ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ။ မနက်ခင်းတိုင်းကို ခေါင်းကိုက်ရင်း နိုးထနေရပြီဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ပြောချင်ပါတယ်။ မနက်ခင်းတိုင်းမှာ ဘာကြောင့် ခေါင်းကိုက်ရင်း နိုးထနေရတာလလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်နော်။ မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ဘာကြောင့်များ ဖြစ်မလဲ။ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်တာကို ခံစားရသူကတော်တော်များများတော့ ရှိပါတယ်။ တကယ်ကတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ နေ့စဉ်ဘဝမှာ နေထိုင်မှုပုံစံတွေကြောင့်အပြင် အိပ်စက်မှုပုံစံ မမှန်တာကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ https://youtu.be/UCIuNfTM1ZA ကဲ ..... ဒီတော့ ကိုယ်တိုင်ရော မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ကိုက်နေရတာဟာ ဘာကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အိပ်ရေးမဝတာ အိပ်ရာနိုးလာချိန်မှာ ခေါင်းကိုက်တယ်လို့ ခံစားရတာက အိပ်ရေးပျက်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အိပ်ရာဝင်နောက်ကျတာ၊ ကောင်းကောင်း […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ခြင်း

သင်ခံစားနေရတဲ့ခေါင်းကိုက်ခြင်းကို သာမန်ဆိုးရွားတဲ့ခေါင်းကိုက်ခြင်းလို့ပဲထင်နေကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် အန်ချင်လောက်သည်ထိ ရင်ထဲမကောင်းဖြစ်နေသလား၊ အလင်းရောင်တွေကြောင့် ပိုကိုက်နေသလား၊ ဒါဆိုရင်တော့ migraine လို့ခေါ်တဲ့ ခေါင်းကိုက်ခြင်းတစ်မျိုးဖြစ်နေပါပြီ။ Migraine ခေါ်ပြင်းထန်ခေါင်းကိုက်ခြင်းခံစားရမယ်ဆိုရင်၊၊ တခါတလေမှာ ကာကွယ်ဖို့ခက်ခဲပေမယ့် ပိုဆိုးမလာအောင်ကာကွယ်ဖို့ လက္ခဏာတွေသိထားဖို့တော့လိုပါမယ်။ Migraine ဆိုတာဘာလဲ ခေါင်းကိုက်ခြင်းတစ်မျိုးဖြစ်ပြီး များသောအားဖြင့် ခေါင်းတစ်ခြမ်းသာကိုက်တတ်ပါတယ်။ ခေါင်းထဲမှာ တဆစ်ဆစ်ထိုးကိုက်နေတတ်ပြီး နေ့စဉ်လုပ်ငန်းတွေလုပ်ရခက်သည်ထိ ဖြစ်တတ်တယ်။ ဘာကြောင့်ဖြစ်ရသလဲမသေချာပေမယ့် migraine ဖြစ်ခြင်းကို အားပေးတဲ့အချက်တွေတော့ရှီပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အာရုံကြောလှုံ့ဆော်မှု၊ ကယ်မီကယ်၊ ဦးနှောက်ရှိသွေးကြောများကို ကယောက်ကမဖြစ်စေတဲ့ ဦးနှောက်အလုပ်ပုံမှန်မဟုတ်ခြင်းလို့ ထင်ကြပါတယ်။ Migraine ခေါင်းကိုက်ခြင်းဟာ မှန်းထားလို့မရပါဘူး။ ကံကောင်းစွာနဲ့ သတိပေးတဲ့အချက်တွေတော့ရှိပါတယ်။ ကြိုတင်ကာကွယ်နိုင်အောင် အချက်ပြတဲ့လက္ခဏာတွေကိုကြည့်လိုက်ရအောင်။ Migraine အဆင့်များ လေးဆင့်ရှိတယ် - မတိုင်မီအဆင့် ၊ ခံစားချက်၊ ခေါင်းကိုက်ခြင်း၊ ခေါင်းကိုက်ပြီးအဆင့် တို့ဖြစ်တယ်။ အဆင့်တိုင်းကိုခံစားချင်မှခံစားရမှာပါ။ မတိုင်မီအဆင့် ခေါင်းမကိုက်မီအဆင့်ဖြစ်တယ်။ ခေါင်းမကိုက်ခင် တစ်ရက်၊ နှစ်ရက်ခန့်လောက်မှာ လက္ခဏာတွေစပေါ်လာတတ်ပြီး ပြောင်းလဲမှုလေးတွေကြုံရတတ်ပါတယ်။ · […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Head injury (ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Head injury (ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခြင်း) ကဘာလဲ။ ဦးနှောက်ဒဏ်ရာအပြင်းအထန်ရရှိခြင်းဆိုသည်မှာ ပြင်ပဒဏ်ရာတစ်ခုခုကြောင့်ဦးနှောက်ကို အလုပ်မလုပ်စေတော့တဲ့အခါဖြစ်ပေါ်လာပါတယ်။ ဦးခေါင်း သို့ ခန္ဓါကိုယ်ကိုအပြင်းအထန်ထိခိုက်မိတဲ့အခါဦးနှောက်ဒဏ်ရာရရှိခြင်းဖြစ်ပေါ်လာပါတယ်။ ကျည်ဆံ သို့ ဦးခေါင်းခွံအပိုင်းအစကဲ့သို့ဦးခေါင်းခွံထဲသို့ထိုးဖောက်နိုင်သည့်အရာများကြောင့်လည်းဦးနှောက်ဒဏ်ရာရရှိတတ်ပါတယ်။ Head injury (ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာမှပေးပို့ချက်များအရ အမေရိကန်တွင်နှစ်စဉ်ဦးခေါင်းထိခိုက်ဒဏ်ရာရရှိမှု ၁.၇ သန်းရှိပြီး ဦးခေါင်းဒဏ်ရာကြောင့်သေဆုံးခြင်းဟာ ဒဏ်ရာရရ၍ သေဆုံးရခြင်းတွေရဲ့ ၃၀.၅ ရာခိုင်နှုန်း ရှိပါတယ်။ ဆယ်ကျော်သက်အကြီးပိုင်းများဖြစ်တဲ့၁၅ နှစ်မှ ၁၉ နှစ်အထိ ၊ အသက်၆၅ နှစ်နှင့် အကြီးပိုင်းများ ၊ အသက်အရွယ်မရွေးယောက်ျားလေးများဟာ ဦးခေါင်းဒဏ်ရာရရှိနိုင်ချေအများဆုံးဖြစ်ပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများHead injury (ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဦးခေါင်းဒဏ်ရာရရှိပြီးနောက်မှာ အောက်ပါရောဂါလက္ခဏာတွေဟာ နာရီပိုင်းမှရက်ပိုင်းအတွင်းပေါ်လာနိုင်သကဲ့သို့ဦးနှောက်ဒဏ်ရယးာအလယ်အလတ်မှ ပြင်းပြင်းထန်ထန်ရရှိပြီးတဲ့အခါမှာလည်း ရောဂါလက္ခဏာအအသေးစားများ ပေါ်လာနိုင်ပါတယ်။ ကိုယ်ပိုင်းဆိုင်ရာလက္ခဏာများ ။ – မိနစ်ပိုင်းမှနာရီပိုင်းအထိသတိလစ်ခြင်း။ – အမြဲခေါင်းကိုက်နေခြင်း သို့ ခေါင်းကိုက်ခြင်းပိုဆိုးလာခြင်း။ – ခဏခဏမူးဝေပျို့အန်နေခြင်း၊ – တက်ခြင်း ၊ – မျက်လုံးသူငယ်အိမ်တစ်ဖက် သို့ […]


ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ

Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း) ကဘာလဲ။ ဦးခေါင်းခွံထဲမှာသွေးတွေစုနေတာကိုဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်းလို့ခေါ်ပါတယ်။ သွေးစုခြင်းကဦးနှောက်တစ်ရှူးတွေအတွင်းမှာဖြစ်ဖြင်းဒါမှမဟုတ် ဦးခေါင်းခွံအောက်မှာစုခြင်းတွေကနေဦးနှောက်သားကိုဖိမိနိုင်ပါတယ်။ ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်းကအသက်အန္တရာယ်ကိုစိုးရိမ်ရပါတယ်။ -epidural hematomas ဂျ ူရာအလွှာနားတွင် သွေးလုံးဖြစ်ခြင်းဦးခေါင်းခွံနဲ့ ဦးနှောက်ကိုအုပ်ထားတဲ့ အပြင်လွှာကြားမှာသွေးလုံးစုခြင်းကိုခေါ်ပါတယ်။ -subdural hematomas ဂျ ူရာအလွှာအောက်တွင် သွေးလုံးဖြစ်ခြင်း။ အပြင်အလွှာနဲ့ အလည်အလွှာကြားမှာဖြစ်ခြင်းကိုခေါ်ပါတယ်။ -intracerebral hematomas ဦးနှောက်အတွင်းမှာသွေးလုံးဖြစ်ခြင်း ။ Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ PasteTextHere လက္ခဏာများIntracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဦးခေါင်းကိုထိမိခိုက်မိတာမျိုးကြောင့် သင့်ဆီမှာဦးခေါင်းခွံအတွင်းမှာသွေးလုံးဖြစ်ခြင်းရဲ့ ရောဂါလက္ခဏာတွေ ပြလာနိုင်ပါတယ် တစ်ခါတစ်လေမှာတော့ လချီကြာပြီးမှ ပေါ်လာတာတွေရှိပါတယ်။ ခေါင်းကိုဒဏ်ရာရပြီးနောက်မှာသင်ဟာဘာမှမဖြစ်ပဲကောင်းနေနိုင်ပါတယ်။၎င်းကို lucid interval ဆိုပြီးခေါ်ပါတယ်။ သို့သော်လည်းအချိန်ရလာတာနဲ့အမျှ သင့်ဦးနှောက်မှာဖိအားတွေဖြစ်လာပြီးအောက်ပါပြောပြမယ့် ရောဂါလက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ -ခေါင်းကိုက်ခြင်း -အန်ခြင်း -မူးဝေခြင်းနဲ့ သတိလစ်ခြင်း -မူးခြင်း -စိတ်ရှုပ်ထွေးခြင်း -သူငယ်အိမ်အရွယ်အစားမတူညီခြင်း -စကားပြောမပီသခြင်း ဦးနှောက်ထဲကိုသွေးစီးဆင်းတာများသောကြောင့် ဒါမှမဟုတ် သင့်ဦးနှောက်နဲ့ ဦးခေါင်းခွံကြားနေရာကျဉ်းသွားသောကြောင့် အခြားရောဂါလက္ခဏာတွေကတော့ -မကြည်မလင်ဖြစ်နေခြင်း -တက်ခြင်း -သတိလစ်ခြင်း ((အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။) ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်မှာပြောထားတဲ့အချက်တွေထဲသင့်မှာရှိခဲ့ရင် သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ် -သတိလစ်ခြင်း -ခေါင်းကြာရှည်စွာကိုက်နေခြင်း -အန်ခြင်းအားနည်းခြင်း အမြင်ဝါးခြင်းနှင့် […]


ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ

Tourette Syndrome (အကြောလိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tourette Syndrome (အကြောလိုက်ခြင်း) ကဘာလဲ။ Tourette’s Syndrome သည် ထိမ်းချုပ်ရခက်သော မလိုလားအပ်သည့် လှုပ်ရှားမှုများ အသံများဖြစ်လာသည့် ရောဂါဖြစ်သည်။ ဥပမာ ထပ်ကာထပ်ကာ မျက်တောင်ခပ်ခြင်း၊ ပခုံးတွန့်ခြင်း၊ မပီမသအသံများထွက်ခြင်း၊ ဆဲရေးခြင်း။ ကုသမှုခံယူခြင်းဖြင့် ထိန်းချုပ်နိုင်သော်လည်း ရောဂါလက္ခဏာများကြောင့် စိတ်အနှောင့်အယှက်မဖြစ်မချင်း လူနာများသည် ကုသမှုကို မလိုကြပါ။ Tourette Syndrome (အကြောလိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ယောကျာ်းလေးများတွင် မိန်းကလေးများထက်ပို