စားစရာတွေ အများကြီး ရှိနေရက်ကမှ ရေခဲပဲစားချင်တယ်။ အခြားဟာတွေထက် ရေခဲကို တဂျွတ်ဂျွတ် ဝါးရတာကို ပိုသဘောကျနေတယ်ဆိုရင်တော့ ဒီဆောင်းပါးကို မဖြစ်မနေ ဖတ်ကြည့်သင့်ပါတယ်။
ထွက်မှာ သေချာပြီလား။
ရေခဲပဲ စားချင်နေမိတယ်၊ ရေခဲကို တဂျွတ်ဂျွတ်ဝါးရတာ သဘေကျနေမိတာ ကိုယ်တစ်ယောက်တည်းလား၊ လို့ တွေးနေမိပြီလား။ ဒီလိုဆိုရင် ပြောချင်တာက ရေခဲကို တဂျွတ်ဂျွတ် ဝါးစားချင်နေတာက ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။
ရာသီဥတု ပူလွန်းတဲ့အခါ ရေခဲစားချင်တဲ့ဆန္ဒ ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ အေးအေးလေးဖြစ်နေတဲ့ ရေခဲက ရေငတ်ပြေစေပြီး အပူဒဏ်ကို သက်သာစေနိုင်လို့ပါ။
ရေခဲတွေကို တအားစားချင်နေတာက Pica ရောဂါကြောင့် ဖြစ်နိုင်သလို အချို့သူတွေမှ ရေခဲစားချင်စိတ် များနေတာက သံဓာတ်အားနည်းနေတာကြောင့်ပါ။ သံဓာတ်အားနည်းမှုက သွေးအားနည်းရောဂါကို ဖြစ်စေနိုင်ပြီး ဒီလိုကနေ ရေခဲစားချင်စိတ် ဖြစ်လာရတာပါ။
သွေးအားနည်းရောဂါက မပေါ့ဆသင့်တဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ သွေးတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်အောင် မသယ်ပို့နိုင်တဲ့အခါ ခြေကုန်လက်ပန်းကျတာ၊ မောပန်းလွယ်တာတွေ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Why Do You Crave Ice? https://www.healthline.com/health/craving-ice#1 Accessed Date 2 June 2020
Craving Ice And What It Means https://www.everydayhealth.com/diet-nutrition/craving-ice-what-it-means/ Accessed Date 2 June 2020