home

သွေးဖြူဥရောဂါများ

သွေးဖြူဥရောဂါများ နဲ့ ပတ်သက်ပြီး အမျိုးအစားများ၊ လက္ခဏာများ၊ ကုထုံးများ၊ ဆောင်ရန် ရှောင်ရန်များကို လေ့လာဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွေးဖြူဥရောဂါများ

သွေးဖြူဥဆဲလ် ရောဂါ (White blood cell disorders) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ် (WBCs or leukocytes) အရေအတွက် အရမ်းနည်းနေတာ ဒါမှမဟုတ် အရမ်းများနေတဲ့ အခြေအနေပါ။ သွေးဖြူဥဆဲလ်ဆိုတာက သွေးထဲမှာပါဝင်နဲ့ သွေးဆဲလ် ၄ မျိုးထဲက တစ်မျိုးပါ။ သွေးဖြူဥဆဲလ်တွေက ရိုးတွင်းခြင်ဆီထဲကနေ ဖြစ်လာတဲ့ သွေးဆဲလ်တွေပါ။ သွေးဖြူဥဆဲလ်တွေက ရောင်ရမ်းမှုကို တုံ့ပြန်ပေးပြီး ကိုယ်ခံအားစနစ် အနေနဲ့ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးဖို့ လုပ်ဆောင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သွေးဖြူဥဆဲလ် ရောဂါလို့ ဆိုတဲ့နေရာမှာ autoimmune neutropenia လိုမျိုး သိပ်မပြင်းထန်တဲ့ အဆင့်ကနေ သွေးကင်ဆာလိုမျိုး အရမ်းပြင်းထန်တဲ့ အဆင့်အထိ ဖြစ်နိုင်ပါ။ ဒီအခြေအနေတွေက ကလေးတွေမှာရော လူကြီးတွေမှာပါ ခံစားရနိုင်ပါတယ်။ သွေးဖြူဥဆဲလ် ပမာဏ မြင့်တက်နေတာက ပုံမှန်အားဖြင့်တော့ မသိနိုင်ပါဘူး။ […]

သွေးဖြူဥရောဂါများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

သွေးဖြူဥရောဂါများ

သွေးဖြူဥနည်းတာက ခန္ဓါကိုယ်အတွက် မကောင်းပါဘူး။ သွေးဖြူဥနည်းတာနဲ့ပတ်သက်လို့ သိချင်ရင်တော့ ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်ပေးပါ။ သွေးဖြူဥဆိုတာ ဘာလဲ....... သွေးဖြူဥဆိုတာက ခန္ဓါကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေထဲမှာပါဝင်နေတဲ့သွေးနီဥ၊သွေးဥမွှား၊သွေးဆဲလ်တွေလိုမျိုးသွေးတွင်းမှာရှိနေတဲ့ အရာတစ်ခုပါ။ သွေးဖြူဥတွေက ကိုယ်တွင်းကိုပြင်ပကရောဂါတွေဝင်မလာအောင်တားဆီးပေးပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ထောက်ကူပေးတယ်။ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်းတွေထုတ်ပေးပါတယ်။ ဘယ်လိုအခြေအနေကိုသွေးဖြူဥနည်းတယ်လို့ဆိုတာလဲ............ သွေးဖြူဥပမာဏက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ ပုံမှန်ရှိသင့်တဲ့ ပမာဏ - ၃၅၀၀ ကနေ ၁၀၅၀၀per microliter ပမာဏနည်းနေတယ်ဆိုရင် - ၄၅၀၀per microliter ထက်နည်းနေတာ ပမာဏများနေတယ်ဆိုရင် - ၁၁၀၀၀per microliter ထက်များနေတာပါ။ သွေးဖြူဥနည်းရင်ဘာဖြစ်မလဲ.......... သွေးဖြူဥကများရင်မကောင်းသလို နည်းပြန်ရင်လည်းမကောင်းပါဘူး။ လူအများစုကနေ့စဉ်မှာသွေးဖြူဥဆဲလ် ၁၀၀ ဘီလျံဝန်းကျင်ထုတ်လုပ်ကြပါတယ်။သွေးဖြူဥနည်းတာက ကိုယ်ခံအားကို အားလျော့စေနိုင်ပါတယ်။သွေးတွင်းမှာသွေးဖြူဥဆဲလ်တွေနည်းလာတဲ့အခါ ခန္ဓါကိုယ်ကရောဂါတွေကို တိုက်ထုတ်နိုင်စွမ်းကျသွားပြီး မကြာခဏဆိုသလို ဖျားနာလာတာမျိုးဖြစ်နိုင်ပါတယ်။ရောဂါတွေအလွယ်တကူဝင်ရောက်တာမျိုးဖြစ်နိုင်ပါတယ်။ ဘာကြောင့်သွေးဖြူဥနည်းရတာလဲ........ သွေးဖြူဥနည်းစေတဲ့ အကြောင်းအရင်းတွေက တစ်ခုမကရှိနေပါတယ်။ မျိုးရိုးလိုက်တာ ကင်ဆာရှိနေတာ ရိုးတွင်းခြင်ဆီမှာပြဿနာတစ်ခုခုရှိနေတာ ရောဂါတစ်ခုခုကူးစက်ခံထားရတာ (ဥပမာ တီဘီမဆုတ်ရောင်ရောဂါပိုး၊ HIVရောဂါပိုး) အာဟာရချို့တဲ့တာ Crohn’s disease ခံစားနေရတာ ကင်ဆာကြောင့် […]

