multiple sclerosis ရောဂါရှိနေနိုင်သည့်လက္ခဏာများ လေ့လာမှုတွေအရ multiple sclerosis ရောဂါခံစားနေရသူတွေရဲ့ ၅ရာခိုင်နှုန်းကနေ ၁၀ရာခိုင်နှုန်းဟာ သူတို့အသက် ၁၆ မပြည့်ခင်တည်းက ရောဂါရဲ့ပထမဆုံးလက္ခဏာကို ခံစားခဲ့ရသူတွေပါ။ သင့်အနေနဲ့သင့်ကလေးမှာ ဒီရောဂါရှိမှန်း စောစောကြိုသိပါက ဒီရောဂါကိုရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်တာတွေကို ပြုလုပ်နိုင်ပါတယ်။ Multiple sclerosis ဆိုတာက အားပျော့မသန်မစွမ်းဖြစ်စေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဒီရောဂါက ဦးနှောက်ကနေ ခြေလက်တွေကို ပို့တဲ့ဆက်သွယ်မှုတွေကို နှောင့်ယှက်ပါတယ်။ များသောအားဖြင့် ကိုယ်ခံစနစ်ကအာရုံကြောကို ကာကွယ်ထားတဲ့တစ်ရှူးတွေကို တိုက်ခိုက်မိသောကြောင့် ဖြစ်ပါတယ်။ ဒီရောဂါက အလွန်အမင်းနာကျင်မှုကိုဖြစ်စေပြီး သင့်ကလေးရဲ့ကြွက်သားတွေကို မသန်မစွမ်းဖြစ်စေပါတယ်။ Multiple sclerosis ရောဂါရဲ့လက္ခဏာတွေကဘာတွေလဲ ။ ကလေးတွေမှာဖြစ်တဲ့ multiple sclerosis ဟာလူကြီးတွေမှာဖြစ်တဲ့ multiple sclerosis နဲ့ လက္ခဏာချင်းမတူပါဘူး။ ကလေးတွေမှာဆိုရင် အောက်ဖော်ပြပါ လက္ခဏာတွေကို တွေ့နိုင်ပါတယ်။ • ဆီးဝမ်းနဲ့ပတ်သက်ပြီးပြဿနာရှိခြင်း • စကားပြော လေးလံခြင်း • […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဆူညံသောလမ်းများက လေဖြတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်

အကယ်၍သင်သည် လူဦးရေထူထပ်သောမြို့တွင် နေထိုင်ပါက ညသန်းခေါင်တွင်တောင်မှ မရပ်သည့် ကျယ်လောင်သော မော်တော်ယာဉ် အသံများကို ကျင့်သားရနေပြီဖြစ်နိုင်သည်။ အမှန်တွင် ထိုအရာနှင့် အတူနေထိုင်ရန် သင်ယူနေသည်ပင် ဖြစ်သည်။ သို့သော် ဆူညံခြင်းသည် သင့်သက်တမ်းရှည်ကြာရေးအတွက် မကောင်းပါ။ လတ်တလော လေ့လာမှုမှာ ယာဉ်မှ ဆူညံသံကို ဆက်တိုက် ထိတွေ့ခြင်းက လေဖြတ်ခြင်းဖြစ်နှုန်းအား တိုးမြင့်စေသည်ကို တွေ့ရသည်။ ဥရောပ နိုင်ငံ နှလုံးဆိုင်ရာလေ့လာ ထုတ်ဝေခဲ့သောဂျာနယ်တစ်ခုတွင် လန်ဒန် မြို့သားများနေ့တိုင်းကြုံတွေ့ရသည့် ဆူညံမှု ပမာဏကို တိုင်းတာခဲ့ပြီးလျှင် တွေ့ရသည်မှာ လူ ၁.၆ သန်း ဝန်းကျင်ဟာ ဆူညံမှု အဆင့် 55 dB နဲ့ အထက်ကို ကြုံတွေ့နေရကြောင်းသိရသည်။ ၎င်းပမာဏမှာ လူသားများကို ထိခိုက်စေနိုင်သည်။ ဆူညံသော ယာဉ်ကြောဝန်းကျင်တွင်နေထိုင်နေရသော လူများသည် တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်တွင် နေထိုင်သော လူများထက် […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်သူများကို ပြုစုစောင့်ရှောက်သူများအတွက် နေ့စဉ်ပြုဖွယ်ရာစာရင်း

သင့်အနေနဲ့ လေဖြတ်ပြီး နာလန်ထစ လူနာတယောက်ကို ပြုစုရတဲ့အခါ သင့်ရဲ့အဓိက ဦးတည်ချက်တခုကတော့ လူနာကို တတ်နိုင်သလောက် အမှီအခိုကင်းကင်း ပြန်ပြီး နေထိုင်နိုင်အောင် ဖြစ်ပါတယ်။ ပြုဖွယ်ရာစာရင်းဟာ သင့်ကို ကူညီနိုင်ပါတယ်။ သန့်ရှင်းရေးလုပ်ခြင်း လူနာကို သွားတိုက်နိုင်အောင် ကူညီတဲ့အခါ လက်ကိုင်ရှည်တဲ့ သွားပွတ်တံကို အသုံးပြုပါ။ အလွယ်တကူ ဖွင့်နိုင်တဲ့ သွားတိုက်ဆေးဘူးကို သုံးပါ။ သူတို့ကို လက်တဖက်တည်းနဲ့ သုံးနိုင်ပါတယ်။ သန့်ရှင်းရေးသုံးပစ္စည်းများ ပုလင်းများကို အလွယ်တကူ ကောက်ယူနိုင်ပြီး လက်တဖက်တည်းနဲ့ သုံးနိုင်အောင် ထားပါ။ စားပွဲပေါ်မှာ စုပ်ခွက်များကပ်ပြီး လုံခြုံစွာထားပါ။ လက်တဖက်တည်းနဲ့ ကိုင်နိုင်ပြီး ၎င်းလက်နဲ့ပဲ ဖွင့်ပတ်လုပ်နိုင်တဲ့ ခရီးဆောင် ဘူးလေးများထဲ အရည်များကိုထည့်ပါ။ လျှပ်စစ်မုတ်ဆိတ်ရိတ်ဆက်ဟာ ဘလိတ်ဓါးထက် ဘေးကင်းပါတယ်။ ရေချိုးခြင်း ရေချိုးကန်ဟာ ရေပန်းနဲ့ချိုးတာထက် ပိုပြီး ခက်ခဲစေပါတယ်။ ရေချိုးကန်သုံးရမယ်ဆိုရင်တော့ အထူးပြုလုပ်ထားတဲ့ခုံကို သုံးသင့်ပါတယ်။ ဘေးအန္တရာယ်ကင်းဖို့အတွက် လက်ကိုင်တန်း၊ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

မွေးကင်းစကလေး လေဖြတ်ခြင်း

လူအများစုက လေဖြတ်ခြင်းဟာ သက်ကြီးပိုင်းတွေ ဖြစ်တာလိုပပဲ ထင်ကြပါတယ်။ ဒါပေမယ့် မွေးကင်းစတွေမှာလည်း သက်ကြီးပိုင်းတွေလိုပဲ လေဖြတ်နိုင်ပါတယ်။ မွေးပြီးစ ၂၈ ရက်အတွင်းမှာ လေဖြတ်ခြင်းဟာ တွေ့ရများတတ်ပြီး မိဘတွေ သတိမထားမိဘဲရှိတတ်ပါတယ်။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေမှာ လေဖြတ်ခြင်းဟာ သတိမပြုမိဘဲ နေတတ်ပြီး ကုသခြင်း မပြုမိကြပါဘူး။ လေဖြတ်ခြင်းဆိုတာ ဦးနှောက်ကိုသွားတဲ့ သွေးစီးဆင်းမှု ရပ်တန့်သွားခြင်း၊ လျော့နည်းသွားခြင်းကြောင့် ဦးနှောက်ကို ထိခိုက်စေတဲ့ အခြေအနေဖြစ်ပါတယ်။ လေဖြတ်ခြင်း ၂မျိုးရှိပါတယ်။ သွေးကြောပိတ်ပြီး လေဖြတ်ခြင်းနဲ့ သွေးကြောပေါက်ပြီး လေဖြတ်ခြင်းတို့ ဖြစ်ပါတယ်။ သွေးကြောပိတ်၍ လေဖြတ်ခြင်းဟာ ဦးနှောက်သွေးကြော အတွင်းမှာ သွေးခဲပိတ်ဆို့သွားလို့ သွေးစီးဆင်းမှုလျော့နည်းသွားလို့ လေဖြတ်ခြင်း ဖြစ်ပါတယ်။ ကလေးတွေ အထူးသဖြင့် မွေးကင်းစအရွယ်တွေမှာဖြစ်တတ်တဲ့ သွေးကြောပိတ်လေဖြတ်ခြင်း ၂မျိုး ရှိပါတယ်။ သွေးပြန်ကြောထဲမှာ သွေးခဲပိတ်လို့ လေဖြတ်ခြင်းနဲ့ သွေးလွှတ်ကြောထဲမှာ သွေးခဲပိတ်လို့ လေဖြတ်ခြင်း ဖြစ်ပါတယ်။ သွေးကြောပေါက်၍ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်းကြောင့် သိမြင်နားလည်မှုပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

သိမြင်နားလည်ခြင်းဆိုတာ ဦးနှောက်ဟာ အာရုံ၅မျိုး (အမြင်၊ အကြား၊ အထိအတွေ့၊ အနံ့၊ အရသာ) ကနေ သတင်းအချက်အလက်တွေ လက်ခံစိစစ်တဲ့ နည်းလမ်းကို ဆိုလိုပါတယ်။ လေဖြတ်ခြင်းဟာ သင့်ရဲ့သိမြင်နားလည်ခြင်းကို သိသာစွာ ပြောင်းလဲသွားစေပါတယ်။ ဖြစ်နိုင်တဲ့ အပြောင်းအလဲတွေကတော့ အရေပြားထုံနေခြင်း သင့်ကိုယ်ခန္ဓါ အစိတ်အပိုင်း အပါအဝင် အရာဝတ္ထုများ၏ ပုံပန်းသဏ္ဍာန်ကို မမှတ်မိနိုင်ခြင်း အမြင်အာရုံမကောင်းခြင်း အကွာအဝေး မသိခြင်း၊ ဝဲယာ မခွဲနိုင်ခြင်း ကောင်းစွာ မရပ်နိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။ အဆိုပါ သိမြင်နားလည်မှု ပြောင်းလဲခြင်းတွေဟာ သင့်ဘဝကို ဘက်ပေါင်းစုံကနေ ကြီးမားတဲ့လွှမ်းမိုးမှု ရှိပါတယ်။ အဝတ်အစားလဲခြင်း၊ ရေချိုးခြင်းစတဲ့ နေ့စဉ်လှုပ်ရှားမှုတွေဟာ ခက်ခဲလာပါလိမ့်မယ်။ တခြားတယောက်ယောက်က ကိုယ့်ကို ဘာပြောလိုက်တယ်ဆိုတာ အလွယ်တကူ မေ့သွားနိုင်ပါတယ်။ နာမည်တွေကို မမှတ်မိဘဲ ဖြစ်တတ်ပါတယ်။ လူမှုဆက်ဆံရေးနဲ့ ပတ်သက်သမျှဟာ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်းကို ကာကွယ်နိုင်သော နေထိုင်မှုပုံစံ အပိုင်း ၁

လေဖြတ်ခြင်းဖြစ်ပွားနိုင်ခြေတွေမှာ မပြောင်းလဲနိုင်တဲ့ အသက်အရွယ်ကြီးခြင်းနဲ့ မိသားစုရာဇဝင် ပါဝင်ပေမယ့် သင်ရှောင်ရှားနိုင်တဲ့ အချက်တွေလည်း ရှိနေပါတယ်။ လေဖြတ်ခြင်းကို ကာကွယ်ဖို့အတွက် သင့်ဘဝကို အပြုသဘောဆောင်တဲ့ ပြောင်းလဲခြင်း လုပ်ဆောင်ရပါမယ်။ သင်စတင်နိုင်ဖို့အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။   ၁။ သွေးပေါင်ချိန်ကို ထိန်းပါ သွေးတိုးခြင်းကို ထိရောက်စွာ မကုသရင် လေဖြတ်နိုင်ခြေ မြင့်စေပါတယ်။ ဟားဗတ်ဆေးတက္ကသိုလ်မှ ဒေါက်တာ နာတလီယာရို့စ်ရဲ့ အဆိုအရ သေါးပေါင်တက်ခြင်းဟာ အမျိုးသားတွေမှာရော အမျိုးသမီးတွေ အပေါ်မှာပါ ကြီးစွာသောသက်ရောက်မှု ရှိပါတယ်။ ရှိသင့်တဲ့ သွေးပေါင်ချိန်ကတော့ ၁၂၀/၈၀ ဖြစ်ပါတယ်။ တခါတရံမှာ ၁၄၀/၉၀ ကလည်း လက်ခံစရာဖြစ်ပါတယ်။ ဒိရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ သင့်စားသောက်မှုပုံစံကို အောက်ပါအတိုင်း ပြောင်းလဲပေးနိုင်ပါတယ်။ တနေ့ကို ဆား ဇွန်းတဝက်စာလောက် လျှော့စားခြင်း အဆီများသော အစာရှောင်ခြင်း ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အစေ့အအဆန်နှင့် […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်းပြီးနောက် လက်ပြန်လည် အသုံးပြုနိုင်ရေး လေ့ကျင့်ခြင်း အပိုင်း-၁

လေဖြတ်ပြီးနောက် ပြန်လည်နာလန်ထခြင်းဟာ ကြီးမားတဲ့စိန်ခေါ်မှုတခုဖြစ်ပြီး အားစိုက်ထုတ်မှု အတော်လေး လိုအပ်ပါတယ်။ သင့်ရဲ့ဦးနှောက်ဟာ လေဖြတ်ခြင်းကြောင့် ပျက်စီးသွားတဲ့ ကျွမ်းကျင်မှုတွေကို ပြန်လည်လေ့လာရပါတယ်။ ဒီအခြေအနေမှာ သင့်ရဲ့လက်ကို ပြန်လည်ကျင့်ယူခြင်းဟာ ခြေထောက်နဲ့မတူဘဲ ထူးခြားပါတယ်။   လေဖြတ်ပြီးပြန်လည်လေ့ကျင့်ချိန်မှာ သင့်လက်အတွက် ဘာကိုမျှော်လင့်သလဲ သင့်ရဲ့ ပြန်လည်သန်စွမ်းရေး အစီအစဉ်မှာ လေ့ကျင့်ပေးတဲ့အဖွဲ့ ပါဝင်ပါတယ်။ အဲ့ဒီမှာ ကာယပိုင်းဆိုင်ရာ၊ လုပ်ငန်းခွင်ဆိုင်ရာ လေ့ကျင့်ပေးသူတွေ ပါဝင်ပါတယ်။ ဒီအဖွဲ့ဟာ သင့်လက်ကို ပြန်ကောင်းလာဖို့ လေ့ကျင့်ခန်းပေါင်းစုံ လုပ်ပေးပါလိမ့်မယ်။ အဓိကရည်မှန်းချက်၂ခုကတော့ ကြွက်သားရဲ့ထိန်းချုပ်မှု မြင့်တက်လာဖို့နဲ့ အကြောဆွဲခြင်း လျော့ကျသွားဖို့ ဖြစ်ပါတယ်။ ကြွက်သားတွေ တောက်လျှောက် ကြုံ့ပြီးနေရရင် နာကျင်တဲ့အပြင် တခြားပြသနာတွေ ရှိပါတယ်။ လက်လေ့ကျင့်ခန်းမှာ ကူညီလေ့ကျင့်ပေးသူက သင့်လက်ကိုကိုင်ပြီး လှုပ်ရှားပေးတာအပြင် သင်ကိုယ်တိုင်အားထုတ်မှုနဲ့ ဘေးကနေ အကူမပါဘဲ ဒါမှမဟုတ် အကူမပါဘဲ လှုပ်ရှားပေးခြင်းတွေ ပါဝင်ပါတယ်။ လေဖြတ်ပြီးချိန်လုပ်ရတဲ့ ပြန်လည်သန်စွမ်းရေး […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်းပြီးနောက် လက်ပြန်လည် အသုံးပြုနိုင်ရေး လေ့ကျင့်ခြင်း အပိုင်း-၂

