သွေးရောဂါများ

ခန္ဓာကိုယ်ကျန်းမာရေးအတွက် သွေးက အရေးကြီးပါတယ်။ သွေးရောဂါတွေလို့ ဆိုလိုက်ရင် သွေးနီဥ၊ သွေးဖြူဥ၊ သွေးရည်ကြည်နဲ့ သွေးဥမွှားပြဿနာတွေ ပါဝင်ပါတယ်။ ဒါတွေကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွေးရောဂါများ

သွေးပျစ်ခြင်း အကြောင်း သိထားသင့်သမျှ

သွေးပျစ်ခြင်း ဆိုတာ နာမည်အတိုင်းပဲ သွေးကြောထဲမှာ လွတ်လွတ်လပ်လပ် လှည့်ပတ်နေရမယ့် သွေးက ပျစ်ပြီးတော့ သွေးလည်ပတ်မှု မကောင်းတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တွင်းအင်္ဂါတွေဆီကို သွေးကောင်းကောင်း မရောက်ဘဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒီနေရာမှာ သွေးပျစ်တယ်ဆိုပြီး အလွယ်ပြောကြတဲ့ ရောဂါ၃ခုရှိပါတယ်။ ပထမတစ်ခုက Hyperviscosityဆိုတဲ့ သွေးပျစ်တဲ့ အခြေအနေကိုလည်း သွေးပျစ်တယ်လို့ ခေါ်ကြပါတယ်။ ဒုတိယ Hypercoagulability ဆိုတာကိုလည်း သွေးပျစ်တယ်လို့ အလွယ်ခေါ်ကြပေမယ့် အတိအကျပြောရရင် သွေးခဲလွယ်တဲ့ရောဂါ ဖြစ်ပါတယ်။ နောက် Polycythemia ကိုလည်း သွေးပျစ်တယ်လို့ ပြောကြပေမယ့် ဒါက တကယ်တော့ သွေးနီဥများတဲ့ ပြဿနာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို ပြောလိုက်ရင် ရှင်းပေမယ့် မြန်မာလိုဆို အားလုံးက သွေးပျစ်တယ်လို့ ပြောနေတော့ ဘယ်ရောဂါကို ပြောချင်မှန်း မသိတာမျိုး […]

သွေးရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွေးရောဂါများ ကို ရှာဖွေမည်။

သွေးမတိတ်ရောဂါများ

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ

Platelet (သွေးတိတ်စေတဲ့ သွေးဆဲလ်) ကို thrombocytes လို့လည်း သိကြပါတယ်။ သွေးဆဲလ် အမျိုးအစား တစ်ခုပါ။ ဒီ သွေးဆဲလ်လေးတွေက ရိုးတွင်းခြင်ဆီထဲမှာ ရှိနေနိုင်သလို အရိုးထဲက ရေမြှုပ်လိုမျိုး တစ်ရှူးထဲမှာလည်း ရှိနေနိုင်ပါတယ်။ ဒီသွေးဆဲလ်လေးတွေရဲ့ အဓိက တာဝန်က သွေးတိတ်စေဖို့ လုပ်ဆောင်ပေးတာပါ။ ပုံမှန်အာဖြင့် သွေးကြော တစ်ခုခု ထိခိုက်မိတဲ့အခါ သွေးတွေ စထွက်လာပါတယ်။ ဒီအခြေအနေမှာ သွေးဆဲလ်လေးတွေက သွေးကို ခဲသွားစေဖို့ လုပ်ဆောင်ပေးပြီး ထိခိုက်မိသွားတဲ့ သွေးကြောကို ပိတ်သွားအောင် လုပ်ဆောင်ပေးရင် သွေးတိတ်စေဖို့ လုပ်ဆောင်ပါတယ်။ ပေါက်သွားတဲ့နေရာကို သွေးခဲအောင်လုပ်ပြီး ဖာထေးပေးတဲ့ သဘောပေါ့။ Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ ဆိုတာ သွေးတွေကို အမျိုးမျိုးသော သွေးဆဲလ်တွေ (သွေးနီဥဆဲလ်၊ သွေးဖြူဥဆဲလ်နဲ့ သွေးတိတ်စေတဲ့ သွေးဆဲလ်) […]


သွေးအားနည်းရောဂါများ

သွေးအားနည်းရောဂါ (Anemia)

သွေးအားနည်းရောဂါ ဆိုတာက ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံလောက် ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အဖြစ်များတဲ့ သွေးရောဂါတစ်မျိုးပေါ့။ သွေးအားနည်းတာက အချို့သောကျန်းမာရေးပြဿနာတွေရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။ ဒီဆောင်းပါးလေးထဲမှာ သွေးအားနည်းရောဂါ (Anemia) နဲ့ပတ်သက်ပြီး ပြောပြပေးသွားပါမယ်။ သွေးအားနည်းရောဂါ (Anemia) ဆိုတာ ခန္ဓာကိုယ်ထဲက သွေးနီဥဆဲလ် ထဲမှာ ဟေမိုဂလိုဘင်ဓာတ်တွေ နည်းသွားတဲ့အခါ သွေးအားနည်းရောဂါ (Anemia) ဖြစ်လာပါတယ်။ သွေးနီဥဆဲလ်တွေက ခန္ဓာကိုယ်က တစ်ရှူးတွေဆီကို အောက်ဆီဂျင်တွေသယ်ပို့ပေးတာပါ။ သွေးနီဥဆဲလ်အရေအတွက် နည်းသွားတဲ့အခါ  ကိုယ်ထဲမှာ အောက်ဆီဂျင်ပမာဏ ကျသွားတတ်ပါတယ်။ သွေးအားနည်းရောဂါရဲ့ အတွေ့ရ အများဆုံး လက္ခဏာက ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်အောင် မရောက်ရှိတာပါ။ သွေးအားနည်းရောဂါ ခံစားနေရသလားဆိုတာကို သွေးနီဥဆဲလ်တွေထဲက ပရိုတင်း တစ်မျိုးဖြစ်တဲ့ ဟီမိုဂလိုဘင်ကို တိုင်းတာပြီး သိရှိနိုင်ပါတယ်။ အမျိုးသမီးတွေနဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေ […]


အခြားသွေးရောဂါများ

သွေးသန့်စေဖို့ ဒါတွေစားပါ။

ခန္ဓာကိုယ်က တစ်ရှူးတွေဆီကို အောက်ဆီဂျင်၊ အာဟာရတွေနဲ့ ဟော်မုန်းတွေ သယ်ပို့ပေးဖို့အတွက် သွေးက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ခန္ဓာကိုယ်က အလုပ်တွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ သွေးတွေကို လိုအပ်ပါတယ်။ သွေးမှာ ညစ်ပတ်တဲ့ သွေးရယ်လို့တော့ မရှိပါဘူး။ သွေးဆဲလ်တွေ ကျန်းမာနေမှ သွေးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ကင်းမှာ ဖြစ်ပါတယ်။ ဒါကိုပဲ သွေးသန့်စေဖို့ လုပ်ကြတယ်လို့ ခေါ်ပါတယ်။ သွေးတွေကို အဓိက သန့်စင်ပေးတဲ့အရာတွေ ကျောက်ကပ်နဲ့ ဘေလုံးက သွေးတွေကို သန့်စင်ပေးဖို့ အဓိက တာဝန် ယူထားကြပါတယ်။ ဒီအစိတ်အပိုင်းတွေကနေ သွေးတွေကို အကောင်းဆုံး သန့်စင်ပေးနိုင်ဖို့ အစားအသောက် အနေအထိုင်တွေကနေတဆင့် အားဖြည့်ပေးလို့ ရပါတယ်။ https://hellosayarwon.com/healthy-eating/other-healthy-eating-tips/natural-blood-thinning-foods/ သွေးသန့်စေဖို့ ဒါတွေစားပါ။ သွေးတွေ သန့်စင်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ဆိုရင် သောက်ရေ ရေက သဘာဝ အဆိပ်အတောက် […]


သွေးအားနည်းရောဂါများ

သွေးနီဥအရွယ်အစား သေးငယ်ပြီး သွေးအားနည်းခြင်း (Microcytic Anaemia)

ကိုယ်ခန္ဓာထဲမှာရှိတဲ့ သွေးနီဥဆဲလ်တွေ ပုံမှန်အလုပ်မလုပ်နိုင်တဲ့အခါ သွေးအားနည်းခြင်း ဖြစ်တတ်ပါတယ်။ သွေးနီဥများရဲ့ အရွယ်အစားဟာ ပုံမှန်ရှိသင့်တဲ့ အရွယ်ပမာဏထက် သေးငယ်နေတဲ့အတွက် သူတို့လုပ်ကိုင်ရမယ့် တာဝန်များကို မဆောင်ရွက်နိုင်ရင်လည်း သွေးအားနည်းတတ်ပါတယ်။ ဥပမာ သွေးနီဥဆဲလ်ဟာ သေးငယ်တဲ့အတွက် အောက်ဆီဂျင်ကို လုံလောက်စွာ မသယ်ဆောင်နိုင်တော့ပါဘူး။ သွေးနီဥဆဲလ် သေးငယ်ခြင်းကြောင့် သွေးအားနည်းခြင်းလို့ ခေါ်ဝေါ်ပါတယ်။ ကိုယ်ခန္ဓာကနေ ဟေမိုဂလိုဘင်ကို လုံလောက်စွာ မထုတ်လုပ်နိုင်တဲ့ အခြေအနေတွေမှာ သွေးနီဥဆဲလ်သေးငယ်ပြီး သွေးအားနည်းခြင်း ဖြစ်တတ်ပါတယ်။ ဟေမိုဂလိုဘင်ဟာ သွေးနီဥဆဲလ်ကို အနီရောင်ရှိစေပြီး ကိုယ်ခန္ဓာအနှံ့ကို ပို့ဆောင်မယ့် အောက်ဆီဂျင်ကို သယ်ယူပေးပါတယ်။ သွေးနီဥဆဲလ် အရွယ်အစားကို သေးငယ်စေပြီး သွေးအားနည်းခြင်းကို ဦးတည်စေတဲ့ တခြားအကြောင်းအရာတွေ ရှိပါသေးတယ်။ ဒီပြဿနာကို ကုသဖို့အတွက် အကြောင်းအရင်းခံကို နားလည်သိရှိဖို့တော့ လိုအပ်ပါတယ်။ လက္ခဏာများ သွေးနီဥဆဲလ်သေးငယ်ပြီး သွေးအားနည်းခြင်းဖြစ်ခဲ့ရင် စစချင်းမှာတော့ ဘာလက္ခဏာမှ မပြပါဘူး။ နောက်တဖြည်းဖြည်းနဲ့ […]


သွေးအားနည်းရောဂါများ

သွေးနီဥဆဲလ်များ ကြီးမားပြီး သွေးအားနည်းခြင်း (Macrocytic Anemia)

တစ်ခါတရံမှာ ပြဿနာတစ်ခုခုကြောင့် သွေးနီဥဆဲလ်များဟာ ပုံမှန်ထက် အရွယ်အစား ကြီးမားနေတတ်ပါတယ်။ သွေးနီဥဆဲလ်တွေဟာ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ကောင်းစွာ ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အခါ သွေးအားနည်းတတ်ပါတယ်။ အကယ်၍ ကိုယ်ခန္ဓာထဲမှာ သွေးနီဥဆဲလ်များဟာ ပုံမှန်ထက် အရွယ်အစားကြီးမားနေပြီး ပုံမှန်သွေးနီဥဆဲလ်တွေ နည်းပါးလာတဲ့အခါလည်း သွေးအားနည်းတဲ့ အခြေအနေ ဖြစ်ပေါ်ပါတယ်။ အဆိုပါအခြေအနေကို သွေးနီဥဆဲလ်ကြီးမားပြီး သွေးအားနည်းခြင်း (Microcytic Anaemia) လို့ ခေါ်ဝေါ်ပါတယ်။ သွေးနီဥဆဲလ်ကြီးမားပြီး သွေးအားနည်းခြင်းဟာ ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေပေါ်မူတည်ပြီး အမျိုးအစား ခွဲခြားနိုင်ပါတယ်။ အများစုကတော့ ဗီတာမင် B12 နဲ့ ဖောလိတ်ဓာတ် ချို့တဲ့ပြီး ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ လက္ခဏာများ များသောအားဖြင့် သွေးနီဥဆဲလ်ကြီးမားပြီး သွေးအားနည်းဟာ အစောပိုင်းမှာ လက္ခဏာမပြတတ်ပါဘူး။ ကြာလာရင်တော့ အောက်ပါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ - အစားပျက်ခြင်း - ကိုယ်အလေးချိန်လျော့ခြင်း - ခြေသည်းလက်သည်းများ ကျိုးပဲ့လွယ်လာခြင်း - နှလုံးခုန်မြန်ခြင်း - ဝမ်းပျက်ခြင်း - ပင်ပန်းနွမ်းနယ်ခြင်း - […]


အခြားသွေးရောဂါများ

သွေးဆိပ်တက်ခြင်း အကြောင်း

သွေးဆိပ်တက်ခြင်းဆိုတာကတော့ သွေးထဲကို ရောဂါပိုးများ ဝင်ရောက်ကူးစက်မှုဒဏ်ကို ပြင်းထန်စွာ ခံစားရခြင်းပဲ ဖြစ်ပါတယ်။ သွေးဆိပ်သင့်ခြင်းလို့လည်း ခေါ်နိုင်ပါတယ်။ သွေးဆိပ်တက်ခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။ သွေးဆိပ်တက်ခြင်း အကြောင်း အဆုတ်၊ အရေပြား ဒါမှမဟုတ် ကိုယ်ခန္ဓာရဲ့ တနေရာရာမှာ ဝင်ရောက်ကူးစက်နေတဲ့ ဘက်တီးရီးယားများဟာ သွေးထဲမှာပါ ပျံ့နှံ့လာတဲ့အခါ သွေးဆိပ်တက်ခြင်း ဖြစ်ပေါ်ပါတယ်။ သွေးထဲမှာပျံ့နှံ့သွားပြီးတဲ့ ရောဂါပိုးများဟာ ကိုယ်ခန္ဓာအနှံ့ကို ရောက်ရှိနိုင်တာမို့ အန္တရာယ်များတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ သွေးဆိပ်တက်ခြင်းဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမို့ ဆေးရုံမှာ စနစ်တကျကုသမှု ခံယူသင့်ပါတယ်။ နားတည်တတ်ကျွမ်းသူမကုသရင် သွေးလန့်သေဆုံးနိုင်ခြေ ရှိပါတယ်။ သွေးဆိပ်တက်ခြင်း ဘာကြောင့်ဖြစ်နိုင်သလဲ ဘက်တီးရီးယားပိုးကူးစက်ရာကနေ ဖြစ်ပွားပါတယ်။ သွေးဆိပ်တက်ခြင်းဟာ ကိုယ်ခန္ဓာအခြားတနေရာရာကနေ ပျံ့နှံ့ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ တခါတရံမှာ ဘယ်နေရာကလာသလဲဆိုတဲ့ ရင်းမြစ်ကို တိကျစွာ မသိနိုင်ပါဘူး။ များသောအားဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဆုတ်ပိုးဝင်ခြင်း (ဥပမာ နမိုးနီးယား) ကျောက်ကပ်ရောဂါပိုးဝင်ခြင်း […]


သွေးအားနည်းရောဂါများ

အစားအစာများဆီမှ သံဓာတ်စုပ်ယူခြင်းကို အားကောင်းစေဖို့

သံဓာတ်ဟာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ လုံလောက်တဲ့ပမာဏ ရရှိနိုင်ဖို့ လိုအပ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ သင်စားလိုက်တဲ့ အစားအစာတွေမှာ သံဓာတ်လုံလောက်စွာ ပါဝင်နိုင်သလို သံဓာတ်ကို ဘယ်လောက်ထိ စုပ်ယူရရှိနိုင်မလဲဆိုတဲ့အပေါ်လည်း မူတည်ပါတယ်။ လူတစ်ဦးအတွက် တစ်နေ့တာရရှိသင့်တဲ့ သံဓာတ်ပမာဏကတော့ ၇-၁၈ မီလီဂရမ်ဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင် ၂၇ မီလီဂရမ်လောက်ထိ လိုအပ်ပါတယ်။ သံဓာတ်မှာ heme နဲ့ non-heme ဆိုပြီး နှစ်မျိုးရှိပါတယ်။ heme အမျိုးအစားကို အမဲသား၊ ဝက်သား၊ ကြက်သား၊ ငါးအမျိုးမျိုး၊ အခွံမာရေသတ္တဝါများကနေ ရရှိနိုင်ပါတယ်။ Non-heme အမျိုးအစားကိုတော့ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များကနေ ရရှိပါတယ်။ သံဓာတ်စုပ်ယူမှုကို အားကောင်းစေသော အစားအသောက်များ အစားအစာများကနေ သံဓာတ်ကိုစုပ်ယူ အသုံးချရာမှာ တစ်သမတ်တည်း မရရှိပါဘူး။ တွဲဖက်စားသုံးတဲ့ အစားအစာပေါ်မှာလည်း မူတည်ပါသေးတယ်။ အောက်ပါအစားအစာများကတော့ […]


သွေးအားနည်းရောဂါများ

ဘာကြောင့် အရမ်း ပင်ပန်းနွမ်းနယ်နေရသလဲ

ဒီနေ့ တစ်နေကုန် သမ်းနေတာပဲ၊ အိပ်ချင်နေတယ်၊ လုပ်ချင်ကိုင်ချင်စိတ်လည်း မရှိဘူး စတဲ့ အသံတွေကို သင့်ပတ်ဝန်းကျင်မှာ ကြားနေကျဖြစ်ပါလိမ့်မယ်။ အခုလိုမျိုး ပင်ပန်းနွမ်းနယ်နေရတဲ့ အကြောင်းအရင်းဟာ မျိုးစုံရှိနိုင်ပါတယ်။ အိပ်ရေးမဝခြင်းကြောင့် ဖြစ်နိုင်သလို တခြားသော ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့် အရမ်း ပင်ပန်းနွမ်းနယ်နေရသလဲ ဆိုတဲ့ မေးခွန်းရဲ့ နောက်ကွယ်မှာ ဖြစ်နိုင်ခြေတွေ အများကြီး ရှိပါတယ်။ ဘာကြောင့် အရမ်း ပင်ပန်းနွမ်းနယ်နေရသလဲ ဘာကြောင့် အရမ်း ပင်ပန်းနွမ်းနယ်နေရသလဲ ဆိုတာကို အတူတူ ဆန်းစစ်ကြည့်ရအောင်နော်။ အိပ်ရေးဝရဲ့လား သုတေသီများရဲ့အဆိုအရ အသက်အရွယ်အလိုက် တစ်နေ့တာ အိပ်စက်သင့်တဲ့ အချိန်တွေကတော့ - ကျောင်းနေအရွယ် ကလေးများ။ ၁၀ နာရီမှ ၁၁ နာရီ - ဆယ်ကျော်သက်များ။ ၈ နာရီမှ ၁၀ နာရီ - အရွယ်ရောက်ပြီးသူများ။ ၇ နာရီမှ ၉ နာရီ - […]


