backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း)

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း) ကဘာလဲ။

မျက်နှာက ကြွက်သားတွေ ယာယီချည့်နဲ့ပြီး အကြောဆွဲသွားတဲ့အခြေအနေ ဖြစ်ပါတယ်။ မျက်နှာရဲ့ကြွက်သားတွေကို ထိတ်းချုပ်တဲ့ အာရုံကြောတွေ ရောင်ရမ်းပြီး ဖိညပ်မိရင် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ မျက်နှာတဖက်ဟာ အောက်ကိုလျော့ရဲကျခြင်း၊ ဒါမှမဟုတ် တောင့်တင်းခြင်း ဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့မျက်နှာဘက်ခြမ်းမှာ ပြုံးဖို့၊ မျက်လုံးမှတ်ဖို့ အခက်တွေ့တတ်ပါတယ်။ များသောအားဖြင့် ယာယီအခြေအနေဖြစ်ပြီး ရက်သတ္တပတ် အနည်းငယ် ကြာရင် ပျောက်သွားတတ်ပါတယ်။

Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ၁၆နှစ်နဲ့ ၆၀ကြားမှာ အဖြစ်များတာ တွေ့ရပါတယ်။ Bell အာရုံကြောချို့ယွင်းခြင်း ဆိုတဲ့ နာမည်ကတော့ ဒီပြသနာကို စတင်ဖော်ထုတ်ခဲ့တဲ့ စကော့လူမျိုး ခန္ဓါဗေဒပညာရှင် ချားလ်စ်ဘဲလ်ကို အစပြုပြီး ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အောက်ပါလက္ခဏာတွေ ပါဝင်နိုင်ပါတယ်။

  • နာရီပိုင်း၊ ရက်ပိုင်းအတွင်း မျက်နှာတခြမ်း ရုတ်တရက် အားနည်းသွားခြင်း၊ အကြောဆွဲသွားခြင်း
  • မျက်နှာလျော့ရဲပြီး မျက်စိမှတ်ခြင်း၊ ပြုံးခြင်း စသည့်မျက်နှာအမူအရာများ ပြုလုပ်ရန် အားနည်းခြင်း
  • သွားရည်ကျခြင်း
  • ဖြစ်သည့်ဘက်ခြမ်း မေးရိုးတဝိုက် (သို့) နားရွက်နောက်တွင် နာကျင်ခြင်း
  • ဖြစ်သည့်ဘက်ခြမ်းတွင် အသံကို အာရုံခံစားမှု ပိုမိုမြင့်တက်လာခြင်း
  • ခေါင်းကိုက်ခြင်း
  • အရသာခံနိုင်စွမ်း လျော့နည်းခြင်း
  • မျက်ရည်၊ သွားရည် ထွက်သည့်ပမာဏ ပြောင်းလဲခြင်း

ရှားရှားပါးပါး အခြေအနေမှာတော့ မျက်နှာနှစ်ခြမ်းစလုံးက အာရုံကြောတွေကို ထိခိုက်တတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မျက်နှာရဲ့ ခုနှစ်ချောင်းမြောက်အာရုံကြော ရောင်ရမ်းရင်၊ ဖိညပ်မိရင် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုထိခိုက်မှုရဲ့ တိကျတဲ့အကြောင်းအရင်းကို မသိရသေးပါဘူး။ ဆေးပညာရှင်တွေကတော့ ဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ဖြစ်တယ်လို့ ယူဆကြပါတယ်။ ဘပစဖြစ်ပွားခြင်းနဲ့ ဆက်စ်မှုရှိတဲ့ ဗိုင်းရပ်စ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • သာမန်ရေယုန်
  • HIV ပိုး
  • ကိုယ်တွင်းအင်္ဂါများ ရောင်ရမ်းသည့်ရောဂါ
  • ဆင်ရေယုန်
  • အပ်စတိန်းဘား ဗိုင်းရပ်စ်ပိုး

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • ကိုယ်ဝန်ဆောင်ချိန်
  • ဆီးချိုရှိခြင်း
  • အဆုတ်ရောဂါပိုးဝင်ခြင်း
  • မိသားစုရာဇဝင်ရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် မျက်နှာကြွက်သားရဲ့ အားနည်းမှု ဘယ်လောက်ထိဖြစ်သလဲသိနိုင်ဖို့ စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။

ဘယ်အချိန်မှာ စဖြစ်လဲ၊ ဘယ်လိုသတိထားမိလဲ စတဲ့ မေးခွန်းတွေ မေးပါလိမ့်မယ်။

ရောဂါရှာဖွေဖို့ စမ်းသပ်ချက်တွေ ပြုလုပ်ပါလိမ့်မယ်။

ဘက်တီးရီးယား၊ ဗိုင်းရက်စ်ပိုး ရှိမရှိ သွေးစစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။

