ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ။ မနက်ခင်းတိုင်းကို ခေါင်းကိုက်ရင်း နိုးထနေရပြီဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ပြောချင်ပါတယ်။ မနက်ခင်းတိုင်းမှာ ဘာကြောင့် ခေါင်းကိုက်ရင်း နိုးထနေရတာလလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်နော်။ မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ဘာကြောင့်များ ဖြစ်မလဲ။ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်တာကို ခံစားရသူကတော်တော်များများတော့ ရှိပါတယ်။ တကယ်ကတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ နေ့စဉ်ဘဝမှာ နေထိုင်မှုပုံစံတွေကြောင့်အပြင် အိပ်စက်မှုပုံစံ မမှန်တာကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ https://youtu.be/UCIuNfTM1ZA ကဲ ..... ဒီတော့ ကိုယ်တိုင်ရော မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ကိုက်နေရတာဟာ ဘာကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အိပ်ရေးမဝတာ အိပ်ရာနိုးလာချိန်မှာ ခေါင်းကိုက်တယ်လို့ ခံစားရတာက အိပ်ရေးပျက်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အိပ်ရာဝင်နောက်ကျတာ၊ ကောင်းကောင်း […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း) ကဘာလဲ။ မျက်နှာက ကြွက်သားတွေ ယာယီချည့်နဲ့ပြီး အကြောဆွဲသွားတဲ့အခြေအနေ ဖြစ်ပါတယ်။ မျက်နှာရဲ့ကြွက်သားတွေကို ထိတ်းချုပ်တဲ့ အာရုံကြောတွေ ရောင်ရမ်းပြီး ဖိညပ်မိရင် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ မျက်နှာတဖက်ဟာ အောက်ကိုလျော့ရဲကျခြင်း၊ ဒါမှမဟုတ် တောင့်တင်းခြင်း ဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့မျက်နှာဘက်ခြမ်းမှာ ပြုံးဖို့၊ မျက်လုံးမှတ်ဖို့ အခက်တွေ့တတ်ပါတယ်။ များသောအားဖြင့် ယာယီအခြေအနေဖြစ်ပြီး ရက်သတ္တပတ် အနည်းငယ် ကြာရင် ပျောက်သွားတတ်ပါတယ်။ Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ၁၆နှစ်နဲ့ ၆၀ကြားမှာ အဖြစ်များတာ တွေ့ရပါတယ်။ Bell အာရုံကြောချို့ယွင်းခြင်း ဆိုတဲ့ နာမည်ကတော့ ဒီပြသနာကို စတင်ဖော်ထုတ်ခဲ့တဲ့ စကော့လူမျိုး ခန္ဓါဗေဒပညာရှင် ချားလ်စ်ဘဲလ်ကို အစပြုပြီး ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများBells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း) […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

ယောဂသည် စိုင်ယာတီကာ အကြောနာကို ဘယ်လိုသက်သာစေသလဲ

စိုင်ယာတီကာ အကြောနာ ဆိုသည်မှာ စိုင်ယာတစ် အာရုံကြောတွင် ထိခိုက်ခြင်း (သို့) ဖိမိခြင်းကြောင့် ဖြစ်သော ရောဂါ အခြေအနေတစ်ရပ်ဖြစ်သည်။ (အရပ်ထဲတွင် ပေါင်တန်းခြင်း၊ အကြောညပ်ခြင်းဟုလည်း ခေါ်ကြသည်)။ သင်သည် စိုင်ယာတစ်အာရုံကြောတစ်လျှောက်တွင် နာကျင်ခြင်း (သို့) အခြား ခံစားချက်များကို ခံစားရမည်။ ဥပမာ။ ။ ခြေထောက်နာကျင်ခြင်း၊ ထုံကျဉ်ခြင်း နှင့် အားနည်းခြင်း။ နာကျင်မှုသည် ညဖက် (သို့) အထိုင်အထ၊ ရယ်မောခြင်း ၊ ချောင်းဆိုးခြင်းတို့တွင် ပိုဆိုးသည်။ ယောဂလေ့ကျင့်ခန်းသည် စိုင်ယာတီကာ အကြောနာခြင်းကို သက်သာစေမည့် နည်းလမ်းတစ်ခုဖြစ်သည်။ သို့သော် အချို့ ယောဂ ကျင့်စဉ် အနေအထားသည် အန္တရာယ်ဖြစ်စေနိုင်သည်။ သို့ဖြစ်ပါ၍ စိုင်ယာတီကာ အကြောနာအတွက် ယောဂကျင့်စဉ်၏ အကျိုးကျေးဇူးများကို အပြည့်အဝဖော်ထုတ်နိုင်ဖို့ မှန်ကန်သော ကိုယ်ခန္ဓါ အနေအထားကို သိရှိကျင့်သုံးခြင်းသည် […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