သွေးအားနည်းရောဂါများ

သွေးဖြူဥတွေ များတယ်ဆိုတာ

သွေးစစ်လိုက်လို့ သွေးအဖြေမှာ သွေးဖြူဥတွေ များတယ်ဆိုတဲ့ အဖြေထွက်လာရင် လူနာတွေက အဲ့တာ ဘာကိုပြောတာလဲဆိုတာ ပြန်မေးတတ်ကြပါတယ်။ ဒါဆို ပြန်ပြောရမှာက ဘယ်သွေးဖြူဥ အမျိုးအစားက များနေတယ်ဆိုတာပါပဲ။ တခြား သွေးနီဥတွေ၊ သွေးဥမွှားတွေနဲ့ မတူတာက သွေးဖြူဥက အမျိုးအစားက ၅မျိုးတောင် ရှိနေတာကြောင့်ပါ။ တစ်ခုချင်းစီမှာလည်း သူ့အဓိပ္ပာယ်နဲ့သူ ရှိနေပါတယ်။ ဒါကြောင့် သွေးဖြူဥတွေ များတယ်ဆိုတာ တစ်ခွန်းတည်း ပြောလိုက်ရုံနဲ့ မပြီးပါဘူး။ ဒါဟာ ကျယ်ပြန့်တဲ့ ကိစ္စပါပဲ။ သွေးဖြူဥ အမျိုးအစားများ သွေးဖြူဥ အမျိုးအစားက ၅မျိုးရှိပါတယ်။ ဒါကြောင့် သွေးဖြူဥများတာ ၅မျိုးရှိတာပေါ့။ Neutrophilia - ပိုးဝင်တာတွေ၊ ရောင်ရမ်းမှုတွေကြောင့် များတတ်ပါတယ်။ အတွေ့ရအများဆုံး အမျိုးအစားပါ။ Lymphocytosis - ဗိုင်းရပ်စ်ပိုးဝင်တာ၊ သွေးကင်ဆာ ရောဂါတွေမှာ များတတ်ပါတယ်။ သူလည်း မရှားပါဘူး။ […]


သွေးအားနည်းရောဂါများ

ရေခဲတွေပဲ စားချင်နေရတဲ့ အကြောင်းအရင်း

စားစရာတွေ အများကြီး ရှိနေရက်ကမှ ရေခဲပဲ စားချင်တယ်။ အခြားဟာတွေထက် ရေခဲကို တဂျွတ်ဂျွတ် ဝါးရတာကို ပိုသဘောကျနေတယ်ဆိုရင်တော့ ဒီဆောင်းပါးကို မဖြစ်မနေ ဖတ်ကြည့်သင့်ပါတယ်။ ဒီအထဲမှာ ရေခဲတွေပဲ စားချင်နေရတဲ့ အကြောင်းအရင်း ကို ပြောပြပေးထားပါတယ်။ ရေခဲ စားချင်နေမိတယ်။ ရေခဲပဲ စားချင်နေမိတယ်၊ ရေခဲကို တဂျွတ်ဂျွတ် ဝါးရတာ သဘောကျနေမိတာ ကိုယ်တစ်ယောက်တည်းလား၊ လို့ တွေးနေမိပြီလား။ ဒီလိုဆိုရင် ပြောချင်တာက ရေခဲကို တဂျွတ်ဂျွတ် ဝါးစားချင်နေတာက ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ရာသီဥတု ပူလွန်းတဲ့အခါ ရေခဲစားချင်တဲ့ဆန္ဒ ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ အေးအေးလေးဖြစ်နေတဲ့ ရေခဲက ရေငတ်ပြေစေပြီး အပူဒဏ်ကို သက်သာစေနိုင်လို့ပါ။ ရေခဲတွေပဲ စားချင်နေရတဲ့ အကြောင်းအရင်း ရေခဲတွေပဲ စားချင်နေရတဲ့ အကြောင်းအရင်း က တစ်ခုမကရှိနေနိုင်ပါတယ်။ လူတော်တော်များများ ရေခဲ စားချင်ရတဲ့ အကြောင်းအရင်းကတော့ Pica ရောဂါ ရေခဲကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း