အဖြစ်များသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်ပွားမှု မြင့်မားစေသော အကြောင်းများကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ ထပ်မံသိရှိလိုသည်များကို ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများTourette Syndrome (အကြောလိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကအားဖြင့် အကြောလိုက်ခြင်းဖြစ်သည်။ အချို့လက္ခဏာများသည် မပြင်းထန်သောကြောင့် သိပင်မသိသာပါ။ အချို့မှာ မကြာခဏဖြစ်ပြီး သိသာသည်။ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားခြင်း၊ နေမကောင်းခြင်း၊ ပင်ပန်းခြင်းတို့ဖြစ်လျှင် ပိုသိသာသည်။ ပိုပြင်းထန်သော […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Vasovagal syncope (ရုတ်တရက်မူးလဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vasovagal syncope (ရုတ်တရက်မူးလဲခြင်း) ကဘာလဲ။ ရုတ်တရက်မူးလဲခြင်း ဆိုတာဟာ အမှတ်မထင်မူးမိုက်လဲကျသွားတာကိုဆိုလိုပြီး သင့်ခန္ဓါကိုယ်က အာရုံအချို့ကို အလွန်အမင်းတုန့်ပြန်သောကြောင့် ဖြစ်ပွားတတ်ပါတယ်။ ဥပမာ – သွေးမြင်ခြင်း၊ ပြင်းထန်သောစိတ်ဖိစီးမှုနှင့် ကြုံတွေ့ရခြင်း။ အဆိုပါဖြစ်စဉ်ကို တနည်းအားဖြင့် neurocardiogenic syncope လို့လည်းခေါ်ပါတယ်။ ရုတ်တရက်မူးလဲခြင်း ကိုဖြစ်ပွားစေတဲ့ အကြောင်းအရင်းများဟာ သင့်နှလုံးခုန်နှုန်းနဲ့သွေးပေါင်ချိန်ကို ရုတ်တရက်ကျဆင်းစေတတ်ပါတယ်။ ဒါဟာ သင့်ဦးနှောက်ကို သွေးရောက်ရှိမှု ကျဆင်းသွားလို့ဖြစ်ပြီး သင့်ကို ခေတ္တမျှသတိလစ်သွားစေတာဖြစ်ပါတယ်။ ရုတ်တရက်မူးလဲခြင်းဟာ များသောအားဖြင့် အန္တရာယ်မဖြစ်တတ် ပါဘူး။ ဒါပေမယ့် သင်ဟာ မူးပြီးလဲကျသွားတဲ့အခိုက်မှာတော့ ထိခိုက်ဒဏ်ရာရရှိနိုင်ပါတယ်။ သင့်ဆရာဝန်က မူးမိုက်လဲကျတာကိုဖြစ်စေတတ်တဲ့ ပိုမိုဆိုးရွားတဲ့အကြောင်းအရင်းမရှိဖူးဆိုတာကို သေချာအောင်စစ်ဆေးဖို့ အကြံပြုပါလိမ့်မယ်။ ဥပမာ – နှလုံးပိုင်းဆိုင်ရာပြဿနာများ Vasovagal syncope (ရုတ်တရက်မူးလဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရုတ်တရက်မူးလဲခြင်း ဟာ အလွန်တွေ့ရများပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် […]


အတက်ရောဂါ

Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း))