စိုင်ယာတီကာ အကြောနာ အတွက် အစွမ်းထိရောက်သော ကုသမှုများ

စိုင်ယာတီကာ အကြောနာ ကုသမှုသည် ရောဂါလက္ခဏာထက် ဖြစ်သော အကြောင်းရင်းကို ကုသမှုအပေါ် အဓိက ဦးတည်ချက်ထားသည်။ သို့သော် ခွဲစိတ်မှုမပါသော ကုသမှု နှင့် ကိုယ်လက်လေ့ကျင့်ခန်း ပူးတွဲကုသမှုသည် နာကျင်မှုကို ပိုမိုသက်သာစေပါသည်။ စိုင်ယာတီကာ အကြောနာ ကုသမှု၏ ဦးတည်ချက်မှာ နာကျင်မှုကို သက်သာစေပြီး လှုပ်ရှားမှု ကောင်းမွန်စေရန်ဖြစ်သည်။ ကုသမှုနည်းလမ်းများတွင် အောက်ပါတို့ ပါဝင်ပါသည်။ ဆေးဝါးကုသမှု NSAID (Aspirin၊ Ibuprofen၊ Naproxen အပါအဝင်) ကဲ့သို့သော အကိုက်အခဲပျောက်ဆေး နှင့် အရောင်ကျဆေးများသည် နာကျင် တောင့်တင်းမှုကို သက်သာစေပါသည်။ ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ခြင်း နှင့် ကိုယ်လက်လှုပ်ရှားမှုကို တိုးတက်စေပါသည်။ ကြွက်သားဖြေလျော့စေသော ဆေးများ ဥပမာ။ ။ Cyclobenzaprine (Flexeril) သည် ကြွက်သားတောင့်တင်ခြင်း ရုန်းခြင်းနှင့် ဆိုင်သော မအီမသာ […]


အတက်ရောဂါ

ဝက်ရူးပြန်ရောဂါအတွက် သဘာဝကုသနည်းလမ်းများ

ဝက်ရူးပြန်ရောဂါကုသနည်းလမ်းတွေမှာ သဘာဝနည်းလမ်းတွေလဲပါဝင်ပါတယ်။ လူတိုင်းအတွက် အလုပ်မဖြစ်နိုင်သော်လည်း ဆရာဝန်တွေက သဘာဝနည်းတွေကို ကြိုးစားကြည့်ဖို့ အကြံပြုလေ့ရှိကြပါတယ်။ ထိုသဘာဝနည်းတွေမှာ ဘယဆေးတွေ၊ ဗီတာမင်တွေ၊ ဘိုင်အိုဖိဘက်နဲ့ အပ်စိုက်ခြင်းတို့ပါဝင်ပါတယ်။ ၁။ ဘယဆေးနည်းများ ဝက်ရူးပြန်ရောဂါအတွက် အသုံးပြုသော ဘယဆေးအချို့ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ ပြာမှုန့် ဂရောင်းဆယ်အပင် Hydrocotyle မြင်းခွာရွက် ကျီးပေါင်းပင် Mugwort ပျိုးပင်မြက် ပျိုနီပန်းပင် Scullcap အပင် Tree of Heaven Valerian သစ်ခွ ဘယဆေးတွေမှာ ခေါင်းကိုက်ခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ အစာနှင့်အူလမ်းကြောင်း ပြဿနာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အတက်ရောဂါတွေအတွက်တော့ ထိရောက်မှုရှိလှပါတယ်။ အချို့ ဘယဆေးတွေဟာ ဝက်ရူးပြန်ရောဂါအတွက် အသုံးပြုနိုင်သော်လည်း အချို့ဆေးတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။ အောက်ပါတို့ပါဝင်ပါတယ်။ ဂျင်ကိုအပင်နှင့် စိန့်ဂျွန်အပင် ကာဗာငရုတ်ကောင်း၊ စူကာပန်း၊ Valerian သစ်ခွ ကြက်သွန်ဖြူ ကမ်မိုမိုင်းအပင် ၂။ ဗီတာမင်များ ကျန်းမာတဲ့ […]