မျက်နှာက အာရုံကြောတွေကို စစ်ဆေးဖို့ MRI, CT စတာတွေ ရိုက်နိုင်ပါတယ်။

Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း) ကို ဘယ်လိုကုသပါသလဲ

Bell အာရုံကြောချို့ယွင်းခြင်း ဖြစ်သူ အများစုဟာ ကုသသည်ဖြစ်စေ၊ မကုသသည်ဖြစ်စေ ပျောက်ကင်းနိုင်ပါတယ်။ ရောဂါလက္ခဏာအားလုံးအတွက် အဆင်ပြေနိုင်မယ့် ကုသမှု မရှိပါဘူး။ ရောဂါအပျောက်မြန်စေမယ့် ဆေးဝါးတွေ၊ ကာယကုသခြင်းတွေကို ဆရာဝန်က ညွှန်ပါလိမ့်မယ်။

  • ဆေးဝါးကုသခြင်း။ အသုံးများတာကတော့ အောက်ပါဆေးဝါးတွေ ဖြစ်ပါတယ်။
  • ကော်တီကိုစတီးရွိုက်။ ပရနီစလုံးလို အရောင်ကျဆေးဝါးတွေ ပါဝင်ပါတယ်။ မျက်နှာရဲ့ အာရုံကြောတွေ ရောင်ရမ်းခြင်းကိုကျစေပြီး သူ့ပတ်ဝန်းကျင်မှာ မထိခိုက်မိစေဘဲ တည်ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာ စတင်ပြသပြီး ရက်ပိုင်းအတွင်း စတင်ပေးရင် အကောင်းဆုံးဖြစ်ပါတယ်။
  • ဗိုင်းရပ်စ်ကုသဆေး။ ဒီဆေးဝါးတွေရဲ့ အခန်းကဏ္ဍကိုတော့ သေချာမသိရသေးပါဘူး။ တမျိုးတည်းသုံးရင် သိပ်မထူးခြားပါဘူး။ စတီးရွိုက်ဆေးတွေနဲ့တွဲပေးရင်လည်း အကျိုးရှိတယ်လို့ မသေချာပါဘူး။ ဒါပေမယ်ပ valacyclovir (Valtrex) ကို ပရနီစလုံးနဲ့ တွဲပေးခြင်းဟာ တခါတရံမှာ အကျိုးရှိတတ်ပါတယ်။
  • ကာယကုသခြင်း။ အကြောဆွဲသွားတဲ့ ကြွက်သားများဟာ ရှုံ့သွားစေပါတယ်။ ကာယကုကျွမ်းကျင်သူများဟာ မျက်နှကြို ဘယ်လိုနှိပ်နယ်ရမယ်၊ လေ့ကျင့်ရမယ်ဆိုတာကို သင်ကြားပေးနိုင်ပါတယ်။
  • ခွဲစိတ်ကုသမှု။ ယခင်က ဖိအားကို သက်သာစေတဲ့ ခွဲစိတ်မှုတွေကို အသုံးပြုခဲ့ကြပါတယ်။ အရိုးရဲ့လမ်းကြောင်းကို ခွဲစိတ်ဖွင့်ပြီး ဖြတ်သန်းသွားတဲ့ အာရုံကြောတွေအပေါ် ကျရောက်နေတဲ့ ဖိအားတွေကို သက်သာစေခြင်း ဖြစ်ပါတယ်။ ယခုအခါတော့ ဒီနည်းကို မသုံးကြတော့ပါဘူး။ မျက်နှာပြင်အာရုံကြော ထိခိုက်မှုနဲ့ အကြားအာရုံ ချို့ယွင်းမှုတွေ ဖြစ်တတ်လို့ ဖြစ်ပါတယ်။ တခါတရံမှာ ကြာရှည်နေမယ့် မျက်နှာအာရုံကြောပြသနာတွေကို ပြုပြင်ဖို့ ပလတ်စတစ်ဆာဂျရီ လိုအပ်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက Bell အာရုံကြောချို့ယွင်းခြင်းအတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

  • မပိတ်နိုင်သည့်မျက်စိကို ကာကွယ်ခြင်း။ ချောမွေ့စေမယ့် မျက်စဉ်းကို နေ့အချိန်မှာ ခတ်ပေးပြီး ညအချိန်မှာ မျက်စိလိမ်းဆေး လိမ်းနိုင်ပါတယ်။ နေ့အချိန်မှာ မျက်မှန်တပ်ထားခြင်း၊ ညအချိန်တွင် မျက်လုံးအကာဝတ်ဆင်ခြင်း စတာတွေနဲ့ ကာကွယ်နိုင်ပါတယ်။
  • မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်သော ဆေးဝါးများ သုံးစွဲခြင်း။ Aspirin, ibuprofen (Advil, Motrin IB, အခြား) နဲ့ acetaminophen (Tylenol, အခြား) ဆေးဝါးများဟာ နာကျင်မှုကို သက်သာစေပါတယ်။
  • အပူပေးခြင်း။ ပဝါကို ရေနွေးနွေးမှာစွတ်ပြီး မျက်နှာပေါ် မကြာခဏတင်ပေးခြင်းဟာ နာကျင်မှုကို သက်သာစေပါတယ်။
  • ကာယကုသလေ့ကျင့်ခန်းပြုလုပ်ခြင်း။ ကျွမ်းကျင်သူများရဲ့ အကြံဉာဏ်အရ မျက်နှာကို နှိပ်နယ်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement