သွေးပျစ်ခြင်း ဆိုတာ နာမည်အတိုင်းပဲ သွေးကြောထဲမှာ လွတ်လွတ်လပ်လပ် လှည့်ပတ်နေရမယ့် သွေးက ပျစ်ပြီးတော့ သွေးလည်ပတ်မှု မကောင်းတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တွင်းအင်္ဂါတွေဆီကို သွေးကောင်းကောင်း မရောက်ဘဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။
သွေးပျစ်ခြင်း ဆိုတာ နာမည်အတိုင်းပဲ သွေးကြောထဲမှာ လွတ်လွတ်လပ်လပ် လှည့်ပတ်နေရမယ့် သွေးက ပျစ်ပြီးတော့ သွေးလည်ပတ်မှု မကောင်းတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တွင်းအင်္ဂါတွေဆီကို သွေးကောင်းကောင်း မရောက်ဘဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။
ဒီနေရာမှာ သွေးပျစ်တယ်ဆိုပြီး အလွယ်ပြောကြတဲ့ ရောဂါ၃ခုရှိပါတယ်။ ပထမတစ်ခုက Hyperviscosityဆိုတဲ့ သွေးပျစ်တဲ့ အခြေအနေကိုလည်း သွေးပျစ်တယ်လို့ ခေါ်ကြပါတယ်။ ဒုတိယ Hypercoagulability ဆိုတာကိုလည်း သွေးပျစ်တယ်လို့ အလွယ်ခေါ်ကြပေမယ့် အတိအကျပြောရရင် သွေးခဲလွယ်တဲ့ရောဂါ ဖြစ်ပါတယ်။ နောက် Polycythemia ကိုလည်း သွေးပျစ်တယ်လို့ ပြောကြပေမယ့် ဒါက တကယ်တော့ သွေးနီဥများတဲ့ ပြဿနာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို ပြောလိုက်ရင် ရှင်းပေမယ့် မြန်မာလိုဆို အားလုံးက သွေးပျစ်တယ်လို့ ပြောနေတော့ ဘယ်ရောဂါကို ပြောချင်မှန်း မသိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဘာဖြစ်နေတာလဲဆိုတာကို သေချာမေးဖို့ လိုပါတယ်။
ဒီမှာ ပြောမှာကတော့ Hyperviscosity ဆိုတဲ့ ရောဂါ ဖြစ်ပါတယ်။
သွေးပျစ်တာက ကလေးငယ်လေးတွေမှာ ဖြစ်နိုင်သလို လူကြီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ မွေးစကလေးငယ်လေးတွေမှာဆိုရင်
လူကြီးတွေမှာဆိုရင်တော့ အဖြစ်အများဆုံးက Waldenstrom macroglobulinemiaလို့ခေါ်တဲ့ သွေးကင်ဆာတစ်မျိုးကြောင့်ဖြစ်ပြီး အခြားအကြောင်းရင်းတွေကတော့
ဒီရောဂါကို လူနာတွေအနေနဲ့ ကြားဖူးဖို့ ခဲယဉ်းနိုင်တဲ့အတွက် သွေးပျစ်တဲ့ရောဂါကို သေချာနားမလည်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနာမည်တွေကိုလည်း အတတ်နိုင်ဆုံး အနီးစပ်ဆုံးတူအောင် ရှင်းပြထားတာ ဖြစ်ပါတယ်။
နာမည်ကိုကြည့်ပြီး ဒါရှိရင် သွေးပျစ်ပြီလို့ ပြောလို့မရပါဘူး။ ဥပမာ သွေးဥမွှားတွေများတိုင်း သွေးပျစ်တာ မဟုတ်ပါဘူး။ Essential thrombocythemia ရောဂါအမျိုးအစားမှာသာ သွေးပျစ်တယ်ဆိုတာကို သိထားဖို့ လိုပါတယ်။
များသောအားဖြင့်တော့
ဒါ့အပြင်
ဒီလက္ခဏာတွေက တခြားရောဂါတွေမှာလည်း ဖြစ်နိုင်သလို ဘာရောဂါမှ မယ်မယ်ရရ မရှိဘဲလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဒီထဲက လက္ခဏာတွေ တော်တော်များများရှိနေရင်၊ အပေါ်မှာ ပြောထားတဲ့ ရောဂါအခံတွေ ကိုယ့်မှာရှိနေရင်တော့ သတိထားသင့်ပါတယ်။
သွေးပျစ်တဲ့အတွက် ခန္ဓာကိုယ်က သွေးကောင်းကောင်းမရတဲ့နေရာတိုင်းမှာ ပြဿနာ ဖြစ်နိုင်ပါတယ်။ ဥပမာ ဦးနှောက်ကို သွေးကောင်းကောင်း မရရင် လေဖြတ်တာ၊ ကျောက်ကပ်မှာ သွေးကောင်းကောင်းမရရင် ကျောက်ကပ်ပျက်တာ၊ အူကို သွေးမရောက်ရင် အူပုပ်တာ စတာတွေ ဖြစ်နိုင်ပါတယ်။
သွေးပျစ်ခြင်း ရှိမရှိ သေချာစေဖို့၊ နောက်ဆက်တွဲပြဿနာတွေကို သိရှိဖို့ အောက်ပါတို့ကို စစ်ဆေးဖို့ လိုနိုင်ပါတယ်။ ဒါတွေကတော့ အကြမ်းဖျင်းပဲဖြစ်ပြီး လူနာအခြေအနေပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။
သွေးပျစ်ခြင်းကို ကုသဖို့ဆိုတာ သူ့ကို ဖြစ်စေတဲ့ အပေါ်က ရောဂါတွေကို ကုသမှ ရမှာပါ။
သွေးပျစ်တဲ့လက္ခဏာကို သက်သာစေဖို့ကတော့ အကြောဆေးသွင်းပြီး သွေးကိုကျဲအောင် လုပ်လို့ရပါတယ်။ ခန္ဓာကိုယ်ကို ရေဓာတ်ပြန်ဖြည့်ပြီး ကျဲအောင်လုပ်တဲ့သဘောပါပဲ။ သိပ်ဆိုးလွန်းရင်တော့
သွေးပျစ်ခြင်းကို ဖြစ်စေတဲ့ ရောဂါတွေက သွေးကင်ဆာလို၊ အရေပြားလေးဖက်နာလို ရောဂါတွေ ဖြစ်တဲ့အတွက် သူတို့ကိုယ်တိုင်က အကြောင်းအရင်းအတိအကျ မရှိတဲ့ ရောဂါတွေ ဖြစ်တာကြောင့် ကာကွယ်လို့ မရဘူးပဲ ပြောရမှာပါ။
မွေးစကလေးငယ်တွေမှာ ဖြစ်တဲ့ သွေးပျစ်ခြင်းအတွက်ကတော့
ဒါဆိုရင်တော့ မွေးလာမယ့် ကလေးမှာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။