အတက်ရောဂါ

အတက်ရောဂါရှိတဲ့ ကလေးငယ်ကို ဘယ်လိုကူညီပံ့ပိုးပေးရမလဲ

ကလေးမှာ ဝက်ရူးပြန်ရောဂါရှိနေပြီဆိုတာဟာ သင့်အတွက် စိတ်ထိခိုက်ပူပန်စရာတစ်ခုပါပဲ။ ဒါပေမယ့်လည်း ဘာတွေပဲဖြစ်ဖြစ် ကလေးအတွက် သင်ကြံ့ကြံ့ခိုင်ပေးရပါတော့မယ်။ ရောဂါအကြောင်း ကောင်းကောင်းသိအောင်လုပ်ပြီး ကလေးကို ဘယ်လိုကူညီပံ့ပိုးပေးရမယ်ဆိုတာ သိအောင်ပြုလုပ်ခြင်းက သင်အကောင်းဆုံးလုပ်နိုင်မယ့် အရာပါပဲ။ ဝက်ရူးပြန်ရောဂါနဲ့ ပတ်သတ်ပြီး ဘာတွေသိထားဖို့ လိုအပ်သလဲ။ ကလေးကိုကူညီပံ့ပိုးပေးဖို့ ပထမဦးဆုံးလိုအပ်တဲ့အရာက ရောဂါအကြောင်းကို သိရှိနားလည်ခြင်းပါပဲ။ ဝက်ရူးပြန်ရောဂါအမျိုးမျိုးရှိပါတယ်။ ဝက်ရူးပြန်ရောဂါရှိနေပြီဆိုရင် တက်နိုင်ပါတယ်။ အသက်အရွယ်မရွေးတက်နိုင်ပါတယ်။ အသက်အရွယ်နဲ့လိုက်ပြီး တက်ပုံတက်နည်းတွေလဲကွဲပြားနိုင်ပါတယ်။ တက်နေပြီဆိုရင် အသက်ရှူတဲ့ပုံစံတွေ၊ မျက်ခွံနဲ့ နှုတ်ခမ်းလှုပ်ရှားပုံတွေ ပြောင်းလဲသွားနိုင်ပါတယ်။ ခြေထောက်တွေ စက်ဘီးနင်းသလို လှုပ်ရှားခြင်း၊ တဆတ်ဆတ်တုန်နေခြင်းနဲ့ ခြေတွေ၊လက်တွေတောင့်တင်းခြင်းတို့လည်း ဖြစ်တတ်ပါတယ်။ ကလေးရောဂါနဲ့ ပတ်သတ်ပြီး ကူညီပေးနိုင်မယ့်လူတော့ ကလေးအထူးကုဆရာဝန်တွေပဲဖြစ်ပါတယ်။ ကလေးမှာ ဝက်ရူးပြန်ရောဂါရှိတာ သေချာအောင် မတက်ခင်၊တက်နေစဉ်နဲ့ တက်ပြီးနောက်တွေမှာ ဘာတွေဖြစ်လဲဆိုတာကို မေးမြန်းပါလိမ့်မယ်။ ဗီဒီယိုရိုက်ထားတာရှိရင်လည်း ကြည့်ပါလိမ့်မယ်။ စစ်ဆေးမှုတွေ လုပ်ပေးမယ်ဆိုရင်တောင်မှ ကလေးရောဂါကို အဆုံးအဖြတ်ပေးဖို့ ဆေးမှတ်တမ်းတွေလိုအပ်နေနိုင်ပါတယ်။ ကလေးကို ဘယ်လိုကူညီပံ့ပိုးပေးရမလဲ။ ကလေးအစီအစဉ်တွေမှာ […]


အတက်ရောဂါ

ဝက်ရူးပြန်နေတဲ့သူတွေ့ရင် ဘာတွေလုပ်ရမလဲ

လူတစ်ယောက်ဝက်ရူးပြန်နေပြီဆိုရင် သူရဲ့ကံကြမ္မာဟာ သင်အဲဒီဝက်ရူးပြန်ခြင်းနဲ့ ပတ်သတ်ပြီး ဘာလုပ်နိုင်သလဲဆိုတာပေါ်မှာ မူတည်နေပါတယ်။ ဆိုးဆိုးရွားရွားတက်တာလဲဖြစ်နိုင်သလို၊ အနည်းငယ်တက်တာလဲဖြစ်နိုင်ပါတယ်။ သင်တစ်ခုခုပြုလုပ်လိုက်ခြင်းက သူတို့အသက်ကို ကယ်တင်ပေးသလိုအထိ ဖြစ်သွားနိုင်ပါတယ်။ ဝက်ရူးပြန်နေတဲ့သူကို ထိခိုက်ဒဏ်ရာမရရှိအောင် ကာကွယ်ပေးပါ။ ဝက်ရူးပြန်ပြီဆိုတာနဲ့ ကြွက်သားထိန်းချုပ်နိုင်စွမ်းတွေ၊ စကားပြောနိုင်စွမ်းတွေ၊ အမြင်တွေနဲ့ အသိတရားတွေ ခဏတာပျက်ယွင်းသွားပါလိမ့်မယ်။ အချို့အခြေအနေတွေမှာဆိုရင် စက္ကန့်၊မိနစ်နဲ့ချီပြီး အသိတရားကင်းမဲ့ကာ တစ်ကိုယ်လုံး ပြင်းထန်စွာ လှုပ်ခါနေတာကို တွေ့မြင်နိုင်မှာပါ။ ထိုသို့ဖြစ်နေခြင်းဟာ တခြားအရာတွေကို ထိမိခိုက်မိနိုင်တာကြောင့် လူနာထိခိုက်ဒဏ်ရာ ရသွားနိုင်ပါတယ်။ တက်နေတဲ့သူတစ်ယောက်ကို တွေ့ပြီဆိုတာနဲ့ လဲမကျသွားအောင် တတ်နိုင်သမျှမြန်မြန်ထိန်းထားပေးလိုက်ပါ။ ဒါမှမဟုတ် ကြမ်းပြင်ကို ဖြည်းဖြည်းချင်းလဲကျသွားအောင် ထိန်းထားပေးလိုက်ပါ။ ပြီးနောက် လူနာဝက်ရူးပြန်နေစဉ်အတွင်းမှာ သူ့ထိခိုက်မိနိုင်ခြေရှိမယ့် ပစ္စည်းတွေကို အဝေးသို့ရွှေ့ပေးထားပါ။ ကြမ်းပြင်ပေါ်လဲကျနေတဲ့ ဝက်ရူးပြန်သူတစ်ယောက်နဲ့ ကြုံပြီဆိုရင်တော့ တစ်ဖက်စောင်းပြီးလှဲနေတဲ့ပုံစံ ဖြစ်အောင်လုပ်လိုက်ပါ။ အရည်တွေ ပါးစပ်ထဲကထွက်သွားအောင်ဖြစ်ပါတယ်။ သူတို့ကို အတင်းမဖိပါနှင့်။ သူတို့ရဲ့ လည်ပင်းကြယ်သီးတွေ ဖြုတ်ပေးနိုင်ပါတယ်။ ဝက်ရူးပြန်နေတဲ့သူကို […]


