အရက်သောက်မသောက်က သူ့တို့ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သော်လည်း အရက်ရဲ့ ဝက်ရူးပြန်ရောဂါပေါ်မှာရှိသော သက်ရောက်မှုတွေ ပြောပြပြီး အရက်မသောက်ဖို့ တိုက်တွန်းပေးပါ။ ဝက်ရူးပြန်ရှိတဲ့လူဟာ တစ်နေ့ကို အရက် ၁ယူနစ်ကနေ ၂ယူနစ်အထိသာ သောက်သုံးသင့်ပါတယ်။ ဒါပေမယ့်လည်း တတ်နိုင်သမျှ မသောက်တာက ပိုကောင်းပါတယ်။ အရက်က ဝက်ရူးပြန်အတွက်ဆေးများတွေ၏ ဘေးထွက်ဆိုးကျိုးတွေကို ပိုဆိုးစေပါတယ်။ ဒါမှမဟုတ် အရက်ရဲ့ ခန္ဓာကိုယ်အပေါ်သက်ရောက်မှုကို ပိုများစေပါတယ်။ ဒါ့အပြင် အချို့လူတွေမှာ အရက်က အတက်ရောဂါကို ပိုဆိုးစေပါတယ်။ အိပ်စက်မှုပုံစံကို ပြောင်းလဲစေခြင်းဖြင့် အတက်ရောဂါကို ပိုဆိုးစေပါတယ်။
မိမိကိုယ်ကိုလည်းဂရုစိုက်ပါ။
ကိုယ့်ချစ်သူကို ဂရုစိုက်ကူညီပေးနေခြင်းက စိတ်ကျေနပ်စရာကောင်းသော်လည်း တစ်ခါတလေတော့ ပင်ပန်းတယ်လို့ ခံစားရနိုင်ပါတယ်။ အပြစ်ရှိမှုတွေ၊ စိတ်ပျက်မှုတွေ၊ ဒေါသဖြစ်မှုတွေနဲ့ အကူအညီမဲ့မှုတွေကို ခံစားနေရမယ်ဆိုရင် ဒါဟာပုံမှန်ပါပဲ။ ကိုယ့်ချစ်သူကို တတ်နိုင်သမျှ ကူညီပံ့ပိုးပေးချင်နေသော်လည်း အလုပ်တွေ၊ ဝင်ငွေတွေကို မပြစ်ပယ်လိုက်သင့်ပါဘူး။ သူ့ကို ပိုမိုကူညီပေးနိုင်ရန် အနားယူလို့လိုအပ်ပါတယ်။ ဒါကြောင့် အမြဲကြီး အာရုံစိုက်မနေပါနှင့်။ သင့်လိုအင်ဆန္ဒတွေနဲ့ လိုအပ်မှုတွေအပေါ်မှာလည်း ဂရုစိုက်သင့်ပါသေးတယ်။ မိမိကိုယ်ကို ဂရုစိုက်ဖို့၊ အချိန်ပေးဖို့ အလွန်အရေးကြီးပါတယ်။
အရေးကြီးတဲ့ ဆရာဝန်ချိန်းဆိုမှုတွေကို လိုက်သွားပေးပါ။
ကိုယ့်ကြင်ဖော်မှာ အရေးကြီးတဲ့ ချိန်းဆိုမှုတွေ ရှိနေပြီဆိုရင် လိုက်ပေးနိုင်ဖို့ တောင်းဆိုပါ။ သူက ဘေးမှာရှိနေပေးဖို့၊ အရေးကြီးအချက်အလက်တွေ လိုက်မှတ်နေပေးဖို့ လူတစ်ယောက်လိုအပ်နိုင်ပါတယ်။ အဲလူက သင်ပဲဖြစ်ပေးလိုက်ပါ။ ဒါ့အပြင် အဲဒါဟာ သူ့ရောဂါအခြေအနေဘယ်လိုရှိနေတယ်ဆိုတာသိဖို့နဲ့ သူတို့လိုအပ်မယ့် ကုသမှုတွေ ရွေးချယ်နိုင်အောင် ကူညီပေးဖို့ အခွင့်အရေးပါပဲ။ သူက ဝက်ရူးပြန်နေချိန်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို သိမှာမဟုတ်ပါဘူး။ သင်ကသာ ဆရာဝန်ကို ပြောပြပေးရမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။