သွေးဖြူဥရောဂါများ

သွေးဖြူဥနည်းလို့ဆိုပြီး စိတ်ညစ်နေသူတွေများရှိလား။ သွေးဖြူဥနည်းသူတွေအတွက် သဘာဝနည်းအတိုင်းသွေးဖြူဥအရေအတွက်တိုးလာစေမယ့် အစားအသောက်လေးတွေအကြောင်းပြောပြပေးပါရစေ။ သွေးဖြူဥဆိုတာ ဘာလဲ....... သွေးဖြူဥဆိုတာက ခန္ဓါကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေထဲမှာပါဝင်နေတဲ့သွေးနီဥ၊သွေးဥမွှား၊သွေးဆဲလ်တွေလိုမျိုးသွေးတွင်းမှာရှိနေတဲ့ အရာတစ်ခုပါ။ သွေးဖြူဥတွေက ကိုယ်တွင်းကိုပြင်ပက ရောဂါတွေဝင်မလာအောင်တားဆီးပေးပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ထောက်ကူပေးတယ်။ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်းတွေထုတ်ပေးပါတယ်။ ဘယ်လိုအခြေအနေကိုသွေးဖြူဥနည်းတယ်လို့ဆိုတာလဲ............ သွေးဖြူဥပမာဏက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ ပုံမှန်ရှိသင့်တဲ့ ပမာဏ - ၃၅၀၀ ကနေ ၁၀၅၀၀per microliter ပမာဏနည်းနေတယ်ဆိုရင် - ၄၅၀၀per microliter ထက်နည်းနေတာ ပမာဏများနေတယ်ဆိုရင် - ၁၁၀၀၀per microliter ထက်များနေတာပါ။ သွေးဖြူဥနည်းနေလား ဘယ်လိုသိနိုင်မလဲ သွေးဖြူဥနည်းနေတဲ့အခါ ခန္ဓါကိုယ်မှာ အခုလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။ အဖျားတက်မယ် ချမ်းပြီးတုန်မယ် ချွေးတွေအရမ်းထွက်မယ် အရေပြားတွေရောင်ရမ်းမယ် နီမြန်းမယ် လည်ချောင်းနာမယ် ချောင်းအရမ်းဆိုးမယ် အသက်ရှုတာပြတ်တောင်းပြတ်တောင်းဖြစ်နေမယ်။ စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။ သွေးဖြူနည်းသူတွေ ဘာတွေစားရမလဲ သွေးဖြူဥနည်းသူတွေအနေနဲ့သွေးတွင်း ကသွေးဖြူဥပမာဏတိုးစေဖို့ ဒီအစားအစာလေးတွေကို စားပေးလို့ရပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာallicinဒြပ်ပေါင်းပါဝင်တာကြောင့်သွေးဖြူဥဆဲလ်တွေထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ တစ်နေ့ကို နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကနေ […]

သွေးဖြူဥရောဂါများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon