သွေးရောဂါများ

ခန္ဓာကိုယ်ကျန်းမာရေးအတွက် သွေးက အရေးကြီးပါတယ်။ သွေးရောဂါတွေလို့ ဆိုလိုက်ရင် သွေးနီဥ၊ သွေးဖြူဥ၊ သွေးရည်ကြည်နဲ့ သွေးဥမွှားပြဿနာတွေ ပါဝင်ပါတယ်။ ဒါတွေကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွေးရောဂါများ

သွေးပျစ်ခြင်း အကြောင်း သိထားသင့်သမျှ

သွေးပျစ်ခြင်း ဆိုတာ နာမည်အတိုင်းပဲ သွေးကြောထဲမှာ လွတ်လွတ်လပ်လပ် လှည့်ပတ်နေရမယ့် သွေးက ပျစ်ပြီးတော့ သွေးလည်ပတ်မှု မကောင်းတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တွင်းအင်္ဂါတွေဆီကို သွေးကောင်းကောင်း မရောက်ဘဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒီနေရာမှာ သွေးပျစ်တယ်ဆိုပြီး အလွယ်ပြောကြတဲ့ ရောဂါ၃ခုရှိပါတယ်။ ပထမတစ်ခုက Hyperviscosityဆိုတဲ့ သွေးပျစ်တဲ့ အခြေအနေကိုလည်း သွေးပျစ်တယ်လို့ ခေါ်ကြပါတယ်။ ဒုတိယ Hypercoagulability ဆိုတာကိုလည်း သွေးပျစ်တယ်လို့ အလွယ်ခေါ်ကြပေမယ့် အတိအကျပြောရရင် သွေးခဲလွယ်တဲ့ရောဂါ ဖြစ်ပါတယ်။ နောက် Polycythemia ကိုလည်း သွေးပျစ်တယ်လို့ ပြောကြပေမယ့် ဒါက တကယ်တော့ သွေးနီဥများတဲ့ ပြဿနာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို ပြောလိုက်ရင် ရှင်းပေမယ့် မြန်မာလိုဆို အားလုံးက သွေးပျစ်တယ်လို့ ပြောနေတော့ ဘယ်ရောဂါကို ပြောချင်မှန်း မသိတာမျိုး […]

သွေးရောဂါများ ကို ရှာဖွေမည်။

အခြားသွေးရောဂါများ

Disseminated Intravascular Coagulation (သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Disseminated Intravascular Coagulation (သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်း) ကဘာလဲ။ သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်း သည် တကိုယ်လုံးတွင်ရှိသော သေးငယ်သောသွေးကြောများတွင် သွေးခဲမှုဖြစ်ပေါ်ခြင်းဖြစ်သည်။ ထိုသွေးခဲများသည် သွေးစီးဆင်းမှုကို လျော့နည်းစေခြင်း၊ ပိတ်ဆို့စေခြင်းဖြစ်စေကာ ခန္ဓာကိုယ်ရှိ အရေးပါသော အင်္ဂါ အစိတ်အပိုင်းများကို ပျက်စီးစေနိုင်သည်။ သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်းဖြင့် သွေးထဲတွင်ရှိသော သွေးမွှားဥများနှင့် သွေးခဲစေသောအရာများ ကုန်ဆုံးသွားသည်။ သွေးမွှားဥများဆိုသည်မှာ သွေးကြောများပြတ်ခြင်း ဖြစ်ပါက အနာကျက်စေရန် ထိုနေရာတွင် လာရောက်စုဝေးပြီး သွေးတိတ်စေနိုင်သော ဂုဏ်သတ္တိရှိသည်။ သွေးခဲစေသော အရာများကိုလည်း ပုံမှန်သွေးခဲမှုဖြစ်စဉ်များတွင် လိုအပ်ပါသည်။ သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်းဖြစ်လျှင် ထိုအရာများကုန်ဆုံးသွားခြင်းကြောင်း ခန္ဓာကိုယ်၏ အတွင်းနှင့် အပြင်တွင် သွေးထွက်လာပါသည်။ ခန္ဓာကိုယ်၏ အတွင်းတွင်သွေးထွက်ခြင်းသည် ကိုယ်တွင်း အင်္ဂါများတွင် သွေးထွက်ခြင်းဖြစ်ပြီး ခန္ဓာကိုယ်၏ အပြင်တွင်သွေးထွက်ခြင်းသည် အရေပြားအောက်နှင့် ချွဲလွှာများတွင်သွေးထွက်ခြင်းဖြစ်သည်။ (ချွဲလွှာဟူသည် ကိုယ်တွင်းအင်္ဂါများ နှင့် နှာခေါင်း၊ ပါးစပ်စသည့် […]


သွေးဖြူဥရောဂါများ

Neutropenia (သွေးဖြူဥနည်းခြင်း (နူထရိုပန်းနီးယား))

အဓိပ္ပါယ်ဖွင့်ဆိုချက်Neutropenia (သွေးဖြူဥနည်းခြင်း (နူထရိုပန်းနီးယား)) ကဘာလဲ။ သွေးဖြူဥနည်းတယ်ဆိုတာ နူထရိုဖေးလ်လို့ခေါ်တဲ့ သွေးဖြူဥများ ရှိသင့်တာထက် ပိုနည်းနေတာကို ခေါ်တာပါ။ သွေးဖြူဥတော်တော်များများဟာ နူထရိုဖေးလ်တွေဖြစ်ပါတယ်။ ရိုးတွင်းခြင်ဆီမှာ ဖြစ်တည်ကာ သွေးအတွင်းတွင် ခရီးနှင်ပြီး ရောဂါဖြစ်ပွားရာ နေရာသို့ ရောက်ရှိသွားကြပါတယ်။ ထိုးဖောက်ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို သတ်ဖို့ ဓါတုပစ္စည်းတွေ ထုတ်ပေးပါတယ်။ ဘက်တီးရီးယားကြောင့် အဓိကဖြစ်တဲ့ ရောဂါတွေကို တိုက်ခိုက်သော နေရာတွင် အလွန်အရေးပါပါတယ်။ လူကြီးတစ်ယောက်အနေဖြင့်ဆိုရင် သွေး၁မိုက်ခရိုလီတာတွင် နူထရိုဖေးလ် အရေအတွက် ၁၅၀၀ထက် နည်းနေပြီဆိုရင် နူထရိုပန်းနီးရားလို့ ပြောလို့ရပါတယ်။ ကလေးတွေ အတွက် ဆိုရင်တော့ နူထရိုပန်းနီးယား ရှိလားဆိုတာ အတည်ပြုဖို့က အသက်အရွယ်လိုက် ကွဲပြားပါတယ်။ နူထရိုဖေးလ် အရေအတွက်ဟာ တစ်ချို့လူတွေမှာ သာမန်ထက် လျော့နည်းနိုင်သော်လည်း ရောဂါဝင်နိုင်ခြေတော့ မနည်းသွားကြပါဘူး။ ထိုသို့သော အခြေအနေမျိုးတွင် သူတို့ရဲ့ နူထရိုပန်းနီးယားဟာ သိပ်တော့ စိုးရိမ်စရာမရှိပါဘူး။ သွေး၁မိုက်ခရိုလီတာမှာ […]


အခြားသွေးရောဂါများ

Blood Disorders (သွေးရောဂါများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Blood Disorders (သွေးရောဂါများ) ကဘာလဲ။ သင့်ရဲ့သွေးထဲမှာ အရည်နှင့်အစိုင်အခဲဓါတ် ၂မျိုးပါဝင်ပါတယ်။ သွေးရည်ကြည်ကို ရေ၊ ဆားနှင့် ပရိုတင်းတို့နဲ့ ဖွဲ့စည်းထားပါတယ်။ သင့်သွေးထဲမှာ အစိုင်အခဲအနေနဲ့ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှားတို့ ပါဝင်ပါတယ်။ သွေးရောဂါတွေက သွေးထဲမှာရှိတဲ့ အစိုင်အခဲတွေရဲ့ အရည်အသွေးနှင့် လုပ်ငန်းတာဝန်ကို ပျက်စီးစေပါတယ်။ တချို့သွေးရောဂါတွေက သွေးဆဲလ်တွေရဲ့ ပမာဏကို ကျဆင်းစေနိုင်ပါတယ် သွေးအားနည်းရောဂါ – သွေးနီဥများကျဆင်းခြင်း Leukopenia – သွေးဖြူဥများကျဆင်းခြင်း Thrombocytopenia – သွေးဥမွှားများကျဆင်းခြင်း တချို့သွေးရောဂါတွေက သွေးဆဲလ်တွေရဲ့ ပမာဏကို များစေနိုင်တယ်။ Erythrocytosis – သွေးနီဥပမာဏ များခြင်း Leukocytosis – သွေးဖြူဥပမာဏများခြင်း Thrombocythemia – သွေးဥမွှားပမာဏများခြင်း တခြားသွေးရောဂါတွေက သွေးနီဥနဲ့ သွေးရည်ကြည်ထဲမှာရှိတဲ့ ပရိုတင်းဓါတ်ကို ပျက်စီးပြီး ကိုယ်ခံအားကျခြင်းနှင့် သွေးခဲစေရန်လုပ်ဆောင်ပေးတာတွေကို ကျဆင်းစေတယ်။ Blood Disorders (သွေးရောဂါများ) က ဘယ်လောက်အဖြစ်များသလဲ သွေးရောဂါတွေက တော်တော်လေးတွေ့ရများတယ်။ အသက်အရွယ်၊ ယောကျာ်းမိန်းမ […]


သွေးအားနည်းရောဂါများ

Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ) ကဘာလဲ။ အတွေ့ရများဆုံးသွေးဆဲလ်အမျိုးအစားဖြစ်တဲ့ သွေးနီဥဆဲလ်တွေဟာ သွေးစီးကြောင်းကနေ တစ်ဆင့် တစ်ရှူးတွေဆီကိုလိုအပ်တဲ့ အောက်ဆီဂျင်တွေ ရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။ အိုမင်းသွားတဲ့ သွေးနီဥဆဲလ်တွေနေရာမှာ အသစ်တွေအစားထိုးဖို့ ဗီတာမင်ဘီနဲ့ ဖောလစ်အက်ဆစ်က အဓိက လုပ်ဆောင်ပေးပါတယ်။ သွေးနီဥဆဲလ်လောင်းလေးတွေ ရင့်ကျက်တဲ့ သွေးနီဥဆဲလ်အဖြစ် ပြောင်းလဲလာဖို့ လိုအပ်တဲ့အာဟာရတွေဖြစ်ပါတယ်။ ဒီအာဟာရတွေချို့တဲ့သွားချိန်မှာတော့ သွေးနီဥဆဲလ်လောင်း ဘဝနဲ့တင်ပျက်စီးသွားပါတယ်။ ရင့်ကျက်သော သွေးနီဥဆဲလ်ဖြစ်ပွားမှုနည်းသွားပြီး သွေးအားနည်းရောဂါဖြစ်စေနိုင်ပါတယ်။   Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ။ အဖြစ်များတဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ဖြစ်စေတဲ့အကြောင်းတွေကို ရှောင်ကြဉ်ခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။ လက္ခဏာများVitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ […]


သွေးအားနည်းရောဂါများ

သွေး အကြောင်းသိကောင်းစရာ

သွေးဟာ ကိုယ်ခန္ဓါတစ်ခုလုံး အနှံ့ စီးဆင်းနေတဲ့ အသက်ရှင်သန်ဖို့ကို ထိန်းသိမ်းပေးတဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ နှလုံး သွေးလွှတ်ကြော သွေးပြန်ကြော သွေးကြောမျှင်   သွေးရဲ့ လုပ်ငန်းဆောင်တာဟာ ဘာလဲ။ သွေးဟာ ကိုယ်ခန္ဓါအနှံ့က တစ်ရှူးတွေကို အောက်ပါအရာတွေ သယ်ဆောင်ပေးပါတယ်။ အာဟာရများ Electrolyte (ဆိုဒီယမ်၊ ကယ်လဆီယမ်၊ ပိုတက်ဆီယမ်ကဲ့သို့သော ဓါတ်ပစ္စည်းများ) ဟော်မုန်း ဗီတာမင်များ ရောဂါကာကွယ်သော ပဋိပစ္စည်းများ အပူ အောက်ဆီဂျင် သွေးဟာ ကိုယ်ခန္ဓါအနှံ့က တစ်ရှူးတွေဆီက အောက်ပါအရာတွေကို သယ်ဆောင်သွားပါတယ်။ စွန့်ပစ်ပစ္စည်းများ ကာဗွန်ဒိုင် အောက်ဆိုဒ်   သွေးရဲ့ ပါဝင်ပစ္စည်းတွေက ဘာတွေလဲ။ သွေးရဲ့ ပါဝင်ပစ္စည်းတွေကတော့ သွေးဆဲလ်တွေ နေဖို့အတွက် သွေးရည်ကြည် ပါဝင်ပြီး အောက်ပါ အရာတွေလည်း ပါဝင်ပါတယ်။ သွေးနီဥ - အောက်ဆီဂျင်ကို အဆုတ်ကနေ ကိုယ်ခန္ဓါအနှံ့ကို ပို့ဆောင်ပေးပါတယ်။ သွေးဖြူဥ - ကူးစက်ရောဂါတွေကို တိုက်ထုတ်ပေးပြီး ကိုယ်ခံအားစနစ်မှာ […]


အခြားသွေးရောဂါများ

Thrombophlebitis (သွေးပြန်ကြောရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Thrombophlebitis (သွေးပြန်ကြောရောင်ခြင်း) ကဘာလဲ။ thrombophlebitis ဆိုသည်မှာ သွေးပြန်ကြောရောင်ယမ်းပြီး သွေးခဲဖြစ်ပေါ်ခြင်းဖြစ်သည်။ သွေးပြန်ကြောရောင်လျင် သွေးစီးဆင်းမှုနှေးသွားပြီး သေးငယ်သော သွေးခဲလေးများ သွေးပြန်ကြောထဲတွင် ဖြစ်ပေါ်နိုင်သည်။ သွေးပြန်ကြောရောင်လျှင် နာကျင်ခြင်း၊ နီရဲရောင်ယမ်းခြင်း၊ လက်မောင်း၊ ခြေထောက်များရောင်ယမ်းခြင်းတို့ဖြစ်နိုင်သည်။ ခြေထောက်ရှိသွေးပြန်ကြောများတွင် လက်နှင့် လည်ပင်းရှိသွေးကြောများထက် ပိုဖြစ်တတ်သည်။ အရေပြားမျက်နှာပြင်နှင့် နီးကပ်သောနေရာရှိ သွေးပြန်ကြောရောင်လျှင် thrombophlebitis agriculture ဟုခေါ်သည်။ သွေးပြန်ကြောရောင်လျှင် အသက်မသေနိုင်သော်လည်း အရေးကြီးသော အန္တရာယ်မှာ သွေးခဲများသည် အတွင်းပိုင်းရှိ သွေးပြန်ကြောများထဲသို့ရောက်ရှိနိုင်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် သွေးခဲအကြီးများ ရောက်သွားပါက သွေးကြောပိတ်ခြင်းဖြစ်စေနိုင်သည်။ ထိုသို့ဖြစ်လျှင် အရေးကြီးသော အခြေအနေဖြစ်ပြီး ထိုသွေးခဲများ ကွဲထွက်ပြီး အဆုတ်သို့ ရောက်ရှိပိတ်ဆို့ပါက ဟုခေါ်သော အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေအထိဖြစ်နိုင်ပါသည်။ Thrombophlebitis (သွေးပြန်ကြောရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သွေးပြန်ကြောရောင်ခြင်းသည် အသက် ၆၀ နှင့်အထက်လူနာများတွင် အဖြစ်များသည်။ ကိုယ်ဝန်ဆောင်မိခင်များတွင်လည်း […]


သွေးအားနည်းရောဂါများ

Sickle Cell Anemia (မွေးရာပါ သွေးနီဥ ပုံပျက်သော သွေးအားနည်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sickle Cell Anemia (မွေးရာပါ သွေးနီဥ ပုံပျက်သော သွေးအားနည်းရောဂါ) ကဘာလဲ။ sickle cell anemia ဆိုတာ မွေးရာပါသွေးအားနည်း ရောဂါတစ်မျိုးဖြစ်ပါတယ်။ sickle cell ဆိုတာ ခန္ဓါကိုယ် အနှံ့ အောင်ဆီဂျင် ဖြန့်ဝေရန် ကျန်းမာတဲ့ သွေးနီဥဆဲလ်လေးတွေ လုံလုံလောက်လောက် မရှိတော့ တဲ့ အခြေအနေကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် သွေးနီဥလေးတွေက ခန္ဓါကိုယ်အနှံ့မှာ ရှိနေပြီး သွေးကြောအတွင်း လွယ်လွယ်ကူကူ ဖြတ်သန်းကာ အောက်ဆီဂျင် ပို့ဆောင်ခြင်း လုပ်ငန်းကို လုပ်ဆောင်နေကြပါတယ်။ sickle cell anemia ရောဂါ ဖြစ်တဲ့ အခါ ဒီသွေးနီဥဆဲလ်တွေဟာ sickle cell ဟုခေါ်သော လခြမ်းကွေး ပုံသဏ္ဍာန် အဖြစ်ပြောင်းသွားကာ တောင့်ပြီး စေးကပ်ကုန်ပါတယ်။ (ပုံမှန်တွင် သွေးနီဥသည် လုံးဝန်းသော […]


အခြားသွေးရောဂါများ

Deep Vein Thrombosis (သွေးပြန်ကြော သွေးခဲပိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Deep Vein Thrombosis (သွေးပြန်ကြော သွေးခဲပိတ်ခြင်း) ကဘာလဲ။ သွေးပြန်ကြော သွေးခဲပိတ်ခြင်း ဆိုသည်မှာ သွေးပြန် ကြော တွင်းတွင် သွေးများခဲသော အခါဖြစ်သော ရောဂါတစ် မျိုးဖြစ်ပါသည်။ ထိခိုက်သော သွေးပြန်ကြောများသည် များသောအားဖြင့် ခြေထောက်ကြွက်သားမျာတွင် နက်ရှိုင်း စွာ ရှိပါသည်။ အခြားနေရာများတွင်လည်း ဖြစ်နိုင်ပါသည်။ သွေး ခဲသည် သွေးစီးဆင်းမှုကို နှေးစေပါသည်။ ဖြစ်သောနေရာတွင် ရောင် ခြင်း၊ နီခြင်း၊ နာကျင်ခြင်းတို့ဖြစ်လာပါသည်။ သွေးခဲသည် အ ဆုတ်ဆီသို့ ရောက်ရှိပါက အဆုတ်တွင် သွေးကြောပိတ်ခြင်း ဖြစ်ပွားပြီး ပြင်းထန်သော အသက်ရှူမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်ပါသည်။ Deep Vein Thrombosis (သွေးပြန်ကြော သွေးခဲပိတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သွေးပြန်ကြော သွေးခဲပိတ်ခြင်းသည် မည်သူမဆိုတွင် ဖြစ် နိုင်ပါသည်။ သို့သော် […]


အခြားသွေးရောဂါများ

Acute Lymphocytic Leukemia (ရုတ်တရက်ပြင်းထန် lymphocyte များသည့် သွေးကင်ဆာ (acute lymphocytic leukaemia))

အဓိပ္ပါယ်ဖွင့်ဆိုချက်Acute Lymphocytic Leukemia (ရုတ်တရက်ပြင်းထန် lymphocyte များသည့် သွေးကင်ဆာ (acute lymphocytic leukaemia)) ကဘာလဲ။ acute lymphocytic leukaemiaသွေးကင်ဆာသည် သွေးနှင့်ရိုးတွင်းခြင်ဆီကင်ဆာတစ်မျိုးဖြစ်ပါသည်။ အမျိုးအစား ၂မျိုး ခွဲခြားထားပါသည်။ ရုတ်တရက်ပြင်းထန် စွာ ဖြစ်ခြင်း နှင့် နာတာရှည် ဖြစ်ခြင်းတို့ဖြစ်သည်။ ရုတ်တရက်ပြင်းထန်သော lymphocyte (သွေးဖြူဥဆဲလ်တစ်မျိုး) များသည့်သွေးကင်ဆာတွင်ဆဲလ်များသည် လျင်မြန်စွာ ကြီးထွားပြီးသွေးဆဲလ်များ၏ ဖွံဖြိုးမှုကိုထိခိုက်စေပါသည်။ အထူးသဖြင့် အထိခိုက်ခံရဆုံးသောဆဲလ်များမှာ B lymphocyte နှင့် T lymphocyte တို့ဖြစ်ပါသည်။ Acute Lymphocytic Leukemia (ရုတ်တရက်ပြင်းထန် lymphocyte များသည့် သွေးကင်ဆာ (acute lymphocytic leukaemia)) က ဘယ်လောက်အဖြစ်များသလဲ   လက္ခဏာများAcute Lymphocytic Leukemia (ရုတ်တရက်ပြင်းထန် lymphocyte များသည့် သွေးကင်ဆာ […]


သွေးအားနည်းရောဂါများ

Hemolytic-Uremic Syndrome (ပျက်စီးသွေးနီဥများကြောင့် ကျောက်ကပ်ထိခိုက်သော ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Hemolytic-Uremic Syndrome (ပျက်စီးသွေးနီဥများကြောင့် ကျောက်ကပ်ထိခိုက်သော ရောဂါ ) ကဘာလဲ။ Hemolytic-uremic syndrome (HUS) ဆိုသည်မှာ အ စာခြေစနစ်တွင် ရောဂါပိုးကူးစက်ခြင်းကသွေးနီဥများကိုပျက် စီးစေသောအဆိပ်အတောက် ပစ္စည်းများကိုထုတ်လွတ်သောအခါ ဖြစ်ပွားသောရောဂါတစ်မျိုး ဖြစ်ပါသည်။ ထိုရောဂါ စတင် ဖြစ်ပွားပါကပျက်စီးသွားသောသွေးနီဥများသည် ကျောက်ကပ်ရှိ စစ်ထုတ်ခြင်းစနစ်ကိုစတင်ပိတ်ဆို့ပြီးအသက်အန္တရာယ်စိုးရိမ်ရသော HUS နှင့်ဆိုင်သောကျောက် ကပ်ပျက်စီးမှု ဖြစ်နိုင်ပါသည်။ HUS သည် ပြင်းထန်သောရောဂါတစ်ခုဖြစ်သော်လည်းအချိန်မီသင့်တော်သောကုသမှု ခံယူပါကလူတော်တော်များများတွင် အပြည့်ပြန်လည် ကောင်းမွန် လာနိုင်ပါသည်။ အထူးသဖြင့် ငယ်ရွယ်သောကလေးများတွင် ဖြစ်နိုင်ပါသည်။ Hemolytic-Uremic Syndrome (ပျက်စီးသွေးနီဥများကြောင့် ကျောက်ကပ်ထိခိုက်သော ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ HUS သည်လူတိုင်းတွင် ဖြစ်နိုင်သော်လည်း အသက်၄နှစ် အောက် ကလေးများတွင် ပို၍ ဖြစ်နိုင်ပါသည်။ အန္တရာယ်ဖြစ် စေသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါရခြင်းကိုနည်းအောင်ပြုလုပ်နိုင်ပါသည်။ ပိုမိုသောအချက်အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများHemolytic-Uremic […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်