ဝက်ရူးပြန်အတွက်ပေးတဲ့ဆေးတွေကြောင့် သင့်ကလေးသင်ကြားမှုစွမ်းရည် ထိခိုက်နိုင်ပါတယ်။ ယင်းဆေးတွေကပဲ ပင်ပန်းနွမ်းနယ်စေတဲ့အပြင် အိပ်ချင်ချင်လည်းဖြစ်စေပါတယ်။ ဆရာဝန်နဲ့ရက်ချိန်းတွေ ပြရတာကြောင့် ကျောင်းခဏခဏပျက်ရပါလိမ့်မယ်။ Absence seizure ကြောင့် ခဏတာမေ့လျော့သွားခြင်းမျိုးဖြစ်တတ်ပါတယ်။ ဒါ့အပြင် တက်မှာကြောက်နေတဲ့ စိုးရိမ်ပူပန်မှုတွေက စာလုပ်တဲ့ နေရာမှာ အနှောက်အယှက်ဖြစ်စေပါတယ်။
ဝက်ရူးပြန်ဖြစ်တဲ့ ဦးနှောက်အစိတ်ပိုင်းတွေမှာ မှတ်ဉာဏ်နဲ့ လေ့လာမှုစွမ်းရည်ချို့ယွင်းတာက နောက်ထပ်ပြဿနာတစ်ခုပါပဲ။ အဲဒီပြဿနာရှိနေပြီဆိုတာ သိတာနဲ့ ဆရာ/ဆရာမနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဖြေရှင်းနည်းလမ်းတွေရှာဖွေရပါမယ်။ ကျောင်းမှာ ကလေးအခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို အသိပေးဖို့ တောင်းဆိုထားသင့်ပါတယ်။
ကလေးကိုမတူညီတဲ့နည်းလမ်းတွေနဲ့သင်ယူပါစေ။
လိုအပ်မယ်ဆိုရင် ကလေး၏လေ့လာသင်ယူနိုင်စွမ်းပြဿနာနဲ့ အဆင်ပြေအောင် ပုံမှန်သင်ကြားမှုပုံစံနဲ့ ကွဲပြားပြီး သင်ပေးဖို့ တောင်းဆိုပေးပါ။ အခြားကလေးတွေကို သင်တဲ့ပုံစံမဟုတ်ပဲ ပုံစံကားချပ်၊ ဇယားကွက်နဲ့ ပိုစတာလေးတွေ အသုံးပြုပြီး အမြင်နှင့်သင်ကြားပေးဖို့ တောင်းဆိုပါ။ ဒါမှမဟုတ် Scaffolding နည်လမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။