အတက်ရောဂါ

ဝက်ရူးပြန်ရှိနေတဲ့ ကိုယ့်ဘဝလက်တွဲဖော်ကို ဘယ်လိုကူညီပံ့ပိုးပေးမလဲ

ကိုယ့်ဘဝလက်တွဲဖော်မှာ ဝက်ရူးပြန်ရောဂါရှိပြီလား။ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး လက်တွဲဖော်က သူ့ကိုယ်သူ စိတ်ဓာတ်ကျနေပြီလား၊ စိတ်ပျက်နေပြီလား။ ကူညီပံ့ပိုးပေးချင်ပေမယ့်လည်း ဘာလုပ်လို့၊ဘာကိုင်ရမှန်းမသိဖြစ်နေလား။ အောက်ပါနည်းလမ်းတွေနဲ့ အတူ အခြေအနေတွေကို ပြန်လည်ထိန်းချုပ်နိုင်လာနိုင်ပါမယ်။ ပွင့်ပွင့်လင်းလင်းစကားပြောကြပါ။ မိမိကြင်ဖော်က ဘာတွေဖြတ်သန်းရတော့မယ်၊ ဘယ်လိုတွေခံစားရတော့မယ်ဆိုတာ နားလည်ထားဖို့အရေးကြီးပါတယ်။ အဲဒါမှ မှန်မှန်ကန်ကန်ကူညီပေးနိုင်မှာပါ။ အတက်ရောဂါ၊ ဝက်ရူးပြန်ရောဂါနဲ့ ပတ်သတ်ပြီး ပုံမှန်စကားပြောနေကျပုံစံအတိုင်းသာ ပြောပေးပါ။ သို့မှသာ သူ့ရဲ့ကြောက်စိတ်တွေနဲ့ စိုးရိမ်မှုတွေပြောပြတဲ့နေရာမှာ သက်သောင့်သက်တာရှိတယ်လို့ခံစားရမှာပါ။ သင့်စိတ်ခံစားမှုတွေ မသိုဝှက်ထားဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ချစ်သူ ဝက်ရူးပြန်နေတာကို မြင်မိပြီး ကြောက်စရာကောင်းတယ်လို့ထင်ရင်လည်း ပြောပြလိုက်ပါ။ သူကိုသင် ရိုးရိုးသားသား ပြုမူဆက်ဆံမယ်ဆိုရင် သူလည်းသင့်ကို ပြန်ရိုးသားပေးပါလိမ့်မယ်။ မိမိကြင်ဖော်ကို အရက်မသောက်ဖို့ပြောပေးပါ။ အရက်သောက်မသောက်က သူ့တို့ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သော်လည်း အရက်ရဲ့ ဝက်ရူးပြန်ရောဂါပေါ်မှာရှိသော သက်ရောက်မှုတွေ ပြောပြပြီး အရက်မသောက်ဖို့ တိုက်တွန်းပေးပါ။ ဝက်ရူးပြန်ရှိတဲ့လူဟာ တစ်နေ့ကို အရက် ၁ယူနစ်ကနေ ၂ယူနစ်အထိသာ သောက်သုံးသင့်ပါတယ်။ […]


အတက်ရောဂါ

အတက်ရောဂါသည်ကလေးငယ်တွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ဘယ်လိုလုပ်ပေးရမလဲ

ဝက်ရူးပြန်ရောဂါရှိတဲ့ လူတစ်ယောက်ဟာ အိပ်နေရင်းနဲ့ တက်တတ်ပါတယ်။ တစ်ခါတစ်လေ ညဘက်တက်ခြင်း (Nocturnal seizure) လို့ သတ်မှတ်ကြပါတယ်။ မိဘတစ်ယောက်အနေနဲ့ မိမိကလေး အိပ်နေရင်း တက်နေလား၊မတက်ဘူးလားဆိုတာ သိဖို့လိုအပ်ပြီး အချိန်မှီ ကူညီပေးဖို့လည်းလိုအပ်ပါတယ်။ ညဘက်တက်ခြင်း (Nocturnal seizure) ဆိုတာ ဘာလဲ။ ညဘက် ဒါမှမဟုတ် အိပ်နေရင်းနဲ့ တက်ခြင်းဟာ ဝက်ရူးပြန်ခြင်းတစ်မျိုးပါပဲ။ အိပ်နေရင်းနဲ့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ၊ အပြုအမူမျိုးတွေ ပါဝင်ပါတယ်။ ညဘက်တက်နေမယ်ဆိုရင် အိပ်နေရာကနေ အကြောင်းပြချက်မရှိဘဲ သူ့အလိုအလိုနိုးလာတတ်ပါတယ်။ ခဏခဏနိုးလားပါမယ် ဒါမှမဟုတ် လန့်အော်ခြင်း၊ လက်နဲ့ခြေထောက်တို့ ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ တစ်ခါတစ်ရံ ပြင်းထန်စွာ ရိုက်နှက်လျက်ရှိပြီး စိတ်ရှုတ်ထွေးစွာရှိနေတတ်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်မဟုတ်တဲ့ အိပ်ခြင်းမျိုးမှာ အများဆုံးဖြစ်တတ်ပါတယ်။ ဆိုလိုတာကတော့ စအိပ်ပျော်တဲ့အချိန်မှာ ဖြစ်တတ်တာပါ။ ညဘက်တက်၊မတက်ကို အောက်ပါလက္ခဏာများဖြင့် ကြည့်ရှုစစ်ဆေးကြည့်နိုင်ပါတယ်။ ပုံမှန်မဟုတ်သော အိပ်ချင်စိတ်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်ရာထဲသေးပေါက်ချခြင်းတို့က […]


အတက်ရောဂါ

ဆယ်ကျော်သက်အရွယ်အတက်ရောဂါသည်လေးတွေကို ကူညီပံ့ပိုးခြင်း

အတက်ရောဂါရှိနေတဲ့ ဆယ်ကျော်သက်တစ်ယောက်ကို နည်းမှန်လမ်းမှန်နဲ့ ကူညီပံ့ပိုးပေးဖို့ရာ မိဘများအတွက် လွန်စွာခက်လှပါတယ်။ ကိုယ်ရင်သွေးကို ကာကွယ်စောင့်ရှောက်ပေးချင်သော်ငြားလည်း အပြည့်အဝမထိန်းကျောင်းနိုင်ကြရှာပါဘူး။ အောက်ပါဆောင်းပါးမှာတော့ သင့်ဆယ်ကျော်သက်အရွယ်ရင်သွေးကြီးကို စိတ်မညစ်စေပဲ ဘယ်လိုကူညီထောက်ပံ့ပေးရမယ်ဆိုတာ ဖော်ပြပေးသွားမှာပါ။ အတက်ရောဂါဆိုတာဘာလဲ။ ဦးနှောက်နဲ့အာရုံကြောချို့ယွင်းတဲ့ အခြေအနေတစ်မျိုးပါပဲ။ အတက်ရောဂါဟာ ဦးနှောက်ကနေစတာ များပါတယ်။ ဦးနှောက်မှာ ကိုယ်ခန္ဓါကိုယ်၏ လုပ်ငန်းဆောင်တာ၊ အာရုံခံစားမှုနဲ့ အတွေးတွေကို လျှပ်စစ်သတင်းပို့ချက်တွေသုံးပြီး ထိန်းချုပ်နေတဲ့ အာရုံကြောဆဲလ်ပေါင်းသန်းနဲ့ချီပြီး ရှိပါတယ်။ ယင်းသတင်းပို့ချက်တွေကို ပြတ်တောက်စေတဲ့ ချို့ယွင်းချက်တွေရှိနေပြီဆိုရင်တော့ အတက်ရောဂါ ဒါမှမဟုတ် ဝက်ရူးပြန်ခြင်း ဖြစ်ပွားနိုင်ပါပြီ။ ဆယ်ကျော်သက်အရွယ်အတက်ရောဂါသည်လေးကို ဘယ်လိုပံ့ပိုးကူညီပေးနိုင်မလဲ။ ကိုယ်စိတ်ပူတဲ့ကိစ္စတွေကို တခြားလူတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။ ကလေးဝက်ရူးပြန်နေမှာစိုးရိမ်တယ်ဆိုရင် မိသားစုဆရာဝန် ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ထားသင့်ပါတယ်။ သို့မှသာ သူတို့က သင်သိသင့်သိထိုက်တာတွေပြောပြပေးနိုင်မှာ ဖြစ်သလို အကြံဉာဏ်တွေလည်း ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးအတွက် အတက်ရောဂါအထူးပြုသူနာပြုတစ်ယောက် ရှာထားသင့်ပါတယ်။ သူတို့က အတွေ့အကြုံတွေ အများကြီးရှိပြီး သင့်ကို […]