လေဖြတ်ပြီးနောက် ပြန်လည်နာလန်ထခြင်းဟာ ကြီးမားတဲ့စိန်ခေါ်မှုတခုဖြစ်ပြီး အားစိုက်ထုတ်မှု အတော်လေး လိုအပ်ပါတယ်။ သင့်ရဲ့ဦးနှောက်ဟာ လေဖြတ်ခြင်းကြောင့် ပျက်စီးသွားတဲ့ ကျွမ်းကျင်မှုတွေကို ပြန်လည်လေ့လာရပါတယ်။ ဒီအခြေအနေမှာ သင့်ရဲ့လက်ကို ပြန်လည်ကျင့်ယူခြင်းဟာ ခြေထောက်နဲ့မတူဘဲ ထူးခြားပါတယ်။   လက်၏ လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ လက်ကိုသုံးပြီး အလုပ်တွေပြီးအောင် လုပ်နေစေခြင်းဟာ လေဖြတ်ပြီးချိန်မှာ ပြန်ကောင်းလာဖို့ ထိရောက်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ လေဖြတ်ပြီး ပြန်လည် သန်စွမ်းရေး ကိစ္စမှာ လက်တွေ့အသုံးပြုပေးခြင်းက အဓိကဖြစ်ပါတယ်။ ဂီတတူရိယာသင်ယူစဉ်မှာ ဂီတနုတ်စ်တွေကို ထပ်တလဲလဲ လေ့ကျင့်ပေးရတဲ့ သဘောလိုပါပဲ။ နောက်ပိုင်းမှာ သုတေသီတွေဟာ ဦးနှောက်ရဲ့ထိန်းချုပ်မှုနဲ့ လှုပ်ရှားခြင်းတွေအတွက် လုပ်ငန်းဆောင်တာတွေ ဘယ်လိုသတ်မှတ်ထားတယ် ဆိုတာ ပိုပြီး နားလည်လာကြပါတယ်။ ဒါကြောင့် လက်မသန်ဖြစ်တာကို သီးသန့်ကုမယ့်အစား လက်ရဲ့ လုပ်ငန်းဆောင်တာ တခုလုံး ကုသတဲ့နည်းတွေဆီ ပြောင်းလဲခဲ့ကြပါတယ်။ Constraint-induced movement therapy (CIMT) […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ကလေးငယ်များ၊ လူငယ်များ လေဖြတ်ပြီးနောက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း

လေဖြတ်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်တတ်ပါတယ်။ လေဖြတ်ပြီးနောက် ပြောင်းလဲခြင်းများဟာ အတန်အသင့်ကနေ ဆိုးရွားတဲ့အဆင့်ထိရှိပါတယ်။ ခဏတာကနေ အတော်ကြာတဲ့ အခြေအနေထိ ရှိတတ်ပါတယ်။ လေဖြတ်ခြင်းကြောင့် ဥိးနှောက်ရဲ့ ဘယ်နေရာထိခိုက်တယ်၊ ဘယ်လောက်ပြင်းထန်တယ် ဆိုတဲ့အပေါ် မူတည်ပါတယ်။ လေဖြတ်ပြီးနောက် ဦးနှောက်မှာရှိတဲ့ အပြုအမူပိုင်းဆိုင်ရာ ထိန်းချုပ်တဲ့ အပိုင်းတွေကို ထိခိုက်မိရင် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေ ပေါ်လာတတ်ပါတယ်။ ဒီပြောင်းလဲခြင်းတွေဟာ လေဖြတ်ခြင်းကို သင့်ကိုယ်ခန္ဓါက တုံ့ပြန်လို့ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ သင့်မှာစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု ဆိုးရွားလာရင် ပျောက်မသွားရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ ဆေါးနွေးနှစ်သိမ့်သူ၊ စိတ်ကျန်းမာရေးကုသသူ တွေဆီမှာလည်း တိုင်ပင်နိုင်ပါတယ်။ ပြောင်းလဲခြင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်နိုင်ပါတယ်။ စိတ်ပူပန်ခြင်း။ အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ စိတ်ပူပင်နေတတ်ပါတယ်။ စိတ်ဓါတ်ကျဆင်းခြင်း။ လေဖြတ်ပြီးနောက် ဝမ်းနည်းတာစိတ်ညစ်တာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပိုပြီး ဆိုးရွားစွာ စိတ်ထိခိုက်နေတာမျိုး ဖြစ်လာတတ်ပါတယ်။ တခြားသူတွေကို မှီခိုနေရလို့ စိတ်နိုင်းမကျတာ၊ အကူအညီမဲ့တယ် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း