TA-GVHD ရဲ့ သေနှုန်း ၉၀ ရာခိုင်နှုန်းနဲ့ အထက်မှာ ရှိပါတယ်။ အများစုက လက္ခဏာပြပြီး ၁-၃ပတ်အတွင်းမှာ ပိုးဝင်တာကြောင့် သေဆုံးကြပါတယ်။ ခုခံအားကို ထိန်းဖို့ စတီးရွိုက်တွေ၊ ခုခံအားထိန်းဆေးတွေ၊ ရိုးတွင်းခြင်ဆီ အစားထိုးတာတွေ လုပ်နိုင်ပေမယ့် ရှင်နှုန်း နည်းပါတယ်။
ဒါကြောင့် မဖြစ်အောင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါပဲ။
TA-GVHD မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။
သွင်းမယ့် သွေးထုပ်ကို ရောင်ခြည်ဖြတ်လို့ ရပါတယ်။ Gamma radiationတွေ X radiationတွေနဲ့ lymphocyte တွေ ဆက်မပွားအောင်၊ DNA ပျက်စီးအောင် လုပ်ထားမယ်ဆိုရင် ကိုယ်ထဲရောက်တဲ့အခါ ဓာတ်ပြုတုံ့ပြန်တာကို တားနိုင်မှာပါ။
Lymphocyte ကြောင့်ဆိုတော့ Lymphocyte မပါတဲ့ သွေးကို သွေးရင် မရဘူးလားဆိုတော့ ဒါကလည်း အပြည့်အဝကာကွယ်နိုင်မယ်လို့ အာမခံချက် မရှိပါဘူး။
ဒါကြောင့် ရောင်ခြည်ဖြတ်လို့ရရင် ဖြတ်၊ မရရင် အမျိုးအချင်းချင်း သွေးသွင်းတာကို ရှောင်တာက အကောင်းဆုံးပါ။
ဒါဆို မြန်မာနိုင်ငံက ဆေးရုံတွေမှာ ဘာလို့ ဆွေမျိုးတွေက သွေးကို ပေးလို့ရတာလဲ။
မြန်မာနိုင်ငံက ဆေးရုံတွေမှာ လူနာကို သွေးသွင်းဖို့ ဆွေမျိုးတွေကလှူရင် ယူထားတာမျိုး ရှိပါတယ်။ ဒါပေမယ့် ဒါက ကိုယ့်လူနာအတွက် သုံးတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ သွေးလှူဘဏ်တွေ ရှိပေမယ့် သွေးလိုအပ်ချက်က လှူတာထက် ပိုများပါတယ်။ ဒါ့ပြင် သွေးထုပ်တွေကို နေရာတိုင်းမှာ ရောင်ခြည်ဖြတ်လို့ မရပါဘူး။
ဒါကြောင့် ဆွေမျိုးအချင်းချင်း သွေးသွင်းပေးလေ့မရှိပါဘူး။ လူနာကို သွင်းပေးတာက တခြားအလှူရှင်ဆီက သွေးပါ။ ဆွေမျိုးတွေဆီက သွေးယူထားတယ်ဆိုတာက အစားပြန်ပေးတာပါ။ ဆိုလိုတာက သွေးမလုံလောက်တဲ့အတွက် ကိုယ်က တစ်ထုပ်သွင်းပြီးတိုင်းမှာ နောက်လူနာအတွက် တစ်ထုပ်ပြန်လှူခဲ့ရပါတယ်။ ဒါမှ သွေးပြတ်လတ်မှု မရှိမှာပါ။
ဆွေမျိုးအချင်းချင်း သွေးမလှူသင့်တဲ့အကြောင်းရင်းက
- ဒါက သေနှုန်း ၉၀ ရာခိုင်နှုန်းကျော်ပါတယ်။
- ဒါကြောင့် ဆွေမျိုးအချင်းချင်း သွေးလှူတာကို ရှောင်ရှားတာက အကောင်းဆုံး ကာကွယ်နည်း ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။