အဓိပ္ပါယ်ဖွင့်ဆိုချက်Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) ကဘာလဲ။ ရှုပ်ထွေးလှတဲ့တစ်ဝက်တစ်ပျက်တက်ခြင်းဆိုသည်မှာ အာရုံစူးစိုက်မှုချို့ယွင်းပြီးသတိလက်လွတ်တက်ခြင်းမျိုးဖြစ်ပါတယ်။ ဒီလိုတက်ခြင်းဟာဦးနှောက်ရဲ့နေရာတစ်နေရာကနေစပြီးများသောအားဖြင့် ဦးနှောက်ရဲ့ဘေးဘက်ဖြစ်လေ့ရှိပါတယ် Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) က ဘယ်လောက်အဖြစ်များသလဲ တက်တဲ့လူများတွင်ယခုပုံစံမျိုးဟာအဖြစ်အများဆုံးဖြစ်ပါတယ်။ ဒီလိုတက်ခြင်းဟာ ဦးနှောက်လေဖြတ်ထားတဲ့လူတွေမှာတွေ့ရလေ့ရှိပါတယ်။ တက်တဲအြခါ ခြေ ၊ လက်တွေနဲ့ အခြားအစိတ်အပိုင်းတွေရဲ့လှုပ်ရှားမှုဟာမထိန်းချုပ်နိုင်အောင်ဖြစ်လာတတ်ပါတယ်။ ယခုလိုတက်ခြင်းဟာ အချိန်အရမ်းတိုပြီး တက်တဲ့လူဟာလည်း ပတ်ဝန်းကျင်ကိုသတိထားမိမှာမဟုတ်ပါဘူး။ သူတို့ဟာအချိန်ခဏလေး သတိလက်လွတ်ဖြစ်သွားတတ်ပါတယ်။ အန္တရာယ်ရှိတာတွေကိုလျှော့ချပြီး ရောဂါကိုသက်သာအောင်ကုသနိုင်ပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများEpilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း)) ရဲ့လက္ခဏာတွေကဘာတွေလဲ ဖြစ်နိုင်တဲ့ရောဂါလက္ခဏာတွေကတော့အများကြီးရှိပါတယ်။ သို့သော်လည်းရောဂါလက္ခဏာများဟာ တက်နေတဲ့အချိန်မှာသာဖြစ်လေ့ရှိပြီး အခြားအချိန်မှာမဖြစ်ပါဘူး။ တက်တဲ့အခါလည်းမိနစ်အနည်းငယ်သာကြာတတ်ပါတယ်။ဦးနှောက်ရဲ့ထိပ်ပိုင်းမှစပြီးဖြစ်တဲ့တက်ခြင်းဟာ ဦးနှောက်ဘေးဘက်မှစဖြစ်တဲ့တက်တာထက် ပိုပြီးအချိန်တိုလေ့ရှိပါတယ်။ ရောဂါလက္ခဏာများဟာ ရုတ်တရက်ပေါ်လာပြီး တက်တဲ့ရောဂါရှိတဲ့လူဟာလည်း သူ့မှာရောဂါလက္ခဏာတွေဖြစ်နေမှန်းသတိထားမိမှာမဟုတ်ပါဘူး။ ထိုသူများဟာ.. တစ်နေရာရာကို အိပ်မက်မက်နေသလိုစိုက်ကြည့်နေခြင်း ၊ မတုံ့ပြန်နိုင်ခြင်း၊ အိပ်နေရာမှာရုတ်တရက်နိုးလာခြင်း၊ ပါးစပ်များကိုထက်ခါထက်ခါလှုပ်နေခြင်း၊ နှုတ်ခမ်းများပိတ်လိုက်ဖွင့်လိုက်လုပ်နေခြင်း၊ လေ ၊ […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Peripheral Neuropathy (အာရုံကြောအားနည်းခြင်း)

အာရုံကြောအားနည်းခြင်း ကို Peripheral Neuropathy လို့ခေါ် ပြီး ဦးနှောက်နဲ့ အာရုံကြောမကြီးဆီက သတင်းအချက်အလက်များကို ခန္ဓာကိုယ်အခြားနေရာများသို့ သယ်ဆောင်ပေးတဲ့ အာရုံကြောများ ပျက်စီးခြင်းဖြစ်ပါတယ်။ အာရုံကြောများဟာ ဦးနှောက်နဲ့ အာရုံကြောမကြီးကို ကြွက်သား၊ အရေပြားနဲ့ ကလီစာတွေဆီ အနုစိတ်ကွန်ယက်နဲ့ ချိတ်ဆက်ထားပါတယ်။ အာရုံကြောမကြီးဆီက ထွက်လာတဲ့အာရုံကြောတွေဟာ dermatome လို့ ခေါ်တဲ့ လိုင်းတွေအတိုင်း စီစဉ်တကျရှိနေပါတယ်။ ပုံမှန်အားဖြင့် အာရုံကြောတစ်ခုပျက်စီးရင် ခန္ဓာကိုယ်အစိတ်အပိုင်း အချို့ဆီသွားတဲ့ dermatome တစ်ခုထက်ပိုပြီး ထိခိုက်နိုင်ပါတယ်။ ဒီအာရုံကြောတွေပျက်စီးမှုကြောင့် ဦးနှောက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ အဆက်အသွယ်ပြတ်တောက်စေပြီး ကြွက်သားများလှုပ်ရှားမှု၊ ခြေလက်များရဲ့ပုံမှန်အာရုံခံနိုင်မှုကို ပျက်စီးစေပြီး နာကျင်မှုတွေ၊ ထုံတာတွေကို ဖြစ်စေပါတယ်။ လက္ခဏာများ အာရုံကြောအားနည်းခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ခန္ဓာကိုယ်ရဲ့ အာရုံကြောတိုင်းမှာ သီးသန့်အလုပ်တွေရှိတဲ့အတွက် ရောဂါလက္ခဏာတွေဟာ ထိခိုက်တဲ့အာရုံကြောအပေါ် မူတည်ပါတယ်။ အာရုံကြောအမျိုးအစားများမှာ အရေပြားမှ အပူ၊ နာကျင်မှု၊ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Post - Concussion Syndrome (ဦးနှောက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Post – Concussion Syndrome (ဦးနှောက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု) ကဘာလဲ။ ထိခိုက်မှုပြီးနောက် သီတင်းပတ်ပေါင်းများစွာ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းလိုမျိုး အမျိုးမျိုးသောလက္ခဏာတွေခံစားရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ခေါင်းကိုထိခိုက်မိပြီးနောက်ဖြစ်လေ့ရှိတဲ့ဦးနှောက်အသေးစားမဆိုသလောက်ထိခုက်သွားခြင်း ဖြစ်ပါတယ်။ ဦးနှောက်ကိုထိခိုက်မိခြင်းရှိမရှိ ဥိးနှောက်ကိုထိခိုက်မိခြင်းကြောင့်ဖြစ်တဲ့ ဖြစ်တဲ့ရောဂါစုရမရ ရောဂါအဖြေရှာအတည်ပြုဖို့အတွက် သတိလစ်သွားဖို့မလိုပါဘူး။ ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု ဖြစ်နိုင်ချေက ထိခိုက်မှုအပြင်းအထန်နဲ့မဆက်နွှယ်ပါဘူး။ ကုသမှုက လက္ခဏာတွေသက်သာဖို့အတွက်သာ ဦးတည်ပါတယ်။ Post – Concussion Syndrome (ဦးနှောက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ လူအများစုမျာ ပထမ၇ရက်ကနေ ၁၀ရက်အတွင်း လက္ခဏာစပြလေ့ရှိပြီး သုံးလအတွင်းသက်သာပျောက်ကင်းသွားပါတယ်။ နှစ်နဲ့ချီပြီးတော့လည်း ကြာနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPost – Concussion Syndrome (ဦးနှောက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း မူးဝေခြင်း မောပန်းနွမ်းနယ်ခြင်း ဆတ်ဆတ်ထိမခံဖြစခြင်း စိုးရိမ်ပူပန်ခြင်း အိပ်မပျေြာ်ခင်း အာရု့စူးစိုက်လို့မရခြင်း မှတ်ဉာဏ်ဆုံးရှူးံသွားခြင်း အလင်းနဲ့ဆူညံသံမကြားနိုင်ခြင်း အထိမခံနိုင်ဖြစ်ခြင်း ထိခိုက်မှုပြီး ခေါင်းကိုက်ခြင်းက […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Pudendal Nerve Entrapment (အာရုံကြော ထိခိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pudendal Nerve Entrapment (အာရုံကြော ထိခိုက်ခြင်း) ကဘာလဲ။ Pudendal အာရုံကြော ပျက်စီးခြင်းသို့မဟုတ် ထိခိုက်ခြင်းမှအစပြုတဲ့ (နာတာရှည်) တင်ပါးဆုံတွင်းနာကျင်ကိုက်ခဲမှု ရောဂါအမျိုးအစားဖြစ်ပါတယ်။   pudendal အာရုံကြောက တင်ပါးဆုံမှာ အဓိကအာရုံကြော ဖြစ်ပြီး – တင်ပါး အောက်ပိုင်း – တင်ပါးနဲ့လိင်အင်္ဂါအကြားဧရိယာ (perineum) – မစင်စွန့် အင်္ဂါ (rectum) – မအင်္ဂါ , နှုတ်ခမ်းသားနဲ့ clitoris – အမျိုးသားများတွင်ကပ်ပယ်အိတ်နှင့်လိင်တံ စတာတွေကို အာရုံကြော ထောက်ပံ့မှုပေးပါတယ်။ Pudendal အာရုံကြော နာကျင်တာဟာ အလွန်မသက်မသာနဲ့စိတ်ပျက်စရာဖြစ်နိုင်ပေမယ့် အကူအညီပေးနိုင်သလို ကုသမှုတွေကလည်း များစွာ ရှိပါတယ်။ Pudendal Nerve Entrapment (အာရုံကြော ထိခိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန် အဖြစ်များပြီး မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်နိုင်ချေများစေတဲ့အချက်တွေ ရှောင်ပြီး နေလို့ရနိုင်ပါတယ်။ အခြားအချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများPudendal Nerve Entrapment […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Lewy body dementia (လူဝီရူးသွပ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lewy body dementia (လူဝီရူးသွပ်ရောဂါ) ကဘာလဲ။ အတိတ်မေ့ခြင်းရူးသွပ်ခြင်းဖြစ်ပြီးနေက် ဒုတိယအဖြစ်အများဆုံးဖြစ်ပါတယ်။ လူဝီအစိုင်အခဲများကြောင့်ဖြစ်တဲ့ ရူးသွပ်ခြင်းဖြစ်ပါတယ်။ လူဝီလို့ခေါ်တဲ့ပရိုတိန်းအစိုင်အခဲလေးတွေက တွေးခေါ်ခြင်း၊ မှတ်ဉာဏ်၊ နဲ့ ရွေ့လျားမှုတွေမှာပါတဲ့ဦးနှောက်အစိတ်အပိုင်းနေရာတွေမှာရှိတဲ့ အာရုံကြောတွေထဲမှာ ကြီးထွားနေရာယူလာကြပါတယ်။ စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်ရည်တွေတွေ တဖြစည်းဖြည်းကျဆင်းလာစေပါတယ်။ အမြင်ထင်ယောင်ထင်မှားဖြစ်ခြင်း၊နဲ့ တက်ကြွမှုအာရုံစူးစိုက်မှုတွေမှာ ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။ ကြွက်သားများတောင့်တင်ခြင်း၊ ရွေ့လျားမှုလှုပ်ရှားမှုနှေးကွေးခြင်းနဲ့ လက်ခြေတုန်ခြင်းစတဲ့ ပါကင်ဆန်လက္ခဏာတွေလည်း ပြနိုင်ပါတယ်။ Lewy body dementia (လူဝီရူးသွပ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ဒိရောဂါထက်ပိုအဖြစ်များတာကတော့ ရူးသွပ်ခြင်းရောဂါတစ်မျိုးဖြစ်တဲ့ သတိမေ့ရောဂါဖြစ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများLewy body dementia (လူဝီရူးသွပ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ လူဝီရူးသွပ်ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အမြင်ထင်ယောင်ထင်မှားဖြစ်ခြင်း ထင်ယောင်ထင်မှားဖြစ်ခြင်းက ပထမဆုံးစပေါ်တတ်တဲ့လက္ခဏာတွေထဲက တစ်ခုစြဖ်ပြီး မကြာခဏပြန်ပြန်ဖြစ်တတ်ပါတယ်။ အမှန်တကယ်မရှိတဲ့ ပုံသဏ္ဍာန်တွေ၊ တိရိစ္ဆာန်တွေနဲ့ လူတွေကို မြင်ယောင်ခြင်းဖြစ်ပါတယ်။ အသံ၊ အနံနဲ့ အတွေ့အထိပိုင်းဆိုင်ရာ ထင်ယောင်ထင်မှားဖြစ်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ လှုပ်ရှားလုပ်ကိုင်နိုင်မှုဆိုင်ရာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း