အတက်ရောဂါ

ဝက်ရူးပြန်တတ်တဲ့ကလေးတွေကို ကျောင်းမှာအဆင်ပြေအောင် ဘာတွေပံ့ပိုးပေးရမလဲ

အတက်ရောဂါရှိတဲ့ ကလေးတိုင်နီးပါး ကျောင်းကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကျောင်းမှာဘေးကင်းလုံခြုံနိုင်တယ်ဆိုတာ သိထားဖို့အရေးကြီးပါတယ်။ ထိုသို့သိထားဖို့က အတက်ရောဂါရှိနေတဲ့ ကလေးကို ဘယ်လိုပံ့ပိုးပေးရမယ်ဆိုတာနဲ့ပတ်သတ်တဲ့ အသိပညာတွေရှိထားဖို့လိုပါတယ်။ ကလေး၏ဆရာ/ဆရာမဖြင့် ဆွေးနွေးတိုင်ပင်ပါ။ ကလေးရဲ့ ဆရာ/ဆရာမတို့ဖြင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ သို့မှသာ သူတို့က ကလေးရဲ့ လိုအပ်ချက်တွေကို ကူညီပေးနိုင်မှာပါ။ ကလေးတက်ရင် ဘယ်လောက်ပြင်းထန်သလဲနဲ့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာ တိတိပပသိရှိထားသင့်ပါတယ်။ သူတို့ကို လုပ်ပေါ်ကိုင်ဖက်လိုပေါင်းပေးဖို့ အကြံပြုပါတယ်။ အတက်ရောဂါက ကလေးရဲ့ လေ့လာသင်ယူနိုင်စွမ်းကို ထိခိုက်နေပြီဆိုရင်တော့ သူတို့အတွက် ပြုလုပ်ထားတဲ့ ပညာသင်ကြားခြင်းပုံစံကို တောင်းဆိုနိုင်ပါတယ်။ ဆရာဝန်နဲ့ ဆရာ/ဆရာမကို ဆက်သွယ်ပေးထားတာ အကြံကောင်းတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ဆက်သွယ်ထားမှပဲ သိချင်သည်များကို တိုက်ရိုက်မေးမြန်းနိုင်မှာဖြစ်လို့ပါ။ ကျောင်းနေဖော်ကျောင်းနေဖက်တွေက ကလေးရဲ့ အတက်ရောဂါအကြောင်း သိနေအောင်လုပ်ပါ။ ကလေးက အချိန်မရွေးတက်နိုင်ပါတယ်။ ဘယ်အချိန်မှာတက်မယ်ဆိုတာ ခန့်မှန်းလို့မရပါဘူး။ ဒါကြောင့် ကျောင်းနေဖော်ကျောင်းနေဖက်တွေဟာ ထိုရောဂါကိုအကြောင်းကို သိထားဖို့လိုပါတယ်။ ဒါမှ အချိန်မှီကူညီနိုင်မှာပါ။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း