သွေးစစ်လိုက်လို့ သွေးအဖြေမှာ သွေးဖြူဥ တွေ များတယ်ဆိုတဲ့ အဖြေထွက်လာရင် လူနာတွေက အဲ့တာ ဘာကိုပြောတာလဲဆိုတာ ပြန်မေးတတ်ကြပါတယ်။ ဒါဆို ပြန်ပြောရမှာက ဘယ်သွေးဖြူဥ အမျိုးအစားက များနေတယ်ဆိုတာပါပဲ။ တခြား သွေးနီဥတွေ၊ သွေးဥမွှားတွေနဲ့ မတူတာက သွေးဖြူဥက အမျိုးအစားက ၅မျိုးတောင် ရှိနေတာကြောင့်ပါ။ တစ်ခုချင်းစီမှာလည်း သူ့အဓိပ္ပာယ်နဲ့သူ ရှိနေပါတယ်။ ဒါကြောင့် သွေးဖြူဥများနေတယ်လို့ တစ်ခွန်းတည်း ပြောလိုက်ရုံနဲ့ မပြီးပါဘူး။ ဒါဟာ ကျယ်ပြန့်တဲ့ ကိစ္စပါပဲ။